SHWE INLAY Medical Centre

Call Directions Contact the business

SHWE INLAY Medical Centre No.346, Corner of 49th Street and Merchant Road, Naing Group Condo, Botahtaung Tsp, Yangon, Myanmar.

မပေါ့ဆသင့်တဲ့ ကာလဝမ်းရောဂါ ⚠️
12/08/2026

မပေါ့ဆသင့်တဲ့ ကာလဝမ်းရောဂါ ⚠️

ကပ်ရောဂါအသွင် ဖြစ်စေနိုင်သော Cholera ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)

ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်

🔴 အဓိကအချက်များ

👉 ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။
👉 ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။
👉 ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင် အစီအစဉ်မရှိဘဲ မြို့ပြတွင် လူအများ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုသည် ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေသည်။
👉 ကမ္ဘာတစ်ဝန်း နှစ်စဥ် ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၁.၃ သန်းမှ ၄ သန်းအထိရှိပြီး ၂၁,၀၀၀ မှ ၁၄၃,၀၀၀ အထိ သေဆုံးမှုရှိသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။
👉 ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ လုံးဝမခံစားရခြင်း သို့မဟုတ် မပြင်းထန်သော လက္ခဏာများခံစားရခြင်းတို့ ဖြစ်နိုင်ပြီး ဓာတ်ဆားရည်သောက်သုံးခြင်းဖြင့် အောင်မြင်စွာကုသနိုင်သည်။
👉 ပြင်းထန်သောလူနာများမှာ သွေးပြန်ကြောမှတစ်ဆင့် အရည်များ လျင်မြန်စွာ သွင်းခြင်းနှင့် ပဋိဇီဝဆေးများ ပေးခြင်းဖြင့် ကုသရန်လိုအပ်သည်။
👉 သန့်ရှင်းစိတ်ချရသော ရေရရှိရန်၊ အခြေခံမိလ္လာရေဆိုးစနစ်နှင့် သန့်ရှင်းရေးစနစ်များ ရရှိရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အကျင့် ရရှိရန် ထောက်ပံ့ပေးခြင်းသည် ကာလဝမ်းရောဂါနှင့် ရေမှတစ်ဆင့်ကူးစက်သော အခြားရောဂါများကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် အရေးပါသည်။
👉 ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် ဖြစ်နိုင်ခြေမြင့်သော ဒေသများတွင် ကာကွယ်ရန်အတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရေနှင့် မိလ္လာရေဆိုးစနစ် တိုးတက်ကောင်းမွန်အောင်လုပ်ခြင်းနှင့် အတူတွဲ၍ လုပ်သင့်သည်။

🔴 ခြုံငုံသုံးသပ်ချက်

ကာလဝမ်းရောဂါသည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး လူမှုကဏ္ဍဖွံ့ဖြိုးရေးကင်းမဲ့မှုနှင့် မညီမျှမှု ညွှန်းကိန်းအဖြစ်လည်း ရှိနေဆဲဖြစ်သည်။

🔴 ရောဂါလက္ခဏာများ

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။

V. cholera ပိုးရှိသည့် လူအများစုမှာ ၎င်းတို့၏ မစင်တွင် ရောဂါကူးစက်ခံရပြီးနောက် (၁) ရက်မှ (၁၀) ရက်အကြား ပိုးရှိနေသော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိပါ။ ထိုပိုးများသည် ပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အခြားသူများကို ရောဂါကူးစက်စေနိုင်သည်။

ရောဂါလက္ခဏာရှိသူအများစုမှာ အပျော့စား သို့မဟုတ် အတန်အသင့်ဖြစ်ပွားသော လက္ခဏာများ ခံစားရသည်။ ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်အကြား ကြာတတ်သည်။ လူနာအနည်းစုသာ အပြင်းအထန် ရေဓာတ်ခမ်းခြောက်သည့် ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါ ဖြစ်ပွားသည်။ ကုသမှုမရရှိပါက သေစေနိုင်သည်။

🔴 သမိုင်းကြောင်း

၁၉ရာစုတွင် ရောဂါ၏ မူလအစ အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ဝှမ်းဒေသမှ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့သည်။ ခြောက်ကြိမ်ဆက်တိုက်ဖြစ်သော ကမ္ဘာ့ကပ်ရောဂါသည် တိုက်ကြီးအားလုံးမှ လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သည်။ ၇ ကြိမ်မြောက် လက်ရှိကပ်ရောဂါသည် ၁၉၆၁ ခုနှစ်၌ တောင်အာရှတွင် စတင်ဖြစ်ပွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အာဖရိကသို့ ရောက်ရှိပြီး ၁၉၉၁ ခုနှစ်တွင် အမေရိကသို့ ရောက်ရှိဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ယခုအခါ နိုင်ငံများစွာတွင် ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်။

