SML Medical & Diagnostic Centre

Call Directions Website Contact the business

SML Medical & Diagnostic Centre We value your health. Please let us be your
one-stop healthcare provider.

🔻ပင်ပန်းနွမ်းနယ်နေတာ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကြောင့်ပဲလား။🔻 ကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလာတာ အစားအသောက်ကြောင့်ပဲလား။🔻 ရင်တုန်တာ၊ နှလ...
17/09/2026

🔻ပင်ပန်းနွမ်းနယ်နေတာ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကြောင့်ပဲလား။
🔻 ကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလာတာ အစားအသောက်ကြောင့်ပဲလား။
🔻 ရင်တုန်တာ၊ နှလုံးခုန်မြန်တာတွေ 𝐒𝐭𝐫𝐞𝐬𝐬 ကြောင့်ပဲလား။

🟥 ဒီလိုလက္ခဏာတွေဖြစ်လာရင်…
“အလုပ်ပင်ပန်းလို့ပါ”
“𝐒𝐭𝐫𝐞𝐬𝐬 များလို့ပါ”
“𝐃𝐢𝐞𝐭 ပျက်လို့ပါ”
“အသက်ကြီးလာလို့ပါ” ဆိုပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကိုလည်း မမေ့သင့်ပါဘူး။

🟥 𝐇𝐨𝐫𝐦𝐨𝐧𝐞 တွေထဲမှာမှ 𝐓𝐡𝐲𝐫𝐨𝐢𝐝 ဟော်မုန်းတွေထုတ်ပေးတဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝 ကသေးပေမယ့် ခန္ဓာကိုယ်အတွက်အတော်အရေးကြီးတဲ့နေရာမှာပါဝင်ပါတယ်။ လည်ပင်းရှေ့ဘက်မှာရှိတဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝 က ထုတ်လုပ်တဲ့ 𝐇𝐨𝐫𝐦𝐨𝐧𝐞𝐬 တွေဟာ ခန္ဓာကိုယ်ရဲ့ 𝐦𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 (ဇီဝဖြစ်ပျက်မှု) နဲ့ အခြားလုပ်ဆောင်ချက်များစွာကို ထိန်းညှိပေးရာမှာ ပါဝင်လုပ်ဆောင်ပေးပါတယ်။

🟥 ဒါကြောင့် 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 ပြောင်းလဲလာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက်မှာ ပြသတဲ့လက္ခဏာတွေက မတူနိုင်ပါဘူး။

🟥 တချို့မှာ ဘာလုပ်လုပ် မောမောနေတယ်ဖြစ်နိုင်သလို၊ စားတာမပြောင်းပေမယ့် 𝐖𝐞𝐢𝐠𝐡𝐭 တက်လာတာ ဖြစ်နိုင်ပါတယ်။ တချို့မှာတော့ “ရင်တုန်တယ်၊ နှလုံးခုန်မြန်တယ်၊ ပူလွန်းတယ်” ဆိုတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် လက္ခဏာတစ်ခုတည်းကိုကြည့်ပြီး 𝐓𝐡𝐲𝐫𝐨𝐢𝐝 ပြဿနာရှိတယ်လို့ သတ်မှတ်လို့မရသလို၊ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကြောင့်ပဲလို့လည်း အလွယ်တကူ မသတ်မှတ်သင့်ပါဘူး။

🟩 ဒါဆို 𝐓𝐡𝐲𝐫𝐨𝐢𝐝 ကို ဘယ်လိုသိနိုင်မလဲ

🟩 𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭 ကနေ 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 နဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 တွေကို သိနိုင်ပါတယ်။ လူအများထင်သလို 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐓𝐞𝐬𝐭 စစ်လိုက်တာနဲ့ ရောဂါကိုတန်းသိတာမျိုးအမြဲတမ်း မဟုတ်ပါဘူး။ လူနာရဲ့ လက္ခဏာ၊ ဆေးမှတ်တမ်း၊ ဆရာဝန်ရဲ့ စမ်းသပ်စစ်ဆေးချက်နဲ့ စစ်ဆေးရမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး 𝐓𝐞𝐬𝐭 အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

𝐒𝐌𝐋 မှာ စစ်ဆေးနိုင်တဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐓𝐞𝐬𝐭𝐬
🟩 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧
🔹 𝐓𝐒𝐇 (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐒𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐧𝐠 𝐇𝐨𝐫𝐦𝐨𝐧𝐞) - 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 ကို အကဲဖြတ်ရာမှာ အရေးကြီးတဲ့ အခြေခံ 𝐓𝐞𝐬𝐭 တစ်ခု။
🔹 𝐓𝐨𝐭𝐚𝐥/𝐅𝐫𝐞𝐞 𝐓𝟑 & 𝐓𝐨𝐭𝐚𝐥 /𝐅𝐫𝐞𝐞 𝐓𝟒 - ခန္ဓာကိုယ်အတွင်း 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐇𝐨𝐫𝐦𝐨𝐧𝐞 𝐥𝐞𝐯𝐞𝐥 ကို အကဲဖြတ်ရာမှာ အသုံးပြုနိုင်ပါတယ်။
🟩 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐓𝐞𝐬𝐭𝐬
𝐓𝐡𝐲𝐫𝐨𝐢𝐝 ပြဿနာတိုင်းက 𝐇𝐨𝐫𝐦𝐨𝐧𝐞 များနည်းရုံနဲ့ မပြီးပါဘူး။
တချို့အခြေအနေတွေမှာ ကိုယ်ခံအားစနစ်က 𝐓𝐡𝐲𝐫𝐨𝐢𝐝 ကို တိုက်ခိုက်ခြင်း နဲ့ ဆက်စပ်နိုင်ပါတယ်။
ဒါကြောင့် လိုအပ်တဲ့အခြေအနေမှာ—
🔹 𝐀𝐧𝐭𝐢-𝐓𝐏𝐎 (𝐀𝐧𝐭𝐢-𝐓𝐡𝐲𝐫𝐨𝐩𝐞𝐫𝐨𝐱𝐢𝐝𝐚𝐬𝐞)
🔹 𝐀𝐧𝐭𝐢-𝐓𝐆 (𝐓𝐡𝐲𝐫𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲)
🔹 𝐓𝐒𝐇 𝐑𝐞𝐜𝐞𝐩𝐭𝐨𝐫 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲 (𝐓𝐑𝐀𝐛) တို့ကို စစ်ဆေးကြပါတယ်။

