Hanuman Footpatch

Call Directions Website Contact the business

Hanuman Footpatch Release your pain with Hanuman��
Thanks for shopping with us��

25/09/2026

အာရုံကြောအားနည်းပြီး ထုံကျင် ကိုက်ခဲသူတွေ

ပင်ပမ်းနွမ်းနယ် ပြီး ထုံထိုင်းလေးလံနေသူတွေ

ဇာက်ကြောတွေတက်ပြီး အမြင်အာရုံ ဝေဝါး သူတို့တွက်

အထူး ကောင်းမွန် သော ကပြာကယာဆေးမြင်းခွါ
☘️☘️☘️☘️☘️☘️☘️

#ကပြာကယာဆေးမြင်းခွါ

#ကပြာကယာလက်လီလက်ကား
📲09797751544
Crd

👩  #ခေါင်းမကြည်တာ👁  #အမြင်အာရုံမကြည်တာ😖  #ခြေလက်ထုံကျင်တာတွေ😴  #ညဘက်အိပ်မပျော်တာတွေအတွက်နဲ့🌱ကပြာကယာ ဆေးမြင်းခွာအာရုံကြော...
23/09/2026

👩 #ခေါင်းမကြည်တာ
👁 #အမြင်အာရုံမကြည်တာ
😖 #ခြေလက်ထုံကျင်တာတွေ
😴 #ညဘက်အိပ်မပျော်တာတွေအတွက်နဲ့

🌱ကပြာကယာ ဆေးမြင်းခွာအာရုံကြောလေးကို
တစ်နေ့ တစ်ထုပ်ပုံမှန်သောက်ပေးရုံနဲ့ သက်သာပျောက်ကင်းစေပြီး 🧠 #အာရုံကြောအထူးအားကောင်းစေပါတယ် ✅

#တစ်ဗူး_15ထုပ်ပါ

#ကပြာကယာ

#အာရုံကြောလက်ဖက်ခြောက်
#ကျန်းမာရေးဖြည့်စွက်စာ

🧠 အာရုံကြောအားနည်းရင် ဘာတွေလုပ်သင့်သလဲ ❓❓🍀 ကပြာကယာအာရုံကြော ဖြည့်စွက်စာသောက်မယ် 🕸 စိတ်ဖိစီးမူ့ကို လျော့ချမယ်🌙 ညဘက်စောစော...
22/09/2026

🧠 အာရုံကြောအားနည်းရင် ဘာတွေလုပ်သင့်သလဲ ❓❓

🍀 ကပြာကယာအာရုံကြော ဖြည့်စွက်စာသောက်မယ်
🕸 စိတ်ဖိစီးမူ့ကို လျော့ချမယ်
🌙 ညဘက်စောစောအိပ်မယ် ဆိုရင်

🧠 အာရုံကြော အားကောင်းပြီး စိတ်ကြည်လင်လန်းဆန်းလာစေလာမယ်ရှင့်

☎ 09797751544 ☎ လက်လီလက်ကားမှာယူနိုင်ပါတယ်ရှင့်

#ကပြာကယာ
#ကပြာကယာဆေးမြင်းခွာ
#ကပြာကယာအာရုံကြောလက်ဖက်ခြောက်

Neurotea ကို ပုံမှန်လေးသောက်သုံးပြီးနောက် ကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံလေးကို လာပြီးမျှဝေပေးထားတာပါရှင့်🌿နေ့စဉ်ပင်ပန်းန...
22/09/2026

Neurotea ကို ပုံမှန်လေးသောက်သုံးပြီးနောက် ကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံလေးကို လာပြီးမျှဝေပေးထားတာပါရှင့်🌿

နေ့စဉ်ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းမကြည်တာ၊ အာရုံစူးစိုက်ရခက်တာတွေရှိသူတွေအတွက် ကိုယ့်ရဲ့တစ်‌နေ့တာမှာ ထည့်သွင်းပြီး အာရုံကြောကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် ရွေးချယ်စရာလေးတစ်ခုပါနော် 🤍