🔴 Vibrio cholerae မျိုးကွဲများ

မျိုးကွဲများစွာရှိသော်လည်း မျိုးကွဲ O1 နှင့် O139 နှစ်မျိုးသာ ကပ်ရောဂါများ ဖြစ်စေသည်။ V. cholerae O1 သည် များမကြာမီကဖြစ်သော ကပ်ရောဂါအားလုံးကို ဖြစ်စေခဲ့သည်။ V. cholerae O139 ကို ၁၉၉၂ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဦးစွာတွေ့ရှိခဲ့ပြီး ပြီးခဲ့သော ကပ်ရောဂါများကို ဖြစ်စေခဲ့သည်။ သို့သော် ကွက်ကျားလူနာများတွင်လည်း မကြာမီကတွေ့ရှိခဲ့သည်။ ၎င်းကို အာရှတိုက်အပြင်ဘက်တွင် မည်သည့်အခါမျှ မတွေ့ခဲ့ရပါ။ မျိုးကွဲ ၂ ခုလုံးကြောင့်ဖြစ်သော နာမကျန်းမှုသည် ကွာခြားမှုမရှိပါ။

🔴 ကူးစက်ရောဂါဗေဒ၊ ရောဂါကူးစက်နိုင်ခြေရှိသော အချက်များနှင့် ရောဂါ၏ ဝန်ထုပ်ဝန်ပိုး

ကာလဝမ်းရောဂါသည် ဖြစ်ပွားလေ့ရှိသော ရောဂါ သို့မဟုတ် ကပ်ရောဂါအသွင် ဖြစ်နိုင်သည်။ ကာလဝမ်းရောဂါ ဖြစ်ပွားလေ့ရှိသော ဒေသဆိုသည်မှာ ၃ နှစ်အတွင်း ကာလဝမ်းရောဂါဟု သေချာသတ်မှတ်နိုင်သော လူနာများ ရှာဖွေတွေ့ရှိရာ ဒေသဖြစ်သည်။ ထို့ပြင် အဆိုပါလူနာများသည် အခြားဒေသများမှ လက်ရှိဖြစ်ပွားရာ ဒေသသို့ ကူးစက်ပျံ့နှံ့လာခြင်းမဟုတ်ဘဲ အဆိုပါဒေသအတွင်းမှာပင် ကူးစက်ပြန့်ပွားသည့် အထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။

ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုသည် ဖြစ်ပွားလေ့ရှိသော နိုင်ငံနှင့် ပုံမှန်ဖြစ်ပွားလေ့မရှိသော နိုင်ငံ၊ နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ ပြန့်ပွားမှုသည် သန့်ရှင်းသော ရေနှင့် မိလ္လာရေဆိုး၊ သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ လက်လှမ်းမီရန် နည်းပါးခြင်းနှင့် အထူးဆက်စပ်နေသည်။

ဖြစ်ပွားနိုင်ခြေရှိသည့် ဖြစ်နေကျ ဒေသများတွင် မြို့ပြဆင်းရဲသားရပ်ကွက်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ဒုက္ခသည်များအတွက် စခန်းများ ပါဝင်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲကာလများ၏ အကျိုးဆက်များဖြစ်သည့် ရေနှင့် မိလ္လာစနစ်၊ သန့်ရှင်းရေးစနစ် ပျက်ယွင်းခြင်း၊ သို့မဟုတ် နေရာမလုံလောက်သော လူကျပ်သိပ်လွန်းသည့် စခန်းများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းသည် ကာလဝမ်းရောဂါ ကူးစက်နိုင်ခြေ မြင့်မားစေသည်။

ရောဂါကူးစက်ခြင်းမရှိဘဲ သေဆုံးသူများကို ကပ်ရောဂါ ရင်းမြစ်အဖြစ် အစီရင်ခံတင်ပြခြင်း မရှိခဲ့ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ အကြောင်းကြားခဲ့သော ရောဂါဖြစ်ပွားသူအရေအတွက်မှာ ပြီးခဲ့သောနှစ်များအတွင်း မြင့်တက်လာနေခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၄၄ နိုင်ငံမှ ၄၇၂,၆၉၇ ဦး ရောဂါဖြစ်ပွားပြီး ၂,၃၄၉ ဦး သေဆုံးခဲ့သည်။ အစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် ခန့်မှန်းထားသော ရောဂါဝန်ထုပ်ဝန်ပိုး မညီကွာခြားခြင်းမှာ ရောဂါဖြစ်သူအများအပြားကို မှတ်တမ်းမတင်ခြင်းကြောင့် ဖြစ်သည်။ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးစနစ်တွင် အကန့်အသတ်များ ရှိခြင်းနှင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအတွက် စိုးရိမ်ခြင်းကြောင့် မှတ်တမ်းမတင်ကြခြင်း ဖြစ်သည်။

