Incepta Pharma Pte. Ltd, Myanmar

Call Directions Website Contact the business

Incepta Pharma Pte. Ltd, Myanmar Incepta - Innovative Concept Into Practice

💊 Levocarnitine ဆိုတာ ဘာလဲ?L-Carnitine (ကာနီတင်း) ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ Mitochondria (Energy Factory) ဆီကို ...
04/10/2026

💊 Levocarnitine ဆိုတာ ဘာလဲ?

L-Carnitine (ကာနီတင်း) ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ Mitochondria (Energy Factory) ဆီကို အဆီဓာတ်တွေကို ပို့ဆောင်ပေးပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ အဓိက သဘာဝဓာတ်တစ်မျိုး ဖြစ်ပါတယ်။

👉 ခန္ဓာကိုယ်မှာ Carnitine လျော့နည်းလာရင် ခံစားရနိုင်တဲ့ လက္ခဏာများ -

* မကြာခဏ အကြောင်းရင်းမရှိ မောပန်းနွမ်းနယ်ခြင်း
* ကြွက်သားများ အားနည်းခြင်းနှင့် ပိန်လှီလာခြင်း
* အဆီစုလွယ်လာခြင်း

✨ OCARNIX (Levocarnitine) ကို မည်သူတွေ အဓိက သောက်သုံးသင့်သလဲ?

1️⃣ အားကစားသမားများနှင့် ကိုယ်လက်လှုပ်ရှားသူများ
* လေ့ကျင့်ခန်းလုပ်ရာမှာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ကြွက်သားညောင်းညာ နာကျင်မှုကို မြန်ဆန်စွာ သက်သာစေပါတယ်။
2️⃣ သက်ကြီးရွယ်အိုများ
* အသက်အရွယ်ရလာချိန်မှာ ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု လျော့ကျလာတာကြောင့် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။
3️⃣ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါရှိသူများ
* နှလုံးကြွက်သားစွမ်းအင်ကို တိုးတက်စေပြီး သွေးလှည့်ပတ်မှုကို ကူညီပေးပါတယ်။
4️⃣ ကျောက်ကပ်ဆေးနေရသည့် လူနာများ
* ကျောက်ကပ်ဆေးစဉ် ဆုံးရှုံးသွားသော Carnitine ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ကြွက်သားအားနည်းခြင်း၊ သွေးအားနည်းခြင်းနှင့် မောပန်းခြင်းများကို သက်သာစေပါတယ်။
5️⃣ ကလေးရရှိရန် ခက်ခဲနေသော အမျိုးသားများ
* သုတ်ပိုးအရေအတွက်နှင့် လှုပ်ရှားနိုင်စွမ်း (Motility) ကို တိုးတက်ကောင်းမွန်စေပါတယ်။
6️⃣ ဆီးချိုရောဂါ ခံစားနေရသူများ
* အင်ဆူလင် တုံ့ပြန်မှု (Insulin resistance) ကို ကောင်းမွန်စေပြီး ကြွက်သားများ အဆီစုခြင်းကို လျှော့ချပေးပါတယ်။

🥩 မည်သည့် အစားအစာတွေမှာ Carnitine ပါဝင်သလဲ?

Carnitine ကို ခန္ဓာကိုယ်က ကိုယ်တိုင်ထုတ်လုပ်နိုင်သလို အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။
* အနီရောင်အသား (အမဲသား၊ ဝက်သား)၊ ကြက်သား၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် သဘာဝအတိုင်း ပါဝင်ပါတယ်။
* သို့သော် အစားအသောက်မှ လုံလောက်စွာ မရရှိပါက သို့မဟုတ် ခန္ဓာကိုယ်မှ လိုအပ်ချက်များနေပါက OCARNIX ဖြည့်စွက်စာဖြင့် ဖြည့်တင်းပေးနိုင်ပါတယ်။

⚠️OCARNIX ကို မသောက်သုံးမီ မိမိ၏ ကျန်းမာရေးအခြေအနေနှင့် သင့်တော်သော လိုအပ်သည့် ပမာဏ (Dosage) ကို သိရှိနိုင်ရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးကျွမ်းကျင်သူ၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

