Y Beauty & Fashion

Directions

Y Beauty & Fashion BKK, Korea, UK, US နဲ့ SG import skincare, personal care နဲ့ cosmeticများကိ? Quality products with reasonable price.

အရည်အသွေးစစ်မှန်သော cosmetic and skin care များကိုချိုသာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ပါပြီ

 #လက်ကျန်ဖြတ်Maybelline Fit Me matte+poreless oil control powder 6g ပုံမှန် sale price 19,000 ကို Exp 12/2026 မို့ 8,000...
28/10/2026

#လက်ကျန်ဖြတ်
Maybelline Fit Me matte+poreless oil control powder 6g

ပုံမှန် sale price 19,000 ကို Exp 12/2026 မို့ 8,000 နဲ့ရပါမယ်ရှင်

Import from Thailand

Maybelline တို့ Loreal တို့တွေက ဒီက counter ကပဲဝယ်ဝယ် ထိုင်းကဝယ်ဝယ် Made in China နော်

အဆီပြန်ခြင်းကို ၁၆ နာရီကြာ ထိန်းချုပ်ပေးနိုင်လို့ normal to oily skin တွေအတွက် အဆင်ပြေပါတယ်

မိတ်ကပ်သားသိပ်သိပ်ညက်ညက်လေးနဲ့ အသားပေါ်တထပ်တည်းကျတဲ့ powder လေးပါ

SPF 32 PA+++ မို့ UV ကိုလဲ အသင့်အတင့်ကာကွယ်ပေးပါတယ်

109 (အသားဖြူ) တရောင်တည်းရပါမယ်ရှင်

Review
https://www.facebook.com/share/p/19JMQ2J2zx/

https://www.facebook.com/share/p/16bVBawNsV/

https://www.facebook.com/share/p/1Ecv1iHzwH/

500ml - 36,500ks နဲ့ admin ဆီမှာရပါတယ်
27/10/2026

500ml - 36,500ks နဲ့ admin ဆီမှာရပါတယ်

Yoon Skin shampoo ၂ မျိုးလုံး in stock ရပါတယ်500ml - 36,500ksExp 2028
27/10/2026

Yoon Skin shampoo ၂ မျိုးလုံး in stock ရပါတယ်
500ml - 36,500ks
Exp 2028

⚪️ Comparing Yoon Skin: Shampoo 🫧

Shampoo လေး ၂ခုရှိတာ ..
ဘယ်အတွက် ဘာသုံးရမှန်း မသိသေးဘူးဆိုတဲ့သူတွေရော၊ ဝယ်ပြီးမှ ကိုယ်နဲ့ဘာကြောင့် အဆင်မပြေလဲ သိချင်တဲ့သူတွေရော ဖတ်ဖို့ ~

Air ဒီ ၂မျိုးလုံးကို သုံးလာတာ အချိန်အားဖြင့်ဆို ၂လကျော် ၃လနီးပါးလောက်ရှိပြီ ပုံမှာလည်း မြင်သာအောင် ပြထားတယ် 2 in 1 လေးက နောက်ထပ် ၂ခါစာလောက် (လက်တစ်ဆစ်စာ) ပဲကျန်တော့တယ် Protein လေးကတော့ အောက်ဖက် sticker အရစ်လေးလောက် ကျန်သေးတယ် အဲ့တော့ air အမြင်အရ နှစ်ခုလုံးကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ်