🔴 ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း

ဘက်ပေါင်းစုံမှ ချဥ်းကပ်ခြင်းသည် ရောဂါထိန်းချုပ်ရန်နှင့် သေဆုံးမှုကို လျှော့ချရန် သော့ချက်ဖြစ်သည်။ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရေ၊ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု၊ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကုသမှုနှင့် ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးတို့ကို ပေါင်းစပ်၍ အသုံးပြုရမည်ဖြစ်သည်။

🔴 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း

ကာလဝမ်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းသည် ဘက်ပေါင်းစုံ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒေသအဆင့် အကြံပြုချက်များနှင့် ကမ္ဘာ့အဆင့် သတင်းအချက်အလက်မျှဝေခြင်းတို့ ပါဝင်သည်။

အသက် ၂ နှစ်နှင့်အထက် လူနာများတွင် ရေကဲ့သို့ ဝမ်းများ ရုတ်တရက် သွားခြင်းနှင့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်း သို့မဟုတ် ရေကဲ့သို့ ဝမ်းများ ရုတ်တရက် သွားခြင်းကြောင့် သေဆုံးခြင်းတို့ ဖြစ်ပွားပါက ဆေးပညာရှုထောင့်အရ သံသယဝင်ခြင်းအပေါ်အခြေခံ၍ ကာလဝမ်းရောဂါ သံသယလူနာ စုံစမ်းတွေ့ရှိမှုဟု သတ်မှတ်သည်။

အမြန်ရောဂါ ရှာဖွေစစ်ဆေးခြင်း (RDTs) သည် ကပ်ရောဂါကို ရှာဖွေတွေ့ရှိရန် အသုံးဝင်သည်။ သို့သော် ရောဂါအတိအကျ သတ်မှတ်ရန်အတွက် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့၍ V. cholerae O1 သို့မဟုတ် V. cholerae O139 အမျိုးအစား တိကျသေချာရန် ပိုးမွေးမြူခြင်း သို့မဟုတ် PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရသည်။

ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် လူနာများကို အစီရင်ခံတင်ပြခြင်းနှင့် အဆိုပါလူနာများနှင့် ဆက်စပ်သူများကို ပုံမှန်စစ်ဆေးခြင်းသည် ကာလဝမ်း ကပ်ရောဂါကို စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။

ရောဂါရှာဖွေရန်နှင့် စောင့်ကြည့်စစ်ဆေးသုံးသပ်ရန် ဒေသတွင်းလုပ်နိုင်စွမ်းရည်သည် ထိရောက်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နှင့် ထိန်းချုပ်ရန်နည်းလမ်းများ စီစဥ်ခြင်းတို့အတွက် အရေးပါသည်။ကပ်ရောဂါများကို အလျင်အမြန် ရှာဖွေတုံ့ပြန်ရန် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် နိုင်ငံအဆင့် ပြင်ဆင်ခြင်းတို့ အားကောင်းစေရန် ရောဂါဖြစ်ပွားသော နိုင်ငံများအား တွန်းအားပေးလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာကျန်းမာရေး ပြဌာန်းချက်များ (IHR) အောက်တွင် ကာလဝမ်းရောဂါ လူနာအားလုံးသတင်းပေးပို့ခြင်းသည် မဖြစ်မနေပြုလုပ်ရန် မဟုတ်ပါ။ သို့သော် ကာလဝမ်းရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအဖြစ်အပျက်များကို ထိုပြဌာန်းချက်ပါ သတ်မှတ်မှုများနှင့်ဆန့်ကျင်၍ မဖြစ်မနေ အမြဲစစ်ဆေးရမည်ဖြစ်ပြီး တရားဝင်သတိပေးချက် လို၊ မလို ဆုံးဖြတ်ရမည်ဖြစ်သည်။

🔴 ရေနှင့် မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ ဆောင်ရွက်ခြင်း

ကာလဝမ်းရောဂါ ထိန်းချုပ်ရန်အတွက် ရေရှည်ဖြေရှင်းချက်မှာ စီးပွားရေးတိုးတက်မှုနှင့် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံမိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်ကို လူတိုင်းရရှိရေးအပေါ်တွင် မူတည်သည်။

ပတ်ဝန်းကျင်အခြေအနေကို ဦးတည်သည့် လုပ်ဆောင်ချက်များတွင် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်နှင့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ရရှိရန် ရေရှည်ခိုင်မာသော Water, sanitation and hygiene (WASH) ဖြေရှင်းနည်းများ လုပ်ဆောင်ရမည်။

