Para-Tab

Call Directions Website Contact the business

Para-Tab ဖျားနာကိုက်ခဲပျောက်ကင်းဖို့ Para-Tab နဲ့တိုက်ဖျက်စို့

Y-Si Pharmaceuticals မှထုတ်လုပ်သော ပါရာစီတမော (၅၀၀) မီလီဂရမ်ပါဝင်တဲ့ Para-Tab သည် နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို အခြားသောအလားတူပါရာစီတမောဆေးများထက် ဆေးသောက်အပြီး ဆေးအာနိသင်ပြသမှု ပိုမိုမြန်ဆန်စွာ သက်သာပျောက်ကင်းစေပါသည်။

28/09/2026

စာမေးပွဲနီးမှ စာကျက်ရင်း ခေါင်းကိုက်၊ အာရုံစူးစိုက်မရ ဖြစ်နေပါသလား❓

စာတွေကို အာရုံစိုက်ပြီး ကျက်နေရင်း **ခေါင်းကိုက်လာတာ၊ ဇက်ကြောတင်းလာတာနဲ့ အာရုံစူးစိုက်ဖို့ ခက်လာတာ**မျိုး ဖြစ်တတ်ပါတယ်။

စာမေးပွဲနီးချိန်မှာ စာကျက်ချိန်များလာတာ၊ စိတ်ဖိစီးမှုရှိတာနဲ့ အိပ်ရေးပျက်တာတွေက 𝐓𝐞𝐧𝐬𝐢𝐨𝐧-𝐭𝐲𝐩𝐞 𝐇𝐞𝐚𝐝𝐚𝐜𝐡𝐞 ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နိုင်ပါတယ်။

ခေါင်းကိုက်လာရင် စာကို ဆက်ပြီးအတင်းအကျပ် မကျက်ဘဲ ခဏနားယူပြီး ရေလည်းသောက်ပေးပါ။ 💧🛌

နာကျင်မှုကို သက်သာစေဖို့ ဆေးလိုအပ်တဲ့အခါ 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ကိုလည်း သတိရနိုင်ပါတယ်။ 💊

𝐏𝐚𝐫𝐚-𝐓𝐚𝐛 မှာ 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 𝟓𝟎𝟎𝐦𝐠 ပါဝင်ပြီး ခေါင်းကိုက်ခြင်းအပါအဝင် နာကျင်မှုကို သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။

စာမေးပွဲနီးလို့ စာကျက်တာမရပ်နိုင်ပေမယ့် ကိုယ့်ကျန်းမာရေးကိုတော့ မမေ့ပါနဲ့။ 💙

ခေါင်းကိုက်လာရင် လူတော်တော်များများ မှားလုပ်မိတတ်တဲ့ အလေ့အထ (၃) ခုကို သိပြီးပြီလား❓ခေါင်းကိုက်လာတဲ့အခါ “ခဏနေရင် သူ့အလိုလ...
24/09/2026

ခေါင်းကိုက်လာရင် လူတော်တော်များများ မှားလုပ်မိတတ်တဲ့ အလေ့အထ (၃) ခုကို သိပြီးပြီလား❓

ခေါင်းကိုက်လာတဲ့အခါ “ခဏနေရင် သူ့အလိုလို သက်သာသွားမှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။

ဒါပေမယ့် ခေါင်းကိုက်နေချိန်မှာ ကိုယ့်ရဲ့နေ့စဉ်အလေ့အထတချို့က နာကျင်မှုကို ပိုပြီး မသက်သာစေနိုင်တာမျိုး ရှိနိုင်ပါတယ်။

ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ မလုပ်သင့်တဲ့အရာ (၃) ခု ကို သိထားကြရအောင်….👇

① 🍽️ ဗိုက်ဟောင်းလောင်းနဲ့ အောင့်ခံမနေပါနဲ့

အလုပ်များနေလို့ဖြစ်ဖြစ်၊ စာကျက်နေလို့ဖြစ်ဖြစ် အစားစားချိန်ကျော်သွားပြီး အချိန်ကြာကြာ ဗိုက်ဟောင်းလောင်းနဲ့ နေတတ်ပါသလား?