▫️2 in 1 Shampoo

- Powerful surfactants အပြင် SA လို exfoliant ပါ,ပါတယ် နောက်ပြီး menthol ကိုလည်း cooling sensation အတွက် ထည့်ထားသေးတယ်
- အနံ့ရှယ်ကောင်းတယ် ခေါင်းလျှော်ရင်း စိတ်ပါကြည်သွားစေမယ့် clean fragrance မျိုး.. air personal အရ သူ့အနံ့ကို တော်တော်ကြိုက်မိတယ် 🫢
- ခေါင်းလျှော်ပြီးတာနဲ့ ပေါ့ရွတ်သွားပြီး ဦးရေပြားရော အတော်သန့်သွားတယ် တစ်ခေါင်းလုံး အေးကြည်သွားတဲ့ ခံစားချက်မျိုး၊ သူနဲ့လျှော်ပြီးရင် ခဏလေးနဲ့ အဆီပြန်မှာ ဗောက်ထမှာ ၃/၄ရက်လောက် မစိုးရိမ်ရဘူး
- Cleansing အားကောင်းတာမို့ လျှော်နေတုန်း ဆံပင်တွေရှုပ်/ငြိပြီး ကျွတ်တာမျိုး ဖြစ်တတ်တယ် (ပုံမှန်လည်း ခေါင်းလျှော်ရင်း ကျွတ်တတ်တဲ့သဘောရှိပေမယ့် ဒီတစ်ခုကတော့ ဆံသားအနေအထားပေါ်လိုက်ပြီး ပိုကျွတ်တာမျိုး ဖြစ်နိုင်တယ်)
- နောက်ကနေ moisturizing/ nourishing ကောင်းကောင်းလုပ်ပေးတဲ့ hair mask & oil လိုက်ဖို့ သေချာပေါက်လိုတယ် မဟုတ်ရင် ဆံသားမှာ weight မရှိဘဲ ဖွာထွက်သွားနိုင်တယ်
- Recommendation: ဦးရေပြားနဲ့ ဆံသားအဆီပြန်လွယ်သူ၊ အမြဲလိုလို ဆံပင်စေးကပ်ပြီး ဗောက်ထတတ်သူတွေအတွက် သင့်တော်တယ်

▫️Damage Repair Protein Shampoo

- Surfactants ပါပေမယ့် အပေါ်ကတစ်ခုနဲ့ယှဉ်ရင် နည်းတယ်၊ အဓိက nourishing အတွက် ဂျုံတို့ပြောင်းတို့ကရတဲ့ protein ကို hydrolyzed form အဖြစ် ထည့်ထားတယ်
- Greentea လို ခပ်ဆင်ဆင်အနံ့လေးပဲ mild & soothe ဖြစ်တယ် လျှော်ပြီးရင် အနံ့ပျော့ပျော့လေး စွဲကျန်တယ်
- အမြှုပ်အတော်လေးထွက်လို့ ခေါင်းလျှော်လို့/ ကုတ်ပွတ်လို့ သိပ်ကောင်းတယ် လျှော်နေတုန်း ဆံပင်တွေမငြိဘူး၊ ကုတ်ထားတဲ့ ဒဏ်တွေရှိရင်တောင် ဦးရေပြားမစပ်ဘူး
- လျှော်နေတုန်းရော လျှော်ပြီးရင်ရော ဆံသားဖွာခြောက်မသွားဘဲ ပင်ကိုယ်အစိုဓာတ်လေး ထိန်းထားပေးတယ် ( excessive oils, dirts တွေတော့ ပြောင်ပါတယ်)
- After care အနေနဲ့ hair mask / conditioner ကြိုက်ရာ သုံးလို့အဆင်ပြေတယ် တော်ရုံဆေးမထိထားတဲ့ ဆံသားဆို hair coat လောက်ပဲလိုက်ရင်တောင် အိုခေတယ်
- Recommendation: day scalp သမားနဲ့ ဆံပင်ကို အားနေ styling လုပ်ပြီး ကလိတတ်သူတွေဆို ပိုသင့်တော်တယ်

Air ကတော့ ၂ခုလုံးကို သုံးပြီးတဲ့နောက် Damage Repair လေးကို ပိုအားသန်သွားပါတယ် .. 🙊
ဒါပေမယ့် တစ်ခါတစ်လေ scalp exfoliate လုပ်ဖို့ လိုတယ်လို့ ခံစားမိရင် sandwich method ( DR + 2in1 + DR ) နဲ့ ကြားညှပ်ပြီး သုံးပေးတယ်၊ စိတ်ကြည်အောင် ခေါင်းလျှော်မယ်ဆိုရင်တော့ 2 in 1 ရဲ့ scent က လုံးဝကွက်တိပဲမို့ သူ့ကိုမပါမဖြစ် သယ်သွားရပါတယ် 😹