ကျန်းမာတက်ကြွတဲ့ နေ့ရက်တိုင်းအတွက် - OCARNIX⚡️


02/10/2026

မဆိုးချင်ဘဲ ဆိုးနေရတဲ့ “ချွဲပျစ်၊ ချောင်းဆိုး” ဝေဒနာကို ဒီလို ထိရောက်စွာ ပေါ့ပါးသွားစေဖို့🩺💨

👦👵ခုတလော ကလေး၊လူကြီးတွေမှာ ချောင်းဆိုး၊ ချွဲကျပ် ဝေဒနာက တော်တော်လေး ခံရခက်စေပါတယ်...

🗣️လည်ချောင်းနဲ့ အသံအိုး နားမှာ ချွဲပျစ်ပျစ်တွေ ခဲကပ်နေပြီး ရင်ဘတ်ကို ညှစ်ညှစ်ပြီး အားကုန် ဆိုးထုတ်ရပေမဲ့ ချွဲက သေချာ ထွက်မသွားတာကြောင့် ချောင်းပိုဆိုးလာရတာပါ… ညဘက်ဆိုရင်လည်း အိပ်မရအောင်အထိ ခံစားကြရပါတယ်။

👉မှန်ကန်တဲ့ ကုသမှု ခံယူရင်တောင်မှ ရက်အနည်းငယ် ကြာမှ သက်သာလာတတ်ပြီး ချောင်းဆိုးတာက ရက်သတ္တပတ် အနည်းငယ်အထိ ကျန်ခဲ့တတ်ပါတယ်။ သေချာ ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နေလိုက်ရင် အဆုတ်ရောင်ရမ်းခြင်း (Pneumonia) လို နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်သွားနိုင်တာမို့ မပေါ့ဆဖို့ အထူး သတိပြုရပါမယ်။

✅ဒါဆိုရင် ဒီလို ခံရခက်တဲ့ ချွဲကျပ်၊ ချောင်းဆိုး ဝေဒနာ ခံစားနေရချိန်မှာ ဘာတွေ ပြုလုပ်ပေးသင့်သလဲ?
1️⃣ရေနွေး များများသောက်ပါ - လည်ချောင်းကို စိုစွတ်စေပြီး ချွဲတွေကို ပျော့သွားအောင် ကူညီပေးပါတယ်။
2️⃣ချွဲပျော်ဆေး သောက်ပေးပါ - ကပ်ငြိနေတဲ့ ချွဲပျစ်ပျစ်တွေကို ကျဲသွားစေပြီး အလွယ်တကူ ထွက်သွားအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။
3️⃣အနားယူပါ - ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ လုံလောက်စွာ အနားယူပါ။
ခဲကပ်နေတဲ့ ချွဲပျစ်ပျစ်တွေကို အလွယ်တကူ ထုတ်ပစ်ဖို့အတွက် Incepta Pharmaceuticals ရဲ့ Bromolyt Syrup (Bromhexine 4mg/5ml) က အကူအညီပေးနိုင်ပါတယ်။

✨ Bromolyt (Bromhexine) ရဲ့ အကျိုးအာနိသင်များ -
• လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းအတွင်း ခဲကပ်နေသော ချွဲပျစ်ပျစ်များကို ကျဲသွားစေပြီး ပြင်ပသို့ အလွယ်တကူ ထွက်သွားအောင် ကူညီပေးပါတယ်။
• ချွဲများ ကုန်စင်သွားသဖြင့် ရင်ဘတ် ညှစ်ဆိုးရခြင်းနှင့် လည်ချောင်း ခြစ်ဆိုးရခြင်းများကို လျှင်မြန်စွာ သက်သာစေပါတယ်။
• အသက် ၁ နှစ်အထက်ကလေးရော လူကြီးပါ သောက်သုံးနိုင်သော အရည်အသွေးမြင့် ချွဲပျော်ဆေးဖြစ်ပါတယ်။

