Servier Myanmar

Directions

Servier Myanmar Servier is a pharmaceutical company, committed to therapeutic progress to serve patient needs. SERVIER was established in Myanmar since 1997.

Founded to serve health, SERVIER is a global group governed by a Foundation that aspires to have a meaningful social impact, both for patients and for a sustainable world. With its unique governance model, it can fully serve its vocation with a long-term vision: being committed to therapeutic progress to serve patient needs. Our primary focuses are on Diabetes, Hypertension, Cardiology, Venous Disease and Depression, supported by 150 professional staffs and 14 products. We are driven by shared values and guided by common vision with patients and health care professionals. SERVIER Myanmar has been certified as ‘Great Place to Work’ for 2 consecutive years since 2021. We will continue our presence with a broad range of evidence-based medicines supported by scientific collaboration with Health Care Professionals to serve Myanmar patient needs. Content on website links shared are provided for information purposes only. The information and materials contained on these websites are not intended to constitute a comprehensive guide concerning all aspects of the therapy, product or treatment described on the website. All users are urged to always seek advice from a registered health care professional for diagnosis and answers to their medical questions and to ascertain whether the particular therapy, service, product or treatment described on the website is suitable in their circumstances. Servier Myanmar does not endorse or in any way support therapy, service, product or treatment reflected in these sites, and shall not bear any liability for reliance by any user on the materials contained on this website. In the event of a side effect related to the use of a medicine or medical device, or any other product, please contact your physician. You can also submit a report through Myanmar FDA. You may also report any side effects or product complaints that you, your family or friends have experienced with the use of Servier products by sending us an email to [email protected]. For any medical enquiry, please contact [email protected].

ရင်ဘတ်အောင့်တတ်လျှင် ကိုယ်လက်လှုပ်ရှားမှုကို ဘယ်လို ဘေးကင်းကင်းလုပ်နိုင်သလဲ?နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းဝေဒနာ (Angi...
23/09/2026

ရင်ဘတ်အောင့်တတ်လျှင် ကိုယ်လက်လှုပ်ရှားမှုကို ဘယ်လို ဘေးကင်းကင်းလုပ်နိုင်သလဲ?

နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းဝေဒနာ (Angina) ကို ခံစားနေရသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေမှာကို စိုးရိမ်နေနိုင်ပါတယ်။ သို့သော်လည်း လေ့ကျင့်ခန်းကို မှန်ကန်တဲ့ နည်းလမ်းဖြင့် လုပ်ဆောင်ပါက လုံးဝ ဘေးကင်းစိတ်ချရပါတယ်။ ဒီလို ဘေးကင်းကင်းနဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မည်သည့်လေ့ကျင့်ခန်း အမျိုးအစားကိုမဆို မစတင်မီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ကိုယ့်အတွက် ဘေးကင်းပြီး သင့်တော်မှု ရှိ၊ မရှိ ဆရာဝန်အား မေးမြန်းပါ။ မည်သည့်လေ့ကျင့်ခန်း အမျိုးအစားများက အကောင်းဆုံးလဲဆိုတာ ဆွေးနွေးပါ။ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနည်းသော (Low-impact) လှုပ်ရှားမှုများကို အဓိကထား ရမလား၊ အသင့်အတင့် သို့မဟုတ် ပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်သလား၊ ဘယ်လိုလက္ခဏာ၊ ဝေဒနာတွေက အန္တရာယ်ရှိသလဲဆိုတာကို မေးမြန်းထားပါ။

လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သင့်နှလုံးခုန်နှုန်းကို စောင့်ကြည့်မှတ်တမ်းတင်ပါ။
ထိုသို့ မှတ်တမ်းလုပ်ထားခြင်းဖြင့် နှလုံးက ဘယ်လောက် အားစိုက်ထုတ် အလုပ်လုပ်နေရသည်ကို သိရှိနိုင်မှာဖြစ်ပါတယ်။ ရင်ဘတ်အောင့်ဝေဒနာရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် လေ့ကျင့်ခန်းတစ်ခုကို ပထမဆုံး စတင်တဲ့အခါ နှလုံးခုန်နှုန်းကို ရှိရမည့်အမြင့်ဆုံး နှလုံးခုန်နှုန်း၏ (၅၀) ရာခိုင်နှုန်းခန့်တွင်သာ ရှိနေစေမည့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနည်းသော လှုပ်ရှားမှုများကို ပြုလုပ်ရန် ပုံမှန်အားဖြင့် အကြံပြုထားပါတယ်။ (အမြင့်ဆုံး နှလုံးခုန်နှုန်း ဆိုသည်မှာ (၂၂၀) ထဲမှ လက်ရှိအသက်ကို နှုတ်ရန် ဖြစ်ပါတယ်)။ အကယ်၍ ဆရာဝန်က ခွင့်ပြုပါက အေရိုးဗစ် ခံနိုင်ရည်စွမ်းအားကို တဖြည်းဖြည်း တည်ဆောက်သွားနိုင်ပြီး အမြင့်ဆုံး နှလုံးခုန်နှုန်း၏ (၆၀) သို့မဟုတ် (၇၀) ရာခိုင်နှုန်းအထိ တိုးမြှင့်သွားနိုင်ပါတယ်။

ပြင်းအားနည်းသော လှုပ်ရှားမှုများကို ပေါ့ပေါ့ပါးပါး စတင်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးကို ပြန်လည်ကျန်းမာလာစေရန်နှင့် သန်မာလာစေရန် ကြိုးပမ်းနေတယ်ဆိုရင်တော့ ပြင်းအားနည်းတဲ့ လေ့ကျင့်ခန်းများကို အချိန်တိုတို ပေါ့ပေါ့ပါးပါး စတင်ရန် အကြံပြုပါတယ်။ ပြင်းအားမြင့် လေ့ကျင့်ခန်းများ စလုပ်ခြင်း သို့မဟုတ် အချိန်အကြာကြီး လုပ်ခြင်းသည် ရောဂါလက္ခဏာများ ပြန်လည်ပေါ်လာနိုင်၊ ပိုမိုဆိုးရွားသွားစေနိုင်တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနည်းတဲ့ လှုပ်ရှားမှုများကို တစ်နေ့လျှင် (၁၅) မိနစ်မှ မိနစ် (၂၀) ခန့်မျှဖြင့်သာ စတင်ပြုလုပ်ပါ။ လွယ်ကူလွန်းတယ်လို့ ခံစားရပါက နောက်ရက်တွင် အချိန်ကို (၂၅) မိနစ်မှ မိနစ် (၃၀) အထိတိုးပြီး လုပ်နိုင်ပါတယ်၊ ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းအားကိုတော့ မတိုးဘဲထားပါ။ လမ်းလျှောက်ခြင်း၊ ရေထဲတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ခြေနင်းစက် (Elliptical) အသုံးပြုခြင်းကဲ့သို့သော ပြင်းအားနည်းသည့် လေ့ကျင့်ခန်းများကို ရွေးချယ်ပါ။