စိတ်ဝင်စားတယ်ဆိုရင်လည်း Neurotea အကြောင်း အသေးစိတ်မေးပြီး မှာယူနိုင်ပါတယ်ရှင် 💌

အကြောအားဆေး ထိုးသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား၊ အကြောအား ကောင်းမွန်စေသည့် ဆေးနည်းအာရုံကြောအားနည်းခြင်း၊ ပင်ပန...
25/07/2026

အကြောအားဆေး ထိုးသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား၊ အကြောအား ကောင်းမွန်စေသည့် ဆေးနည်း
အာရုံကြောအားနည်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ ခြေလက်လေးလံခြင်းနှင့် ညအိပ်မပျော်ခြင်း ဝေဒနာများ ကြာလာလျှင် အစားအစာ စားရာတွင်လည်း ခံတွင်းမတွေ့တော့ပါ။ အိပ်မပျော် စားမဝင်ဖြစ်လျှင် အာရုံကြော အားနည်းလာတတ်ပါတယ်။ နှလုံးအားပါ နည်းလာတတ်ပါတယ်။ သွေးပေါင်ချိန်လည်း မမှန်တတ်ပါ။
ဦးခေါင်းပိုင်း ချွေးထွက်များခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ မျက်စိဝေခြင်း၊ နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ်၊ ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းပြီး အစာမကြေခြင်း၊ ဝမ်းချုပ် စမြင်းခံခြင်း စတာတွေနဲ့ ပတ်လည်ရိုက်နေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ရုံနဲ့ မောလွယ်ခြင်း၊ စိတ်မရှည်ခြင်း စတာတွေ ဖြစ်လေ့ရှိပါတယ်။ အထက်ပါ အာရုံကြော ရောဂါအတွက် ရိုးရှင်း လွယ်ကူတဲ့ ဆေးနည်းပေးပါမယ်။
၁။ သံပုရာသီးအကြီးတစ်လုံး။
၂။ ကြက်ဥ အစိမ်းတစ်လုံး (မည်သည့် ကြက်ဥမဆို ရပါသည်)
၃။ ပျားရည်စစ်စစ် ဟင်းစားဇွန်းတစ်ဇွန်း (သဘာဝပျားရည် မရလွယ်ပါက မွေးမြူရေး ပျားရည်ကို သုံးပါ)။
၄။ ဖီးကြမ်း ငှက်ပျောသီး မှည့်တစ်လုံး။
၅။ ရေနွေးကြမ်း အဖြူပူပူ အကြမ်းပန်းကန် တစ်ဝက် စသည်တို့ လိုအပ်ပါမည်။
– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးထဲ သံပုရာသီး တစ်လုံးကို ထက်ခြမ်းခွဲ၍ နှစ်ဖက်စလုံး အရည်ညှစ်ထည့်ကာ အစေ့များကို ဖယ်ရှားပါ။
– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပါ။
– ပြီးလျှင် ကြက်ဥအစိမ်းတစ်လုံး ဖောက်ထည့်ပါ။
– တစ်ဖန် ရေနွေးပူပူ အကြမ်းပန်းကန် တစ်ဝက်စာကို ထပ်လောင်းထည့်ပြီး သမအောင် မွှေပေးပါ။
– ဖီးကြမ်းငှက်ပျောသီး မှည့်တစ်လုံးကို ညက်အောင်နယ်ပြီး ထပ်ထည့်ပါ။
– ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံးနိုင်ပါပြီ။
အထက်ပါ အာရုံကြော အားဆေးကို သောက်ရမည့် အခြေအနေနှင့် အချိန်အခါများ
၁။ အားအင်ကုန်ခမ်း မောပန်းနေချိန်။
၂။ ညအိပ်ရေး ပျက်သည့်အခါ။
၃။ ခြေလက် လေးလံထိုင်းမှိင်းနေချိန်။
၄။ စိတ်ရွှင်လန်းမှု မရှိသည့်အခါ။
၅။ မလုပ်ချင် မကိုင်ချင် ဖြစ်နေသည့် အခါမျိုးတွင် သောက်ပြီး အနည်းဆုံး ၁၅ မိနစ်ခန့် ငြိမ်ငြိမ်အိပ်စက် အနားယူပါက အားအင်ပြည့်ဖြိုးပြီး ပြန်လန်းဆန်းလာစေပါမယ်။
အထက်ပါ အားဆေး၏ ထူးခြားချက်မှာ အကြောအားဆေး သွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား၊ အကြောအား ကောင်းမွန်စေပါသည်။ ဤဆေးကို နံနက်စောစော ဘာမှမစားမီနှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်ပေးပါက ပိုအဆင်ပြေပါတယ်။
အကယ်၍ မိမိအဆင်ပြေရာ အချိန် တစ်ချိန်တွင် သောက်မည် ဆိုလျှင်လည်း ရပါတယ်။ အနည်းဆုံး တစ်ရက်တစ်ကြိမ် နေ့စဉ်မှီဝဲပါက ပေါ့ပါးသွက်လက် ကျန်းမာစေပါမယ်။
မှတ်ချက်။ ညအိပ်ချိန် ဖုန်းမကြည့်ရပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။
အားလုံးပဲ ဘေးဘယာဝေးကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ သင်တို့အတွက် အကျိုးရှိမည်ဆိုရင် များများမျှဝေပေးပါ။
Crd - မူရင်းစာရေးသူ
#ကျန်းမာရေး #အာရုံကြောအားဆေး #သဘာဝဆေးနည်း