ထိုလုပ်ဆောင်ချက်များသည် ကာလဝမ်းရောဂါအပြင် ရေမှတစ်ဆင့် ကူးစက်သည့် အခြားရောဂါများစွာကို ကာကွယ်နိုင်သကဲ့သို့ ဆင်းရဲမှု၊ အာဟာရချို့တဲ့မှုနှင့် ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို ရရှိနိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်။

ကာလဝမ်းရောဂါအတွက် WASH ဖြေရှင်းနည်းများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDG 6) နှင့် ကိုက်ညီသည်။

🔴 ကုသခြင်း

ကာလဝမ်းရောဂါကို လွယ်ကူစွာ ကုသနိုင်သည်။ အများစုမှာ ဓာတ်ဆားရည် ချက်ချင်းသောက်ခြင်းဖြင့် အောင်မြင်စွာ ကုသနိုင်သည်။ WHO/UNICEF စံချိန်မီ ဓာတ်ဆားတစ်ထုပ်ကို ရေသန့် ၁ လီတာဖြင့်ဖျော်ပါ။

လူကြီးတစ်ယောက်အတွက် ကာလဝမ်းရောဂါ ဖြစ်သည့် ပထမဆုံးနေ့၌ အတန်အသင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကုသရန် ဓာတ်ဆား ၆ လီတာ လိုအပ်သည်။

ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်သည့် လူနာသည် သွေးလန့်ခြင်း/ ရှော့ရနိုင်ခြေ မြင့်မားသည်။ သွေးပြန်ကြောမှတစ်ဆင့် ဆေးရည်သွင်း၍ ကုသရန် လိုအပ်သည်။ ထိုလူနာများအနေဖြင့် ရောဂါခံစားရသည့် ကာလတိုစေရန်၊ အကြောဆေးရည်လိုအပ်မှု လျှော့ချရန်၊ ရောဂါပိုးကို မစင်မှ စွန့်ထုတ်သည့် ပမာဏနှင့် စွန့်ထုတ်သည့် ကာလတိုစေရန် သင့်လျော်သည့် ပဋိဇီဝဆေးများ ပေးပါသည်။

စားသောက်ရန် စိတ်ချရပါက သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ထားသော ပုံမှန်ဒေသအစားအစာများကို လူနာအားလုံးအား စတင်ကျွေးနိုင်သည်။ နို့တိုက်မိခင်များအား မိခင်နို့တိုက်ကျွေးခြင်းကို အားပေးသင့်သည်။

ကာလဝမ်း ကပ်ရောဂါဖြစ်ပွားသည့် ကာလတွင် ကုသမှု အလျင်အမြန် လက်လှမ်းမီခြင်းသည် အရေးကြီးသည်။ ဓာတ်ဆားရည်များကို လူထုအတွင်း ရရှိနိုင်စေရန် စီမံထားသင့်ပြီး အကြောဆေးရည်သွင်းခြင်းနှင့် ၂၄ နာရီစောင့်ရှောက်မှုပေးနိုင်သည့် ကြီးမားသော ကုသမှုစင်တာများလည်း လူထုအတွက် ဆောင်ရွက်ပေးသင့်ပါသည်။ သင့်လျော်သည့် ကုသမှုကို ဆောလျင်စွာ ပေးခြင်းဖြင့် လူနာသေဆုံးနှုန်းကို ၁ ရာခိုင်နှုန်းအောက်သို့ လျှော့ချသင့်သည်။

ဇင့် ဆေးဝါးသည် ၅ နှစ်အောက်ကလေးများအတွက် ဖြည့်စွက်ကုသနည်းဖြစ်ပြီး ဝမ်းပျက်သည့်ကာလကို တိုစေသည်။ ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းလျှောရောဂါ၏ အခြားအကြောင်းရင်းများ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးနိုင်သည်။

ပဋိဇီဝဆေးကို လူထုအား အလုံးအရင်းနှင့် တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါ။ ကာလဝမ်းရောဂါ ပျံ့နှံ့ခြင်းအပေါ် သက်ရောက်သည့် သက်သေမရှိခြင်းနှင့် ပဋိဇီဝဆေးယဥ်ပါးမှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

🔴 ရပ်ရွာလူထု ပါဝင်မှု

ရပ်ရွာလူထုပါဝင်မှုဆိုသည်မှာ လူထုနှင့် ရပ်ရွာသည် အစီအစဥ်များ အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်သည့်လုပ်ငန်းစဥ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်မှုကို ဆိုလိုသည်။

ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ အစားအစာ သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်သိမ်းဆည်းခြင်းနှင့် ကလေးများ၏ အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်းစသည့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို အားပေးရာတွင် ဒေသတွင်းယဥ်ကျေးမှု၊ အလေ့အထနှင့် ယုံကြည်မှုတို့သည် အဓိကကျသည်။

ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ၏ နာရေးကို ကျင်းပရာတွင် နာရေးလာသူများအကြား ရောဂါကူးစက်မှုကို ကာကွယ်ရန် လိုက်နာရမည့် နာရေးဆိုင်ရာ အလေ့အထများ လိုအပ်သည်။

ကပ်ရောဂါ တုံ့ပြန်မှုကာလ တစ်လျှောက်လုံး၌ ရပ်ရွာလူထုပါဝင်မှု လိုအပ်ပြီး အထူးသဖြင့် ရောဂါဖြစ်နိုင်ခြေအန္တရာယ်၊ ရောဂါလက္ခဏာများ၊ ရောဂါမကူးရန် သတိထားရမည့်အချက်များ၊ လူနာရှိပါက သတင်းပို့ရန် အချိန်နှင့် နေရာ၊ ရောဂါလက္ခဏာခံစားရပါက ချက်ချင်း ကုသမှုခံယူရန် စသည်အချက်အကြောင်း အသိပညာများ မြှင့်တင်ရမည်ဖြစ်သည်။

ရပ်ရွာလူထုသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကုသမှုခံယူရန် အပါအဝင် အစီအစဥ်များ အကောင်အထည်ဖော်ရာ၌ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်သည်။

🔴 ကာလဝမ်းရောဂါကာကွယ်သောက်ဆေး (Oral cholera vaccines)

လတ်တလောတွင် WHO က အသိအမှတ်ပြုထားသည့် ကာလဝမ်း ကာကွယ်သောက်ဆေး ၃ မျိုး ရှိသည်။ Dukoral®၊ Shanchol™ နှင့် Euvichol-Plus® တို့ ဖြစ်ပြီး ၃ မျိုးစလုံးသည် အပြည့်အဝကာကွယ်မှု ရရှိနိုင်ရေးအတွက် ၂ ကြိမ်သောက်ရန် လိုအပ်သည်။ ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးကို ရောဂါဖြစ်ပွားလေ့ရှိသော နေရာများ၊ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးအခင်းကာလများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး အခြားနည်းလမ်းများနှင့်အတူတွဲ၍ အသုံးပြုသင့်ပါသည်။ ကာကွယ်ဆေးသောက်ခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ဦးစားပေးအရေးကြီးသည့် ကျန်းမာရေးလုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းကို အနှောင့်အယှက် မဖြစ်စေသင့်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: World Health Organization

#ကာလဝမ်း #ပြင်းထန်ဝမ်းပျက်ဝမ်းလျှော #ဝမ်းပျက် #ဝမ်းလျှော #ကပ်ရောဂါ

“ဝါဆိုလပြည့်နေ့ထူးမြတ်တွင် ကိုယ်စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ဘာဝနာပွါးများနိုင်ကြပါစေ” 🪷🪷🪷🌕လပြည့်နေ့မို့ ဆေးခန်း၁ရက...
29/07/2026

“ဝါဆိုလပြည့်နေ့ထူးမြတ်တွင် ကိုယ်စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ဘာဝနာပွါးများနိုင်ကြပါစေ” 🪷🪷🪷

🌕လပြည့်နေ့မို့ ဆေးခန်း၁ရက်ပိတ်ပါတယ်ရှင်
မနက်ဖြန် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမယ်ရှင် 📣

“အပ်ကြောက်တတ်တဲ့သူလား”💉ဆေးထိုး၊ သွေးဖောက်ခါနီးရင် အပ်ကြောက်ပြီး စိတ်လှုပ်ရှားတာဟာ လူအတော်များများကြုံတွေ့ရတဲ့ သဘာဝတရားတစ...
28/07/2026

“အပ်ကြောက်တတ်တဲ့သူလား”

💉ဆေးထိုး၊ သွေးဖောက်ခါနီးရင် အပ်ကြောက်ပြီး စိတ်လှုပ်ရှားတာဟာ လူအတော်များများကြုံတွေ့ရတဲ့ သဘာဝတရားတစ်ခုပါပဲ။ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုကို လျှော့ချနိုင်ဖို့အတွက် ဆေးမထိုးခင်နဲ့ ထိုးနေစဉ်အတွင်း အောက်ပါနည်းလမ်းလေးတွေကို စမ်းကြည့်လို့ရပါတယ်

💡 ကြောက်စိတ်ကိုလျော့ချဖို့လေ့ကျင့်ပါ

အသက်ပြင်းပြင်းရှူပါ (Deep Breathing):
ဆေးမထိုးခင် နှာခေါင်းကနေ လေကို ဖြေးဖြေးနဲ့ ကြာကြာရှူသွင်းပြီး ပါးစပ်ကနေ ဖြေးဖြေးချင်း ပြန်ထုတ်ပါ။ ဒါက သွေးခုန်နှုန်းကို ငြိမ်စေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။