အစားအစာကို အချိန်ကြာကြာ မစားဘဲ နေတာက လူတချို့မှာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်လာတဲ့အခါ အစားစားချိန်ကျော်သွားတာမျိုး မဖြစ်အောင် ဂရုစိုက်ပြီး ရေလည်း လုံလောက်စွာ သောက်ပေးပါ။ 💧

② 📱 အလင်းစူးစူးနဲ့ ဖုန်းကြည့်မနေပါနဲ့

ခေါင်းကိုက်နေပြီဆိုပေမယ့် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ကြည့်တာ၊ 𝐕𝐢𝐝𝐞𝐨 ကြည့်တာနဲ့ ဖုန်းဆက်သုံးနေတတ်ကြပါတယ်။

အထူးသဖြင့် အလင်းစူးစူးနဲ့ 𝐒𝐜𝐫𝐞𝐞𝐧 ကို အချိန်ကြာကြာကြည့်နေခြင်း က မျက်လုံးကို ပင်ပန်းစေပြီး ခေါင်းကိုက်နေချိန်မှာ ပိုပြီး မသက်မသာဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းကိုက်လာရင် 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 ကို ခဏလျှော့ပြီး အလင်းရောင်မပြင်းတဲ့ သက်တောင့်သက်သာရှိတဲ့နေရာမှာ အနားယူကြည့်ပါ။ 🛌

③ 💊 သတ်မှတ် 𝐃𝐨𝐬𝐚𝐠𝐞 ထက် ပိုမသောက်ပါနဲ့

ခေါင်းကိုက်တာ မသက်သာသေးလို့ “တစ်လုံးထပ်သောက်လိုက်ရင် ပိုမြန်မြန်သက်သာမှာပဲ” ဆိုပြီး ဆေးပမာဏကို ကိုယ့်သဘောနဲ့ တိုးသောက်တာမျိုး မလုပ်သင့်ပါဘူး။

အထူးသဖြင့် 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 ပါဝင်တဲ့ ဆေးတွေကို သောက်တဲ့အခါ သတ်မှတ်ထားတဲ့ ပမာဏနဲ့ သောက်သုံးချိန်ကို လိုက်နာဖို့ အရေးကြီးပါတယ်။

ဆေးတစ်မျိုးနဲ့တစ်မျိုး သောက်သုံးရမယ့်ပမာဏ မတူနိုင်တာကြောင့် ဆေးဘူး/ဆေးကဒ်ပေါ်က 𝐃𝐨𝐬𝐚𝐠𝐞 နဲ့ အသုံးပြုရန်ညွှန်ကြားချက်ကို သေချာဖတ်ပြီး လိုက်နာပါ။ 💊

💡 ခေါင်းကိုက်လာရင် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ

ခေါင်းကိုက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာကြောင့် အမြဲတမ်း ဆေးသောက်ရုံနဲ့ ဖြေရှင်းဖို့ မသင့်ပါဘူး။

အစားအစာပုံမှန်စားခြင်း 🍽️၊ ရေလုံလောက်စွာသောက်ခြင်း 💧၊ 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 လျှော့ခြင်း 📱 နဲ့ အနားယူခြင်း 🛌 စတဲ့ အလေ့အထလေးတွေကိုလည်း ဂရုစိုက်ပေးပါ။

ခေါင်းကိုက်တာ မကြာခဏဖြစ်နေခြင်း၊ အလွန်ပြင်းထန်ခြင်း သို့မဟုတ် ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေ တွဲဖက်ဖြစ်ပေါ်လာရင်တော့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။ 💙

တစ်နေ့တာမှာ လုပ်စရာတွေ အများကြီးကျန်နေသေးပေမယ့်  လှုပ်ရှားလိုက်တိုင်း သွားကိုက်လိုက်၊ ဇက်ကြောတက်လိုက်၊ ကြွက်သားတွေ နာကျင...
21/09/2026

