Nifty Test

Directions Website

Nifty Test Genetic Testing in Myanmar

ကိုယ်ဝန်ဆောင်မေမေတို့အတွက်  ပျားရည်က ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုလား? 🍯 ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့က သကြားလိုမျိုး ချို...
17/10/2026

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ပျားရည်က ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုလား? 🍯

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့က သကြားလိုမျိုး ချိုတဲ့အရသာကို ပိုမိုစွဲလမ်းလာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ပျားရည်ဟာ သာမန်သကြားထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားထိုးရွေးချယ်စရာတစ်မျိုးဖြစ်ပြီး စားသုံးတဲ့ ပမာဏကိုတော့ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ပျားရည်စားလို့ရလား?
ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားသုံးခြင်းက ဘေးကင်းပါတယ်။ တချို့က မစားသင့်ဘူးလို့ ထင်မှတ်ကြတာက အသက် ၁ နှစ်အောက် ကလေးငယ်တွေကို ပျားရည်မတိုက်သင့်တဲ့အချက်နဲ့ ရောထွေးနေတာပါ။ ပျားရည်မှာ botulism လို့ခေါ်တဲ့ ရှားပါးရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်တစ်ယောက် ပျားရည်စားတာက သန္ဓေသားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသူရဲ့ အစာအိမ်က ပျားရည်ထဲက botulism ပိုးကို ကိုင်တွယ်နိုင်စွမ်းရှိပြီး ဒီပိုးဟာ အချင်းကိုဖြတ်ပြီး ကလေးဆီကို ရောက်ရှိနိုင်ခြေက အလွန်နည်းပါးတယ်။ ရှားပါးတဲ့အခြေအနေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ botulism ဖြစ်ခဲ့ရင်တောင် သူတို့ရဲ့ကလေးငယ်တွေမှာ ရောဂါကို မတွေ့ရှိခဲ့ရပါဘူး။

ဒါပေမယ့် Crohn's disease (အူလမ်းကြောင်းရောင်ရမ်းရောဂါတစ်မျိုး)၊ အူလမ်းကြောင်းရောင်ရမ်းရောဂါ (IBD) ဒါမှမဟုတ် အစာအိမ်ခွဲစိတ်ကုသမှု ခံယူဖူးသူတွေအနေနဲ့ကတော့ ပျားရည်ကို ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ ဒီအခြေအနေရှိတဲ့ အရွယ်ရောက်ပြီးသူတွေဟာ ပျားရည်ထဲက ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်က ကျန်းမာရေးနဲ့ညီညွတ်လား?
အာဟာရအရပြောရရင် ပျားရည်ဟာ သာမန်သကြားထက် အနည်းငယ်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ပျားရည်မှာ ကျန်းမာရေးအတွက် အကျိုးပြုနိုင်တဲ့ 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭𝐬၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အသီးအနှံလတ်လတ်ဆတ်ဆတ်၊ ဒိန်ချဉ်၊ Oatmeal စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေမှာ ထည့်သုံးနိုင်တာကြောင့် ချိုတာစားချင်စိတ်ကို ဖြေသိမ့်ရင်း နေ့စဉ်အာဟာရလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။

ပျားရည်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တချို့ပျားရည်အမျိုးအစားတွေက ဒဏ်ရာကျက်စေတာကို ကူညီပေးနိုင်သလို ချောင်းဆိုးပျောက်ဆေးအဖြစ် (သို့) လည်ချောင်းနာတာကို သက်သာစေဖို့လည်း သုံးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချောင်းဆိုးပျောက်ဆေး၊ အအေးမိပျောက်ဆေးတော်တော်များများကို ရှောင်ရတဲ့အခါမှာ ဒါဟာ အထူးအသုံးဝင်ပါတယ်။

ပျားရည်က ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံ မစားသုံးဖို့ အရေးကြီးပါတယ်။ ပျားရည်ကို ထပ်တိုး သကြားဓာတ်အဖြစ် သတ်မှတ်ပြီး မျှမျှတတစားသုံးဖို့ လို့အပ်ပါတယ်။ American Heart Association ရဲ့ အကြံပြုချက်အရ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို သကြားဓာတ်ပမာဏဟာ လက်ဖက်ရည်ဇွန်း ၆ ဇွန်းထက် ပိုမစားသင့်ပါဘူး။ တကယ်လို့ ကိုယ်က ကိုယ်အလေးချိန် ထိန်းနေတယ် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဆီးချိုရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုရင် ပျားရည်အပါအဝင် တခြား ထပ်တိုးသကြားအားလုံးကို ရှောင်သင့်ပါတယ်။

ပျားရည်အစိမ်း (Raw Honey) က ဘေးကင်းရဲ့လား?
ပျားရည်အစိမ်းဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် ဘေးကင်းဖို့ များပါတယ်။ ပျားရည်အစိမ်းရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာမှုမရှိပေမယ့် မစားသင့်ဘူးလို့ ယူဆစရာ အကြောင်းမရှိပါဘူး။ အမှန်တကယ်တော့ ပျားရည်အစိမ်းမှာ Pasteurized လုပ်ထားတဲ့ ပျားရည်ထက် 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭𝐬 ပိုမိုပါဝင်ပါတယ်။