တခြားဆီ အာရုံလွှဲပါ (Distraction):
ဖုန်းထဲက သီချင်းနားထောင်တာ၊ ဗီဒီယိုကြည့်တာမျိုး လုပ်ပါ။
အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို ရေတွက်နေတာ သို့မဟုတ် စိတ်ထဲကနေ ဂဏန်းပြောင်းပြန် ရေတွက်တာမျိုး (example: 100, 99, 98...) လုပ်ပေးပါ။

အပ်ကို မကြည့်ပါနဲ့:
အပ်ပြင်ဆင်နေတာနဲ့ ဆေးထိုးနေတာကို မကြည့်ဘဲ အခြားတစ်ဖက်သို့ လှည့်ထားပါ။

💡ဆရာဝန်/သူနာပြုကို ပွင့်ပွင့်လင်းလင်းပြောပြပါ

ကြောက်တတ်ကြောင်း ကြိုပြောပါ:
ဆေးမထိုးခင် သို့မဟုတ် သွေးမဖောက်ခင်မှာ "ကျွန်မ/ကျွန်တော် အပ်ကြောက်တတ်ပါတယ်" လို့ သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် သူနာပြုကို ကြိုတင်အသိပေးပါ။

ထိုင် သို့မဟုတ် လှဲနေပါ:
အပ်ကြောက်ရင် ထိတ်လန့်ပြီး ခေါင်းမူးတာ၊ မူးမေ့ချင်တာမျိုး ဖြစ်တတ်တာမို့ "လှဲပြီး ထိုးပေးလို့ရမလား" သို့မဟုတ် "မှီထိုင်လို့ရမလား" လို့ တောင်းဆိုပါ။ ဒါက မူးမေ့သွားရင်လည်း ထိခိုက်ဒဏ်ရာရတာကို ကာကွယ်ပေးပါတယ်။

💡ဆေးမထိုးခင် ခန္ဓာကိုယ်အနေအထားပြင်ဆင်မှုများ

ကြွက်သားများကို မတောင့်ထားပါနဲ့:
ဆေးထိုးမည့် လက် သို့မဟုတ် တင်ပါးကြွက်သားကို တင်းမထားဘဲ လျှော့ထားပါ။ ကြွက်သားတောင့်နေရင် ဆေးထိုးရတာ ပိုနာနိုင်ပါတယ်။

ရေဝအောင်သောက်ပါ (သွေးဖောက်မည်ဆိုပါက):
သွေးမဖောက်ခင် ရေများများသောက်ထားရင် သွေးကြောရှာရ ပိုလွယ်ကူပြီး ပိုမိုမြန်ဆန်စေပါတယ်။

ဗိုက်မဆာပါစေနဲ့:
သွေးဖောက်/ဆေးမထိုးခင် ဗိုက်ထဲ တစ်ခုခု စားထားပါ (ဆရာဝန်က ခိုင်းထားသည့် fasting သွေးစစ်ဆေးမှုများမှလွဲ၍)။ ဗိုက်ဟောင်းလောင်းဖြစ်နေရင် ခေါင်းမူးလွယ်ပါတယ်။

သွေးဖောက်တိုင်းအပ်ကြောက်ရင်တောင်မှ လွယ်လွယ်ကူကူနဲ့အကြောက်ပြေစေမယ့်နည်းလမ်းလေးတွေမို့ စမ်းကြည့်ဖို့အကြံပေးလိုက်ပါတယ်နော်

Shwe Inlay Medical Centre
အမှတ်၃၄၆၊၄၉လမ်းထိပ်၊ ကုန်သည်လမ်းမပေါ်၊ ဗိုလ်တထောင်မြို့နယ်၊ Naing Group Condo ။
Ph: 09267638381, 09445678381, 095008571

အပ်ချင်းတူပေမယ့် ခံစားချက်ချင်းမတူဘူးတဲ့ ဟုတ်လား🤭ဘော်ဒါတွေထဲ ဘသူတွေရှိလဲ 💉😁
28/07/2026

အပ်ချင်းတူပေမယ့် ခံစားချက်ချင်းမတူဘူးတဲ့
ဟုတ်လား🤭
ဘော်ဒါတွေထဲ ဘသူတွေရှိလဲ 💉😁

27/07/2026

⚓️ သင်္ဘောထွက်ဖို့ဆေးစစ်လိုက်တိုင်း ဆေးအဖြေတွေ ကောင်းစေဖို့ ဘာတွေလိုက်နာရမလဲသိချင်ရင် ဒီ video လေးကိုအဆုံးထိကြည့်လိုက်နော် 🩺🔬

“ မြန်ဆန်တိကျ ယုံကြည်စိတ်ချရတဲ့ ရွှေအင်းလေး ရဲ့ Seafarer Medical Check-up Service “⚓️သင်္ဘောတက်ဖို့ဆေးစစ်ရတော့မလား? အချိ...
21/07/2026

“ မြန်ဆန်တိကျ ယုံကြည်စိတ်ချရတဲ့ ရွှေအင်းလေး ရဲ့ Seafarer Medical Check-up Service “

⚓️သင်္ဘောတက်ဖို့ဆေးစစ်ရတော့မလား?