ကျောက်ကပ်မှာ ပြဿနာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု 🙂ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့သူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျော...
04/07/2026

ကျောက်ကပ်မှာ ပြဿနာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု 🙂
ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့သူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို မသိတဲ့သူများပါတယ်။ သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊ ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။ ဘာလို့လဲဆိုတော့ ရောဂါလက္ခဏာတွေဖြစ်နေလည်း လူတွေက ကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့ ရောထွေးကြလို့ပါပဲ။ နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာ ရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ့်ရောဂါကိုမသိဘဲ နေကြတာတွေ့ရပါတယ်။
ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့နည်းလမ်းက ဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ ဖြစ်နိုင်ခြေလက္ခဏာတွေနဲ့ပဲ အရင်ဆန်းစစ်ရပါမယ်။ ကိုယ့်မှာ သွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ် မိဘဆွေမျိုးတွေထဲမှာ ကျောက်ကပ်ရောဂါရှိဖူးတာ၊ ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာ ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား အရင်ကြည့်ပါ။
ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ
ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းမှုပြင်းထန်ရင် သွေးထဲမှာ အဆိပ်အတောက်တွေ စုပုံလာစေနိုင်ပြီး သွေးညစ်စေပါတယ်။ အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာနောက်တစ်ခုကတော့ သွေးအားနည်းတာပဲ ဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ
ကျောက်ကပ်က ကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကို စွန့်ထုတ်မယ့်အစား သွေးထဲမှာ အဆိပ်အတောက်တွေ ကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှု ပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည် ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ အိပ်စက်မှု ပြဿနာတွေ ပိုအဖြစ်များတာ တွေ့ရပါတယ်။
(၃) အသားခြောက်ပြီး ယားတာ
ကျန်းမာတဲ့ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အရည်ပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊ သွေးနီဥဆဲလ်တွေ ဖြစ်လာအောင် ကူညီပေးတယ်၊ အရိုးတွေ ကြံ့ခိုင်ဖို့ ထောက်ပံ့တယ်၊ သွေးထဲမှာ သတ္တုဓာတ်ပမာဏတွေ ထိုက်သင့်သလောက် ထိန်းထားနိုင်အောင် လုပ်ဆောင်တယ်။ အသားအရေ ခြောက်သွေ့ပြီး ယားယံနေတာက ကျောက်ကပ်ရောဂါနဲ့ ဆက်နွှယ်နေတဲ့ သတ္တုဓာတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာ ဆီးခဏခဏသွားချင်တာ ကျောက်ကပ်မှာ ပြဿနာတစ်ခုခု ရှိနေတာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်း ပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
(၅) ဆီးထဲမှာသွေးပါတာ
ကျောက်ကပ် ကျန်းမာနေရင် သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါ သွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့ အချက်ပြတာ ဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ ကျောက်ကပ် ကျောက်တည်တာ၊ ရောဂါပိုးဝင်တာ တစ်ခုခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
(၆) ဆီးကအမြှုပ်တွေထတာ
ဆီးသွားပြီး ရေအခါခါ လောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကို ဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာ albumin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး ရှိနေတာကို ဖော်ပြတာ ဖြစ်ပါတယ်။
(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာ ပရိုတင်းရှိနေတာဟာ ကျောက်ကပ်ရဲ့ စစ်ထုတ်မှုစနစ် မကောင်းတဲ့ အစောပိုင်းလက္ခဏာ ဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲမှာ ထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေ အများကြီး စွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာ ဖြစ်ပါတယ်။
(၈) ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ် လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေ စုနေစေပြီး ခြေကျင်းဝတ်နဲ့ ခြေထောက်ကို ရောင်ရမ်းစေပါတယ်။ ခြေထောက်အောက်ပိုင်း အဖျားတွေမှာ ရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြော ရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ ကျောက်ကပ်ကြောင့် ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓာတ်တွေ စုပုံလာတာက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
(၁၀) ကြွက်တက်တာ
ကျောက်ကပ် လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေ မညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏ ချို့တဲ့ပြီး ဖော့စဖရပ်စ်ဓာတ် ထိန်းချုပ်မှု အားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။
#ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်ရောဂါ #ကျန်းမာရေးဗဟုသုတ