ဒီတော့ ကိုယ်ကဘယ်လိုဆံသားမျိုးလဲ၊ ဘယ်လို concern မျိုး လိုချင်တာလဲ၊ ဘယ်လို taste မျိုးက အကြိုက်ပိုတွေ့မလဲ .. အပေါ်မူတည်ပြီး ရွေးကြည့်ပါနော် 🫶🏻

🛒 Yoon Skin & their official resellers

𝘠𝘰𝘶𝘳 𝘚𝘬𝘪𝘯 𝘚𝘪𝘴,
𝘈𝘪𝘳~

Yoon Skin Anti-Hair fall & dandruff shampoo ရော treatment ရော in stock ရပါတယ်
27/10/2026

Yoon Skin Anti-Hair fall & dandruff shampoo ရော treatment ရော in stock ရပါတယ်

✨Yoon Skin Anti-Hair fall & dandruff 2 in 1 shampoo

Yoon skin မှာ ဂျူလီသိသလောက် shampoo 2 မျိုးထွက်တယ်။ ဂျူလီတော့ ဒီ 2 in 1 shampoo ပဲ သုံးဖူးတာမို့ အခြားတစ်ခုက ဘယ်လိုနေမလဲဆိုတာ မပြောတတ်ဘူး။ ဒီခေါင်းလျှော်ရည်ကို တစ်ချို့က ဆံပင်ကြမ်းတယ်ပြောကြပေမဲ့ ဂျူလီတော့ ကြမ်းတယ်မခံစားရဘူး။ ဒီ shampoo ရယ်၊ သူ့ treatment သုံးတဲ့နေ့ဆို ဆံပင်ကပျော့ဆင်းအိဖတ်နေတာပဲ။ ပျော့ဖတ်ပြီး အကပ်မြန်လို့တောင် စိတ်ညစ်ရတယ်။ dandruff shampoo လို့ပြောထားပေမဲ့ သုံးထားတဲ့ active ingredient က Salicylic acid မို့ ကြမ်းစရာတော့မရှိပါဘူး။ တစ်ချို့က ဗောက်ပျောက် shampoo မို့ ကြမ်းတာပြောကြလို့လေ။ salicylic acid ပါတဲ့ အခြား shampoo တွေလည်း သုံးဖူးတယ်။ မကြမ်းကြပါဘူး။ ketoconazole, selenium sulfide တို့လို ingredient တွေကိုသုံးထားတဲ့ ခေါင်းလျှော်ရည်ဆိုရင်က ကြမ်းမှာပေါ့နော်။

ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ဆံသားအခြေအနေက မတူကြတော့ ကိုယ့်အတွက်အဆင်မပြေရင် ဆက်မသုံးတာကောင်းတယ်။ အနံ့က ပန်းနံ့ခပ်မွှေးမွှေး။ မွှေးတယ်။ အကြာကြီးတော့ အနံ့မစွဲပေမဲ့ လျှော်တဲ့နေ့တော့ ထိုက်သင့်သလောက် စွဲပါတယ်။ ဆံပင်ကျွတ်သက်သာလားဆိုရင် ဂျူလီ့အတွက် မဆိုးဘူးပြောရမယ်။ အရင်ထက် လျှော်နေရင်း 3,4,5 ပင် ပိုအကျွတ်သက်သာသွားတယ်။ တည့်တော့ ပိုကျွတ်တာမျိုးမရှိဘူး။ ဗောက်ကတော့ အရင်ကတည်းက မထတတ်တဲ့သူမျိုးမို့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဗောက်သမားသုံးချင်တယ်ဆိုရင် ဒါထက် Selsun တို့ကိုပဲ ရွေးချယ်စေချင်တယ်။

