06/05/2026
ဒီနေ့တော့ ကျွန်မ life update လေးတွေရော, LUNALIGN ရဲ့ရှေ့လျှောက် အစီအစဥ်လေးတွေပါ မျှဝေချင်လို့ပါ။ ✨ စာလေးတော့ နည်းနည်းရှည်ပါမယ်။
ပထမဆုံးတစ်ခုကတော့ - ၃နှစ်ဆက်တိုက် အားလုံးချစ်ခင်နှစ်သက်စွာ အားပေးခဲ့ကြတဲ့ LUNALIGN Planners (physical books)များကို 2027 ခုနှစ်အတွက် ပြန်မထုတ်တော့ဘူးလို့ စဥ်းစားထားပါတယ်။
ကိုယ်တိုင်က planner enthusiast မို့ အမြဲ အကောင်းဆုံးလုပ်ချင်တာကြောင့် အချိန်ပေး data ပြင်ဆင်, မမှားအောင်ပြန်စစ်, design ဆွဲ , နိုင်ငံခြားမှာ production လုပ်, ရန်ကုန်ပြန်ပို့ နဲ့ အချိန်အရမ်းပေးရသလို ဒီတစ်ခေါက်ဆို border ပိတ်သွားလို့ transportation အတွက် challenge လေးတွေ ရှိခဲ့ပါတယ်။ ကူလုပ်ပေးတဲ့ အဓိက team member ကလည်း နိုင်ငံခြားမှာဖြစ်တာရယ်၊ လာမယ့်နှစ်မှာ personal project လေးတွေလည်း အများကြီးရှိနေတာမို့ physical planner ထုတ်ဖို့ အချိန်မပေးနိုင်တော့မှာ သေချာသလောက်မို့လို့ပါ။ စာအုပ်ထွက်မှာလား အမြဲမေးပြီး နှစ်တိုင်း အားပေးခဲ့ကြတဲ့ ချစ်ရသူတွေကို အားလည်းနာ, ကျေးဇူးလဲတင်ပါတယ်။ 💕
ဒုတိယတစ်ခုကတော့ ကျွန်မကိုယ်တိုင်လည်း ပြောင်းလဲသွားတဲ့ identity ပုံစံ, အတွေးအခေါ်, ဘဝနေရာအသစ်တစ်ခုကို အခုအချိန်မှာ ရောက်ရှိနေပါတယ်။ ကိုယ့်ဘာသာတောင် မယုံကြည်နိုင်တဲ့ 3.0 version နဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း လူရော၊ စိတ်ရော၊ energy level ပါ shift ဖြစ်တာတွေ မြန်လွန်းလို့ အမြဲ grounded ဖြစ်နေအောင် သတိကပ်ထားရပါတယ်။ 🌱 မျက်မှန်တပ်ထားသလို ကြည်တောက်ရှင်းနေတဲ့ clarity တွေ ရခဲ့ပြီး, စိတ်အေးချမ်းမှု, ကျေနပ်မှု, new social dynamics နဲ့ peace within myself တွေ ခပ်စိပ်စိပ်လေးဖြစ်လာတဲ့အပြင် ကျွန်မ နှစ်အတော်ကြာ battling လုပ်နေခဲ့ရတဲ့ chronic low-key anxiety နဲ့ OCD tendencies တွေ သက်သာခဲ့ရပါတယ်။ အရာအားလုံးကို အတင်းဆုပ်ကိုင်ထားတာတွေ လျှော့ချလိုက်ပြီးတဲ့နောက် ကိုယ်အလေးချိန်တွေပါ double-digit ကျသွားခဲ့ပါတယ်။ ဘာတွေလုပ်လို့ ဘယ်လိုတွေပြောင်းလဲခဲ့လဲဆိုတာတော့ အသေးစိတ် တစ်ခါတည်း ပြောပြဖို့ ခက်ပေမယ့် အလျဥ်းသင့်သလို share သွားပေးပါ့မယ်။ ကိုယ်တိုင်လဲ ဘယ်အရာက တကယ်အလုပ်လုပ်တာလဲဆိုတာကို တိတိကျကျနားလည်ဖို့ အားထုတ်နေဆဲပါ။ 🙏🏻
ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဒီနေ့ ရလာဒ်ကောင်းတွေကလည်း အရင်က energy work တွေအများကြီး လုပ်ခဲ့တဲ့ အကျိုးတွေကြောင့်ပါ။ ဒါပေမယ့် အဓိကအချက်က I stopped looking for transformation only in mystical places. 🌸 မပြီးနိုင်တဲ့ self-analysis, မပြီးနိုင်တဲ့ healing works, searching, shadow work, identity reconstruction တွေကြားမှာပဲ ကြာကြာရစ်ဝဲမနေပဲ embodied system အဖြစ် ထိုးဖောက်ပြောင်းလဲလိုက်နိုင်တာကလည်း အရွေ့တစ်ခု ဖြစ်စေပါတယ်။