🗣️မလိုလားအပ်တဲ့ အဆုတ်ရောင်ရမ်းခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရအောင် ချောင်းဆိုး ချွဲကျပ်တာနဲ့ Bromolyt ကို သတိရလိုက်ပါ 💙
(ဆေးဝါးများကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ သောက်သုံးပါရန်။)
#ချောင်းဆိုးချွဲကျပ် #ကျန်းမာရေးအသိပညာ

❤️ “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” — အသက်အရွယ်အလိုက် သင့်တော်တဲ့ အာဟာရနဲ့ ဂရုစိုက်မှုပေးကြပါစို့ ❤️🗓️အောက်တိုဘာလ (၁...
01/10/2026

❤️ “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” — အသက်အရွယ်အလိုက် သင့်တော်တဲ့ အာဟာရနဲ့ ဂရုစိုက်မှုပေးကြပါစို့ ❤️

🗓️အောက်တိုဘာလ (၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ (World Elders Day 2026) UN ၏ ယခုနှစ် ဆောင်ပုဒ်ဖြစ်သော “The Age of Longevity: Rethinking Systems for Longer Lives” အရ မိဘဘိုးဘွားများ အသက်ရှည်ကျန်းမာ၊ချမ်းမြေ့စွာ နေထိုင်နိုင်ရေးသည် ကျွန်ုပ်တို့အားလုံး၏ အဓိက တာဝန်ဖြစ်ပါတယ်။

👴👵မိဘဘိုးဘွားများ အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုနှင့် အားအင်များ လျော့နည်းလာတတ်ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုများအတွက် သီးသန့် အထူးဖော်စပ်ထားသည့် Proviten® Gold & Silver A-Z Multivitamin & Multimineral ဖြည့်စွက်စာနှင့် အတူ အမှတ်တရ ဂရုစိုက်ပေးလိုက်ပါ။

📉အသက်အရွယ်အလိုက် ခန္ဓာကိုယ်လိုအပ်ချက်များကို VitaminA မှ Vitamin Z အထိ ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်တဲ့ High Potency Multivitamin-Multimineral အားဆေး ဖြစ်သော 💊 Proviten® Gold & Silver ၏ အားသာချက်များ:

✨ Proviten® Gold (Below 50): အသက် ၅၀ အောက် လူငယ်/လူလတ်ပိုင်းများအတွက် နေ့စဉ် လိုအပ်သော အာဟာရနှင့် အားအင်များကို A မှ Z ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။

✨ Proviten® Silver (Over 50): အသက် ၅၀ အထက် သက်ကြီးရွယ်အိုများအတွက် သီးသန့်ထုတ်လုပ်ထားပြီး အရိုး၊ အဆစ်၊ မျက်စိနှင့် ခုခံအားစနစ်ကို အထူးပံ့ပိုးပေးခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပြီး လန်းဆန်းတက်ကြွစေမှာပါ။

ယနေ့ သက်ကြီးရွယ်အိုများနေ့မှာ မိမိတို့၏ အချစ်ရဆုံး ဘိုးဘွား/မိဘများအတွက် ဆုတောင်းစကားလေးတွေကို Comment မှာ ရေးသားမျှဝေခဲ့ကြရအောင်နော်! 💙

❤️ World Heart Day 2026 ❤️"Don't Miss a Beat — Take Proactive Care of Your Heart!" 💓🫀Cardiovascular diseases remain one ...
29/09/2026

❤️ World Heart Day 2026 ❤️
"Don't Miss a Beat — Take Proactive Care of Your Heart!" 💓

🫀Cardiovascular diseases remain one of the leading causes of health concerns worldwide. This World Heart Day, Incepta Myanmar encourages everyone to listen to their hearts, stay informed, and take proactive steps toward a healthier lifestyle.

Here are 3 essential habits to keep your heart beating strong:
🏃‍♂️ 1. Stay Active & Exercise Regularly
Just 30 minutes of daily physical activity—like brisk walking, jogging, or light exercise—strengthens your heart muscles and helps maintain healthy blood pressure levels.

🥗 2. Eat a Heart-Healthy Diet
Fuel your body with fresh fruits, vegetables, whole grains, and nutrient-dense foods while reducing excessive salt, saturated fats, and processed sugars.

