29/05/2026
"အဆုတ်နှင့် ရင်ခေါင်းခွဲစိတ်တော့မယ်ရင် ရင်ဘတ်ကို အကြီးကြီး ခွဲရမယ်၊ အမာရွတ်အကြီးကြီးကျန်နေခဲ့မယ်လို့ ထင်နေတုန်းပဲလား?"
ရင်ခေါင်းခွဲစိတ်မှုလို့ ပြောလိုက်တာနဲ့ လူအများစု ပြေးမြင်ကြတာက ခွဲစိတ်မှု အကြီးစားတွေ၊ အမာရွတ်အကြီးကြီးတွေနဲ့ လနဲ့ချီပြီး အိပ်ရာထဲလဲနေရမယ့် ဒုက္ခတွေကိုပါ။ ဒီလိုတွေးနေတယ်ဆိုရင်တော့ အခုပဲ ဒီအတွေးတွေကို အဝေးကို ဖယ်ထုတ်လိုက်ပါတော့…
ဒီနေ့မှာတော့ Dr. Chest က အဆုတ်နဲ့ ရင်ခေါင်းခွဲစိတ်မှုနဲ့ ပတ်သက်ပြီး လူနာတွေ အမေးအများဆုံး မေးခွန်းတွေရဲ့ အမှားနဲ့ အမှန်ကို ရှင်းပြပေးချင်ပါတယ်။
❌ အဆုတ်ခွဲစိတ်ရင် ရင်ဘတ်ကို အကြီးကြီးခွဲရမယ်၊ နာလည်း အရမ်းနာမယ်။
✅ ခေတ်မီ VATS (မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း) စနစ်ကြောင့် လက်မဝက် ဒါမှမဟုတ် (၁) လက်မပတ်ဝန်းကျင် ခွဲကြောင်း သေးသေးလေး (၃) ခုလောက်နဲ့တင် ခွဲစိတ်နိုင်ပါပြီ။ ဒါကြောင့် ခွဲစိတ်ပြီးနောက် နာကျင်မှု သိသိသာသာ လျော့နည်းသွားပါတယ်။
❌ နည်းပညာမြင့် မှန်ပြောင်းခွဲစိတ်မှုဆိုရင် ဘန်ကောက် ဒါမှမဟုတ် စင်ကာပူအထိ သွားမှရမယ်။
✅ နိုင်ငံခြားအထိ ပင်ပန်းခံ၊ ငွေကုန်ခံပြီး သွားစရာမလိုတော့ပါဘူး။ ရန်ကုန်မြို့ရဲ့ ထိပ်တန်း အထူးကုဆေးရုံကြီးတွေမှာတင် နိုင်ငံတကာအဆင့်မီ စက်ကိရိယာတွေနဲ့ Dr. Chest မှအောင်မြင်စွာ ခွဲစိတ်ကုသပေးနေပါပြီ။
❌ ခွဲစိတ်ပြီးရင် ဆေးရုံမှာ လနဲ့ချီ နားရမယ်၊ အလုပ်တွေ ပျက်မယ်။
✅ ဒဏ်ရာ သေးငယ်တဲ့အတွက် အနာကျက် အလွန်မြန်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး (၂) ရက်ကနေ (၄) ရက်အတွင်း ဆေးရုံကဆင်းနိုင်ပြီး ပုံမှန်အလုပ်လုပ်နိုင်ပါပြီ…
ဆွေးနွေးတိုင်ပင်ရာကစလို့ ခွဲစိတ်ကုသခြင်းနဲ့ Follow-up ရက်ချိန်းများအထိ One-Stop Service အနေနဲ့ နိင်ငံတကာအဆင့်မီ ကုသမှုကို ရန်ကုန်မြို့ရှိ ပင်လုံ၊ ဝိတိုရိယ၊ ပန်းလှိုင်၊ OSC နှင့် အာယု ကဲ့သို့သော ဆေးရုံကြီးတွေမှာ ကုသနိုင်တာမို့ သင့်ရဲ့ အဆုတ်ကျန်းမာရေးအတွက်... လူနာနဲ့ ဆရာဝန်ထက် ပိုတဲ့ "ယုံကြည်ရတဲ့ လက်တွဲဖော်" အဖြစ် Dr. Chest ကို အခုပဲ 09-762413864 ကိုဆက်သွယ်ပြီး Booking ရယူလိုက်ပါ။
#အဆုတ်နှင့်ရင်ခေါင်းအတွင်းသို့မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း