ဘေးကင်းသော လေ့ကျင့်ခန်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း နှင့် အကြောလျှော့ခြင်းတို့ကို အချိန်ပိုပေး၍ အမြဲတမ်း ထည့်သွင်းလုပ်ဆောင်ပါ။
လေ့ကျင့်ခန်း အစီအစဉ်တစ်ခုကို ဖြည်းဖြည်းချင်း စတင်ခြင်းနှင့် ဖြည်းဖြည်းချင်း အဆုံးသတ်ခြင်းတို့က နှလုံးခုန်နှုန်းနှင့် သွေးစီးဆင်းမှုကို တဖြည်းဖြည်း တိုးလာစေရန်နှင့် ကြွက်သားများကို အလေ့အကျင့်ဖြစ်လာရန် ကူညီပေးပါတယ်။ ဒီအဆင့်ကို ကျော်လိုက်ခြင်းက နှလုံးကို စောလျင်စွာ အလုပ်ပိုလုပ်မိစေပြီး ရောဂါလက္ခဏာများ ချက်ချင်းပေါ်လာစေနိုင်ပါတယ်။ အနည်းဆုံး (၁၀) မိနစ်ခန့် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စတင်ပါ။ ပြင်းအား အလွန်နည်းသော အေရိုးဗစ် လေ့ကျင့်ခန်းများနှင့် အပေါ့စား အကြောဆန့်ခြင်းတို့ကို ထည့်သွင်းပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင်လည်း အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်း ပုံမှန်အခြေအနေသို့ ပြန်မရောက်မချင်း ပြင်းအားနည်းသော အေရိုးဗစ်လေ့ကျင့်ခန်း (၁၀) မိနစ်နှင့် အပေါ့စား အကြောဆန့်ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် အကြောလျှော့ပေးသင့်ပါတယ်။

အလွန်အမင်း အေးခြင်း၊ ပူခြင်း သို့မဟုတ် စိုထိုင်းဆများခြင်းကဲ့သို့သော ပြင်းထန်ဆိုးရွားသည့် ရာသီဥတုအခြေအနေများတွင် ပြင်ပ၌ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။
ဒီလို ရာသီဥတုမျိုးမှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက နှလုံးရောဂါ လက္ခဏာ ရုတ်တရက် ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။

တစ်ပတ်လျှင် အေရိုးဗစ် ကာဒီယို (Aerobic Cardio) လေ့ကျင့်ခန်း မိနစ် (၁၅၀) ရရှိရန် အဓိကပန်းတိုင်ထား၍ စတင်ပါ။
ပြီးမှသာ ပြင်းအားနည်းသော ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်း (Strength Training) များကို တဖြည်းဖြည်းချင်း ထည့်သွင်းလုပ်ဆောင်သွားပါ။

နေ့စဉ်လူနေမှုဘဝ လှုပ်ရှားမှုများကို ပိုမိုလုပ်ဆောင်ပါ။ ဥပမာအားဖြင့် စာတိုက်ပုံးဆီသို့ လမ်းလျှောက်သွားခြင်း၊ လှေကားထစ်များအတိုင်း တက်ခြင်း၊ ပန်းစိုက်ခြင်း၊ မြက်ရိတ်ခြင်း သို့မဟုတ် အိမ်ကြမ်းပြင် တံမြက်စည်းလှည်းခြင်း ကဲ့သို့သော လှုပ်ရှားမှုများသည် နှလုံးခုန်နှုန်းကို သင့်တင့်ရုံမြင့်တက်စေသဖြင့် အေရိုးဗစ်လေ့ကျင့်ခန်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

အပတ်စဉ် အမြဲတမ်း (၁) ရက် သို့မဟုတ် (၂) ရက်ခန့် ပုံမှန်အနားယူပါ။
ရင်ဘတ်အောင့်ဝေဒနာ ခံစားနေရသူများအတွက် လေ့ကျင့်ခန်းလုပ်သည့် အကြိမ်များအကြားတွင် နှလုံးနှင့် နှလုံးသွေးကြောစနစ်ကို အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန် လိုအပ်တာကြောင့် အနားယူဖို့ အလွန်အရေးကြီးပါတယ်။

လေ့ကျင့်ခန်းလုပ်နေစဉ်တွင် ရင်ဘတ်နာကျင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ရင်ဘတ်ထဲတွင် တင်းကျပ်မအီမသာဖြစ်ခြင်းတို့ကို ခံစားရပါက လေ့ကျင့်ခန်းလုပ်ခြင်းကို ချက်ချင်းရပ်လိုက်ပါ။
လေ့ကျင့်ခန်းကို ရပ်နားပြီးနောက်တွင် နှလုံးခုန်နှုန်းကို လျှော့ချထားပါ။ နာကျင်မှု သို့မဟုတ် အခြားမအီမသာဖြစ်မှုများ သက်သာသွားသည့်တိုင်အောင် လေ့ကျင့်ခန်းကို ပြန်လည်မစတင်ဘဲ အနားယူပါ။ နောက်တစ်ရက်တွင် သို့မဟုတ် နောက်တစ်ကြိမ် လေ့ကျင့်ခန်းလုပ်သည့် အချိန်တွင် နာကျင်မှု သို့မဟုတ် မအီမသာဖြစ်ခြင်းကို သတိပြုမိပါက ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်ပါ။

နိုက်ထရိုဂလစ်ဆရင်း (Nitroglycerin) ကဲ့သို့သော အရေးပေါ်ဆေးဝါးများကို အမြဲတမ်း ဆောင်ထားပါ။
၎င်းဆေးဝါးသည် ရောဂါလက္ခဏာများ စတင်ခံစားရသည့်အချိန်တွင် သောက်သုံးရန် ( လျှာအောက်ထားရန်) ဖြစ်ပါတာကြောင့် အမြဲတမ်း မရှိမဖြစ် ဆောင်ထားရန်လိုအပ်ပါတယ်။ ဒါ့အပြင် ရောဂါအခံရှိကြောင်းနှင့် ဆေးဝါးများကို ဘယ်နေရာမှာ ထားရှိကြောင်းကို အခြားသူများကို အသိပေးထားပါ။ ဒါမှသာ ရောဂါလက္ခဏာများ ပေါ်လာပြီး ဆေးဝါးများကို ကိုယ်တိုင်မယူဆောင်နိုင်ချိန်တွင် အခြားသူတစ်ဦးဦးက ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ရင်ဘတ်အောင့်သည့် လက္ခဏာများခံစားနေရချိန် သို့မဟုတ် အနားယူနေစဉ်အတွင်း လက္ခဏာများရှိပါက လေ့ကျင့်ခန်း လုံးဝမလုပ်သင့်ပါ။



https://myhealth-partner.com/articles/practical-tips-for-staying-active-with-angina-as-well-as-safe

