28/08/2026
လူအများစုဟာ ပင်ပန်းနွမ်းနယ်လာတဲ့အခါအိပ်စက်လိုက်ခြင်းက အကောင်းဆုံးအနားယူခြင်းလို့ ထင်မှတ်တတ်ကြပါတယ်။ အိပ်စက်ခြင်းနည်းလမ်းတစ်ခုတည်းနဲ့ ကိုယ်ရောစိတ်ပါ အမှန်တကယ်ပဲ အနားရပါရဲ့လား ၊
ပင်ပန်းနွမ်းနယ်မှုတွေ အမှန်တကယ်ပဲ ပြေပျောက်သွားပါရဲ့လား ဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်ရှင်။
🥱 တခါတရံမှာ အနားယူဖို့ အိပ်စက်လိုက်ပေမယ့် နှစ်ခြိုက်စွာလည်းအိပ်မပျော်၊ အိပ်ရာကနိုးလာတဲ့အချိန်မှာလည်း အိပ်ရေးမဝသလိုခံစားရပြီး အရင်လိုပဲ ပင်ပန်းနွမ်းနယ်နေတုန်းပဲဆိုရင်တော့ ယခုဆက်လက်ဖော်ပြပေးမယ့် အနားယူခြင်းပုံစံ (၇)မျိုးကို လေ့လာကြည့်ကြရအောင်နော်..💁🏻
Dr.Saundra Dalton-Smith ရေးသားတဲ့ အနားယူခြင်းပုံစံ (၇)မျိုးကတော့ လူတွေရဲ့ ပင်ပန်းနွမ်းနယ်မှုအခြေအနေအလိုက် အနားယူရမယ့်နည်းလမ်း (၇) မျိုးပဲဖြစ်ပါတယ်။
1.Physical Rest (ခန္ဓာကိုယ်ပိုင်းဆိုင်ရာအနားယူခြင်း) 🧘🏻
ဒီအနားယူခြင်းနည်းလမ်းကတော့ ကြွက်သားများ တင်းတောင့်ကိုက်ခဲနေပြီး အမြဲမောပန်းနွမ်းနယ်နေတဲ့အခါ အသုံးပြုရမယ့်နည်းလမ်းပဲဖြစ်ပါတယ်။
- ညဘက် လုံလောက်စွာအိပ်စက်ပြီး နေ့လယ်ဘက်မှာ ၁၅-၂၀ မိနစ်ခန့် တရေးအိပ်ပါ။
- Yoga ကျင့်ခြင်း၊ အကြောလျှော့ခြင်း၊ ကြွက်သားများကိုနှိပ်နယ်ပေးခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းများဖြင့် ကြွက်သားများသန်မာပြီး ခန္ဓာကိုယ်ဆဲလ်များ ပြန်လည်လန်းဆန်းကျန်းမာလာမှာပဲဖြစ်ပါတယ်။
2.Mental Rest (စိတ်ပိုင်းဆိုင်ရာ အနားယူခြင်း)📝
ညအိပ်ခါနီးအထိတောင် များပြားလှတဲ့အတွေးတွေကြောင့် စိတ်ကအနားမရခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ မေ့လျော့လွယ်ခြင်းများအတွက် ဦးနှောက်ကို ခဏအနားပေးပြီး အတွေးတွေရဲ့နှိပ်စက်ဖိစီးမှုများမှ သက်သာရာရစေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။
- အလုပ်လုပ်နေချိန်မှာ နှစ်နာရီခြားခန့်တစ်ခါ ၅မိနစ်ကနေ မိနစ် ၂၀ခန့်အထိ အနားယူပါ။
- ညအိပ်ခါနီးမှာ ခေါင်းထဲမှာရှိနေတဲ့ပူပန်စရာတွေနဲ့ မမေ့မလျော့လုပ်ရမယ့် အကြောင်းအရာတွေကို စာရွက်ပေါ်ချရေးပြီး ခေါင်းထဲကအတွေးတွေကို ရှင်းထုတ်လိုက်ပါ။
3.Emotional Rest (ခံစားချက်ပိုင်းဆိုင်ရာအနားယူခြင်း)😊
မိမိစိတ်ခံစားချက်များကိုဖုံးကွယ်ပြီး အခြားသူများကိုအလိုလိုက်ရင်း ကိုယ်တိုင်စိတ်ဖိစီးမှုများလာရခြင်း၊ အမြဲအဆင်ပြေချင်ယောင်ဆောင်နေရခြင်းများကို ရပ်တန့်လိုက်ပြီး မိမိရဲ့စိတ်ခံစားချက်များကို လွတ်လပ်စွာထုတ်ဖော်ခွင့်ပေးလိုက်တဲ့ အနားယူနည်းပဲ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်နည်းလမ်းလေးကတော့