🟩 𝐓𝐡𝐲𝐫𝐨𝐢𝐝-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐞𝐬𝐭
🔹 𝐓𝐡𝐲𝐫𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 - 𝐓𝐡𝐲𝐫𝐨𝐢𝐝-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐜𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐚𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 အချို့မှာ အသုံးပြုနိုင်တဲ့ 𝐓𝐞𝐬𝐭 တစ်ခုဖြစ်ပါတယ်။

🟩 𝐓𝐡𝐲𝐫𝐨𝐢𝐝 တစ်ခုတည်းမဟုတ်ပါဘူး။ 𝐏𝐚𝐫𝐚𝐭𝐡𝐲𝐫𝐨𝐢𝐝 ကိုလည်း မမေ့သင့်ပါဘူး။

𝐓𝐡𝐲𝐫𝐨𝐢𝐝 နဲ့ 𝐏𝐚𝐫𝐚𝐭𝐡𝐲𝐫𝐨𝐢𝐝 က နာမည်ဆင်ပေမယ့် မတူညီတဲ့ 𝐆𝐥𝐚𝐧𝐝𝐬 တွေဖြစ်ပြီး 𝐏𝐚𝐫𝐚𝐭𝐡𝐲𝐫𝐨𝐢𝐝 𝐇𝐨𝐫𝐦𝐨𝐧𝐞 (𝐏𝐓𝐇) က ခန္ဓာကိုယ်ရဲ့ 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐫𝐞𝐠𝐮𝐥𝐚𝐭𝐢𝐨𝐧 မှာ အရေးကြီးတဲ့ အခန်းကဏ္ဍရှိပါတယ်။

🟩 ဒါကြောင့် အချို့လူနာတွေမှာ -
🔹 𝐢𝐏𝐓𝐇 (𝐈𝐧𝐭𝐚𝐜𝐭 𝐏𝐚𝐫𝐚𝐭𝐡𝐲𝐫𝐨𝐢𝐝 𝐇𝐨𝐫𝐦𝐨𝐧𝐞) ကိုလည်း စစ်ဆေးအကဲဖြတ်နိုင်ပါတယ်။

🟩 ဆေးပညာမှာတော့ “ဘယ် 𝐓𝐞𝐬𝐭 စစ်ရမလဲ?” ဆိုတာထက် “ဘာကြောင့် စစ်ရမလဲ?” ဆိုတာက ပိုအရေးကြီးပါတယ်။

❌ ကိုယ်အလေးချိန်ပြောင်းလဲလာတာတစ်ခုတည်းနဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝 ပြဿနာလို့ မဆိုနိုင်ပါဘူး။
❌ ရင်တုန်တာတစ်ခုတည်းနဲ့ 𝐇𝐲𝐩𝐞𝐫𝐭𝐡𝐲𝐫𝐨𝐢𝐝𝐢𝐬𝐦 လို့ မဆိုနိုင်ပါဘူး။
❌ ပင်ပန်းတာတစ်ခုတည်းနဲ့ 𝐇𝐨𝐫𝐦𝐨𝐧𝐞 မမှန်ဘူးလို့ မဆိုနိုင်ပါဘူး။

🟩 အကြောင်းရင်းတွေ အများကြီးရှိနိုင်တာကြောင့် လက္ခဏာ၊ ဆရာဝန်ရဲ့စမ်းသပ်စစ်ဆေးမှု၊ သင့်တော်တဲ့ 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐓𝐞𝐬𝐭 ကိုစစ်ဆေးပြီး ရရှိလာတဲ့ 𝐑𝐞𝐬𝐮𝐥𝐭 အဖြေနဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်း ဆိုတဲ့ လမ်းကြောင်းနဲ့ သွားတာကမှန်ကုန်တိကျတဲ့ ရောဂါနဲ့ အရင်းအမြစ်ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် 𝐓𝐞𝐬𝐭 တစ်ခုရွေးပြီး စစ်တာထက် လိုအပ်တဲ့ 𝐓𝐞𝐬𝐭 ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးတာ ပိုသင့်တော်ပါတယ်။

🟩 𝐓𝐡𝐲𝐫𝐨𝐢𝐝 ဟော်မုန်းက “လည်ပင်းကြီးဖြစ်မှ” စစ်ရတာ မဟုတ်ပါဘူး။
အချို့ကသိသာတဲ့ လက္ခဏာတွေ ရှိနိုင်ပေမယ့် အချို့မှာတော့ နေ့စဉ်ဘဝထဲက မထူးခြားသလိုထင်ရတဲ့ လက္ခဏာတွေနဲ့ပဲ စတင်နိုင်ပါတယ်။

🟩 𝐒𝐌𝐋 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှာတော့ ဟော်မုန်း 𝐓𝐞𝐬𝐭 များကိုတိကျမှန်ကန်စွာစစ်ဆေးပေးနေပါပြီ။

𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒

𝐒𝐌𝐋 စင်တာများ -
ဗဟန်း၊ တာမွေ (ပင်ရွှေညောင်) ၊ လသာ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ အင်းစိန်၊ ပဲခူး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ ပြည်၊ မိတ္ထီလာ၊ မုံရွာ။

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ် #𝐇𝐨𝐫𝐦𝐨𝐧𝐞𝐇𝐞𝐚𝐥𝐭𝐡 #𝐓𝐡𝐲𝐫𝐢𝐨𝐝𝐅𝐮𝐧𝐜𝐭𝐮𝐢𝐨𝐧 #သိုင်းရွိုက်ဟော်မုန်း

"ကျားဟော်မုန်း (𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞) က အမျိုးသမီးတွေမှာ မထွက်ဘူးလား""မ ဟော်မုန်း (𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧) က အမျိုးသားတွေမှာ မထွက်ဘူးလား"တကယ်...
15/09/2026

"ကျားဟော်မုန်း (𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞) က အမျိုးသမီးတွေမှာ မထွက်ဘူးလား"
"မ ဟော်မုန်း (𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧) က အမျိုးသားတွေမှာ မထွက်ဘူးလား"

တကယ်တော့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး၊ စွမ်းအင်နဲ့ ကြွက်သား၊ အရိုး သန်မာမှုတွေအတွက် ဒီ ဟော်မုန်း (၂) မျိုးစလုံးဟာ အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးမှာ မျှမျှတတ ရှိနေဖို့ မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။

