22/09/2026
Day 1 💁♂️💁♀️🙋♂️🙋♀️🤷♀️
ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ…
အရပ်ရှည်လာတာ၊ အသံပြောင်းလာတာ၊ ခန္ဓာကိုယ်ပုံစံတွေ ပြောင်းလဲလာတာကိုတော့ မြင်ရပါတယ်။
ဒါပေမယ့်…
သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေပြောင်းလဲနေသလဲ?
သူတို့ မသိသေးတဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုတွေကို ဘယ်လိုနားလည်အောင်ကြိုးစားကြမလဲ?
သူငယ်ချင်းတစ်ယောက်က သူတို့ရဲ့ Personal Boundary ကို ကျော်လာရင် ဘယ်လိုပြောမလဲ?
အတုအယောင်တွေများပြားလွန်းတဲ့ Online ကမ္ဘာထဲမှာ မသင့်တော်တဲ့အရာတစ်ခုနဲ့ ကြုံလာရင် ဘယ်လိုကာကွယ်မလဲ?
တကယ်တော့ ဒီမေးခွန်းတွေက ကလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့တစ်နေ့နေ့မှာ ကြုံတွေ့လာရမယ့် အရေးကြီးတဲ့အရာတွေပါ။ ဒါကြောင့် Helix International School (Padonmar Campus & Pyihtaungsu Campus) နဲ့ Yangon Medical Center တို့ ပူးပေါင်းပြီး Primary 5, Primary 6 နှင့် Secondary 1 ကျောင်းသား/သူများအတွက်
🌱 “Growing Smart, Growing Wise” ဆိုတဲ့ Health Education Program လေးကို ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့မှာ အတူတကွ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာလေးတွေကတော့ …..
🩺 Understanding Adolescent Changes
မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် သဘာဝပြောင်းလဲမှုတွေဟာ ရှက်ရွံ့စရာမဟုတ်ဘဲ မှန်ကန်စွာ နားလည်စေဖို့…
💭 Emotional & Behavioural Changes
အရွယ်ရောက်ချိန်မှာ ခံစားရတဲ့ ခံစားချက်တွေနဲ့အတူ မှန်ကန်တဲ့ အပြုအမူတွေကို သိရှိနိုင်ဖို့…
🤝 Building Healthy Relationships
ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာ ဘာလဲ၊ ဘယ်လို ပြုမူနေထိုင်သင့်သလဲ၊ ကိုယ့်ရဲ့ Personal Boundary ဆိုတာဘာလဲ၊ မသက်မသာဖြစ်စေတဲ့အရာတစ်ခုကို ငြင်းဆန်ခွင့်ရှိတယ်ဆိုတာ သိရှိစေဖို့…
📱 Cybersafety & Digital Awareness
ယနေ့ခေတ်မှာ မဖြစ်မနေ သိထားသင့်တဲ့ Online ပေါ်မှာ မြင်သမျှ၊ ကြားသမျှကို မယုံကြည်ဘဲ မိမိကိုယ်ကို လုံခြုံအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိစေဖို့…
🧩 Real-life Case Studies
တကယ့်ဘဝမှာ ကြုံလာနိုင်တဲ့ အခြေအနေတွေကို စဉ်းစားပြီး ကိုယ်တိုင်ဆုံးဖြတ်တတ်လာစေဖို့…
🎯 Interactive Quiz & Q&A
စာသင်ခန်းထဲက သင်ခန်းစာတစ်ခုလိုမဟုတ်ဘဲ မေးခွန်းတွေမေး၊ ဆွေးနွေး၊ ရယ်မောရင်း ကိုယ်တိုင်ပါဝင်သင်ယူနိုင်စေဖို့…
စတဲ့ အကြောင်းအရာတွေကို ပျော်ရွှင်စွာနဲ့ အတူတူမျှဝေခဲ့ကြပါတယ်။
ဒီနေ့ရဲ့ အလှဆုံးအချိန်တွေထဲမှာတော့ …..
ကလေးတွေက မေးခွန်းတွေကို ရဲရဲဝံ့ဝံ့ ဖြေကြတယ်။
မသိတာတွေကို မေးကြတယ်။
Case Study တွေမှာ ကိုယ့်အမြင်နဲ့ကိုယ် ဆွေးနွေးကြတယ်။
တစ်ခါတလေ ရယ်မောသံတွေနဲ့ စာသင်ခန်းက ပိုပြီးအသက်ဝင်လာခဲ့ပါတယ်။ 💚
🎁 Activity တွေမှာ ပါဝင်ဖြေဆိုရင်း Medic Journey Healthcare မှ Pencil Cases, Highlighters, ချစ်စရာအရုပ်လေးများနဲ့ အခြား Stationery လက်ဆောင်လေးတွေကိုလည်း ရရှိခဲ့ကြပါတယ်။
🥛 ထို့အပြင် ဒီနေ့ရဲ့ ပျော်ရွှင်စရာအမှတ်တရလေးတစ်ခုအဖြစ် Foremost မှ စီစဉ်ပေးသော နို့များကိုလည်း ကျောင်းသား/သူများအားလုံးအတွက် မျှဝေပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ကလေးတွေရရှိသွားတာက
Pencil Case တစ်ခု၊ အရုပ် တစ်ခု၊ နို့တစ်ဘူးထက် ပိုပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ကို နားလည်ဖို့ အသိပညာတစ်ခု…
သူတို့ရဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့ ယုံကြည်မှုတစ်ခု…
သူတို့ရဲ့ Relationship တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ Boundary တစ်ခု…
Digital World ထဲမှာ လုံခြုံစွာ ရှင်သန်နိုင်ဖို့ Awareness တစ်ခု…
အဲဒီအရာလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့လမ်းမှာ တစ်နေ့နေ့ အသုံးဝင်လာနိုင်မယ့် အရေးကြီးတဲ့ လက်ဆောင်တွေ ဖြစ်လာနိုင်ပါတယ်။ 🌱
ကလေးတွေကို စာတော်တဲ့ကလေးတွေ ဖြစ်အောင် သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်ကို သိတဲ့ကလေး၊
ကိုယ့်ခံစားချက်ကို နားလည်တဲ့ကလေး၊
သူတစ်ပါးကို လေးစားတတ်တဲ့ကလေး၊
ကိုယ့်ကိုယ်ကို ကာကွယ်တတ်တဲ့ကလေး
ဖြစ်လာဖို့လည်း လိုအပ်ပါတယ်။
“Because growing up is not only about getting older.
It is about growing smarter, wiser, and safer.”
💛Yangon Medical Center💛 အနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကုသပေးရုံသာမက၊ သူတို့ရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ ဗဟုသုတတွေ၊ ယုံကြည်မှုတွေ၊ မှန်ကန်ကောင်းမွန်တဲ့ ရွေးချယ်မှုကိုလည်း တတ်နိုင်သမျှ မျှဝေပေးသွားနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
ကျေးဇူးတင်စရာကောင်းတာတစ်ခုကတော့ …..
ကျွန်ုပ်တို့နဲ့အတူ ဒီအဓိပ္ပါယ်ရှိတဲ့ Program လေးကို ပူးပေါင်းဖန်တီးပေးခဲ့တဲ့
Helix International School – Pyihtaungsu Campus
အမှတ်တရလက်ဆောင်များအတွက် Medic Journey Healthcare နဲ့
ကလေးများအတွက် နို့များစီစဉ်ပေးခဲ့တဲ့ Foremost တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ 💚
Let’s help our children grow smart.
Let’s help them grow wise.
And most importantly, let’s help them grow safe. 🌱