🩺 3. Consult Your Doctor & Monitor Regularly Prevention is key! Regularly check your blood pressure and consult your physician for guidance on proactive cardiovascular care.

Protect your heart today so you can enjoy countless healthy, happy moments with your loved ones tomorrow.

🧠💙 MENTAL HEALTH AWARENESSစိတ်ကျန်းမာရေးအကြောင်း ပြောဖို့ ဘာကြောင့် အရေးကြီးတာလဲ?လူတစ်ယောက် ကျန်းမာတယ်ဆိုတဲ့အခါ ကိုယ်ခန္...
28/09/2026

🧠💙 MENTAL HEALTH AWARENESS
စိတ်ကျန်းမာရေးအကြောင်း ပြောဖို့ ဘာကြောင့် အရေးကြီးတာလဲ?
လူတစ်ယောက် ကျန်းမာတယ်ဆိုတဲ့အခါ ကိုယ်ခန္ဓာကျန်းမာရေးကိုပဲ အများအားဖြင့် စဉ်းစားမိတတ်ကြပါတယ်။ဒါပေမယ့် ကျန်းမာရေးဆိုတာ ကိုယ်ခန္ဓာတစ်ခုတည်းမဟုတ်ပါဘူး။
ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်၊ ခံစားချက်၊ စိတ်ခံစားမှုနဲ့ နေ့စဉ်ဘဝကို ရင်ဆိုင်ဖြတ်သန်းနိုင်မှု တွေကလည်း စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။

တစ်ခါတလေ—
“အဲ့လောက်လေးနဲ့ စိတ်ညစ်နေတာလား?”
“မတွေးနဲ့တော့၊ မေ့လိုက်ပါ။”
“စိတ်ဓာတ်ခိုင်ခိုင်ထားရင် ရပါတယ်။”
ဆိုတဲ့စကားတွေကို မရည်ရွယ်ဘဲနဲ့ ပြောမိတတ်ကြပါတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွင်းစိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အပြင်ကနေ အမြဲမြင်နိုင်တာ မဟုတ်ပါဘူး။

စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို လျှော့တွက်ခြင်း၊ အပြစ်တင်ခြင်း သို့မဟုတ် ရှက်စရာအဖြစ် သတ်မှတ်ခြင်းထက် နားလည်ပေးခြင်းနဲ့ အကူအညီရရှိနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ ပိုအရေးကြီးပါတယ်။

🌿 What can we do?
1. Listen.
တစ်ယောက်ယောက်က သူ့ခံစားချက်တွေကို ပြောလာတဲ့အခါ ချက်ချင်းအဖြေရှာပေးဖို့ထက် အရင်ဆုံး နားထောင်ပေးပါ။
2. Don’t judge.
လူတိုင်းရဲ့ အတွေ့အကြုံနဲ့ ခံနိုင်ရည်က မတူညီကြပါဘူး။ ကိုယ်တိုင်မခံစားဖူးတဲ့အရာကို အလွယ်တကူ မဆုံးဖြတ်မိဖို့ အရေးကြီးပါတယ်။
3. Encourage seeking help.
စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေက နေ့စဉ်ဘဝ၊ အလုပ်၊ ပညာရေး ဒါမှမဟုတ် လူမှုဆက်ဆံရေးတွေကို ထိခိုက်လာပြီး ကုသမှုခံယူရန် လိုအပ်လာပါက ကျန်းမာရေးဝန်ထမ်းထံမှ သင့်တော်တဲ့အကူအညီနဲ့ ကုသမှုကိုရယူဖို့ အားပေးသင့်ပါတယ်။
4. Make mental health a normal conversation.
စိတ်ကျန်းမာရေးအကြောင်း ပြောဆိုခြင်းဟာ အားနည်းခြင်းမဟုတ်ပါဘူး။ ကိုယ်ခန္ဓာကျန်းမာရေးအကြောင်း ပြောဆိုသလိုပဲ စိတ်ကျန်းမာရေးအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။

💙 A healthier mind starts with understanding, not judgement.