ဒီ ဟော်မုန်း (၂) မျိုးက ဘာတွေလုပ်ပေးတာလဲ

🔴 𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 ကို အမျိုးသားတွေမှာ ပိုမိုများပြားစွာ တွေ့ရပေမယ့် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း 𝐭𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 ရှိပါတယ်။
🟩 𝐌𝐮𝐬𝐜𝐥𝐞 & 𝐁𝐨𝐧𝐞 𝐇𝐞𝐚𝐥𝐭𝐡 - ကြွက်သားထုတည်ဆောက်ခြင်း၊ ကြံ့ခိုင်စေခြင်းနှင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပါတယ်။
🟩 𝐋𝐢𝐛𝐢𝐝𝐨 & 𝐑𝐞𝐩𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐞 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 - လိင်စိတ်ဆန္ဒနှင့် မျိုးပွားစနစ် ပုံမှန်လည်ပတ်အောင် ကူညီပေးပါတယ်။
🟩 𝐑𝐞𝐝 𝐁𝐥𝐨𝐨𝐝 𝐂𝐞𝐥𝐥 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 - သွေးနီဥ ထုတ်လုပ်မှုကို အထောက်အကူပြုပြီး တစ်ကိုယ်လုံး စွမ်းအင်ပြည့်ဝစေပါတယ်။

🔴 𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧 ကို အမျိုးသမီးဟော်မုန်းအဖြစ် လူသိများပေမယ့် အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း 𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧 ရှိပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေ ရှိပါတယ်။
🟩 𝐌𝐞𝐧𝐬𝐭𝐫𝐮𝐚𝐥 & 𝐑𝐞𝐩𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐞 𝐇𝐞𝐚𝐥𝐭𝐡 - ရာသီစက်ဝန်း ပုံမှန်ဖြစ်စေခြင်းနှင့် မျိုးပွားကျန်းမာရေးကို ထိန်းချုပ်ပေးပါတယ်။
🟩 𝐁𝐨𝐧𝐞 𝐇𝐞𝐚𝐥𝐭𝐡 - အရိုးပွခြင်းမှ ကာကွယ်ပေးပြီး အရိုးကျန်းမာရေးကို အထူးထောက်ပံ့ပေးပါတယ်။
🟩 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 - 𝐒𝐞𝐱𝐮𝐚𝐥 𝐡𝐞𝐚𝐥𝐭𝐡 ကို မြှင့်တင်ပေးရုံတင်မက ခန္ဓာကိုယ်ရဲ့ 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 (အဆီနှင့် စွမ်းအင်လောင်ကျွမ်းမှု) ကို ပါ ထိန်းညှိပေးပါတယ်။

🔴 မောပန်းလွယ်တာ၊ အရိုး၊ ကြွက်သား အားနည်းသလို ခံစားရတာ၊ ရာသီမမှန်တာ ဒါမှမဟုတ် အားအင်လျော့နည်းနေတာတွေဟာ 𝐇𝐨𝐫𝐦𝐨𝐧𝐞 𝐈𝐦𝐛𝐚𝐥𝐚𝐧𝐜𝐞 (ဟော်မုန်းမမျှတခြင်း) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပင်ပန်းလွယ်တာ၊ 𝐋𝐢𝐛𝐢𝐝𝐨 ပြောင်းလဲတာ၊ ရာသီမမှန်တာ၊ 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 ပြဿနာရှိတာ၊ ကြွက်သားထု ပြောင်းလဲတာ စတဲ့ လက္ခဏာတွေဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတစ်ခုတည်းနဲ့ 𝐇𝐨𝐫𝐦𝐨𝐧𝐞 𝐈𝐦𝐛𝐚𝐥𝐚𝐧𝐜𝐞 လို့ မသတ်မှတ်သင့်ပါဘူး။ အမျိုးသားတွေရဲ့ 𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 ကို အကဲဖြတ်ရာမှာတော့ လက္ခဏာတွေနဲ့ 𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 𝐥𝐞𝐯𝐞𝐥 ကို တွဲဖက်စဉ်းစားရပြီး လိုအပ်ပါက 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 𝐓𝐞𝐬𝐭 ကို ထပ်မံစစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။

ကိုယ်ခံစားနေရတဲ့ လက္ခဏာ၊ အသက်နဲ့ သက်ဆိုင်ရာအခြေအနေအပေါ် မူတည်ကာ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက သင့်လျော်တဲ့ 𝐇𝐨𝐫𝐦𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐓𝐞𝐬𝐭𝐬 တွေကို ရွေးချယ်စစ်ဆေးနိုင်ပါတယ်။

𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒

𝐒𝐌𝐋 စင်တာများ -
ဗဟန်း၊ တာမွေ (ပင်ရွှေညောင်)၊ လသာ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ အင်းစိန်၊ ပဲခူး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ ပြည်၊ မိတ္ထီလာ၊ မုံရွာ။

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ် #𝐇𝐨𝐫𝐦𝐨𝐧𝐞𝐇𝐞𝐚𝐥𝐭𝐡 #𝐓𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞 #𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧 #𝐇𝐨𝐫𝐦𝐨𝐧𝐞𝐓𝐞𝐬𝐭 #𝐌𝐞𝐝𝐢𝐜𝐚𝐥𝐂𝐡𝐞𝐜𝐤𝐔𝐩

တန် တန် တန် အခွင့်အရေးပဲနော်။ Strip (၅၀) ချောင်းပါ တစ်ဗူးဝယ်ရုံနဲ့ စက်အသစ်တစ်လုံးရမှာ။ တစ်လပဲပေးတာဆိုတော့ အမြန်ဝယ်ယူထားဖ...
11/09/2026

တန် တန် တန် အခွင့်အရေးပဲနော်။ Strip (၅၀) ချောင်းပါ တစ်ဗူးဝယ်ရုံနဲ့ စက်အသစ်တစ်လုံးရမှာ။ တစ်လပဲပေးတာဆိုတော့ အမြန်ဝယ်ယူထားဖို့ လက်တို့လိုက်ရတယ်နော်။

10/09/2026

🟩 နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အထူးကုသမှုတွေကို 𝐒𝐌𝐋 မှာ စုံလင်စွာ ဆောင်ရွက်နိုင်ပါပြီ။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေကို စောစီးစွာ သိရှိနိုင်ဖို့ အောက်ပါ စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ပေးလျက်ရှိပါတယ် -

