14/09/2026
Collagen သောက်လိုက်တာနဲ့ မျက်နှာပေါ် တန်းရောက်သွားတယ်လို့ ထင်နေလား? 🤔
No ပါ
အဆင့်၃ဆင့်နဲ့ ရောက်ရှိရတာပါ
Step 1 – ချေဖျက်ခြင်းအဆင့်
Collagen ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ Amino Acids & Peptides အဖြစ် ချေဖျက်ပါတယ်
Step 2 – စုပ်ယူခြင်းအဆင့်
အူလမ်းကြောင်းကနေ စုပ်ယူပြီး သွေးကြောထဲ ပို့ပေးပါတယ်
Step 3 – ခန္ဓာကိုယ်က အသုံးပြုခြင်းအဆင့်
Body က လိုအပ်တဲ့နေရာအလိုက် အသုံးပြုပြီး Skin, Joint, Tendon, Bone, Cartilage တို့ရဲ့ Collagen တည်ဆောက်မှုမှာ ပါဝင်စေပါတယ်
ဒါ့ကြောင့် Collagen ကို သောက်တာနဲ့ မျက်နှာပေါ် တိုက်ရိုက်ရောက်တာ မဟုတ်ပါဘူးနော်
နောက်ပြီး Vitamin C ကလည်း Collagen synthesis အတွက် အရေးကြီးပါတယ်
Vitamin C ကိုသောက်ပေးတာက collagen တွေ ရရှိအောင် အထောက်အပံ့ရစေပါတယ်ရှင်
စာသိပ်မဖတ်ချင်တဲ့ သူတွေအတွက် လိုတိုရှင်း ရေးပေးလိုက်ပါတယ်
PwintPhyuWin_Pharmacist