🍀စိတ်ကျန်းမာရေးကို ပိုမိုနားလည်လာစေဖို့၊ ပြောဆိုဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေဖို့🍀
Let’s Talk About Mental Health.
Mental Health Awareness
ဤအစီအစဉ်ကို Repose မှ ကူညီပံ့ပိုးတင်ဆက်
ပါသည်။


💜 စက်တင်ဘာလမှာ ကျရောက်တဲ့ PCOS Awareness Month မှာ အမျိုးသမီးတိုင်း ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 💜👱‍♀️အမျို...
27/09/2026

💜 စက်တင်ဘာလမှာ ကျရောက်တဲ့ PCOS Awareness Month မှာ အမျိုးသမီးတိုင်း ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 💜

👱‍♀️အမျိုးသမီး အတော်များများ ကြုံတွေ့နေရပေမဲ့ သေချာ မသိကြသေးတဲ့ PCOS (Polycystic O***y Syndrome - မျိုးဥအိမ်ရေအိတ်တည်ရောဂါ) အကြောင်းကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။

၂၀၂၆ ခုနှစ် PCOS Awareness Theme: "Voice, Vision, and Action: Transforming PCOS Care" အမျိုးသမီးတွေရဲ့ စကားသံကို ပိုမိုနားထောင်ပေးပြီး၊ သေချာတဲ့ အမြင်နဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခြင်းဖြင့် PCOS ကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ကြရအောင်။

PCOS ရဲ့ သတိပြုစရာ လက္ခဏာများ -
🩸ရာသီလာချိန် မမှန်ခြင်း သို့မဟုတ် လုံးဝမလာခြင်း
🥸မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွှေးအမျှင်များ မလိုလားအပ်ဘဲ ပိုမိုထွက်လာခြင်း
😩ဝက်ခြံ ထွက်ခြင်းနှင့် မျက်နှာအဆီပြန်ခြင်း
🤦‍♀️အကြောင်းအရင်းမရှိဘဲ ဝိတ်တက်လာခြင်း (သို့) ဝိတ်ချရ ခက်ခဲခြင်း
👩‍🦲ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်း

PCOS ဟာ ဟော်မုန်း မညီမျှမှုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး စောစီးစွာ သိရှိပြီး စနစ်တကျ ပြုပြင်နေထိုင်ပါက ပုံမှန်အတိုင်း ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲရန် နည်းလမ်းများ -
1. မျှတသော အာဟာရ စားသုံးပါ: သကြားနှင့် ကာဗိုဟိုက်ဒရိတ် လျှော့စားပြီး ဟင်းသီးဟင်းရွက်နှင့် ပရိုတင်း ပိုမိုစားသုံးပါ။

2. ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ: တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ပြုလုပ်ပါ။

3. စိတ်ဖိစီးမှု လျှော့ချပါ: စိတ်ဖိစီးမှုက ဟော်မုန်းအပြောင်းအလဲကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

4. ဆရာဝန်နှင့် တိုင်ပင်ပါ: ရာသီမမှန်ခြင်း သို့မဟုတ် ရာသီသွေးလွန်ကဲစွာ ဆင်းခြင်းများ ရှိပါက တတ်ကျွမ်းသူ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသမှု ခံယူပါ။

🤔ပျိုမေတို့ရော PCOS ရဲ့ လက္ခဏာတွေကို ကြုံတွေ့ဖူးပါသလား? PCOS နဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ ဝေမျှချင်တာတွေရှိရင် Comment မှာ အတူတကွ ဆွေးနွေးသွားကြရအောင်နော်။ 👇



A Heartfelt Thank You to Everyone Who Made Our Hybrid Symposium a Success!We extend our sincere gratitude to our respect...
26/09/2026

A Heartfelt Thank You to Everyone Who Made Our Hybrid Symposium a Success!
We extend our sincere gratitude to our respected Chairpersons - Prof.Chit Soe & Prof.Myint Thaung, distinguished Speakers - Prof.Cho Mar Lwin & Prof.Shwe Kyaw Oo and all healthcare professionals who joined us both in person and online for the Hybrid Symposium on ESONAP 500 (Esomeprazole 20 mg + Naproxen -500 mg).