🟩 ဓာတ်ခွဲစစ်ဆေးမှုများ (𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭𝐬)
- 𝐋𝐢𝐩𝐢𝐝 𝐏𝐫𝐨𝐟𝐢𝐥𝐞 - သွေးတွင်း အဆီဓာတ် ပမာဏကို စစ်ဆေးခြင်း
- 𝐓𝐫𝐨𝐩𝐨𝐧𝐢𝐧 - နှလုံးကြွက်သား ပျက်စီးမှုနှင့် နှလုံးဖောက်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤) ကို သိရှိနိုင်ခြင်း
- 𝐁𝐍𝐏 / 𝐍𝐓-𝐩𝐫𝐨𝐁𝐍𝐏 - နှလုံးဒဏ်မခံနိုင်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐅𝐚𝐢𝐥𝐮𝐫𝐞) အခြေအနေကို စစ်ဆေးခြင်း

🟩 ပုံရိပ်ဖော်စစ်ဆေးမှုများ (𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐓𝐞𝐬𝐭𝐬)
- 𝐄𝐂𝐆 (𝐄𝐥𝐞𝐜𝐭𝐫𝐨𝐜𝐚𝐫𝐝𝐢𝐨𝐠𝐫𝐚𝐦) - နှလုံးခုန်နှုန်းနှင့် လျှပ်စစ်စီးကြောင်း ပုံမှန်ရှိမရှိ စစ်ဆေးခြင်း
- 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 𝐒𝐭𝐫𝐞𝐬𝐬 𝐓𝐞𝐬𝐭 (𝐓𝐫𝐞𝐚𝐝𝐦𝐢𝐥𝐥 𝐓𝐞𝐬𝐭) - လှုပ်ရှားမှုပြုလုပ်ချိန် နှလုံး၏လုပ်ဆောင်ချက်ကို တိုင်းတာခြင်း
- 𝐄𝐜𝐡𝐨𝐜𝐚𝐫𝐝𝐢𝐨𝐠𝐫𝐚𝐦 (𝐄𝐜𝐡𝐨) - နှလုံး၏ တည်ဆောက်ပုံ၊ အဆို့ရှင်များနှင့် သွေးလှည့်ပတ်မှုကို အာထရာဆောင်းဖြင့် ရုပ်ပုံဖော်ကြည့်ရှုခြင်း

🟩 စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး နှလုံးအထူးကုဆရာဝန်ကြီးများ (𝐂𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬) နှင့် တိုက်ရိုက်တိုင်ပင်ကာ ထိရောက်သော ကုသမှုများကို စိတ်ချလက်ချ ရယူနိုင်ပါတယ်။

❤️ မိမိနှင့် မိသားစုဝင်များ၏ နှလုံးကျန်းမာရေးအတွက် 𝐒𝐌𝐋 ကအမြဲအသင့်ရှိပါတယ်။ ❤️

𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞: 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ်

🟩 အခုလို Influenza A ကူးစက်မှုတွေ ပိုများလာတဲ့အချိန်မှာ ကာကွယ်ဆေး ကြိုတင်ထိုးနှံထားတာဟာ မိမိကိုယ်တိုင်နဲ့ မိသားစုကို အထိ...
08/09/2026

🟩 အခုလို Influenza A ကူးစက်မှုတွေ ပိုများလာတဲ့အချိန်မှာ ကာကွယ်ဆေး ကြိုတင်ထိုးနှံထားတာဟာ မိမိကိုယ်တိုင်နဲ့ မိသားစုကို အထိရောက်ဆုံး အကာအကွယ် ပေးထားပြီးသား ဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ရောဂါပြင်းထန်စွာ ခံစားရတာ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တာနဲ့ ဆေးရုံတက်ရနိုင်ခြေတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တာမို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်ပါတယ်။

⚠️ အခုတလော ဘာကြောင့် ပိုသတိထားရတာလဲ

🟨 အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ Influenza A ဖြစ်ပွားမှုနှုန်း တရှိန်ထိုး မြင့်တက်နေတာကြောင့် ဖြစ်ပါတယ်။

🟨 စင်ကာပူနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့ ထုတ်ပြန်ချက်တွေအရ တုပ်ကွေးကြောင့် အပြင်ဆေးခန်း လာရောက်ပြသသူ (Polyclinic attendances) အရေအတွက်ဟာ ပုံမှန်ထက် သိသိသာသာ မြင့်တက်နေပြီး ကူးစက်မှု အများစုဟာ Influenza A (H3N2) ပိုးကြောင့်ဖြစ်တာကို တွေ့ရပါတယ်။

🟨 ထိုင်းနိုင်ငံမှာလည်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ရဲ့ စာရင်းအချက်အလက်တွေအရ ယခုနှစ်အတွင်း တုပ်ကွေးဖြစ်ပွားသူ သောင်းပေါင်းများစွာရှိနေပြီး ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေပါတယ်။

🟨 မြန်မာနိုင်ငံမှာလည်း ခရီးသွားလာမှုများပြားခြင်း၊ မိုးရာသီနှင့် ရာသီဥတု အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ပိုမိုစောင့်ကြည့်နေရတဲ့ အချိန်ဖြစ်ပါတယ်။

🟧 Influenza A ဖြစ်ရင် ဘာတွေခံစားရမလဲ
🔺 သာမန် အေးပတ်တာထက် ပိုပြီး ရုတ်တရက် ရောဂါလက္ခဏာပြတတ်ပါတယ်။
🔺 ရုတ်တရက် အဖျားတက်ခြင်းနှင့် ချမ်းတုန်ခြင်း
🔺 ခေါင်းကိုက်ပြီး တစ်ကိုယ်လုံး ကိုက်ခဲနေခြင်း
🔺 အလွန်အမင်း နားမလည်နိုင်အောင် ညောင်းညာပင်ပန်းခြင်း
🔺 ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေးခြင်း
🔺 ကလေးတွေမှာဆိုရင် အန်တာ၊ ဝမ်းလျှောတာပါ ဒွန်တွဲဖြစ်တတ်ပါတယ်

🟩 ဘယ်သူတွေ ပိုဂရုစိုက်ရမလဲ?
သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နာတာရှည်ရောဂါအခံ ရှိသူတွေမှာ တုပ်ကွေးဝင်ရင် နောက်ဆက်တွဲ ပြဿနာတွေ ပြင်းထန်တတ်လို့ အထူးသတိထားရပါမယ်။

🟩 နေ့စဉ်ဘဝမှာ ဒါလေးတွေ ဂရုစိုက်ပါ
🔹 လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။
🔹 လူစည်ကားတဲ့နေရာ သွားရင် Mask တပ်ပါ။
🔹 ချောင်းဆိုး၊ နှာချေရင် တံတောင်ဆစ် (သို့) တစ်ရှူးနဲ့ ကွယ်ပါ။
🔹 နေမကောင်းရင် အိမ်မှာပဲ အနားယူပြီး သူငယ်ချင်း၊ မိသားစုတွေကို မကူးအောင် ခပ်ခွာခွာနေပေးပါ။
🔹 တစ်နှစ်တစ်ခါ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ပုံမှန်ထိုးနှံပေးပါ။