- မိမိယုံကြည်ရသူအား မိမိရဲ့အခက်အခဲနဲ့စိတ်ခံစားချက်တွေကိုရိုးသားစွာ မျှဝေပြောပြရင်ဖွင့်ပါ။
- မနိုင်ဝန်တွေကို တာဝန်မယူဘဲ ငြင်းပယ်ဝံ့သည့် သတ္တိကိုမွေးမြူပါ။
4. Social Rest (လူမှုရေးပိုင်းဆိုင်ရာအနားယူခြင်း)🪫
မိမိရဲ့စွမ်းအင်တွေကိုကုန်ခမ်းစေတဲ့ လူမှုဆက်ဆံရေးတွေကိုရှောင်ဖယ်ပြီး မိမိကို အမှန်တကယ်နားလည်ကာ စိတ်ဓာတ်ခွန်အားပြန်လည်ဖြည့်ဆည်းပေးတဲ့၊ စိတ်ကိုပေါ့ပါးလွတ်လပ်စေတဲ့ လူမှုဆက်ဆံရေးများကို တည်ဆောက်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
- မိမိထံမှ အချိန်၊ ဂရုစိုက်မှုနဲ့ ပေးဆပ်မှုတွေကိုသာ ရယူပြီး အပြန်အလှန်မရှိတဲ့လူမှုဆက်ဆံရေးတွေ၊ တွေ့ဆုံလိုက်တိုင်း ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကိုသာ ယူဆောင်လာတတ်သူတွေနဲ့တွေ့ဆုံချိန်ကို ကန့်သတ်လိုက်ပါ။
- မလိုအပ်တဲ့ လူမှုရေးတာဝန်များကို ငြင်းပယ်ဝံ့သည့် သတ္တိမွေးပါ။
- လူမှုရေးပွဲများနဲ့ အပေါင်းအသင်းများထံမှ ခေတ္တခဏ ဝေးနေစေပြီး မိမိရဲ့ကိုယ်ပိုင်အချိန် သီးသန့်ယူပါ။
- မိမိကို အမှန်တကယ်စိတ်ခွန်အားပေးနိုင်သူများနှင့်သာ အချိန်ဖြုန်းပါ။
5. Sensory Rest (အာရုံခံစားမှုပိုင်းဆိုင်ရာအနားယူခြင်း) 🖥📱❌
TV ကြည့်ခြင်း၊ ဖုန်းမှတဆင့် Social media သုံးခြင်းတွေက အနားယူတယ်လို့ထင်ရပေမယ့် ဦးနှောက်နဲ့ အာရုံကြောတွေကို ပိုမိုပင်ပန်းစေတဲ့အလေ့အထများပဲဖြစ်ပါတယ်။ တခါတရံမှာ အဓိပ္ပါယ်မဲ့ ဖုန်း screen ကိုပွတ်ဆွဲပြီး လျှောက်ကြည့်နေခြင်းက အနားမရတဲ့အပြင် မျက်စိညောင်းညာခြင်း၊ ငြီးငွေ့ခြင်းနဲ့ အချိန်ကုန်ခြင်းဆိုတာတွေပဲ ဖြစ်စေတတ်ပါတယ်။
- နေ့စဥ်ထိတွေ့နေတဲ့ အလင်း၊ အသံနဲ့ ဖုန်း၊ ကွန်ပျူတာကဲ့သို့သော နည်းပညာပစ္စည်းများရဲ့ ဆွဲဆောင်မှုတွေကနေ ခေတ္တကင်းကွာပြီး အနားယူတတ်သည့်အကျင့်လုပ်ပေးပါ။
- မှောင်ပြီး တိတ်ဆိတ်တဲ့နေရာမှာ မိနစ်ပိုင်းမျှ မျက်စိမှိတ်ကာ ငြိမ်သက်စွာနေပေးပါ။
6. Creative Rest (ဖန်တီးနိုင်စွမ်းပိုင်းဆိုင်ရာ အနားယူခြင်း)🖼
တီထွင်ဖန်တီး စိတ်ကူးဥာဏ်ကွန့်မြူးပြီးအလုပ်လုပ်ရတဲ့သူတွေမှာ စိတ်ကူးသစ်၊ အကြံဥာဏ်သစ်များ မပေါ်ထွက်လာတော့ခြင်း၊ အလုပ်မှာ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ လျော့နည်းလာခြင်းတို့အတွက် စိတ်ကူးအသစ်၊ အကြံဥာဏ်အသစ်များ ပြန်လည်ထွက်ပေါ်လာစေဖို့နည်းလမ်းပဲဖြစ်ပါတယ်။