အချိန်ကုန်သက်သာပြီး ယုံကြည်စိတ်ချရတဲ့ တရားဝင်အသိအမှတ်ပြု ဆေးခန်းမှာ ဆေးစစ်ချက်များနှင့် Medical Certificate ကိုရယူလိုက်ပါ။

Shwe Inlay Medical Centre မှာ သင်္ဘောသား ညီအစ်ကိုများအတွက် ဆေးစစ်ခြင်းဝန်ဆောင်မှုများကို စနစ်တကျနဲ့ အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်။

💡ဘာကြောင့် Shwe Inlay Medical Centre ကိုရွေးသင့်သလဲ?
✅ ရေကြောင်းဦးစီးဌာန၏ တရားဝင်အသိအမှတ်ပြုဆေးခန်းဖြစ်ခြင်း
✅ နိုင်ငံတကာ Flag State များဖြစ်တဲ့ Panama, Liberia flag များ၏အသိအမှတ်ပြုဆေးခန်းဖြစ်ခြင်း
✅ သွေးစစ်၊ ဓါတ်မှန်၊ နှလုံးစစ်ဆေးခြင်း၊ အမြင်အာရုံ၊အကြားအာရုံစသည့်စစ်ဆေးခြင်းများကို တနေရာထဲတွင် အချိန်တိုအတွင်းစစ်ဆေးနိုင်ခြင်း
✅ စောင့်ဆိုင်းချိန်မကြာပဲ Test များကိုမြန်ဆန်စွာဖြင့် စစ်ဆေးနိုင်ခြင်း
✅ ၁၀နှစ်ကျော် အတွေ့အကြုံရင့်ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ နွေးထွေးစွာဝန်ဆောင်မှုပေးခြင်း
✅ သန့်ရှင်းကျယ်ဝန်းတဲ့နေရာ၊ ကားပါကင်၊ free wifi တို့ရရှိနိုင်ခြင်း

ကျန်းမာရေး စစ်ဆေးမှုနဲ့ပတ်သတ်ပြီးစုံစမ်းမေးမြန်းလိုပါက

📍လိပ်စာ- ၄၉လမ်းထိပ်၊ ကုန်သည်လမ်းမပေါ်၊ Naing Group condo ၊ ဗိုလ်တထောင်မြို့နယ်
📞ဖုန်း- 095008571, 09267638381, 09445678381
⏰ ဆေးခန်းဖွင့်ချိန်- 9:00am to 5:00pm သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

⚓️ 🚢 Seafarer Medical Examination Package 🩺 🔬Package မှာပါဝင်တဲ့Testတွေကတော့ DMA မှသတ်မှတ်ထားတဲ့ Guidelines အတိုင်းပဲဖြစ...
09/06/2026

⚓️ 🚢 Seafarer Medical Examination Package 🩺 🔬

Package မှာပါဝင်တဲ့Testတွေကတော့ DMA မှသတ်မှတ်ထားတဲ့ Guidelines အတိုင်းပဲဖြစ်ပါတယ်