တစ်နေ့တာမှာ လုပ်စရာတွေ အများကြီးကျန်နေသေးပေမယ့် လှုပ်ရှားလိုက်တိုင်း သွားကိုက်လိုက်၊ ဇက်ကြောတက်လိုက်၊ ကြွက်သားတွေ နာကျင်လိုက် ဖြစ်နေပြီလား? 😣

နေ့စဉ်ဘဝမှာ ဖြစ်လာတဲ့ အကိုက်အခဲတွေကြောင့် ကိုယ်လုပ်စရာရှိတာတွေကို အရှိန်လျော့သွားစရာ မလိုပါဘူး။

𝐏𝐚𝐫𝐚-𝐓𝐚𝐛 မှာ 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 𝟓𝟎𝟎𝐦𝐠 ပါဝင်ပြီး သွားကိုက်၊ ခေါင်းကိုက်၊ ကြွက်သားနာကျင်မှုနဲ့ အခြားအကိုက်အခဲတွေကို သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ 💊

နာကျင်မှုကြောင့် တစ်နေ့တာလုပ်စရာတွေ မရပ်တန့်စေဖို့ လိုအပ်တဲ့အချိန်မှာ 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ကို သတိရလိုက်ပါ။ 💙

တစ်အိမ်လုံး သန့်ရှင်းသွားပြီ...အဝတ်တွေ လျှော်ပြီးပြီ 👕၊ ကြမ်းတိုက်ပြီးပြီ 🧹၊ ပစ္စည်းတွေ စီပြီးပြီ…ဒါပေမယ့် အိမ်မှုကိစ္စတ...
17/09/2026

တစ်အိမ်လုံး သန့်ရှင်းသွားပြီ...

အဝတ်တွေ လျှော်ပြီးပြီ 👕၊ ကြမ်းတိုက်ပြီးပြီ 🧹၊ ပစ္စည်းတွေ စီပြီးပြီ…

ဒါပေမယ့် အိမ်မှုကိစ္စတွေ အားလုံးပြီးသွားတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကတော့ ကိုက်ခဲနေပြီလား❓

အိမ်မှုကိစ္စလုပ်တဲ့အခါ အကြာကြီး မတ်တပ်ရပ်ရတာ၊ ကုန်းပြီးလုပ်ရတာ၊ ပစ္စည်းတွေ မတာတွေကြောင့် တစ်နေ့တာကုန်ဆုံးတဲ့အခါ ခါး၊ ဇက်ကြော ဒါမှမဟုတ် ခြေထောက်တွေ ညောင်းညာကိုက်ခဲတတ်ပါတယ်။

ဒါဆို အိမ်မှုကိစ္စလုပ်ပြီးရင် သင့်အတွက် ဘယ်နေရာက အများဆုံးနာကျင်ကိုက်ခဲတတ်လဲ❓ 👇

𝐀. ခါး 😣

𝐁. ဇက်ကြော 😵‍💫

𝐂. ခြေထောက် 🦵

ကိုယ်နဲ့ အကိုက်ဆုံးတစ်ခုကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐀 / 𝐁 / 𝐂 ရွေးပြီး မန့်သွားပေးပါဦးနော်။ 💬👇

#အိမ်မှုကိစ္စ #ကိုယ်လက်ကိုက်ခဲခြင်း #ခါးနာ #ဇက်ကြောတက် #နေ့စဉ်ကျန်းမာရေး

14/09/2026

မိုးမိပြီး အိမ်ပြန်ရောက်တဲ့ ညနေခင်းတွေမှာ 🌧️

**ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ညောင်းညာကိုက်ခဲတာ**မျိုး ခံစားဖူးလား❓

မိုးစိုပြီး အအေးပတ်တဲ့အခါ ကိုယ်လက်မအီမသာဖြစ်ပြီး ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတတ်ပါတယ်။

တစ်ခါတလေ ဖျားနာမှုနဲ့အတူ တွေ့ရနိုင်တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တာကြောင့် ပေါ့ဆမထားသင့်ပါဘူး။ 🌡️