⚠️ ဒီလက္ခဏာတွေတွေ့ရင် ဆေးရုံ/ဆေးခန်း ချက်ချင်းသွားပါ
အသက်ရှူရခက်လာရင်၊ ရင်ဘတ်အောင့်လာရင်၊ သတိလစ်သလို မူးဝေလာရင် ဒါမှမဟုတ် အဖျားကျပြီးမှ ပြန်လည်ဆိုးရွားလာရင် လုံးဝမဆိုင်းမတွဘဲ ဆရာဝန်နဲ့ ဆေးကုသမှု ခံယူပါ။

🟩 တုပ်ကွေးဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါမို့ မကြောက်ပါနဲ့။ သတိလေးထားပြီး စနစ်တကျ ကာကွယ်ရုံနဲ့တင် ကိုယ်တိုင်နဲ့ မိသားစုကို ဘေးကင်းအောင် စောင့်ရှောက်နိုင်ပါတယ်။

စိုးရိမ်ရသူတွေရှိရင် သတိထားရအောင် ဒီပို့စ်လေးကို Share ပြီး သတိပေးလိုက်ပါဦးနော်။ ❤️

Ref -
- CDA Singapore Official Update
- Department of Disease Control (DDC), Ministry of Public Health Thailand-

ိုဂရိုစိုက်ပါတယ်

🟩 စစ်ဆေးမေးမြန်းသူများပြားလှတာကြောင့် Medical Check-Up Package စစ်ဆေးရင်း ၃၅,၀၀၀ ကျပ်တန်ဖိုးရှိ နှလုံးနှင့် သွေးကြောဆိုင...
07/09/2026

🟩 စစ်ဆေးမေးမြန်းသူများပြားလှတာကြောင့် Medical Check-Up Package စစ်ဆေးရင်း ၃၅,၀၀၀ ကျပ်တန်ဖိုးရှိ နှလုံးနှင့် သွေးကြောဆိုင်ရာ (Lp-PLA2) စစ်ဆေးမှု ကို Free ထပ်မံရယူနိုင်မယ့် အခွင့်အရေးကို လူဦးရေထပ်မံတိုးမြှင့်ပေးလိုက်ပါပြီ။

🟩 Promotion ကာလမပြီးဆုံးခင် ပထမဆုံး အယောက် (၅၀) ပြည့်မြောက်သွားသည်အထိ အားပေးခဲ့ကြတဲ့ SML ရဲ့ မိတ်ဆွေများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အောက်ပါ Check-Up Package တွေ စစ်ဆေးပြီး Lp-PLA2 Test ကို Free ခွင့်ရရှိနိုင်ပါပြီ -
✅ Silver Package (အသက်အရွယ်မရွေး စစ်ဆေးနိုင်)
✅ Gold Package (အသက်အရွယ်မရွေး စစ်ဆေးနိုင်)
✅ Platinum Package (အသက် ၄၀ မှ ၅၀ ကြားများအတွက်)
✅ Diamond Package (အသက် ၅၀ နှင့် အထက်များအတွက်)

✅ စစ်ဆေးပေးမယ့် Lp-PLA2 Test က ဘာတွေအတွက်အရေးပါတာလဲ
သွေးကြောအတွင်း ရောင်ရမ်းမှုနှင့် အဆီဖတ်စုပုံခြင်း (Atherosclerosis) တို့ကို ကြိုတင်သိရှိနိုင်သည့် Biomarker တစ်ခုဖြစ်ပြီး၊ အခြားစစ်ဆေးတွေ့ရှိချက်များနှင့် ပေါင်းစပ်ကာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေများကို တိကျစွာ အကဲဖြတ်နိုင်ရန် ကူညီပေးပါတယ်။

🟩 Promotion ကာလ
စက်တင်ဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့ (၂၀၂၆) အထိသာ။

🟩 လူဦးရေ (၁၀၀) အထိသတ်မှတ်ထားတာကြောင့်လက်လွတ်မခံပဲ အမြန်ဆုံး ကြိုတင် Booking လုပ်ထားဖို့ သတင်းကောင်းပါးအပ်ပါတယ်။

🏥 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း)
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📲 𝐒𝐌𝐋 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒 📲

ိုဂရုစိုက်ပါတယ်

🔍 Molecular Biomarker Test ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။ကင်ဆာရောဂါဆိုတာ လူနာတိုင်းမှာ တူညီတဲ့ပုံစံနဲ့ ဖြစ်ပေါ်တာမဟ...
01/09/2026

🔍 Molecular Biomarker Test ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

ကင်ဆာရောဂါဆိုတာ လူနာတိုင်းမှာ တူညီတဲ့ပုံစံနဲ့ ဖြစ်ပေါ်တာမဟုတ်ပါဘူး။ တချို့ကင်ဆာဆဲလ်တွေမှာ မျိုးဗီဇပြောင်းလဲမှု (Gene Changes) တချို့ ရှိနေနိုင်ပြီး အဲဒီပြောင်းလဲမှုတွေက ကင်ဆာဆဲလ်တွေ ဘယ်လိုကြီးထွားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲဆိုတာနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် ကင်ဆာကုသမှုမှာ "ကင်ဆာရှိတယ်" ဆိုတာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကင်ဆာဆဲလ်တွေရဲ့ Molecular Profile ကိုပါ သိရှိဖို့ လိုအပ်လာပါတယ်။

ဒီလိုစစ်ဆေးပေးတဲ့ Laboratory Tests တွေကို Molecular Biomarker Tests လို့ ခေါ်ပါတယ်။

🟩 Molecular Biomarker Test ဆိုတာ ဘာလဲ

လွယ်လွယ်ပြောရရင် ကင်ဆာဆဲလ်ထဲမှာ ဘယ်လို Gene Change တွေရှိနေသလဲဆိုတာ ရှာဖွေစစ်ဆေးတဲ့ Test ဖြစ်ပါတယ်။ အဲဒီအဖြေပေါ်မူတည်ပြီး သက်ဆိုင်ရာဆရာဝန်က လူနာအတွက် သင့်တော်တဲ့ ကုသမှုရွေးချယ်ရာမှာ အထောက်အကူရနိုင်ပါတယ်။