Your valuable insights, engagement, and support made the event truly memorable.
We are proud that Incepta is the first to launch this innovative combination in Myanmar, offering effective pain relief with improved gastrointestinal safety.

With our advanced multi-layer coating technology, ESONAP 500 ensures optimal sustained release, delivering enhanced efficacy and patient benefits.

We believe ESONAP 500 will play an important role in advancing safer and more effective pain management across Myanmar.

Thank you for being part of this milestone journey with us.

🫁Every Breath Counts: Protecting Your Lungs at Every Stage of Life 🫁This World Lung Day 25th September 2026, we join han...
25/09/2026

🫁Every Breath Counts: Protecting Your Lungs at Every Stage of Life 🫁
This World Lung Day 25th September 2026, we join hands under the global campaign “A Lifetime of Lung Health” to raise awareness about the organ that keeps us moving, living, and thriving every second of the day.

🫁From childhood asthma to age-related respiratory challenges, keeping our lungs clean and healthy requires continuous care and prevention.

💬 QUICK LUNG HEALTH CHECK!
How many of these habits do you practice daily?
1️⃣ Say NO to smoke (avoiding to***co & second-hand smoke)
2️⃣ Breathe clean air (using masks during high pollution days or indoor ventilation)
3️⃣ Stay active (doing 20–30 mins of daily cardio/breathing exercises)
4️⃣ Never ignore a persistent cough or wheezing

💡 Did You Know?
Conditions like Asthma and Chronic Obstructive Pulmonary Disease (COPD) cause inflammation in the airways, making it harder to breathe. Early medical advice, proper inhalation therapy, and effective airway care—such as nebulized treatments with Budicort (Budesonide 0.5mg/2 mL)—can help manage airway inflammation under expert medical guidance, giving patients their active life back.

Protect your lungs today for a healthier tomorrow! 💙
👇 Share this post to remind your friends and family to take care of their respiratory health!

💊 Happy World Pharmacists Day 2026! 🏥ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ 🏥လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္...
25/09/2026

💊 Happy World Pharmacists Day 2026! 🏥
ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့

🏥လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ရှေ့တန်းကနေ တာဝန်ယူပေးနေကြတဲ့ ဆေးဝါးပညာရှင်များ (Pharmacists) အားလုံးအတွက် ယခုနှစ် (၂၀၂၆) ခုနှစ် ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ရဲ့ တရားဝင်ဆောင်ပုဒ်ကတော့ -
✨ "Empowering pharmacists for healthier futures"
(ကျန်းမာရေးနှင့် ပြည့်စုံသော အနာဂတ်အတွက် ဆေးဝါးပညာရှင်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း) ပဲ ဖြစ်ပါတယ်။

🧑‍🔬ဆေးဝါးဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်ရေးကို လမ်းညွှန်ပြသပေးခြင်း၊ လူနာများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရန် အဖိုးတန်အကြံဉာဏ်များ ပံ့ပိုးပေးခြင်းနဲ့ ကျန်းမာရေးစနစ် တည်ငြိမ်ခိုင်မာလာစေရန် အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ ဆေးဝါးပညာရှင် တစ်ဦးချင်းစီတိုင်းရဲ့ ကြိုးစားအားထုတ်မှုများကို Incepta Myanmar မှ လှိုက်လှဲစွာ လေးစားဂုဏ်ပြုအပ်ပါတယ်။

🙏လူထုကျန်းမာရေးအတွက် အမြဲတမ်း အထောက်အကူပြုနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းက ဆေးဝါးပညာရှင် မိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့အတူ လုပ်ငန်းခွင်မှာ ဆတိုးအောင်မြင်မှုများ ရရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏

We’re looking for Senior Brand Executive ( Yangon -2 Posts) to join our Marketing Strategy Department, Incepta Myanmar a...
24/09/2026

We’re looking for Senior Brand Executive ( Yangon -2 Posts) to join our Marketing Strategy Department, Incepta Myanmar and play a key role in developing brand strategies, driving marketing campaigns, and growing our brand presence.



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+951203395

Alerts

Be the first to know and let us send you an email when Incepta Pharma Pte. Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Incepta Pharma Pte. Ltd, Myanmar:

Shortcuts

Share