အားနည်းချက်က ဦးရေပြားအဆီပြန်မသက်သာဘူး။ ဒီနေ့လျှော် မနက်ဖြန်ဆိုရင်ကို ဆံပင်ကအဆီစပြန်ချင်လာတယ်။ အဆီပြန်တာပိုမြန်တဲ့အချက်ကို သိသိသာသာခံစားမိတယ်။ အခုကနွေရောက်တော့ချွေးထွက်ပြီး ပိုဆိုးတယ်။ ဦးရေပြားနဲ့ပတ်သက်ရင် ကိုယ့်မှာပြဿနာကြီးကြီးမားမားမရှိ၊ အဆီပြန်သက်သာဖို့က အဓိကမို့ အဲ့အချက်ကအဆင်ပြေမနေဘူး။ ကျန်တာတော့ သူ့ဘာသာသူမဆိုးပါဘူး။

လူကြိုက်များတဲ့ Yoon Skin ရဲ့ Damage Repair Protein Shampoo in stock ရပါတယ်500ml - 36,500ks ပါExp 2028 ပါနော်
27/10/2026

လူကြိုက်များတဲ့ Yoon Skin ရဲ့ Damage Repair Protein Shampoo in stock ရပါတယ်

500ml - 36,500ks ပါ
Exp 2028 ပါနော်

Yoon Skin ကနေအသစ်ထွက်ချလာတဲ့ Damage Repair Protein Shampoo။ အရင်လက်ဟောင်းတွေကိုမသုံးဖူးပေမယ့်အခု Upgrade Versionနဲ့အသစ်ထွက်လာတာ ကတော့လျှော်ကြည့်ရသလောက် "ခေတ်" ရဲ့Hair Condition နဲ့တော်တော်အဆင်ပြေနေတယ်။

အရင်က ဆေးဆိုး/အပူပေး ပုံသွင်းတာမျိုးတွေ
တစ်ခါမှမလုပ်ဖူးဘူး ဝါသနာလည်းမပါဘူး။ ဒါပေမယ့် 2025 လောက်မှာဆံပင်တစ်ခါ ဆိုးလိုက်ပြီး after careမလုပ်နိုင်တော့ ဆံသားကအရင်လိုကြည့်မကောင်းတော့တာတော့အမှန်ဘဲ။ အရင်ကကိုင်လိုက်ရင်နူးညံ့ပြီးကြည့်ကောင်းတဲ့ ဆံသားက ကြမ်းပြီးခြောက်လာတယ်၊ဘီးဖြီးရင်ငြိလာတယ်။ပြီးတော့ဆံပင်တွေပါကျွတ်လာပြီး Shiny Hairကနေမွဲခြောက်ခြောက်ကြီးဖြစ်လာတော့တည်းက လူကပျော်မနေတော့တာ။

သက်သာမလားဆိုပြီး Shampoo တွေအမျိုးမျိုး ပြောင်းသုံးခဲ့ပေမယ့် အရင်လို Healthy Hair ကိုပြန်ရဖို့ကလုံးဝမလွယ်တော့ဘူးဆိုတာ သိလိုက်တည်းက ဆံပင်က Weak ဖြစ်နေပြီ။ဒီတိုင်းကြုံရာ Shampoo တွေနဲ့လျှော်နေလို့မရတော့ဘူး။ခန္ဓာကိုယ်လည်းprotein ဓာတ်လိုသလို ဆံပင်တွေလည်း Protein Care လုပ်ပေးဖို့လိုနေပြီဆိုတာသိလိုက်တယ်။အချိန်ကိုက်ဘဲ ကိုယ့်လိုအပ်ချက်ကို ကြိုသိနေလားမသိ Yoon Skin ရဲ့ Damage Repair Protein Shampoo က လက်ထဲရောက်ချလာတာ။