🧬 EGFR Mutation Detection (29 Mutation) (L858R/T790M)
🧬 ALK Mutation Detection
🧬 ROS I Gene Mutation Detection
🧬 BRAF Mutation
🧬 KRAS
🧬 HER2 Mutation PCR
🧬 JAK2 V617 Mutation Detection
🧬 PML::RARA (PML RARA bcr 1 & 2 Mutation Detection)
🧬 BCR::ABL - BCR - ABL Gene Monitoring (ABI & Cepheid)

စတဲ့ Molecular Markers တွေကို ကင်ဆာအမျိုးအစားနဲ့ ရောဂါအခြေအနေအလိုက် စစ်ဆေးနိုင်ပါတယ်။

🫁 EGFR Test
အဆုတ်ကင်ဆာတစ်မျိုးဖြစ်တဲ့ NSCLC လူနာအချို့မှာ EGFR Gene ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် EGFR Exon 19 Deletion နဲ့ Exon 21 L858R လို ပြောင်းလဲမှုတွေ တွေ့ရှိရင် သက်ဆိုင်ရာ Targeted Therapy ရွေးချယ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ဆေးကုသမှုခံယူပြီးနောက် ကင်ဆာပြန်ဖြစ်လာနိုင်တဲ့လူနာအချို့မှာလည်း T790M လို Resistance-related alteration တွေကို ထပ်မံစစ်ဆေးနိုင်ပါတယ်။ ဆိုလိုတာက ကင်ဆာဆဲလ်ရဲ့ Gene အခြေအနေကို သိရှိခြင်းက ကုသမှုရွေးချယ်ရာမှာ အရေးကြီးနိုင်ပါတယ်။

🧬 ALK Test
အဆုတ်ကင်ဆာအမျိုးအစားတစ်ခုဖြစ်တဲ့ (NSCLC) လူနာအချို့မှာ ALK Gene Fusion/Rearrangement ဖြစ်ပေါ်နိုင်ပါတယ်။ ALK alteration ရှိကြောင်း သိရှိရင် သက်ဆိုင်ရာ ALK-targeted treatment ကို ရွေးချယ်နိုင်ခြေ ရှိလာပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာလူနာအချို့အတွက် ALK ကို စစ်ဆေးခြင်းဟာ ကုသမှုစီမံရာမှာ အရေးပါနိုင်ပါတယ်။

🧬 ROS I Test
ROS I Gene Fusion ဟာလည်း NSCLC လူနာအချို့မှာ တွေ့နိုင်တဲ့ Molecular Alteration တစ်ခု ဖြစ်ပါတယ်။ ROS I ရှိ/မရှိ သိရှိခြင်းက လူနာအတွက် သင့်တော်တဲ့ Targeted Treatment ရွေးချယ်ရာမှာ ဆရာဝန်တွေကို အထောက်အကူပြုနိုင်ပါတယ်။

🧬 BRAF Test
BRAF V600E ဆိုတဲ့ Gene Change ကို ကင်ဆာအမျိုးအစားအချို့မှာ တွေ့နိုင်ပါတယ်။ ဥပမာ -
🔹 Melanoma (မှဲ့ကင်ဆာ)
🔹 Lung Cancer (အဆုတ်ကင်ဆာ)
🔹 Colorectal Cancer (အူမကြီးကင်ဆာ)
🔹 Thyroid Cancer (သွိုင်းရွိုက်ကင်ဆာ) အချို့ တို့မှာ BRAF Status ကို သိရှိခြင်းက ရောဂါအခြေအနေကို အကဲဖြတ်ခြင်းနဲ့ ကုသမှုရွေးချယ်ခြင်းတို့မှာ အထောက်အကူပြုနိုင်ပါတယ်။

🧬 KRAS Test
KRAS Gene ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုနဲ့ ဆက်စပ်နေတဲ့ Gene တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်
🔹 Lung Cancer
🔹 Colorectal Cancer တို့မှာ KRAS ကို စစ်ဆေးခြင်းက အရေးကြီးနိုင်ပါတယ်။ အထူးသဖြင့် KRAS G12C ဆိုတဲ့ ပြောင်းလဲမှုက အချို့သော ကင်ဆာလူနာတွေမှာ Targeted Treatment ရွေးချယ်ရာမှာ အသုံးဝင်နိုင်ပါတယ်။

🧬 HER2 Test
HER2 ဆိုတာ ကင်ဆာဆဲလ်အချို့ရဲ့ ကြီးထွားမှုနဲ့ ဆက်စပ်တဲ့ Protein/Gene တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်
🔹 Breast Cancer (ရင်သားကင်ဆာ)
🔹 Gastric / Stomach Cancer (အစာအိမ်ကင်ဆာ)
🔹 ကင်ဆာအမျိုးအစားအချို့ မှာ HER2 အခြေအနေကို စစ်ဆေးခြင်းက Targeted Treatment ရွေးချယ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
📌 သတိပြုဖို့က HER2 Positive ဖြစ်ခြင်း၊ HER2 Gene Amplification ဖြစ်ခြင်းနဲ့ HER2 Mutation ဖြစ်ခြင်းတို့ဟာ အဓိပ္ပါယ်တူတာ မဟုတ်ပါဘူး။ ကင်ဆာအမျိုးအစားအလိုက် သင့်တော်တဲ့ Test နည်းလမ်းကို အသုံးပြုရပါတယ်။

🩸 JAK2 V617F Test
JAK2 V617F ဆိုတဲ့ Gene Change ကို သွေးရောဂါအချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့်
🔹 Polycythemia Vera
🔹 Essential Thrombocythemia
🔹 Primary Myelofibrosis တို့လို Myeloproliferative Neoplasms (MPNs) တွေကို စစ်ဆေးအကဲဖြတ်ရာမှာ အရေးကြီးပါတယ်။ ဥပမာ သွေးနီဥ၊ သွေးဥမွှားတွေ ပုံမှန်ထက် များနေပြီး အကြောင်းရင်းရှာဖွေဖို့ လိုအပ်တဲ့အခါ ဆရာဝန်က JAK2 Test ကို စဉ်းစားနိုင်ပါတယ်။

