17/06/2026
💦Dokdo Cleanser လေး ‼️
🪞🦊ကိုယ့်skin ကဘာသုံးသုံး မတည့်ဘူးဆိုတဲ့ သူတွေအတွက် လတ်တလော အကြိုက်ဆုံး Cleanser 💨💨💨
Round lab 1025 dokdo cleanser ....🤏
ဒီ Cleanser က လတ်တလော သောင်းသုံးနေတာ 1ခွဲလောက်ရှိပြီ... ဝက်ခြံတွေထွက်လာတဲ့အခါမျိုး ကိုယ့် Skinbarriers သိပ်မကောင်းတဲ့အချိန်တွေဆိုသုံးရတာသက်သာတယ်...နောက်ပြီး သူက Senstive ,ance, dry ,Combination ,တော်တော်များများအတွက်အဆင်ပြေတယ်...oily skinအတွက် Skinbarriers ကောင်းစေချင်ရင်လည်းအဆင်ပြေတယ်...သူက Bubble တွေအများကြီးထွက်လာတာမျိုးမဟုတ်တော့ Deep cleansing အရမ်းဖြစ်တယ်တော့ခံစားရမှာမဟုတ်ဘူး... ဒါပေမဲ့ သူ့ Bubble လေးတွေက တော်တော်လေးနူးညံ့တယ်... မျက်နှာသစ်ပြီးသွားရင်လည်း skinက သန့်ပြီး Moistureလေးပါကျန်နေခဲ့သလို အသား ခြောက်ပြီး ကြမ်းသွားတာမျိုးမဖြစ်ဘူး...🥰
စစချင်းသောင်းလည်းသုံးတာ အနံ့ကလည်းမမွှေး...အမြှုပ်လည်းသိပ်မထွက်တော့ တစ်မျိုးဖြစ်ပေမဲ့ သစ်ရင်းသစ်ရင်း ရက်ကြာတာလာနဲ့သိသာသလိုလေး...သူ့brand dokdo က sea waterကို အခြေခံ ထုတ်ထားပြီး minerals ,Hyaluronic ,Panthenol ...တို့လိုမျိုး Skinbarriers ကောင်းမွန်စေတဲ့ Ingeridents တွေပါပြီး နူးညံတယ်...တစ်ခြား Antiaging အတွက်လည်းပါသေးပေမဲ့ အဲ့အတွက်တော့အရမ်းခံစားရတာမျိုးတော့မရှိဘူးဘူး...Cleanser ကောင်းကောင်းလေးတစ်ခုအနေနဲ့ပဲ skin barriers ကောင်းချင်တဲ့သူတွေအတွက် Steps တစ်ခုဆိုလည်းပိုအဆင်ပြေမယ်🤍💭
Oily skinသမားဆိုရင်တော့မနက်ခင်းပဲသစ်ပေးရင်ပိုကောင်းတယ်....သူ့သုံးလို့အဆီပိုပြန်မှာတော့မဟုတ်ဘူး...ဒါပေမဲ့ deep cleansing မဖြစ်ဘူး...သူ့ရဲ့အနံ့ကတော့ ဆေးနံ့လိုနည်းနည်းရတယ် ...အခုနောက်ပိုင်းသောင်းလည်း skin barriers လေးကောင်းအောင်ပဲskincareတွေကိုလိမ်းဖြစ်တော့တယ်...Brightening အတွက်တောင်သိပ်မလုပ်ဖြစ်ဘူး...ဒါကြောင့် ဒီcleanser လေးသုံးဖြစ်ရင်းလာပြောပြတာ
Low Ph formula cleanser ဖြစ်လို့ တော်တော်များများနဲ့မတည့်မှာ သိပ်ပူစရာမလိုဘူး...သူ့Toner လေးလည်း Review တင်ပေးဖူးသေးတယ်
သိချင်တာလေးရှိရင်တော့ EOS K Beauty Shop မှာ ပုံလေးပြပြီးမေးကြည့်ပါရှင်
Skincareအကြောင်းလေးတွေဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးပါရှင်🤍