သူက Damage Repair Protein Shampooမျိုးမို့ပျက်စီးဆံသားတွေ၊ ခြောက်ပြီးဖွာနေတဲ့ဆံသားတွေနဲ့ Colorဆိုးထားတဲ့ဆံသားတွေအတွက်သုံးရပြေဖို့ရည်ရွယ်ပြီးထုတ်ထားတာ။ တစ်ကြိမ်လျှော်ကြည့်ရင်းသဘောကျသွားတာက ဦးရေပြားကိုပေါ့ပါးပြီးသန့်ရှင်းသွားစေတဲ့ခံစားချက်က အသက်ဘဲ။ပေါ့ပါးပြီးနေလို့ကောင်းနေရော။ Cleansing Power အားကောင်းတော့ အဆီနဲ့ Build-upတွေကိုသေချာcleanလုပ်ပေးသွားတာ။

ဒါ့အပြင် Polyquaternium-10 နဲ့ Protein တွေပါလို့ လျှော်ပြီးတာနဲ့ ဆံသားကပိုစည်းပြီးလက်နဲ့သပ်ချရင်တောင်ရင် မငြိတော့ဘူး။ Frizz ဖြစ်တာတွေလည်းသက်သာသလို ဆံသားလည်းအသက်ပိုဝင်လာသလိုပဲ။နောက်ထပ်လည်း Hydrolyzed Corn Protein, Hydrolyzed Wheat Protein နဲ့ Hydrolyzed Soy Protein ဆိုတဲ့ Protein ( ၃ )မျိုးပါသေးတယ်။ ဒီProtein တွေကပျက်စီးနေတဲ့ ဆံသားကိုအားဖြည့်ပေးပြီး ဆံလုံးကိုပိုပြီးသန်မာချောမွတ်စေတယ်။ Trehalose လည်းပါလို့ဆံသားရဲ့အစိုဓာတ်ကိုပါ ထိန်းပေးထားနိုင်တယ်။

သိထားသင့်တာတစ်ခုတော့ရှိတယ်။ ဒီ Shampoo မှာ SLES နဲ့ ALS လို Sulfate တွေပါတာကြောင့် Cleansing အားကောင်းတယ်။အဲ့တော့ Oily Scalp သမားတွေ၊ Medium Porosity နဲ့ High Porosity Hair သမားတွေ၊ Colorဆိုးထားတဲ့ဆံသားတွေ၊ Heat Damage ရှိတဲ့ဆံသားတွေသုံးလို့ Okတယ်။ Dry Scalp နဲ့ Sensitive Scalp သမားတွေကတော့ Moisturizing Shampooတွေနဲ့အလှည့်ကျသုံးဖို့ အကြံပြုချင်တယ်။

လိုရင်းကတော့ ခေတ်အတွက်တော့ဒီShampooက ဆေးဆိုးပြီးနောက်ပိုင်းအားနည်းလာတဲ့ဆံသားကို Protein Care လေးလုပ်ပေးချင်တဲ့အချိန်မှာသုံးလို့ကောင်းတာထက်ပိုခဲ့တဲ့ Shampoo လေးပါ။တစ်ခါလျှော်ရုံနဲ့ဆံသားပျက်စီးတာအားလုံးပြန်ကောင်းသွားမယ်လို့တော့အာမမခံပေမယ့် ဆံသားကိုပိုချောမွေ့ပြီး Healthy Shiny Look ရစေတဲ့ Protein Shampoo တစ်မျိုးအနေနဲ့ သုံးလို့ကောင်းတာကိုတော့ ရဲရဲကြီးပြောရဲတယ်ဆိုတာပါဘဲ။

Yoon Skin ရဲ့ shampoo ၂ မျိုးလုံး in stock ရပါတယ်ရှင်500ml ကို 36500 ပါExp 2028 ပါရှင့်
27/10/2026

Yoon Skin ရဲ့ shampoo ၂ မျိုးလုံး in stock ရပါတယ်ရှင်
500ml ကို 36500 ပါ
Exp 2028 ပါရှင့်

လူကြိုက်အများဆုံး Yoon Skin shampoo 2ခုကို compare လုပ်ပေးမယ်နော်📍

စျေးနှုန်းအားဖြင့် 500ml တစ်ဗူးကို 3သောင်းကျော်ဆိုတော့ သုံးရတာတန်တဲ့ထဲမှာတော့ ပါတယ်။
- Damage repair protein shampoo နဲ့
- Anti-hair fall & dandruff 2 in 1 shampoo
ဆိုပြီး ထိထိမိမိ နှစ်မျိုးပဲထွက်ထားတော့ သုံးတဲ့သူအနေနဲ့လဲ ခေါင်းမရှုပ်ရတော့ဘူး။