🩸 PML::RARA Test
Acute Promyelocytic Leukemia (APL) ဆိုတဲ့ သွေးကင်ဆာအမျိုးအစားမှာ PML::RARA Gene Fusion ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။ ဒီ Test က -
🔹 APL ကို အတည်ပြုရာမှာ
🔹 ကုသမှုတုံ့ပြန်မှုကို စောင့်ကြည့်ရာမှာ
🔹 ရောဂါကျန်ရှိမှု (MRD) ကို စောင့်ကြည့်ရာမှာ အရေးကြီးနိုင်ပါတယ်။ APL ဟာ အရေးပေါ်ကုသမှုလိုအပ်နိုင်တဲ့ သွေးကင်ဆာအမျိုးအစားဖြစ်လို့ သံသယရှိပါက သက်ဆိုင်ရာ Hematologist ထံ အမြန်ပြသရန် အရေးကြီးပါတယ်။

🩸 BCR::ABL1 Test
BCR::ABL1 ဟာ Chronic Myeloid Leukemia (CML) နဲ့ အလွန်အရေးကြီးစွာ ဆက်စပ်နေတဲ့ Molecular Marker ဖြစ်ပါတယ်။ CML လူနာတွေမှာ ကုသမှုခံယူပြီးနောက် ကင်ဆာဆဲလ်တွေရဲ့ Molecular Level ဘယ်လောက်အထိ လျော့ကျလာသလဲဆိုတာကို စောင့်ကြည့်ဖို့ BCR::ABL1 Quantitative PCR ကို အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် ရောဂါရှိ/မရှိ သိရုံသာမက ကုသမှုက အလုပ်လုပ်နေသလား ဆိုတာကိုလည်း အချိန်အလိုက် စောင့်ကြည့်နိုင်ပါတယ်။

🎯 ဒါဆို Molecular Test တွေက ဘာအတွက်လဲ

အဓိကအားဖြင့် ကင်ဆာကို သိရုံတင်မဟုတ်ဘဲ ကင်ဆာဆဲလ်ရဲ့ Molecular Characteristics ကို ပိုမိုနားလည်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေက Cancer Type နဲ့ Biomarker အမျိုးအစားပေါ်မူတည်ပြီး

🔹 ရောဂါခွဲခြားသတ်မှတ်ရာမှာ
🔹 Targeted Treatment ရွေးချယ်ရာမှာ
🔹 ရောဂါအခြေအနေ အကဲဖြတ်ရာမှာ
🔹 ကုသမှုတုံ့ပြန်မှု စောင့်ကြည့်ရာမှာ
🔹 အချို့သော Drug Resistance ကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်ပါတယ်။

🟩 အရေးကြီးဆုံးအချက်

Molecular Test အဖြေတစ်ခုတည်းနဲ့ ကင်ဆာကုသမှုကို မဆုံးဖြတ်ပါဘူး။ Histopathology၊ Cancer Type၊ Cancer Stage၊ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ အခြား Laboratory Test တွေနဲ့ Molecular Test Result တွေကို ပေါင်းစပ်ပြီး သက်ဆိုင်ရာ ဆရာဝန်/အထူးကုဆရာဝန်က ကုသမှုကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို ပိုမိုတိကျစွာ နားလည်နိုင်ဖို့ မှန်ကန်တဲ့ Laboratory Diagnosis နဲ့ Molecular Testing က အရေးကြီးပါတယ်။ SML Advanced Laboratory မှာ လူနာရဲ့ Clinical Condition နဲ့ ဆရာဝန်ရဲ့ စစ်ဆေးရန်လိုအပ်ချက်အပေါ်မူတည်ပြီး သက်ဆိုင်ရာ Molecular Diagnostic Tests များကို စစ်ဆေးနိုင်တယ်။

ိုဂရုစိုက်ပါတယ်

🟥 မှန်ကန်တဲ့ ကုသမှုတိုင်းဟာ တိကျတဲ့ ရောဂါရှာဖွေခြင်းကနေ စတင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောဂါလက္ခဏာတွေကို တိတိကျကျ ပုံဖော်ရှာ...
01/09/2026

🟥 မှန်ကန်တဲ့ ကုသမှုတိုင်းဟာ တိကျတဲ့ ရောဂါရှာဖွေခြင်းကနေ စတင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောဂါလက္ခဏာတွေကို တိတိကျကျ ပုံဖော်ရှာဖွေပေးဖို့ 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း) မှာ ဓာတ်မှန်အထူးကုဆရာဝန်ကြီးများ (𝐑𝐚𝐝𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬) များနှင့် ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်ပါပြီ။

ရရှိနိုင်သော ဓာတ်မှန်နဲ့ပုံရိပ်ဖော်ကျန်းမာရေးဝန်ဆောင်မှုများ -
✅ အာထရာဆောင်း (Ultrasound) ရိုက်ကူးခြင်း
✅ X-ray (ဓာတ်မှန်) အမျိုးမျိုးရိုက်ကူးခြင်း
✅ Fibroscan ရိုက်ကူးခြင်း

မှန်ကန်တိကျတဲ့ ပုံဖော်ရောဂါရှာဖွေမှုနဲ့အတူ စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်ဖို့ 𝐒𝐌𝐋 မှာ လာရောက်ပြသနိုင်ပါပြီ။

🏥 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း)
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗန်းမြို့နယ်၊ ရန်ကုန်မြို့။
📲 𝐒𝐌𝐋 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒 📲

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ် #ဓာတ်မှန်နှင့်ပုံဖော်ရောဂါရှာဖွေရေး #ကျန်းမာရေး

31/08/2026

Creatinine မြင့်တက်လာတာနဲ့ ကျောက်ကပ်ပျက်စီးတာ ဘယ်လိုဆက်စပ်နေလဲ
ိုဂရုစိုက်ပါတယ်

🩸သွေးတွင်း သကြားဓာတ် မြင့်နေတိုင်း ဆီးချိုရောဂါ ဖြစ်ပြီလားသွေးစစ်ချက်အဖြေမှာ သွေးတွင်း သကြားဓာတ် (Blood Glucose) မြင့်နေ...
28/08/2026

🩸သွေးတွင်း သကြားဓာတ် မြင့်နေတိုင်း ဆီးချိုရောဂါ ဖြစ်ပြီလား

သွေးစစ်ချက်အဖြေမှာ သွေးတွင်း သကြားဓာတ် (Blood Glucose) မြင့်နေတာကို တွေ့ရတိုင်း ဆီးချိုရောဂါ (Diabetes Mellitus) ဖြစ်နေပြီလို့ တန်းပြီး ကောက်ချက်ချလို့ မရသေးပါဘူး။ ဆီးချိုရောဂါကို အတည်ပြုရာမှာ လူနာရဲ့ လက္ခဏာများ၊ ကျန်းမာရေးရာဇဝင်နဲ့ သင့်လျော်တဲ့ သွေးစစ်ဆေးမှုများ အားလုံးပေါင်းစပ်သုံးသပ်ဖို့ လိုအပ်ပါတယ်။