16/09/2026

နာတာရှည်ရောဂါများနဲ့ ယှဉ်တွဲနေထိုင်ရတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးပြန်ကြောရောဂါ၊ သွေးတွင်းအဆီဓာတ်မမျှခြင်း... ဒီရောဂါတွေဟာ ဖြစ်ပွားရတဲ့ အကြောင်းရင်းများ လုံးဝမတူညီကြပါဘူး။ သို့သော်လည်း အားလုံးမှာ တူညီနေတဲ့ အချက်တစ်ချက် ရှိနေပါတယ်။

ဥပမာအားဖြင့်
- အမျိုးအစား (၁) ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး အမျိုးအစား (၂) ဆီးချိုရောဂါကတော့ အဝလွန်ခြင်း၊ အဟာရမမျှတခြင်းနဲ့ မလှုပ်မရှားနေထိုင်သည့် လူနေမှုပုံစံတို့ကြောင့် ဖြစ်ပါတယ်။
- နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းနဲ့ နှလုံးရောဂါတို့သည် သွေးလွှတ်ကြောများပိတ်ဆို့ခြင်း၊ သွေးပေါင်ချိန်မြင့်မားခြင်း၊ ဆီးချိုရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။
- သွေးတိုးရောဂါသည် အငန်ဓာတ်စားသုံးမှုများခြင်း၊ စိတ်ဖိစီးခြင်း၊ အရက်သောက်သုံးခြင်းတို့ကြောင့် ဖြစ်နိုင်သလို ကျောက်ကပ်ရောဂါ၊ ဟော်မုန်းပြဿနာများ သို့မဟုတ် မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- သွေးပြန်ကြောထုံးများ၊ သွေးခဲများလို သွေးပြန်ကြောရောဂါများသည် အချိန်ကြာမြင့်စွာ မလှုပ်ရှားခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီရောဂါတွေရဲ့တူညီတဲ့အချက်ကတော့ ကျန်းမာစွာစားသောက်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်းစတဲ့ အလေ့အကျင့်ကောင်းများကို ကျင့်သုံးနေထိုင်ခြင်းဖြင့် ကျန်းမာပြီး အထက်ပါ နှလုံးသွေးကြောရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာသည်အထိ မစောင့်ပါနှင့်၊ ဆရာဝန်နှင့် တတ်နိုင်သမျှအမြန်ဆုံး ဆွေးနွေးတိုင်ပင်ပါ။



https://www.facebook.com/share/r/1D5zMJhrfv/

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နဲ့ လိပ်ခေါင်းရောဂါ က ဘာရောဂါတွေလဲလိပ်ခေါင်းရောဂါဆိုတာ ဝမ်းဗိုက်ထဲမှာ ဖိအားများ...
10/09/2026

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နဲ့ လိပ်ခေါင်းရောဂါ က ဘာရောဂါတွေလဲ

လိပ်ခေါင်းရောဂါဆိုတာ ဝမ်းဗိုက်ထဲမှာ ဖိအားများလာတာကြောင့် စအို နဲ့ စအိုဝ တစ်ဝိုက်က သွေးပြန်ကြောတွေ ကျယ်လာပြီး သွေးကြောပိတ် ရောင်ရမ်းတဲ့ အခြေအနေဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါဝေဒနာလက္ခဏာတွေကတော့ မအီမသာဖြစ်တာ၊ နာကျင်တာ၊ ယားယံတာနဲ့ တစ်ခါတစ်လေ ဝမ်းသွားတဲ့အခါသွေးပါတဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။
နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါဆိုတာကတော့ သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတာ (သို့မဟုတ်) ပျက်စီးလာတဲ့ အချိန်မှာဖြစ်လာတာပါ။ အချိန်ကြာလာတာနဲ့အမျှ သွေးပြန်ကြောရဲ့ နံ့ရံတွေ ရောင်ရမ်းလာပြီးတော့ အဆို့ရှင်တွေပျက်စီးလာစေတဲ့အတွက် သွေးတွေဟာ သွေးပြန်ကြောလေးတွေထဲမှာ အိုင်လာပြီး သွေးပြန်ကြောတွေ ရောင်ရမ်းလာတဲ့အတွက် မအီမသာဖြစ်တဲ့ဝေဒနာတွေကို ခံစားရစေပြီး သွေးကြောထုံးတာ သို့မဟုတ် ပင့်ကူမျှင်သွေးကြောလေးတွေကိုလည်း ဖြစ်ပေါ်လာစေပါတယ်။

ခြေထောက်သွေးပြန်ကြောအားနည်းရောဂါနဲ့ လိပ်ခေါင်းရောဂါတို့ရဲ့ အညွှန်းကိန်းတွေကဘာလဲ
လိပ်ခေါင်းရောဂါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် စအိုတဝိုက်မှာ အဖြစ်အများဆုံး ရောဂါတွေထဲတစ်ခုဖြစ်ပြီးတော့ လူတွေရဲ့ နေ့စဥ်လူမှုဘဝအရည်အသွေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အများကြီး သက်ရောက်မှုရှိစေပါတယ်။ လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်ရဲ့ တစ်ချိန်ချိန်မှာ လိပ်ခေါင်းရောဂါကို ခံစားရနိုင်ခြေရှိပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပြီးတော့ အာဖရိက ဒေသတွင်း နိုင်ငံတွေမှာ အဖြစ်အများဆုံးလို့ ခန့်မှန်းရပါတယ်။ ထိုနည်းတူစွာပဲ အနောက်နိုင်ငံ အမျိုးသမီးလူဦးရေ ရဲ့ ၂၅ - ၃၃ ရာခိုင်နှုန်းနဲ့ အမျိုးသား လူဦးရေရဲ့ ၁၀-၄၀ ရာခိုင်နှုန်းဟာ ခြေထောက် သွေးကြောထုံး ရောဂါဝေဒနာဖြစ်ပွားနေပါတယ်။
လိပ်ခေါင်းရောဂါအတွက် ကုသဆွေးနွေးမှုခံယူနေကြတဲ့ လူနာ တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကျော်မှာ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ရောဂါနဲ့ လိပ်ခေါင်းရောဂါ အတူဖြစ်နေတာကိုတွေ့ရှိရပါတယ်။
လိပ်ခေါင်းရောဂါ ပိုပြီး ပြင်းထန်လေလေ ဒီရောဂါနှစ်ခု က ပိုပြီး တွဲဖြစ်လေလေလို့ပြောရမှာပါ။ လိပ်ခေါင်းပိုမိုပြင်းထန်တဲ့ အဆင့် (၄) ဖြစ်နေတဲ့လူနာတွေမှာဆို နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရှိနိုင်ချေ ၅၈.၂ ရာခိုင်နှုန်းဖြစ်ပြီးတော့ လိပ်ခေါင်းရောဂါ အပျော့စား အဆင့် (၁) ဖြစ်နေတဲ့လူနာတွေမှာဆိုရင်တော့ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရှိနိုင်ချေ ၄၃.၁ ရာခိုင်နှုန်းပဲရှိပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါပြင်းထန်မှု ဟာ လိပ်ခေါင်းရောဂါ ပြင်းထန်မှု နဲ့ ပြန်လည် ဖြစ်ပွားမှုနဲ့ တော်တော်များများ ဆက်စပ်မှုရှိနေပြန်ပါတယ်။ နောက်ပြီးတော့ လိပ်ခေါင်းရောဂါဟာလည်း သွေးကြောထုံးရောဂါ ဖြစ်နိုင်ခြေမြင့်မားမှုနဲ့ ပတ်သတ်မှုရှိနေတယ်ဆိုတာ လတ်တလော သိရှိလာရပါတယ်။ ထို့အတူပဲ သွေးကြောထုံးရောဂါဟာလည်း လိပ်ခေါင်းရောဂါ ဖြစ်ပွားမှု မြင့်မားစေပါတယ်။ ဒါဟာ လိပ်ခေါင်းရောဂါနဲ့ သွေးကြောထုံးရောဂါနှစ်ခု တစ်ခုနဲ့တစ်ခု အပြန်အလှန် ပတ်သတ်ဆက်စပ်နေတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒီလို ရောဂါနှစ်ခု အပြန်အလှန်ပတ်သတ်နေတာကြောင့် သူတို့နဲ့ ပတ်သတ်တဲ့ တခြားရောဂါတွေဖြစ်ပွားနိုင်ပြီးတော့ ရေရှည်အတွက်လည်း ကျန်းမာရေးဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ရောဂါရှိတဲ့လူနာတွေဟာ ရောဂါမရှိတဲ့သူတွေထက် လိပ်ခေါင်းရောဂါ ပိုပြင်းထန်တတ်သလို ပိုပြီးတော့လည်း ပြန်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေ မကြာခဏ မီးဖွားတဲ့ အမျိုးသမီးတွေ၊ အဝလွန်တဲ့သူတွေနဲ့ ဝမ်းချုပ်တတ်တဲ့သူတွေမှာပိုအဖြစ်များတာကိုတွေ့ရပါတယ်။