Nyi ရဲ့ဆံပင်က ဦးရေပြားအဆီပြန်ပြီး ဗောက်အရမ်းထတဲ့ထဲမှာပါတော့ အမှန်က Anti-hair fall & dandruff 2 in 1 shampoo ကိုသုံးရမှာ Nyi က stress ပိပြီး ဆံပင်လဲကျွတ်တော့ ကိုယ့်အတွက်ကွက်တိထုတ်ထားသလားလို့ မှတ်ရတယ်။ ဒါပေမဲ့ Nyi က shampoo 2ခုလုံးကို သုံးကြည့်ပြီးတဲ့အခါမှာ damage repair protein shampoo ကို ပိုကြိုက်မိသွားတယ်။

တစ်ခုချင်းစီရဲ့အားသာချက် အားနည်းချက်ကို Nyi ပြောပြမယ်။

✅Damage Repair Protein Shampoo

ဆံသားငြိတာ ဖွာတာ ပျက်စီးတာ ကြမ်းတမ်းမွဲခြောက်တာတွေအတွက် ထုတ်ထားတဲ့ shampoo မှန်း နာမည်ကိုဖတ်ရုံနဲ့ သိနိုင်ပါတယ်။ Hydrolyzed wheat protein, corn protein, soy protein တို့အဓိကပါဝင်ပြီး ဆံသားအတွင်းပိုင်းထိ ပြုပြင်ထိန်းသိမ်းပေးတဲ့ ingredients တွေပါ။ သတိထားမိသလောက် surfactants နဲ့ repair ingredients တွေပဲ ထည့်ထားတဲ့ shampoo မလို့ dandruff အတွက် မျှော်လင့်လို့မရပါဘူး။ အနံ့ကသင်းသင်းလေးနဲ့ တကယ်သဘောကျတယ်။ Gel consistency နဲ့ အမြုပ်ထွက်အားကောင်းတာကိုလဲ တွေ့ရတယ်။ Deep cleansing ကောင်းစွာဖြစ်တယ် ဒါပေမဲ့ ခေါင်းလျှော်ပြီးတဲ့အချိန် ဆံသားစိုအိပြောင်လက်နေတာကို သဘောအကျဆုံးပဲ။ Nyi သုံးဖူးတဲ့ protein shampoo တွေနဲ့ယှဉ်ရင် ဦးရေပြားအဆီအရမ်းမပြန်တာ သတိထားမိတယ်။ Conditioner မသုံးနိုင်ရင်တောင် ok ပါတယ်။ ဗောက်မထတဲ့သူဆို မျက်စိမှိတ်ပြီးရွေးပါ။

✅Anti-Hair Fall & Dandruff 2 in 1 Shampoo

Nyi ရဲ့ hair type အတွက် ထုတ်ထားတဲ့ shampoo အမျိုးအစားဆိုပေမဲ့ သုံးပြီးရင် ဆံပင်ကြမ်းသွားတဲ့ခံစားချက်ကို မကြိုက်ဘူး။ Brand ဘက်က 'ဆံပင်ကြမ်းနိုင်တယ်၊ conditioner/hair mask ကောင်းကောင်းနဲ့ တွဲသုံးဖို့လိုတယ်' ဆိုပြီး ထုတ်ပြောတာကို သဘောကျတယ်။ ဒီ shampoo ကိုသုံးပြီး ဆံပင်ကျွတ်တာ သက်သာပါတယ်၊ ဗောက်မထအောင် ဦးရေပြားအဆီမပြန်အောင်လို့လဲ 2ရက်လောက်ထိ ထိန်းပေးနိုင်တယ်။ Yoon Skin ရဲ့ conditioner နဲ့တွဲသုံးရင်တော့ ဆံပင်ကြမ်းတာကို တဝက်လောက်ထိလျှော့ချပေးပါတယ်။ ဦးရေပြားယားယံတာကို relieve ဖြစ်စေဖို့ menthol, pantheonol, citric acid, dandruff control အတွက် salicylic acid, niacinamide တို့ပါဝင်တဲ့အတွက် functional ingredients တွေ သေချာထည့်သုံးတာကိုမြင်ရလို့ ယုံကြည်ပြီးသုံးနိုင်တယ်ပေါ့နော်။ အနံ့မွှေးမွှေးလေးနဲ့ 1 pump ဆို အမြုပ်အရမ်းထွက်လို့ သုံးရတာမိုက်ပါတယ်။