ဒီလို ကိုယ်လက်ကိုက်ခဲခြင်းနဲ့ အဖျား ဖြစ်လာတဲ့အခါ 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ကို သတိရလိုက်ပါ။ 💊

𝐏𝐚𝐫𝐚-𝐓𝐚𝐛 မှာ 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 𝐁𝐏 𝟓𝟎𝟎𝐦𝐠 ပါဝင်ပြီး အဖျားနဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။

မိုးရာသီမှာ 🌧️

မိုးမိပြီး ကိုယ်လက်မအီမသာဖြစ်လာတဲ့နေ့တွေအတွက် 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ကို အိမ်မှာ အသင့်ဆောင်ထားလိုက်ပါ။

#မိုးရာသီ #ကိုယ်လက်ကိုက်ခဲခြင်း #အဖျား

တစ်နေ့တာမှာ ကွန်ပျူတာရှေ့ 💻 ထိုင်ပြီး အလုပ်လုပ်နေရတာ၊ စာကျက်နေရတာနဲ့ ၆ နာရီကျော်လောက် ထိုင်နေရတတ်ပါသလား❓အချိန်ကြာကြာ ထို...
10/09/2026

တစ်နေ့တာမှာ ကွန်ပျူတာရှေ့ 💻 ထိုင်ပြီး အလုပ်လုပ်နေရတာ၊ စာကျက်နေရတာနဲ့ ၆ နာရီကျော်လောက် ထိုင်နေရတတ်ပါသလား❓

အချိန်ကြာကြာ ထိုင်နေရတာကို ပုံမှန်လိုပဲ ထင်တတ်ကြပေမယ့် ထိုင်နေတဲ့အချိန်များလာတာနဲ့အမျှ ကျောအောင့်တာ၊ ဇက်ကြောတက်တာ၊ ပခုံးနဲ့ ခါးတစ်ဝိုက် ကိုက်ခဲတာ တွေ ဖြစ်လာနိုင်ပါတယ်။

🤔 ဘာကြောင့် ကိုက်ခဲလာတာလဲ❓

တစ်နေရာတည်းမှာ အချိန်ကြာကြာထိုင်နေရတဲ့အခါ ခန္ဓာကိုယ်ကို လှုပ်ရှားအသုံးပြုမှု နည်းသွားပါတယ်။ အထူးသဖြင့် ထိုင်တဲ့ပုံစံမမှန်ဘဲ ရှေ့ကိုကုန်းပြီး ကွန်ပျူတာကြည့်တာ၊ ပခုံးကို အရှေ့ဘက်ကျထားတာ၊ ဇက်ကို ရှေ့ထုတ်ထားတာမျိုးတွေက လည်ပင်း၊ ပခုံးနဲ့ ကျောကြွက်သားတွေကို အချိန်ကြာကြာ ဖိအားပေးနိုင်ပါတယ်။

ဒါကြောင့် အလုပ်ပြီးတဲ့အချိန်မှာ “ဇက်ကြောတက်လိုက်တာ” “ကျောတွေညောင်းလိုက်တာ” ဆိုပြီး ခံစားရတတ်ပါတယ်။

🧘‍♀️ ရုံးမှာ အလွယ်တကူ ပြင်ဆင်လို့ရတဲ့အချက်တွေ

အလုပ်များနေရင်တောင် ခဏခဏ အနားယူပြီး ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ ကြိုးစားပါ။

① ထိုင်ပုံထိုင်နည်း ပြင်ပါ 🪑

ခါးကို ထိုင်ခုံနောက်မှီနဲ့ ထောက်ထားပြီး ခြေထောက်ကို ကြမ်းပြင်ပေါ် သက်တောင့်သက်သာချထားပါ။ ကွန်ပျူတာ 𝐒𝐜𝐫𝐞𝐞𝐧 ကိုလည်း မျက်လုံးအဆင့်နဲ့ နီးစပ်အောင် ချိန်ညှိထားပါ။