🔬CP auto/CBC (သွေးဆဲလ်အရေအတွက်အနည်းအများစစ်ဆေးခြင်း)
🔬ESR(Erythrocyte sedimentation rate)
🔬RBS/FBS (Random/Fasting Blood Sugar:သွေးချိုစစ်ခြင်း)
🔬SGOT(အသည်းenzyme စစ်ဆေးခြင်း)
🔬SGPT(အသည်းenzyme စစ်ဆေးခြင်း)
🔬Cholesterol (သွေးတွင်းအဆီဓါတ်စစ်ဆေးခြင်း)
🔬Triglycerides (သွေးတွင်းအဆီဓါတ်စစ်ဆေးခြင်း)
🔬Uric Acid( Uric acid ပါဝင်နှုန်းစစ်ဆေးခြင်း)
🔬Creatinine (ကျောက်ကပ်အတွက်စစ်ဆေးခြင်း)
🔬Blood Group & Rh Factor (သွေးအမျိုးအစားစစ်ဆေးခြင်း)
🔬HCV Antibody (အသည်းရောင်အသားဝါစီပိုးစစ်ဆေးခြင်း)
🔬HBsAg (အသည်းရောင်အသားဝါဘီပိုးစစ်ဆေးခြင်း)
🔬VDRL (ကာလသားရောဂါစစ်ဆေးခြင်း)
🔬HIV I&II (ခုခံအားကျဆင်းသည့်ရောဂါစစ်ဆေးခြင်း)
🔬Urine RE (ဆီးစစ်ဆေးခြင်း)
🔬Audiometry (နားအကြားအာရုံစစ်ဆေးခြင်း)
🔬Eye test & color vision test( မျက်စိစစ်ဆေးခြင်း)
🔬Chest X-ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း-အဆုတ်စစ်ဆေးခြင်း)
🔬ECG (နှလုံးစစ်ဆေးခြင်း)
🔬Ultrsound of the abdomen & pelvis ( ဝမ်းဗိုက်အတွင်းကလီစာများစစ်ဆေးခြင်း)
🔬UCG Test( Female only) (ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း)
🔬Physical Examination (ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)
🔬Spirometry (အသက်ရှူနှုန်းစစ်ဆေးခြင်း)
🔬Psychometric evaluation & psychological evaluation (စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)
🔬Stress Test(Optional) (ပြေးစက်ဖြင့်နှလုံးစစ်ဆေးခြင်း)
🔬2D Echo Doppler study (Optional)(နှလုံးအားechoရိုက်ခြင်း)
🔬Drug&Alcohol Screening **(မူးယစ်နှင့်အရက်စစ်ဆေးခြင်း)
**Drug&Alcohol Screening- Barbiturates, Amphetamines, Ma*****na, Cannabinoids, Benzodiazepine, Alcohol

သင်္ဘောသားများဆေးစစ်ဖို့အတွက် ဘာတွေယူလာဖို့လိုအပ်လဲဆိုရင်တော့
📘CDC/SIRB စာအုပ်မူရင်း/copy
📕Passport copy
📷 Photo ၆ပုံခန့် (၆လ/၁နှစ်အတွင်းပုံ) လိုအပ်ပါတယ်ရှင်

ဆေးစစ်ပြီးရင်တော့ ဆေးစစ်ထားတဲ့ Results ၊ DMA မှသတ်မှတ်ပေးထားတဲ့ Medical Record Book၊ Online Medical Certificate တွေရပါမယ်ရှင်

📣All in one အတွက်ပဲစစ်ချင်တယ်ဆိုရင်လဲရပါတယ်ရှင်

Available services for seamen
📒Yellow Book
💉Yellow fever vaccine(life-long)
🇵🇦Panama Medical certificate
🇱🇷 Liberia medical certificate များလည်း Approved ရရှိထားတာဖြစ်လို့ ထုတ်လို့ရနိုင်ပါတယ်ရှင်

☎️အသေးစိတ်သိရှိလိုပါက cb ဒါမှမဟုတ် အောက်ဖော်ပြပါဖုန်းနံပါတ်များမှတဆင့် ဆေးခန်းဖွင့်ချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ဆေးခန်းဖွင့်ချိန်
Mon - Sat (Sunday ပိတ်ပါတယ်)
9am-6pm
လိပ်စာ
၄၉လမ်းထိပ်၊ကုန်သည်လမ်းမပေါ်၊ Naing Group Condo ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
Hotline: 09267638381, 09445678381, 095008571
#သင်္ဘောသားဆေးစစ်ခြင်း

🌿ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင်ဘေးရန်ကင်းကွာ၍ရောဂါဘေး၊ ကပ်ဘေးအပေါင်းမှ လွတ်မြောက်ကာကိုယ်စိတ်နှစ်ပါး ချမ်းသာပြီးကုသိုလ်တ...
30/04/2026

🌿ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင်
ဘေးရန်ကင်းကွာ၍
ရောဂါဘေး၊ ကပ်ဘေးအပေါင်းမှ လွတ်မြောက်ကာ
ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီးကုသိုလ်တရားများ
တိုးပွားနိုင်ကြပါစေကြောင်း
ရွှေအင်းလေးအထူးကုဆေးခန်းမှ မေတ္တာရှေ့ထား ဆုတောင်းအပ်ပါသည် 🌿🙏✨

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့

29/04/2026

May လတစ်လလုံး ပိတ်နေကျ Sunday ကလွဲပီးကျန်တဲ့နေ့တွေမှာ ဆေးခန်းဖွင့်ပါတယ်ရှင် အလုပ်တွေနဲ့မအားလပ်လို့ပိတ်ရက်မှာမှဆေးစစ်ချင်တယ်ဆိုရင် ရွှေအင်းလေးရှိနေပါမယ်နော် 😇

“ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” ☀️🥵
22/04/2026

“ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” ☀️🥵

Address

49th Street, Merchant Road, Naing Group Condo, Botahtaung Township
Yangon
11171

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 18:00

Telephone

+9595008571

Website

Alerts

Be the first to know and let us send you an email when SHWE INLAY Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE INLAY Medical Centre:

Shortcuts

Share