ဖတ်ကြည့်ပြီး ဘာသုံးရမှန်းမသိသေးဘူးဆိုရင် comment မှာမေးခဲ့နော်။ Nyi ရွေးပေးပါမယ်✌️

🛒 Yoon Skin မှာ ဝယ်လို့ရပါတယ်ခင်ဗျာ။
https://www.facebook.com/share/1AkSTS3RyS/?mibextid=wwXIfr

Disclaimer : This’s a Collaboration between Review By Nyi & Yoon Skin.


Black Rouge Airfit Velvet Tint Lite 50% off - 23,500ksIn stock From official Exp 2029အရောင်ထွက်အားကောင်းပြီး ပျက်သွားရင်...
27/10/2026

Black Rouge Airfit Velvet Tint Lite 50% off - 23,500ks

In stock
From official
Exp 2029

အရောင်ထွက်အားကောင်းပြီး ပျက်သွားရင်တောင် tint ကျန်ခဲ့ပါတယ်

ဒီအရောင်တွေ ရပါတယ်ရှင်
A105
A110
A511
A512
A513
A514

Review
https://www.facebook.com/share/v/1ECLgELGt1/

https://www.facebook.com/share/v/18dxRbyfVc/

https://www.facebook.com/share/v/1CuQRAo5yg/

#𝐁𝐥𝐚𝐜𝐤𝐑𝐨𝐮𝐠𝐞

Dove deodorant (cucumber & cactus water) 74g45000 လောက်ရောင်းကြတာလေးကို Exp 2027/08 မို့ 39000 နဲ့ရပါမယ်ရှင်In stockImpo...
26/10/2026

Dove deodorant (cucumber & cactus water) 74g
45000 လောက်ရောင်းကြတာလေးကို Exp 2027/08 မို့ 39000 နဲ့ရပါမယ်ရှင်

In stock
Import from USA

ရာသီဥတုကပူ ချွေးကထွက်နဲ့ ချိုင်းချွေးနံ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရလေအောင် dove deodorant လေး သုံးကြည့်လိုက်နော်

Fresh ဖြစ်တဲ့အနံ့လေးနဲ့ ချိုင်းချွေးနံ့သက်သာစေပြီး အင်္ကျီမှာ စွန်းထင်းတာမျိုးမဖြစ်စေပါဘူး

Review
https://www.facebook.com/share/p/1Bej938RjR/

      Pantene miracle serum 40ml - 6,500ksပုံမှန် 8500 ရောင်းတာကို ဘူးတွေပွန်းပြီး date တွေ batch code တွေပျက်ကုန်လို့ 6...
25/10/2026


Pantene miracle serum 40ml - 6,500ks

ပုံမှန် 8500 ရောင်းတာကို ဘူးတွေပွန်းပြီး date တွေ batch code တွေပျက်ကုန်လို့ 6500 တည်းနဲ့ယူပါရှင်

ဘူးပွန်းတာ လက်ခံနိုင်မှယူပါနော်

Mfg 2026 ပါ
ဆံသားကိုနူးညံ့ပျော့ပျောင်းစေပြီး အနံ့လေးလဲတော်တော်မွှေးပါတယ်
လူကြိုက်များပြီး review ကောင်းတွေအများကြီးရထားတာပါ

Address

Yangon
11143

Website

Alerts

Be the first to know and let us send you an email when Y Beauty & Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share