② တစ်နေရာတည်း မထိုင်နေပါနဲ့ 🚶‍♂️

အလုပ်တစ်ခုတည်းကို အချိန်ကြာကြာ ဆက်လုပ်နေမယ့်အစား ခဏခဏထပြီး လမ်းလျှောက်တာ၊ ရေသောက်တာ၊ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားပေးတာမျိုး လုပ်ပေးပါ။

③ အကြောဆန့်ပေးပါ 🙆‍♀️

လည်ပင်း၊ ပခုံး၊ လက်နဲ့ ခြေထောက်တွေကို အကြောဆန့်ပေးခြင်းက တစ်နေရာတည်းမှာ ထိုင်နေရတာကြောင့် တင်းကျပ်လာတဲ့ ကြွက်သားတွေကို လှုပ်ရှားပေးနိုင်ပါတယ်။

④ နာကျင်မှုကို အမြဲမပေါ့ဆပါနဲ့ ⚠️

အနည်းငယ်ညောင်းညာတာမျိုးဆိုရင် အနားယူခြင်းနဲ့ လှုပ်ရှားပေးခြင်းက အထောက်အကူဖြစ်နိုင်ပေမယ့် နာကျင်မှုက ဆက်တိုက်ဖြစ်နေခြင်း၊ ပိုမိုပြင်းထန်လာခြင်း သို့မဟုတ် အခြားလက္ခဏာတွေပါလာခြင်းရှိရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

💡 တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရတာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ကို မေ့မထားပါနဲ့

𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ရှေ့မှာ အလုပ်လုပ်ရတဲ့သူတွေအတွက် “အလုပ်ပြီးမှ အနားယူမယ်” ဆိုတာထက် အလုပ်လုပ်နေစဉ်အတွင်းမှာပဲ ထိုင်ပုံထိုင်နည်းကို ဂရုစိုက်ပြီး ခန္ဓာကိုယ်ကို ခဏခဏ လှုပ်ရှားပေးတာက ပိုကောင်းပါတယ်။

တစ်နေ့လုံးထိုင်နေရတာထက် ခဏခဏထပြီး လှုပ်ရှားပေးဖို့ မမေ့ပါနဲ့။ 🪑➡️🚶‍♀️

အလုပ်ကို ဂရုစိုက်သလို ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပါ။ 💙

ရာသီတုပ်ကွေး 🤧 နဲ့ ရာသီဥတုအကူးအပြောင်း 🌦️ တွေမှာ ကိုယ်ပူကိုယ်နာ၊ ကိုယ်အပူချိန်မြင့်တက်တာမျိုး ဖြစ်တတ်ပါတယ်။အဖျားတက်လာတဲ့...
07/09/2026

ရာသီတုပ်ကွေး 🤧 နဲ့ ရာသီဥတုအကူးအပြောင်း 🌦️ တွေမှာ ကိုယ်ပူကိုယ်နာ၊ ကိုယ်အပူချိန်မြင့်တက်တာမျိုး ဖြစ်တတ်ပါတယ်။

အဖျားတက်လာတဲ့အခါ မပေါ့ဆဘဲ ကိုယ်အပူချိန်ကို စောင့်ကြည့်ပြီး သင့်တော်တဲ့နည်းလမ်းနဲ့ စောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။

𝐏𝐚𝐫𝐚-𝐓𝐚𝐛 မှာ 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 𝟓𝟎𝟎𝐦𝐠 ပါဝင်ပြီး အဖျားကြောင့် မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကို လျှော့ချပေးဖို့ အသုံးပြုနိုင်ပါတယ်။ 🌡️

မိုးရာသီ 🌧️ နဲ့ ရာသီဥတုအပြောင်းအလဲတွေမှာ အဖျားရှိရင် 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ရှိတယ်။ 💊

ဒါကြောင့် မိုးရာသီရဲ့ အဖျားအနာများအတွက် အိမ်တိုင်းမှာ 𝐏𝐚𝐫𝐚-𝐓𝐚𝐛 ကို အသင့်ဆောင်ထားလိုက်ပါ။ 💙

