11/10/2026
🐟 Fish Oil ဆိုတာ ဘာလဲ?
Fish Oil supplement တွေမှာ အဓိကအားဖြင့် Omega-3 fatty acids တွေ ပါဝင်ပြီး EPA နဲ့ DHA က အများဆုံးပါဝင်တဲ့ Omega-3 အမျိုးအစားတွေ ဖြစ်ပါတယ်။
Omega-3 ဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ fatty acid တစ်မျိုးပါ။ 🐟🌿
❤️ Omega-3 သောက်ခြင်း၏အကျိုးကျေးဇူးများ
1. ❤️ နှလုံးကျန်းမာရေး
EPA နဲ့ DHA တွေဟာ နှလုံးသွေးကြောစနစ်ရဲ့ ပုံမှန်လုပ်ဆောင်မှုနဲ့ ဆက်စပ်ပါတယ်။ သွေးတွင်းအဆီကိုလည်း လျော့ချပေးပါတယ်။
2. 🧠 ဦးနှောက်လုပ်ဆောင်ချက်
DHA ဟာ ဦးနှောက် အတွက်အရေးကြီးတဲ့ fatty acid တစ်မျိုးဖြစ်ပါတယ်။
3. 👁️ မျက်စိကျန်းမာရေး
DHA ပမာဏဟာ မျက်စိရဲ့ မျက်ကြည်လွှာမှာပါဝင်ပြီး မျက်စိရဲ့ ပုံမှန်လုပ်ဆောင်မှုအတွက် အရေးကြီးပါတယ်။
4. 🦴🦵 အဆစ်အမြစ်နှင့် ရောင်ရမ်းမှု
Omega-3 တွေဟာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။
အစားအစာကနေဆိုရင်—
🐟 Fatty fish
🌱 Flaxseed
🥜 အချို့သော အစေ့အဆန်များ
စတာတွေကနေ Omega-3 ရရှိနိုင်ပါတယ်။