- သဘာဝတရားနဲ့ထိတွေ့ပါ။ မိမိနှစ်သက်တဲ့အပန်းဖြေရာနေရာ ပန်းခြံထဲမှာ၊ သစ်ပင်တောတောင်တွေထဲမှာ၊ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်အပန်းဖြေပါ၊ အနားယူပါ။
- ဂီတသံစဥ်တွေနားထောင်ခြင်း၊ ဓာတ်ပုံ၊ ပန်းချီ စတဲ့ အနုပညာလက်ရာတွေကို ကြည့်ရှုခံစားခြင်းဖြင့် အနားယူပါ။
7. Spiritual Rest (စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ အနားယူခြင်း)🧘🏻🤍
ဘဝမှာ လမ်းပျောက်နေသလိုခံစားရတယ်၊ ဘဝဟာ အဓိပ္ပါယ်မဲ့နေသလို ထင်မြင်နေရတယ်ဆိုရင်
- စိတ်တည်ငြိမ်အောင်လေ့ကျင့်ခြင်း
- တရားထိုင်ခြင်း
- လူမှုအဖွဲ့အစည်း သို့မဟုတ် အများအကျိုးအတွက် စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်းများကို အချိန်ပေးလုပ်ဆောင်ခြင်းဖြင့် အနားယူပါ။
Dr.Saundra Dalton-Smith ရဲ့အနားယူခြင်းနည်းလမ်း (၇)မျိုးအရ သာမန် "အိပ်စက်ခြင်း" တစ်ခုတည်းနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ မပျောက်ကင်းနိုင်ရတာဟာ အိပ်ချိန်မလုံလောက်တာကြောင့်မဟုတ်ဘဲ အနားယူတဲ့ပုံစံလွဲမှားနေတာကြောင့်ဖြစ်တယ်ဆိုတာကို သိရှိနိုင်တဲ့အပြင် မိမိမှာ မည်သည့်အနားယူခြင်းနည်းလမ်း အဓိကလိုအပ်နေလဲဆိုတာကိုပါ သိရှိနိုင်ပါတယ်ရှင်။
စိတ်လည်းကျန်းမာ၊ ကိုယ်လည်းကျန်းမာပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုဘဝ Healthy Lifestyle ကို ရရှိစေဖို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးမှုများအတွက်
ရွှေပိတောက် Wellness Center ရှိပါတယ်ရှင်. . . 💁🏻♀️🌱
📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များနှင့် ပတ်သက်၍ အချိန်အသေးစိတ်သိရှိစေရန် နှင့် ကြိုတင်ရက်ချိန်းပေးရန်အတွက် ဖုန်း 09 - 4549 000 54, 09 - 4549 000 64 သို့ ဆက်သွယ်နိုင်ပါတယ်။
📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( Teleconsultation ) မှတဆင့် ပြသလိုတယ်ဆိုရင်တော့
Viber / zoom ဖြင့်သာ အဆင်ပြေတဲ့အတွက်ကြောင့် 09 - 958 536 076 ကို Viber မှတဆင့် ချိတ်ဆက်ပြီး ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်...။
🏥 Shwe Padauk Wellness Center
📍 အမှတ်(၁၃၃/A)၊ မောရဝတီလမ်း၊ ၈-မိုင်(ပြည်လမ်းမကြီးအနီး)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 09 - 4549 000 54, 09 - 4549 000 64
#အနားယူခြင်းပုံစံ၇မျိုး
#အထူးကုဆရာဝန်ကြီးများ
#စိတ်ကျန်းမာရေး
#ရွှေပိတောက်