#မိုးရာသီ #အဖျား

27/08/2026

နေ့စဉ်ဘဝမှာ အလုပ်ပင်ပန်းမှု 💻၊ ရာသီဥတုပြောင်းလဲမှု 🌧️ ဒါမှမဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်ခြင်း 🤕၊ ကိုယ်လက်ကိုက်ခဲခြင်း 😣 စတဲ့ မအီမသာခံစားချက်တွေ ကြုံတွေ့ရတတ်ပါတယ်။

အဲ့ဒီလို နေ့စဉ်လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ဝေဒနာတွေကြောင့် အနားယူချင်စိတ်ဖြစ်လာတဲ့အခါ...

ခေါင်းကိုက်၊ သွားကိုက်၊ အဖျားတက်ခြင်းနဲ့ ကိုယ်လက်ကိုက်ခဲမှု အမျိုးမျိုးအတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာစေမယ့် Para-Tab ရှိပါတယ်။ 💙

နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေ မရပ်တန့်သွားစေဖို့ လိုအပ်တဲ့အချိန်တိုင်း Para-Tab ကိုသာ သတိရလိုက်ပါ။ 💙

တစ်ခါတလေမှာ “နည်းနည်းပင်ပန်းတာပါ” ဆိုပြီး လျစ်လျူရှုထားမိတတ်ပေမယ့် ခန္ဓာကိုယ်ကတော့ “အနားယူဖို့ လိုနေပြီ” ဆိုတဲ့ သတိပေးလက...
24/08/2026

တစ်ခါတလေမှာ “နည်းနည်းပင်ပန်းတာပါ” ဆိုပြီး လျစ်လျူရှုထားမိတတ်ပေမယ့် ခန္ဓာကိုယ်ကတော့ “အနားယူဖို့ လိုနေပြီ” ဆိုတဲ့ သတိပေးလက္ခဏာတွေကို ပြနေတတ်ပါတယ်။

ဒီလို လက္ခဏာတွေကို အချိန်မီ သတိထားပြီး ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်နော်။ မဟုတ်ရင် ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုက ပိုမိုတိုးလာပြီး နေ့စဉ်လုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

🧐 ခန္ဓာကိုယ်က နားခိုင်းနေပြီဆိုတာ ပြနေတဲ့ လက္ခဏာ (၃) ခု

၁။ မျက်စိညောင်းခြင်း 👀

ဖုန်း 📱၊ ကွန်ပျူတာ 💻 စတဲ့ Screen တွေကို အချိန်ကြာကြာကြည့်ခြင်း၊ အလုပ်များပြီး မျက်လုံးအနားမပေးနိုင်ခြင်းတွေကြောင့် မျက်စိညောင်းခြင်းကို ခံစားရနိုင်ပါတယ်။

မျက်လုံးလေးလံလာခြင်း၊ ကြည့်ရတာ မသက်မသာဖြစ်ခြင်းတွေက ခန္ဓာကိုယ်နဲ့ မျက်စိကို အနားပေးဖို့ လိုနေပြီဆိုတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၂။ ဇက်ကြောတက်ခြင်း 💆

အချိန်ကြာကြာ ထိုင်ပြီး အလုပ်လုပ်ခြင်း၊ မှန်ကန်တဲ့ ကိုယ်နေဟန်မရှိခြင်းတွေကြောင့် လည်ပင်းနဲ့ ဇက်ကြောတစ်ဝိုက်က ကြွက်သားတွေ တင်းကျပ်လာနိုင်ပါတယ်။

ဇက်ကြောတက်ခြင်း၊ လည်ပင်းတဝိုက်မအီမသာဖြစ်ခြင်းတွေက ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ ကြွက်သားတွေ အနားယူဖို့ လိုနေကြောင်း ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၃။ ခေါင်းအုံခြင်း 🤕

ပင်ပန်းနွမ်းနယ်မှု၊ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်းတွေကြောင့် ခေါင်းအုံသလို၊ ခေါင်းလေးလံသလို ခံစားရနိုင်ပါတယ်။