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါနဲ့ လိပ်ခေါင်းရောဂါ က ဘယ်လိုဆက်စပ်နေတာလဲ
နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါနဲ့ လိပ်ခေါင်းရောဂါမှာ တူညီတဲ့ ဇစ်မြစ်တစ်ခုရှိပါတယ်။ အဲ့တာကတော့ သွေးကြောတွေရဲ့ ကြံ့ခိုင်မှု ဆုံးရှုံးလာတာပါပဲ။ ဒီလိုကြံ့ခိုင်မှုဆုံးရှုံးလာရတဲ့အတွက် သွေးပြန်ကြောတွေမှာ သွေးတွေအိုင်လာပြီးတော့ သွေးကြောတွေကျယ်လာစေပြီး ပိတ်ဆို့တာမျိုးဖြစ်လာပါတယ်။ ခြေထောက်မှာဆို သွေးကြောထုံးတာ သို့မဟုတ် ပင့်ကူမျှင်သွေးကြောလေးတွေဖြစ်လာ တာကိုတွေ့ရပြီးတော့ စအိုမှာဆိုရင်တော့ လိပ်ခေါင်းရောဂါဖြစ်လာပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါနဲ့ လိပ်ခေါင်းရောဂါဖြစ်စေတဲ့တူညီတဲ့ အကြောင်းအရင်းတွေလည်းရှိပါတယ်။
- ဝမ်းသွားတဲ့အခါ အလွန်အမင်းညှစ်တာ
- ဝမ်းချုပ်တာ
- ဝမ်းလျောတာ
- အချိန်အကြာကြီး မတ်တပ်ရပ်တာ
- အဝလွန်တာ
- နာတာရှည် ချောင်းဆိုးတာ
- ပုံမှန် အလေးအပင်တွေ မလေ့ရှိတာနဲ့ အလေးမလေ့ကျင့်ခန်းတွေလုပ်တာ
- ကိုယ်ဝန်ဆောင်တာနဲ့ မီးဖွားတာ စတဲ့ အကြောင်းအရာတွေပါပဲ။ ဒီ အကြောင်းအရာတွေက သွေပြန်ကြော ကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေတဲ့အတွက် နာတာရှည်ခြေထောက် သွေးပြန်ကြောအားနည်းတဲ့ ရောဂါကို ဖြစ်စေပါတယ်။ နေ့စဥ်လူနေမှုပုံစံပြောင်းလဲပြီးတော့ အိမ်တွင်း ကုထုံးတွေနဲ့ ကုသမယ်ဆိုရင်တော့ ရောဂါနှစ်ခုလုံးရဲ့ဖြစ်နိုင်ချေ လျော့နည်းလာမှာဖြစ်ပါတယ်။
ထို့အတူပဲ ဝမ်းဗိုက်အတွင်းဖိအားများတဲ့ လိပ်ခေါင်းရောဂါရှိတဲ့ လူနာတွေမှာလည်း နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ရောဂါပိုဖြစ်တတ်ပါတယ်။ ဒီလို ဝမ်းဗိုက်အတွင်း ဖိအားများတာဟာ ဝမ်းချုပ်ခြင်းလို ရောဂါလက္ခဏာကိုဖြစ်စေပြီးတော့ ဝမ်းချုပ်တာကတဆင့် လိပ်ခေါင်းနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ရောဂါကိုဖြစ်စေပါတယ်။

လိပ်ခေါင်းရောဂါရဲ့ သတိထားသင့်တဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ
ပုံမှန် လိပ်ခေါင်းရောဂါ လက္ခဏာတွေဟာ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမယ့် အောက်မှာပြောထားတဲ့ ရောဂါလက္ခဏာတွေ ပါတွဲပါလာရင်တော့ သတိထားသင့်ပါတယ်
- ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် ဖောရောင်လာတာ
- သွေးကြောထုံးတွေ သို့မဟုတ် ပင့်ကူမျှင်သွေးကြောတွေ မြင်သာထင်သာရှိလာတာ
- ခြေထောက်တွေ လေးလံကိုက်ခဲ ပြီးကြွက်တက်ချင်သလိုဖြစ်လာတာ
- အချိန်အကြာကြီး မတ်တပ်ရပ်တာပဲဖြစ်ဖြစ် ထိုင်တာပဲဖြစ်ဖြစ် လုပ်တဲ့အခါ ဝေဒနာပိုပြီးဆိုးဝါးလာတာ စတဲ့ ရောဂါလက္ခဏာရပ်တွေပဲဖြစ်ပါတယ်။
တကယ်လို့ ဒီရောဂါလက္ခဏာတွေကို လိပ်ခေါင်းရောဂါနဲ့အတူ တွေ့ရှိရင်တော့ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းတဲ့ရောဂါ သို့မဟုတ် တခြားသွေးပြန်ကြောရောဂါ ရှိမရှိကို ဆရာဝန်နဲ့အတူ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

# Hemorrhoids venous disease

https://myhealth-partner.com/articles/chronic-venous-disease-and-hemorrhoids-connection

𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬(For Local Service Only)𝐒𝐞𝐫𝐯𝐢𝐞𝐫 (𝐒) 𝐏𝐭𝐞. 𝐋𝐭𝐝. (Myanmar Branch), a leading French Independent Pharmac...
09/09/2026

𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
(For Local Service Only)
𝐒𝐞𝐫𝐯𝐢𝐞𝐫 (𝐒) 𝐏𝐭𝐞. 𝐋𝐭𝐝. (Myanmar Branch), a leading French Independent Pharmaceutical Company, having over 22,000 dedicated individuals worldwide, and our medicines are available to patients in nearly 140 countries worldwide, is looking to recruit the following position in major cities:
𝗠𝗘𝗗𝗜𝗖𝗔𝗟 𝗣𝗥𝗢𝗗𝗨𝗖𝗧 𝗦𝗣𝗘𝗖𝗜𝗔𝗟𝗜𝗦𝗧
(𝙔𝙖𝙣𝙜𝙤𝙣, 𝙈𝙮𝙚𝙞𝙠, 𝙋𝙮𝙖𝙮, 𝙈𝙖𝙬𝙡𝙖𝙢𝙮𝙖𝙞𝙣𝙜)
𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁
• M.B.B.S./B.D. S/ Pharmacist
• Willing to learn and grow with a dynamic and people-oriented team
• Self-motivated achiever with initiation, enthusiasm to learn and strong inclination towards patient-care approach sales and marketing
• Possess pleasant and dynamic personality, good collaboration skills and be able to work as part of a dynamic and successful team
𝗦𝘂𝗺𝗺𝗮𝗿𝘆 𝗼𝗳 𝗝𝗼𝗯 𝗗𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻
Responsible for providing scientific information of the Company’s products to the defined Health Care Professionals in the territory assigned to you, in accordance with the marketing strategy and the professional and ethical standards defined by the company.
* Please indicate your choice(s) of location on the top-left corner of your application
* Only M.B. B. S or B.D. S 𝗮𝗿𝗲 𝗿𝗲𝗾𝘂𝗲𝘀𝘁𝗲𝗱 𝘁𝗼 𝗮𝗽𝗽𝗹𝘆 𝗳𝗼𝗿 𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻.
Only short-listed candidates will be contacted for interviews, and successful candidates will be offered:
• An exciting career opportunity in a successful, ethical and people-oriented company.
• Attractive remuneration and packages.
If you are interested in these opportunities, please send your application with a Cover letter, Curriculum vitae, Passport Photo, Copy of Labor Registration Card, Transcripts and contact details to the following contact not later than 16th September 2026.
HR Assistant: [email protected]

နှလုံးသွေးကြောရောဂါတွေက ဘာလဲ။ သူတို့ရဲ့ ရောဂါလက္ခဏာ တွေကရော ဘာတွေလဲ။ နှလုံးသွေးကြောရောဂါဆိုတာ နှလုံးနဲ့သွေးကြောတွေကို သက...
07/09/2026

နှလုံးသွေးကြောရောဂါတွေက ဘာလဲ။ သူတို့ရဲ့ ရောဂါလက္ခဏာ တွေကရော ဘာတွေလဲ။

နှလုံးသွေးကြောရောဂါဆိုတာ နှလုံးနဲ့သွေးကြောတွေကို သက်ရောက်မှုရှိစေတဲ့ အခြေအနေတစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့ထင်ထားတာထက်တောင် ပိုပြီးအဖြစ်များပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့လူဦးရေ ၅၂၃ သန်းကျော်ဟာ ဒီရောဂါဝေဒနာတွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ရှင်သန်နေထိုင်နေကြရတာပါ။ အဲ့ဒီရောဂါဝေဒနာတွေထဲက တစ်ခုကတော့ သွေးတိုးရောဂါ (သို့မဟုတ်) သွေးဖိအားမြင့်မားတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ သွေးလွှတ်ကြောတွေထဲမှာ ရှိတဲ့ သွေးရဲ့တွန်းကန်အားက အချိန်အတော်ကြာအောင် မြင့်မားသွားတဲ့အချိန်မှာ စပြီး ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်တာဖြစ်တဲ့အတွက် လူတော်တော်များများကလည်း သူတို့ဒီမှာ သွေးတိုးရှိမှန်းတောင်မသိကြပါဘူး။ ပြီးတော့ သွေးတိုးရောဂါကို သေချာထိန်းချုပ်မှုမရှိရင် လေဖြတ်တာ၊ နှလုံးရပ်တာ ဒါမှမဟုတ် ကျောက်ကပ်ပျက်စီးတာတွေ အထိဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါ နောက်တစ်မျိုးကတော့ နှလုံးအောင့်တဲ့ ရောဂါပါ။ ဒီရောဂါဟာ နှလုံးဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရတဲ့ အခါမှာ ဖြစ်တတ်တဲ့ နှလုံးအောင့်တဲ့ ဝေဒနာတစ်မျိုးပါ။ ရောဂါလက္ခဏာ အနေနဲ့ရင်ဘတ်ထဲမှာ တင်းကျပ်နေတာ ဒါမှမဟုတ် ဖိထားသလို ခံစားရပြီးတော့ အဲ့ဒီနာကျင်မှုဟာ လည်ပင်း၊ မေးရိုး၊ နောက်ကျော သို့မဟုတ် ဘယ်ဘက်လက်မောင်းဘက်အထိ ပျံ့နှံ့သွားတာကို ခံစားရတတ်ပါတယ်။ Heart Failure လို့ခေါ်တဲ့ နှလုံးအားနည်းရောဂါလည်းရှိပါသေးတယ်။ နှလုံးအားနည်းရောဂါဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ သွေးပမာဏကို လုံလုံလောက်လောက် နှလုံးကနေ ညှစ်မထုတ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အသက်ရှူမဝတာ၊ မောပန်းနုံးခွေတာ၊ ခြေထောက်သို့မဟုတ် ဝမ်းဗိုက် ဖောရောင်လာတာနဲ့ နှလုံးခုန်မြန်တာ သို့မဟုတ် မမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ပါတယ်။ သင့်ရဲ့ ပိုမိုကျန်းမာတဲ့ ဘဝခရီးလမ်းကို စဥ်ဆက်မပြတ်တဲ့စောင့်ရှောက်မှုတွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပိုမိုသိရှိလိုပါက ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပေးပါ။

Disease disease

https://www.facebook.com/share/r/1BFBoxLtrp/

သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းက ဘာတွေ ကွာခြားသလဲ...သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း နှစ်မျိုးလုံးဟာ နှလုံးသွေးကြ...
26/08/2026

သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းက ဘာတွေ ကွာခြားသလဲ...

သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း နှစ်မျိုးလုံးဟာ နှလုံးသွေးကြော စနစ်နဲ့ ပတ်သက်စပ်ဆက်နေပါတယ်။ တစ်မျိုးစီတိုင်းဟာ နှလုံးကျန်းမာရေးကို မတူညီတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ကြပြီး တိုင်းတာမှုများကတော့ ကွာခြားကြပါတယ်၊၊
နှလုံးခုန်နှုန်းက တစ်မိနစ်မှာ သင့်ရဲ့နှလုံး ဘယ်နှစ်ကြိမ်ခုန်သွားသလဲဆိုတဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ နှလုံးခုန်နှုန်းဟာ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ခံစားချက်နဲ့ ဆေးဝါးတွေကြောင့် ပြောင်းလဲနိုင်ပါတယ်။ သွေး‌ပေါင်ချိန်ကတော့ သွေးလွှတ်ကြောနံရံတွေကို တွန်းကန်ပြီးစီးဆင်းနေတဲ့ သွေးတွင်းဖိအားဖြစ်ပါတယ်။ သွေး‌ပေါင်ချိန်ရဲ့ အချက်အလက်တွေဟာ သင့်ရဲ့ နှလုံးသွေးကြောကျန်းမာရေးကောင်းမကောင်းကို ညွှန်ပြနေပါတယ်။
သင့်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေး‌ပေါင်ချိန်က တစ်ခုပေါ်တစ်ခု သက်ရောက်မှုရှိနေပါတယ်။ သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းဟာ တစ်ခါတစ်လေမှာ အတူတက်ပြီး အတူကျနိုင်ပါတယ်။ ဥပမာပြောရရင် သင်အန္တရာယ်ကြုံတွေ့ရတဲ့အချိန်မှာ နှလုံးခုန်နှုန်းရော သွေး‌ပေါင်ချိန်ပါ တစ်ပြိုင်နက် တက်လာနိုင်ပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းမြင့်တိုင်း သွေး‌ပေါင်ချိန်ပါ အလိုအလျောက် တက်လာမယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ ဒါ့ကြောင့် သွေး‌ပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို အစဥ်တစိုက်သတိပြုခြင်းအားဖြင့် နှလုံးသွေးကြောစနစ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိပေးလိုက်ပါရစေ။


Link : https://myhealth-partner.com/articles/do-you-know-age-is-one-of-the-causes-of-high-blood-pressure

နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းဝေဒနာအကြောင်း သိကောင်းစရာ Angina Pectoris လို့ခေါ်တဲ့ နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင...
19/08/2026

နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းဝေဒနာအကြောင်း သိကောင်းစရာ

Angina Pectoris လို့ခေါ်တဲ့ နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းဝေဒနာဟာ ရင်ဘတ်ထဲမှာ နာကျင်မှုကို ခံစားရတဲ့ ဝေဒနာအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ မအီမသာဖြစ်ခြင်း၊လေးလံခြင်း၊ရင်ဘတ်ထဲတွင် တင်းကြပ်ခြင်း၊ရင်ဘတ်ကို ဖိထားသကဲ့သို့ဖြစ်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်၊၊တခါတလေမှာလည်း ရင်ဘတ်ပေါ်ကို အလေးတစ်ခု တင်ထားသလို ခံစားရတဲ့ ခံစားချက်မျိုးလည်းဖြစ်ပါတယ်။ ဝေဒနာခံစားရပုံက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တစ်ချို့တွင် နာကျင်သလိုခံစားရတတ်ပြီး တစ်ချို့တွင် ရင်ဘတ်အောင့်ပြီး တဆစ်ဆစ်ကိုက်ခဲသလိုလည်း ခံစားရနိုင်ပါတယ်။ နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းဝေဒနာဟာ အမျိုးအစား၊ ကြာချိန်နဲ့ ပြင်းထန်မှုလည်း ကွဲပြားနိုင်ပါတယ်။ တချို့က ဝေဒနာကို နှလုံးနဲ့ရင်ဘတ်တဝိုက်မှာ ခံစားရနိုင်ပေမယ့် တချို့ကျတော့လည်း မေးရိုး၊ ပုခုံး၊ လက်မောင်း၊ အစာအိမ်၊ လည်ပင်းနဲ့ နောက်ကျောဘက်မှာ ခံစားရနိုင်ပါတယ်။ နှလုံးကြောင့် ရင်ဘတ်စူးအောင့်ခြင်းဝေဒနာရဲ့ လက္ခဏာရပ်တွေထဲမှာ ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ ချွေးစေးပြန်တာ၊ အော့အန်တာ၊ အသက်ရှူမဝတာတွေလည်း ပါပါတယ်။ အမျိုးသမီးရော အမျိုးသားရောပါ တူညီတဲ့ ရောဂါလက္ခဏာတွေရှိတတ်ကြပါတယ်။ ပုံမှန်ဖြစ်ရိုးဖြစ်စဥ် ဝေဒနာအပြင် မေးရိုး၊လည်ပင်း၊ ကျောရိုးနဲ့ ဝမ်းဗိုက်နာကျင်တာတွေပါ ပါလာတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် မူးဝေအော့အန်တာ၊ အသက်ရှူမဝတာတွေ ပိုဖြစ်တတ်ကြပါတယ်။ နောက်ပြီး နှလုံးသွေးကြော ရောဂါကြောင့်ဖြစ်တဲ့ နှလုံးအောင့် ရောဂါတစ်မျိုးဖြစ်တဲ့ Microvascular Angina ဟာလည်း အသေးငယ်ဆုံးသော နှလုံးသွေးကြောမျှင်တွေကျုံ့တာကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နှလုံးကြောင့်ရင်ဘတ်စူးအောင့်ခြင်းဝေဒနာကို ခံစားရပြီဆိုရင် မပေ့ါဆဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး စောစီးစွာကုသမှုခံယူသင့်ပါတယ်။

# angina

Link : https://myhealth-partner.com/articles/what-are-angina-signs-and-symptoms

သွေးခဲပိတ် လိပ်ခေါင်းဝေဒနာဆိုတာ ဘာလဲ?အပြင်လိပ်ခေါင်း (External Hemorrhoids) များသည် ပိုပြီးနာလေ့ရှိသော်လည်း သွေးထွက်နိုင...
12/08/2026

သွေးခဲပိတ် လိပ်ခေါင်းဝေဒနာဆိုတာ ဘာလဲ?