"၁၀ မိနစ်အတွင်း အူမကြီးတစ်ခုလုံးကို သန့်စင်ပေးမယ့် ဖျော်ရည်တစ်ခွက် 🥤✨ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အမြန်ဆုံး စွ...
27/06/2026

"၁၀ မိနစ်အတွင်း အူမကြီးတစ်ခုလုံးကို သန့်စင်ပေးမယ့် ဖျော်ရည်တစ်ခွက် 🥤✨
ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အမြန်ဆုံး စွန့်ထုတ်ချင်ပါသလား? အူမကြီးမှာ ကပ်ညှိနေတဲ့ အဆိပ်အတောက်တွေကို ၁၀ မိနစ်အတွင်း သန့်စင်ပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဒီဖျော်ရည်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို သက်သာစေရုံတင်မကဘဲ တစ်ကိုယ်လုံးကို ပေါ့ပါးလန်းဆန်းသွားစေမှာပါ။ ပြုလုပ်ရတာလည်း လွယ်ကူပြီး အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့တင် ဖျော်စပ်နိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ -
၁။ ရေနွေး (အနည်းငယ် ခပ်နွေးနွေး) - ၁ ဖန်ခွက်
၂။ ပင်လယ်ဆား (သို့) ဆားခါး - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၃။ သံပရာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၄။ ဂျင်းရည် (Ginger juice) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံနှင့် သောက်သုံးနည်း -
ရေနွေးထဲသို့ ဆား၊ သံပရာရည်နှင့် ဂျင်းရည်တို့ကို ထည့်ပြီး သေချာမွှေပါ။ ပြီးလျှင် မနက်စာ မစားခင် ဗိုက်ထဲမှာ ဘာမှမရှိသေးတဲ့ အချိန်မှာ သောက်သုံးပေးရပါမယ်။ သောက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၂၀ အတွင်း အူမကြီးထဲက အညစ်အကြေးတွေကို စတင်စွန့်ထုတ်ပေးမှာ ဖြစ်ပါတယ်။
⚠️ သတိပြုရန် - ကိုယ်ဝန်ဆောင်များ၊ သွေးတိုးရောဂါရှိသူများနှင့် ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။
ကျန်းမာရေးအတွက် အူမကြီးသန့်ရှင်းဖို့က အဓိကမို့ ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လမ်းလျှောက်တာများလို့ပဲဖြစ်ဖြစ်၊ တစ်နေကုန် မတ်တပ်ရပ်ရလို့ပဲဖြစ်ဖြစ် ခြေသလုံးကြောတွေ တင်းပြီး ခံစားနေရရင် နေရထိုင်ရ တကယ်က...
25/06/2026