ကျွန်မရဲ့ ၂၀၁၉-၂၀၂၄ era က healing, awakening, manifesting, understanding energy တွေနဲ့ 2.0 version ကို ရရှိခဲ့စေပေမယ့် 🙏🏻 အခု ၂၀၂၅-၂၀၂၆ shift က simplifying, regulating, calm choices, repeating, curating, နဲ့ grounded systems တွေကြောင့်ရလာတာ ဖြစ်ပါတယ်။ 🏹 ဒီနည်းလမ်းတွေက metaphysical ဖြစ်တဲ့ နည်းလမ်းတွေမဟုတ်ပဲ အရမ်း simple ဖြစ်တဲ့ အားလုံးသိပြီးသား လက်တွေ့ကျတဲ့နည်းတွေများပါတယ်။ ကျွန်မတို့ ဘဝမှာ တစ်ချို့ တကယ်အလုပ်ဖြစ်တဲ့နည်းလမ်းတွေက မထင်ထားလောက်အောင် ရိုးရှင်းပြီး အားလုံးသိပြီးသားတွေပါ။ ကွာသွားတာက အသိ “knowledge” နဲ့ အသုံးချမှု “embodiment” ပါ။ ကိုယ်သိထားခဲ့တဲ့ knowledge တွေကို Practical Embodiment ပေါင်းပြီး Applied knowledge ဖြစ်သွားတဲ့အပြင် consistency ရှိလာတဲ့အခါ၊ compound effect နဲ့ ရလာဒ်တွေ စမြင်ရတော့တာပါပဲ။ ဒီနည်းလမ်းတွေက Spiritual and Lunar Living နဲ့တိုက်ရိုက်ဆိုင်တဲ့ အကြောင်းအရာတွေမဟုတ်တော့ ဒါတွေကို LUNALIGN မှာ မျှဝေရင် audience နဲ့ ကိုက်ညီပါ့မလား စိတ်ဝင်စားပါ့မလားလဲ တွေးရပါသေးတယ်။
LUNALIGN page လေး တည်ထောင်စဥ်ကတည်းက Astrology, Spirituality, Lunar Living နဲ့ Intentional Lifestyle ဆိုပြီး theme ၂ခု အမြဲ sharing လုပ်ပေးနေပေမယ့် နောက်ပိုင်းတော့ အခု ကျွန်မရောက်နေတဲ့နေရာနဲ့ ပိုထပ်တူကျတဲ့ Intentional Lifestyle ပိုင်းကိုပဲ အသားပေးမျှဝေဖြစ်ဖို့ များပါလိမ့်မယ်။ ဒါကြောင့် sprituality ပိုင်းကို ပိုအားသာတဲ့ စာဖတ်သူများကို စာရေးကျဲနေရင် အားနာနာနဲ့ ကြိုတောင်းပန် ချပြထားချင်တာပါ။
နောက်ပိုင်း content တွေကိုလည်း ရေးနေကြ moon musings တွေအပြင် long-form content ထက် reels , stories, telegram + Tik Tok short drops တွေများများနဲ့ပဲ bite size လေးတွေ ပေါ့ပေါ့ပါးပါး သွားဖို့စဉ်းစားထားပါတယ်။ ကျွန်မက full-time corporate CEO တစ်ယောက်ဖြစ်တာရော, မိခင်တစ်ယောက်ဖြစ်တာရော, အခုအချိန်မှာ life goals တစ်ချို့ရယ်, priority တစ်ချို့ရယ် ပြောင်းလဲသွားတာရောကြောင့် စာအရှည်ကြီး အများကြီးရေးဖို့ အခွင့်မကြုံမှာစိုးပေမယ့် အမြဲ sharing လုပ်ချင်နေလို့ပါ။ 🕸️ We are not here to repeat the same cycle. We’ve Evolved. ပြီးခဲ့တဲ့ ၂ နှစ်လုံး ကျွန်မ try and tested လုပ်ထားခဲ့တဲ့ lifestyle system တွေကို လာမယ့်ကာလတွေမှာ အချိန်ရရင်ရသလို မျှဝေပေးပါ့မယ်နော် ။ Frequency ချင်းတူရင် ဘယ် platform မှာဖြစ်ဖြစ်ဆက်ပြီး ချစ်ခင်စွာ အားပေးကြမယ်လို့လဲ မျှော်လင့်ပါတယ်။ 🌻
☀️ ရယ်စရာအနေနဲ့ ပြောရရင် တစ်ခါတလေကျတော့လည်း ဘဝမှာ အခုချိန် ကိုယ်တကယ်လိုနေတာ Shadow Work တွေ ထပ်ထပ်လုပ်ဖို့ မဟုတ်တော့ပဲ Vit-D ၆၀,၀၀၀ အား သောက်ဖို့ ဖြစ်နေသလိုပါပဲ။ 🌝 This is a message for you from the universe (to shift), if you see this post 🌌
Journey to Aligned Living, One Moon Phase at a Time! 🌙
Sat Nam,
LUNALIGN