အပြင်လိပ်ခေါင်း (External Hemorrhoids) များသည် ပိုပြီးနာလေ့ရှိသော်လည်း သွေးထွက်နိုင်ခြေအနေနဲ့ ပို၍နည်းပါးပါသည်။ သို့သော်လည်း စအိုပတ်ပတ်လည်ရှိ သွေးပြန်ကြောတစ်ခုတွင် သွေးခဲ ပိတ်ဆို့သွားသည့်အခါ သွေးခဲပိတ်လိပ်ခေါင်း ဖြစ်ပွားပါက သွေးထွက်လာနိုင်ပါတယ်။

ရောင်ရမ်းခြင်း ပိုဆိုးလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တစ်ရှူးများ( သို့မဟုတ်) ဝမ်းသွားခြင်းမှ ဖိအားများကြောင့် လိပ်ခေါင်းပေါက်ပြဲကာ သွေးထွက်နိုင်ပြီး အများအားဖြင့် ဝမ်းသွားပြီးချိန်တွင် သွေးကျတတ်ပါတယ်။ သွေးအများအပြားထွက်နိုင်သည့်အပြင် ပြင်းထန်သည့်နာကျင်မှုကိုလည်း ခံစားရနိုင်ပါတယ်။

ထိုလိပ်ခေါင်းများမှ သွေးထွက်သည့်အခါ အတွင်းရှိသွေးများသည် စုပုံနေပြီးမှ အောက်ဆီဂျင်နှင့် ဓာတ်ပြုကာ မည်းသွားခြင်းကြောင့် သွေးအရောင်သည် ပိုမိုရင့်နေနိုင်ပါတယ်။ အိမ်သာသုံးစက္ကူ(သို့မဟုတ်) ဝမ်းပေါ်တွင် သေးငယ်တဲ့သွေးခဲစလေးများကိုလည်း သတိပြုမိနိုင်ပါတယ်။

သွေးခဲပိတ်ဆို့နေသော လိပ်ခေါင်းဝေဒနာသည် အရေးပေါ် ကုသမှုခံယူရန် လိုအပ်ပြီး ကုသမှုမခံယူပါက ပတ်ဝန်းကျင်ရှိ ကျန်းမာသောတစ်ရှူးများအတွင်းမှ သွေးကြောများကိုပါ ဖိမိစေပြီး ထိခိုက်ပျက်စီးစေနိုင်တာဖြစ်ပါတယ်။



https://myhealth-partner.com/articles/addressing-bleeding-hemorrhoids-treatments-and-prevention

05/08/2026

ခြေထောက်ကြွက်တက်ခြင်းနှင့် နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအကြား ဆက်နွယ်မှု

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါသည် သွေးလှည့်ပတ်မှုစနစ်တွင် အဖြစ်များသည့် ရောဂါတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဆိုင်ရာ ကြီးမားသော သက်ရောက်မှုများကို ဖြစ်စေနိုင်ပါတယ်။ ခြေထောက်များတွင် ဖြစ်တတ်သည့် နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါလက္ခဏာများသည် အမျိုးမျိုးကွဲပြားနိုင်ပြီး
➢ ပင့်ကူမျှင်သွေးကြောမျှင်လေးများ ပေါ်လာခြင်း (Spider Veins)၊
➢ သွေးပြန်ကြောထုံးများဖြစ်ခြင်း (Varicose Veins)၊
➢ ဖောရောင်ခြင်း (Edema) ( သို့မဟုတ် )
➢ အရေပြားနှင်းခူဖြစ်ခြင်း (Eczema)၊
➢ အရေပြားအရောင်ရင့်လာခြင်း (Hyperpigmentation) နှင့်
➢ အရေပြားမာကျောလာခြင်း (Induration) တို့လို အရေပြားပြောင်းလဲမှုများ ပါဝင်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေများမှာတော့ အရေပြား( သို့မဟုတ်)
➢ သွေးပြန်ကြော အနာဖြစ်ခြင်း (Ulceration) များလည်း ရှိနေနိုင်ပါတယ်။

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ၏ လက္ခဏာများအနေဖြင့် ခြေထောက်မအီမသာဖြစ်ခြင်းကို အဆင့်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ခံစားရတတ်ပြီး နာကျင်ခြင်း( သို့မဟုတ်) ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ လေးလံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနှင့် ကြွက်တက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ညဘက်တွင် ခြေထောက်ကြွက်တက်ခြင်းသည်လည်း သွေးပြန်ကြောအားနည်းရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်ခြင်းသည် သွေးပြန်ကြောအားနည်းရောဂါ ခံစားနေရသူများတွင် ၁၄.၃ ရာခိုင်နှုန်းအထိ ခံစားရလေ့ရှိပြီး ဒုတိယမြောက် အဖြစ်အများဆုံး လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် သွေးပြန်ကြောထုံးများနှင့် သွေးပြန်ကြောအတွင်းသွေးများအိုင်ခြင်း (Venous Insufficiency) တို့သည် ညဘက်တွင် ခြေထောက်ကြွက်တက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး အများအားဖြင့် ခြေထောက်အပေါ်ပိုင်းကို ပိုမိုသက်ရောက်မှုရှိသဖြင့် ပေါင်တွင် ကြွက်တက်ခြင်း အဖြစ်များလေ့ရှိပြီး ခြေသလုံးတွင်လည်း ဖြစ်တတ်ပါတယ်။

ကျန်းမာသည့် သွေးပြန်ကြောများသည် တစ်ရှူးများဆီမှ အောက်ဆီဂျင်ကုန်ခမ်းနေသော သွေးများကို စုဆောင်းပေးပါတယ်။ အောက်ဆီဂျင်နည်းပါး၍ စွန့်ပစ်ပစ္စည်းများ မြင့်မားစွာပါဝင်တဲ့ သွေးပြန်ကြောထဲမှ သွေးများကို နှလုံးနှင့် အဆုတ်ဆီသို့ ပြန်လည်ပို့ဆောင်ပြီး အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ရောဂါဖြစ်နေတဲ့ သွေးပြန်ကြောများမှာတော့ သွေးသည် ကောင်းစွာ မလှည့်ပတ်နိုင်တော့ဘဲ စုပုံလာပြီး အိုင်နေမှာဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်ခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း အများအားဖြင့် သွေးပြန်ကြောများ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ရသည့် ကြွက်တက်ခြင်းကို
➢ ခြေထောက်ကို မြှင့်ထားခြင်း၊
➢ ပုံမှန်လမ်းလျှောက်ပေးခြင်းနှင့်
➢ Compression Stockings ဝတ်ဆင်ခြင်းကဲ့သို့သော
နည်းလမ်းများဖြင့်လုပ်ဆောင်ပါက ညဘက်တွင် ကြွက်တက်သည့် အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။



https://myhealth-partner.com/articles/are-leg-cramps-and-chronic-venous-diseases-linked

30/07/2026

ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ရန် စိတ်ဖိစီးစေတဲ့ အကြောင်းအရာများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ?

စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို ပြောင်းလဲ၊ ဖယ်ရှားပါ။ ဥပမာ - အလုပ် (သို့မဟုတ်) အလုပ်လုပ်ချိန်ဇယားကို ပြောင်းလဲခြင်း၊ ဆက်ဆံရခက်တဲ့ လူပုဂ္ဂိုလ်များ (သို့မဟုတ်) မနှစ်မြို့ဖွယ် အခြေအနေများကို ရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သို့သော် စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းများကို ဖယ်ရှားလိုက်ဖို့ ခက်ခဲနိုင်တာကြောင့် စိတ်ဖိစီးမှုအပေါ် ဘယ်လို တုံ့ပြန်မလဲဆိုတာ လိုအပ်လာပါတယ်။ စိတ်ဖိစီးမှုအပေါ်တုံ့ပြန်ခြင်းကို ကူညီပေးနိုင်တဲ့ နည်းလမ်းအချို့ကတော့..

• စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ခြင်း

ဘဝ၏ အစိတ်အပိုင်းအားလုံးကို မထိန်းချုပ်နိုင်သော်လည်း စိတ်ဖိစီးမှုအပေါ်တုံ့ပြန်ပုံကို ထိန်းချုပ်နိုင်ပြီး အပြုသဘောဆောင်တဲ့ သဘောထား ထားရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေနိုင်တဲ့ အတွေးအမြင် အလေ့အထများကို ရှာဖွေဖော်ထုတ်ပါ။ ဥပမာအားဖြင့်…
- အချက်အလက်များကို သေချာစွာ ဂရုတစိုက် မကြည့်ဘဲ အခြေအနေ ဆိုးရွားတော့မည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်ခြင်း
- အဆိုးဘက်ကိုသာ ကြည့်ပြီး အကောင်းဘက်ကို မမြင်ခြင်း
- မိမိနှင့် မဆိုင်သော ပြဿနာများအတွက် ပူပန်နေခြင်း

• စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ခြင်း
-စိတ်ဖိစီးမှုအပေါ် စိတ်ခံစားချက်မှ ဘယ်လိုတုံ့ပြန်လဲဆိုတာကို ရှာဖွေဖော်ထုတ်ပြီး ဖွင့်ဟဆွေးနွေးပါ။

• ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ခြင်း
- အသက်ပြင်းပြင်းရှူခြင်းနှင့် စိတ်ပြေလျော့စေတဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။
- ဂီတ သီချင်းများ နားထောင်ပါ။

• အပြုအမူဖြင့် တုံ့ပြန်ခြင်း
- စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းနှင့် ပတ်သက်ပြီး ဘာကို ပြောင်းလဲနိုင်သလဲဆိုတာကို ဆုံးဖြတ်ပါ၊ လက်တွေ့ အကောင်အထည်ဖော်ပါ။
- ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အထများကို ဆက်လက်ထိန်းသိမ်းပါ - မျှတစွာ စားသောက်ပါ၊ ခဏတာသာ အရသာရှိစေပြီး ရေရှည်မှာ ခန္ဓာကိုယ်ကို ပိုထိခိုက်စေနိုင်တဲ့ အာဟာရမရှိသည့်အစားအစာ (Junk food) များကို အလွယ်တကူ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊
- သူငယ်ချင်းများ၊ မိသားစုများနှင့်အတူ အချိန်ကုန်ဆုံးပါ - ရင်ဆိုင်နေရတဲ့ အခြေအနေများကို သိရှိနားလည်ပြီး စိတ်ဖိစီးမှုနဲ့ ပတ်သက်၍ အကြံဉာဏ်ကောင်းများ ပေးနိုင်သည့် ယုံကြည်ရသူများကို ရင်ဖွင့်ပြောဆိုရန် ပါ။
- စိတ်ဖိစီးခြင်း၊ လေးလံခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ပြေလျော့စေရန်နှင့် စိတ်တည်ငြိမ်စေရန်အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သဘာဝပတ်ဝန်းကျင်ထဲ လမ်းလျှောက်ခြင်း၊ တရားမှတ်ခြင်း၊ တိုင်ချီ (Tai Chi) (သို့မဟုတ်) ယောဂ (Yoga) ကစားခြင်းတို့ လုပ်နိုင်ပါတယ်။
- လုံလောက်စွာ အိပ်စက်အနားယူပါ။တစ်ညလျှင် (၇) နာရီမှ (၉) နာရီအထိ အိပ်စက်ပါ။
- အပြုသဘောဆောင်သည့် သဘောထား ထားရှိပါ - ကျေးဇူးတင်ခြင်းဂျာနယ် (Gratitude journal) တစ်အုပ် ထားရှိပြီး အပတ်စဉ် မှတ်တမ်းတင်ရေးသားပါ။ တစ်နေ့တာကို ပြန်လည်သုံးသပ်ပြီး ကျေးဇူးတင်မိသည့် အရာများကို ရေးသားခြင်းဖြင့် အကောင်းမြင်လာစေပါတယ်၊၊
- ဆိုးရွားတဲ့ နေ့ရက်များမှာပင် သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေ ရှိတတ်ပါတယ်။
ဒါကြောင့် မိမိဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်ပါ။ဥပမာ - ချက်ပြုတ်ခြင်း၊ ပန်းချီဆွဲခြင်း (သို့မဟုတ်) ဆွယ်တာထိုးခြင်းတို့သည် အပျက်သဘောဆောင်တဲ့ အတွေးများ၊ ပူပန်မှုများထဲတွင် နစ်မျောမနေစေရန် ကူညီပေးနိုင်ပါတယ်။
- သိကျွမ်းသူ (သို့မဟုတ်) သူစိမ်းတစ်ဦးဦးနှင့် တစ်ခါတရံ အဆက်အသွယ်ပြုလုပ်ပါ - ရင်းနှီးတဲ့ မိတ်ဆွေအသိုင်းအဝိုင်းမှာ တစ်ဦးနဲ့တစ်ဉီး အဆက်အသွယ်ပြုလုပ်နေခြင်းက လူမှုရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချရန်အတွက် ငွေရှင်းကောင်တာက စာရေး (သို့မဟုတ်)ပစ္စည်းပို့သူတစ်ဦးနဲ့လည်း စကားစမြည်ပြောဆိုကြည့်နိုင်ပါတယ်။
- အမွှေးပွ သူငယ်ချင်းလေးများ (အိမ်မွေးတိရစ္ဆာန်) ကိုလည်း မွေးမြူနိုင်ပါတယ်၊၊ခွေး(သို့မဟုတ်) ကြောင်တစ်ကောင်ကို ပွတ်သပ်ပေးခြင်းသည် သွေးဖိအားကို ကျဆင်းစေပါတယ်။ အိမ်မွေးတိရစ္ဆာန်နှင့် ထိတွေ့ဆော့ကစားခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ဖိစီးမှု ဟော်မုန်းများကို လျှော့ချပေးနိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြံပြုချက်များအားလုံးမှာ တူညီတဲ့ အချက်တစ်ချက်ကတော့…စိတ်ဖိစီးမှုခံစားနေရသော အခြေအနေတစ်ခုမှ ခဏတာနောက်ဆုတ်ပြီး အတွေးတွေကို လမ်းကြောင်းပြောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေထဲက အားလုံးကို ဖြစ်စေ (သို့မဟုတ် )အချို့ကိုဖြစ်စေ နေ့စဉ် လူနေမှုဘဝတွင် လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ကျစေရန် ကူညီနိုင်ပါတယ်။ရင်ဘတ်အောင့်ဝေဒနာ ဖြစ်ပွားနိုင်ခြေကို ကာကွယ်လျှော့ချရန်လည်း ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။



https://myhealth-partner.com/articles/coronary-heart-disease-and-stress

Address

No. 62, U Wisara Road, Dagon Township
Yangon
11195

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Servier Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share