လမ်းလျှောက်တာများလို့ပဲဖြစ်ဖြစ်၊ တစ်နေကုန် မတ်တပ်ရပ်ရလို့ပဲဖြစ်ဖြစ် ခြေသလုံးကြောတွေ တင်းပြီး ခံစားနေရရင် နေရထိုင်ရ တကယ်ကို ခက်ခဲလှပါတယ်။ ဒီဝေဒနာကို သက်သာစေဖို့အတွက် သုတေသီ ဆရာကြီး ဦးရန်အောင် လမ်းညွှန်ထားတဲ့ လက်တွေ့ကျပြီး ထိရောက်တဲ့ ရိုးရာနည်းလမ်းကောင်း (၂) ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 👇
​✨ ဆောင်ရွက်ရန် နည်းလမ်း (၂) သွယ်
​၁။ ရေမချိုးမီ ပြင်ဆင်ခြင်း 🚿
ရေချိုးခါနီးတိုင်း ခြေဖဝါးကို ဆားခါးနဲ့ အရင်ပွတ်တိုက်ပေးပါ။ ပြီးမှ (ဆရာကြီး လမ်းညွှန်ထားတဲ့အတိုင်း) အပူထုတ်ရေချိုးနည်းဖြင့် ရေချိုးပေးရပါမယ်။
​၂။ ညှပ်ပွတ် နှိပ်နယ်ခြင်း 👉👈
မန်ကျည်းရေ ကျဲကျဲလေးကို အသုံးပြုပါ။ တောင့်တင်းနေတဲ့ ခြေသလုံးနေရာကို လက်နှစ်ဖက်နဲ့ ညှပ်ပြီး အောက်ကနေ အထက်ကို ပွတ်သပ်ပေးပါ၊ နှိပ်စက်ပေးပါ။ သေချာ နှိပ်နယ်ပြီးမှ ရေချိုးရပါမယ်။
​🌿 ညအိပ်တဲ့အခါ ထပ်မံပြုလုပ်ရန် (အပူစုပ်နည်း)
ညဘက် အိပ်စက်တဲ့အခါ အရမ်းတင်းနေတဲ့ နေရာကို အရွက်နဲ့ ပတ်ပြီး အိပ်စက်ရပါမယ်။
​✅ အသုံးပြုနိုင်သော အရွက်များ (ကြိုက်ရာ ၁ မျိုး ရွေးချယ်ပါ):
၁။ ကိုရံကြီးရွက်
၂။ ဗာဒံရွက်
၃။ ငှက်ပျောရွက်
​✅ ပတ်နည်းလမ်းညွှန်:
အရွက်ကို မပတ်ခင် တင်းနေတဲ့ နေရာကို "ကရမက်" အရင်ဆုံး လိမ်းကျံပေးပါ။ (ကရမက်က အပူကို စုပ်ယူပေးပါတယ်)။ ပြီးရင် ရွေးချယ်ထားတဲ့ အရွက်ရဲ့ "နေရောင်ထိတဲ့ဘက် (မျက်နှာပြင်ချောတဲ့ဘက်)" ကို အသားနဲ့ ထိကပ်ပြီး စည်းနှောင်ထားရမှာ ဖြစ်ပါတယ်။
​💡 ဘာကြောင့် ထိရောက်တာလဲ?
အကြောတွေ တောင့်တင်းတာဟာ ခန္ဓာကိုယ်ထဲမှာ အပူဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အခုဖော်ပြပါ ကရမက်နဲ့ အရွက်ပတ်တဲ့နည်းလမ်းဟာ အပူကို ထိထိရောက်ရောက် စုပ်ယူပေးတာမို့ ဝေဒနာ ရာနှုန်းပြည့်နီးပါး လျော့ပါးသက်သာသွားပါလိမ့်မယ်။
​Crd. ဆရာကြီး ဦးရန်အောင်
လူသားအားလုံး ဘေးရန်ကင်းကွာ၍ ကျန်းမာရွှင်လန်းကြပါစေ။
​ #ကျန်းမာရေး #ရိုးရာဆေးနည်း #ခြေသလုံးကြောတင်းခြင်း #အကြောအခြင် #အပူစုပ်နည်း

