16/09/2026
🏥 ခွဲစိတ်ပြီးစ လူနာတွေ အိမ်ပြန်ရောက်တဲ့အခါ အနာမရင်းအောင် ဘယ်လိုဂရုစိုက်ကြမလဲ ❓
👉🏻ဆေးရုံကနေ ဆင်းလာပေမယ့် အိမ်ရောက်တဲ့အခါ အနာရင်းသွားမလား၊ ပိုးဝင်သွားမလားဆိုပြီး စိုးရိမ်နေကြတဲ့ လူနာရှင်တွေ ရှိပါသလား။ ခွဲစိတ်ကုသမှု အောင်မြင်ရုံနဲ့ မပြီးသေးဘဲ အိမ်မှာ စနစ်တကျ ဆက်လက်ပြုစုစောင့်ရှောက်ဖို့ကလည်း အနာကျက်မြန်စေဖို့ အဓိက သော့ချက်တစ်ခု ဖြစ်ပါတယ်။
👉🏻ဒါကြောင့် လူနာတွေ မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းစေဖို့ အနာမရင်းအောင် ပြုစုနည်းနဲ့ စနစ်တကျ အနာဆေးထည့်နည်း (ပတ်တီးလဲနည်း) တွေကို မျှဝေပေးလိုက်ပါတယ်။
🛡️ အနာမရင်းအောင် အထူးဂရုစိုက်ရမည့် အချက်များ
✅သန့်ရှင်းပြီး ခြောက်သွေ့ပါစေ
-ဆရာဝန် မညွှန်ကြားဘဲ အနာကို ရေမဆွတ်ပါနဲ့။ ရေချိုးခွင့်ပြုထားရင်တောင် အနာကို ဆပ်ပြာတိုက်တာ၊ ပြင်းပြင်းထန်ထန် ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး။
✅မသန့်ရှင်းသော လက်ဖြင့် မကိုင်တွယ်ပါနှင့်
-အနာကို ယားယံရင်တောင် ကုတ်ဖဲ့တာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ လက်မှာရှိတဲ့ ဘက်တီးရီးယားတွေကနေတဆင့် ပိုးဝင်လွယ်လို့ပါ။
✅အာဟာရပြည့်ဝအောင် စားသုံးပါ
-အနာကျက်မြန်စေဖို့ ပရိုတင်း (အသားဓာတ်) ကြွယ်ဝတဲ့ အစားအစာတွေ၊ ဗီတာမင်စီ ပါဝင်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဂရုတစိုက် ကျွေးမွေးပါ။
✅ချွေးမထွက်အောင် ဂရုစိုက်ပါ
-ပူအိုက်ပြီး ချွေးထွက်များတဲ့အခါ ပတ်တီးစိုစွတ်ပြီး ပိုးဝင်နိုင်တဲ့အတွက် လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာမှာ အနားယူပါ။
⚠️ အရေးတကြီး ဆရာဝန်နှင့် ပြသသင့်သည့် လက္ခဏာများ
📍အနာတစ်ဝိုက် သိသိသာသာ နီရဲပြီး ရောင်ရမ်းလာခြင်း၊ ပူလာခြင်း
📍အနာမှ ပြည်တည်ခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အရည်များ စိမ့်ထွက်လာခြင်း
📍အနာပိုမို နာကျင်လာခြင်း သို့မဟုတ် လူနာ ဖျားလာခြင်း
📍ချုပ်ရိုး ပြည်ဖုံးလာခြင်း သို့မဟုတ် ပွင့်သွားခြင်း
👉🏻ခွဲစိတ်ပြီးစ အချိန်မှာ အနာကျက်ဖို့ဆိုတာ အချိန်နဲ့ ဂရုစိုက်မှု အများကြီးလိုအပ်ပါတယ်။ မိမိအိမ်မှာ အနာဆေးထည့်ဖို့ အခက်အခဲရှိတာပဲဖြစ်ဖြစ်၊ အထက်ပါ သတိပြုရမယ့် လက္ခဏာတွေ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသနိုင်၍ ကုသမှုခံယူသင့်ပါတယ် ..။
💝 အရည်အချင်းပြည့်မီ၍ စိတ်ချယုံကြည်ရသော အကူသူနာပြုများခေါ်ဆိုလိုပါက
𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
📍https://ymbhub.com/careme
အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐌𝐞 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐂𝐚𝐫𝐞 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️ 09 987 262 284 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#အကူသူနာပြု
#ကျန်းမာရေးဗဟုသုတ #အနာပြုစုနည်း #ခွဲစိတ်လူနာ