ခေါင်းအုံလာတဲ့အခါ ဆက်ပြီး အလုပ်လုပ်နေမယ့်အစား ခဏအနားယူပေးခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနဲ့ ကိုယ်ကို ပြန်လည်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

💡 ခန္ဓာကိုယ်ပင်ပန်းလာတဲ့အခါ ဘာလုပ်သင့်လဲ❓

✅ အလုပ်ကြားထဲမှာ အနားယူချိန်လေး ထည့်ပေးပါ။

✅ Screen ကြည့်ချိန်များရင် မျက်လုံးကို ခဏခဏ အနားပေးပါ။

✅ အိပ်ရေးဝဝအိပ်ပြီး ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးပါ။

✅ ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးပါ။

💙 ခန္ဓာကိုယ်က ပြသနေတဲ့ လက္ခဏာလေးတွေကို လျစ်လျူမရှုဘဲ အချိန်မီ ဂရုစိုက်ပေးခြင်းက နေ့စဉ်ဘဝကို ကျန်းမာလန်းဆန်းစွာ ဆက်လက်ဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။

နေ့တစ်နေ့ကို ဘယ်လိုစတင်သလဲဆိုတာက တစ်နေ့တာရဲ့ Mood နဲ့ Energy ကို အများကြီး သက်ရောက်စေပါတယ်။ ဒါကြောင့် လူတော်တော်များများ...
20/08/2026

နေ့တစ်နေ့ကို ဘယ်လိုစတင်သလဲဆိုတာက တစ်နေ့တာရဲ့ Mood နဲ့ Energy ကို အများကြီး သက်ရောက်စေပါတယ်။

ဒါကြောင့် လူတော်တော်များများက မနက်ခင်း Routine ကို အရေးကြီးတဲ့ အလေ့အထတစ်ခုအဖြစ် ဂရုစိုက်လာကြပါတယ်။ 🌿

☀️ မနက်စောစော အိပ်ရာထခြင်း
💧 ရေတစ်ခွက် သောက်ခြင်း
🥗 အာဟာရပြည့်ဝတဲ့ မနက်စာ စားခြင်း
🚶‍♀️ အနည်းငယ် လမ်းလျှောက်ခြင်း (သို့) လေ့ကျင့်ခန်းလုပ်ခြင်း

ဒီလို ကျန်းမာတဲ့ Routine လေးတွေနဲ့အတူ နေ့စဉ် Vitamin C ဖြည့်တင်းတဲ့ အလေ့အထ ကိုပါ ထည့်သွင်းလိုက်ရင် ကိုယ့်ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်ပါတယ်။ 🍋 ✨

Vitamin C ဟာ ကိုယ်ခံအားစနစ်ရဲ့ ပုံမှန်လုပ်ဆောင်မှုကို အထောက်အကူပြုတဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး၊ Antioxidant အဖြစ်လည်း လုပ်ဆောင်ပေးနိုင်တာကြောင့် ကျန်းမာတဲ့ Lifestyle တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ 💪

💛 Y-Si C500 မှာ Vitamin C 500mg ပါဝင်တာကြောင့် နေ့စဉ် Vitamin C ဖြည့်တင်းလိုသူတွေအတွက် အဆင်ပြေတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

🌞 မနက်ခင်းတိုင်းကို ကျန်းမာတဲ့ Routine လေးတွေနဲ့ စတင်ပြီး Vitamin C နဲ့အတူ နေ့သစ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုဆိုလိုက်ပါ။ 🍋 💛

#ဗီတာမင်စီ #စိတ်ကြည်လင်လန်းဆန်းY_SiVitaminC500အစွမ်း

Address

No. 74/80, Min Ye Kyaw Swar Road, Beside UMFCCI, Lanmadaw Township
Yangon
11131

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Telephone

+959266333372

Alerts

Be the first to know and let us send you an email when Para-Tab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Para-Tab:

Shortcuts

Share