မနက်ခင်းမှာ ကြက်ဥပြုတ် စားပေးခြင်းရဲ့ အကျိုးကျေးဇူး (၁၂) ချက် မနက်စာအတွက် ဘာစားရမလဲ စဉ်းစားရခက်နေရင် ကြက်ဥပြုတ်ဟာ အာဟာရအ...
04/02/2026

မနက်ခင်းမှာ ကြက်ဥပြုတ် စားပေးခြင်းရဲ့ အကျိုးကျေးဇူး (၁၂) ချက်
မနက်စာအတွက် ဘာစားရမလဲ စဉ်းစားရခက်နေရင် ကြက်ဥပြုတ်ဟာ အာဟာရအရှိဆုံးနဲ့ ပြင်ဆင်ရ အရိုးရှင်းဆုံး အစားအစာ ဖြစ်ပါတယ်။ မနက်တိုင်း ကြက်ဥပြုတ် စားပေးခြင်းက သင့်ကျန်းမာရေးကို ဘယ်လို ထောက်ပံ့ပေးနိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။
၁။ အာဟာရ ပြည့်ဝစုံလင်ခြင်း - ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
၂။ ကိုယ်အလေးချိန် လျှော့ချပေးခြင်း - ပရိုတင်းဓာတ် များလို့ ဗိုက်ပြည့်တာ ကြာစေပြီး ခဏခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။
၃။ မျက်စိ အားကောင်းစေခြင်း - အမြင်အာရုံကို ကာကွယ်ပေးတဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေ ပါဝင်ပါတယ်။
၄။ ဦးနှောက် စွမ်းဆောင်ရည် မြင့်မားခြင်း - မှတ်ဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ Choline ဓာတ် ကြွယ်ဝပါတယ်။
၅။ ကြွက်သား သန်မာစေခြင်း - အရည်အသွေးမြင့် ပရိုတင်းတွေကြောင့် ကြွက်သား တည်ဆောက်မှုကို ကူညီပေးပါတယ်။
၆။ အရိုးနဲ့ သွားများကို ခိုင်မာစေခြင်း - ဗီတာမင် D ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။
၇။ နှလုံး ကျန်းမာရေး - အကျိုးပြု ကိုလက်စထရော (HDL) ကို တိုးပွားစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
၈။ ဆံပင်နဲ့ အသားအရေ - ဆံပင်သန်စွမ်းဖို့နဲ့ အသားအရေ ကြည်လင်ဖို့ လိုအပ်တဲ့ Sulfur နဲ့ ဗီတာမင် B12 ပါဝင်ပါတယ်။
၉။ ခုခံအားစနစ် မြှင့်တင်ခြင်း - ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ Selenium ဓာတ် ပါဝင်ပါတယ်။
၁၀။ သံဓာတ် ဖြည့်တင်းပေးခြင်း - သွေးအားနည်းခြင်းမှ ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၁၁။ တက်ကြွ လန်းဆန်းစေခြင်း - တစ်နေ့တာလုံး အားအင်ပြည့်ဝနေစေဖို့ လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းပါတယ်။
၁၂။ စျေးနှုန်းသက်သာပြီး အဆင်ပြေခြင်း - အချိန်အများကြီး ပေးစရာမလိုဘဲ လွယ်လင့်တကူ ပြင်ဆင်နိုင်လို့ လူတိုင်းနဲ့ ကိုက်ညီပါတယ်။
မိသားစုဝင်တွေ အားလုံး ကျန်းမာနေစေဖို့ မနက်ခင်းတိုင်းမှာ ကြက်ဥပြုတ် (၁) လုံး (သို့မဟုတ်) (၂) လုံးလောက် ပုံမှန် စားသုံးပေးကြပါဦးနော်။


#မူရင်တင်သူကို credit
#

Address

Yangon

Alerts

Be the first to know and let us send you an email when Hanuman Footpatch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hanuman Footpatch:

Shortcuts

Share