🔍 ဆီးချိုရောဂါကို ဘယ်လိုစစ်ဆေး အတည်ပြုကြသလဲ

ယနေ့ ဆေးပညာလမ်းညွှန်ချက်များအရ ဆီးချိုရောဂါကို အတည်ပြုရာမှာ အောက်ပါ စစ်ဆေးမှုများကို အသုံးပြုနိုင်ပါတယ်။

✅ Fasting Blood Glucose/Sugar (FBG/FBS)
✅ Random Blood Glucose/Sugar (RBG) (ဆီးချိုရောဂါလက္ခဏာများနှင့် တွဲဖက်ပြီးအကဲဖြတ်တဲ့အခါ)
✅ HbA1c (Glycated Hemoglobin)
✅ 75 g Oral Glucose Tolerance Test (OGTT) (ကိုယ်ဝန်ဆောင်များတွင်)

ဆရာဝန်က လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ စစ်ဆေးမှုကို ရွေးချယ်ပေးပါတယ်။

🩸Fasting Plasma Glucose (FPG) ဆိုတာ ဘာလဲ

FPG ဆိုတာ အနည်းဆုံး (၈) နာရီ အစာမစားဘဲ သွေးတွင်း သကြားဓာတ်ကို စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ဆီးချိုရောဂါကို စစ်ဆေးအတည်ပြုရာမှာ အသုံးများတဲ့ စံသတ်မှတ်ထားသော စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ဟာ ဖျားနာခြင်း၊ စိတ်ဖိစီးမှု၊ ဆေးဝါးအချို့၊ ခန္ဓာကိုယ်အခြေအနေ စတာတွေရဲ့ သက်ရောက်မှုကြောင့် အချိန်တိုအတွင်း ပြောင်းလဲနိုင်တာဖြစ်လို့ ဆရာဝန်က လိုအပ်ရင် ထပ်မံစစ်ဆေးဖို့ အကြံပြုနိုင်ပါတယ်။

🍽️ Random Blood Glucose (RBG/RPG) ဆိုတာ ဘာလဲ

Random Blood Glucose ဆိုတာ အစားစားထားတာပဲဖြစ်ဖြစ်၊ မစားထားတာပဲဖြစ်ဖြစ် ဘယ်လိုအချိန်မှာမဆို သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အရေးပေါ်အခြေအနေများ သို့မဟုတ် ဆီးချိုရောဂါကို သံသယရှိတဲ့ လူနာတွေမှာ အသုံးပြုလေ့ရှိပါတယ်။ တကယ်လို့ Random Blood Glucose ≥ 200 mg/dL ဖြစ်ပြီး ရေငတ်လွန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စတဲ့ ဆီးချိုရောဂါရဲ့ ထင်ရှားသော လက္ခဏာများ ရှိနေပါကလည်း ဆီးချိုရောဂါကို အတည်ပြုနိုင်ပါတယ်။

📊 HbA1c ဆိုတာ ဘာလဲ

HbA1c (Glycated Hemoglobin) ဆိုတာ လွန်ခဲ့တဲ့ (၂) လမှ (၃) လအတွင်း သွေးတွင်းသကြားဓာတ် ပျမ်းမျှအခြေအနေကို ဖော်ပြပေးတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ သွေးနီဥများရဲ့ သက်တမ်းဟာ ပုံမှန်အားဖြင့် ရက်ပေါင်း ၁၂၀ ခန့် ရှိတဲ့အတွက် HbA1c က နေ့စဉ် အစားအသောက် သို့မဟုတ် အချိန်တိုအတွင်း ဖြစ်ပေါ်တဲ့ သွေးသကြားဓာတ် အပြောင်းအလဲတွေထက် ရေရှည်ထိန်းချုပ်မှုကို ပိုမိုဖော်ပြပေးနိုင်ပါတယ်။

ဒါကြောင့်
✔ ဆီးချိုရောဂါကို စစ်ဆေးအတည်ပြုရာမှာ အသုံးဝင်ပါတယ်။
✔ ဆီးချိုလူနာများတွင် ကုသမှု ထိရောက်မှုကို စောင့်ကြည့်ရာမှာလည်း အရေးကြီးပါတယ်။

⚠️ HbA1c ကို လူတိုင်းအတွက် အသုံးပြုနိုင်ပါသလား

HbA1c ဟာ လူအများစုအတွက် အသုံးဝင်ပေမယ့် အချို့သော အခြေအနေများမှာ အဖြေမတိကျနိုင်ပါ။ ဥပမာ - သွေးအားနည်းရောဂါအချို့၊ မကြာသေးမီက သွေးသွင်းထားခြင်း၊ Hemoglobin ပုံမှန်မဟုတ်သော ရောဂါများ၊ ကိုယ်ဝန်ဆောင်အချို့။ ဒီလိုအခြေအနေတွေမှာ FBS သို့မဟုတ် OGTT ကဲ့သို့သော အခြားစစ်ဆေးမှုများကို ရွေးချယ်နိုင်ပါတယ်။

🟩 သွေးတွင်းသကြားဓာတ် တစ်ကြိမ်မြင့်နေတယ်ဆိုတာနဲ့ ဆီးချိုရောဂါလို့ ကိုယ်တိုင် မဆုံးဖြတ်ပါနဲ့။ ဆီးချိုရောဂါကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ သင့်လျော်တဲ့ သွေးစစ်ဆေးမှုများ နဲ့ ဆရာဝန်ရဲ့ Clinical Assessment တို့ကို ပေါင်းစပ်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးကို စောစီးစွာ ဂရုစိုက်ပြီး လိုအပ်တဲ့အချိန်မှာ စစ်ဆေးခြင်းက နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ဖို့ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။

ကျန်းမာရေး ဗဟုသုတ တိုးပွားစေဖို့ ဒီ Post လေးကို မိသားစု၊ မိတ်ဆွေများဆီ Share သွားဖို့ မမေ့နဲ့နော်! ❤️

ိုဂရိုစိုက်ပါတယ်

Address

No. 003/004, Dagon Tower, Gabaraye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959780162447

Alerts

Be the first to know and let us send you an email when SML Medical & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SML Medical & Diagnostic Centre:

Shortcuts

Share