စျေးဆိုင်တွေမှာ ရောင်းချတဲ့ ပျားရည်အများစုဟာ ဘေးကင်းရေးအတွက်မဟုတ်ဘဲ သိုလှောင်ရလွယ်ကူစေဖို့နဲ့ အသွင်အပြင်ကောင်းစေဖို့အတွက် pasteurized ပြုလုပ်ထားတာပါ။ ဒီနည်းလမ်းက ပျားရည်ကို ၁၆၁ ဒီဂရီဖာရင်ဟိုက်အထိ ၁၅ စက္ကန့်မှ ၃၀ စက္ကန့်ကြာ အပူပေးပြီး အမြန်အအေးခံထားတာ ဖြစ်ပါတယ်။ ဒါက ဆဲလ်တွေကိုသေစေပြီး ပျားရည်မှို (အချဉ်ဖောက်) ခြင်းကို ကာကွယ်ပေးပါတယ်။

တစ်ခါတလေ ထုတ်လုပ်သူတွေက ပြောင်းဖူးရည် (corn syrup) လို ကျန်းမာရေးနဲ့မညီညွတ်တဲ့ သကြားဓာတ်တွေကို pasteurized လုပ်ထားတဲ့ ပျားရည်ထဲမှာ ထည့်တတ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေကို ရှောင်ရှားဖို့ ပါဝင်ပစ္စည်းအညွှန်းမှာ "ပျားရည် ၁၀၀%" လို့ ပါဝင်တာကိုသာ ရွေးချယ်ပါ။

သတိပြုရမှာက ပျားရည်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သကြားဓာတ်အတွက် ဘေးကင်းပြီး ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပေမယ့် အသင့်အတင့်သာ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ရှိသူများနဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါရှိသူများအနေနဲ့ကတော့ မစားသုံးသင့်ပါဘူး။

အခုဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ချိုတာစားချင်စိတ်ဖြစ်ရင် ပျားရည်က ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုလားဆိုတာကို သိသွားလောက်ပြီ ထင်ပါတယ်နော်။

နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ ကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော် ….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.babycenter.com/pregnancy/diet-and-fitness/is-it-safe-to-eat-honey-during-pregnancy_10305372

https://www.healthline.com/health/honey-during-pregnancy

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ပျားရည်

ဖေဖေ မေမေတို့ကြားချင်ကြတဲ့ ကလေးငယ်လေးရဲ့  ရယ်မောသံ 👼🤍 မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးရဲ့ရယ်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရတ...
13/10/2026

ဖေဖေ မေမေတို့ကြားချင်ကြတဲ့ ကလေးငယ်လေးရဲ့ ရယ်မောသံ 👼🤍

မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးရဲ့ရယ်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရတဲ့အခါ အဲဒီအသံကိုပဲ မရပ်မနား ကြားချင်နေပါလိမ့်မယ်။ ဒါဟာ ဖေဖေ မေမေတို့ စောင့်မျှော်နေတဲ့ အခိုက်အတန့်လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ။

မွေးကင်းစကလေးလေးတွေဟာ ပထမလကတည်းက ခိုးခိုးခစ်ခစ်နဲ့ရယ်တာမျိုးလေးတွေ၊ လည်ချောင်းကနေ အသံတွေထုတ်တာမျိုး စတာတွေကို စမ်းသပ်လေ့လာတတ်ကြပါတယ်။ ရယ်မောခြင်းကတော့ ဆက်သွယ်ပြောဆိုမှုကို သင်ယူရာမှာ ပျော်စရာအကောင်းဆုံးအဆင့်ပါ။

ကလေးတွေ ဘယ်အချိန်မှာ စရယ်ကြသလဲ?
တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက်ကြောင့် ကလေးအများစုဟာ အသက် ၄ လ လောက်မှာ ပထမဆုံးအနေနဲ့ စရယ်တတ်ကြပြီး တချို့ကလေးတွေကတော့ ဒီထက်နည်းနည်းပိုကြာနိုင်ပါတယ်။

ကလေးတွေရဲ့ ပထမဆုံးရယ်သံကို အသက် (၆) လ မှာတော့ သေချာပေါက် ကြားရနိုင်ပါတယ်။

ကလေးရဲ့ ပထမဆုံးရယ်သံဟာ -
▫️အကြိုက်ဆုံးအရုပ်ကိုမြင်ရတာ၊
▫️အိမ်မွေးတိရစ္ဆာန်ကိုမြင်ရတာ၊
▫️ဒါမှမဟုတ် ဖေဖေ မေမေကိုမြင်ရတာ စတဲ့အကြောင်းအရာ ရိုးရိုးလေးတွေကနေ စတင်ဖြစ်ပေါ်တတ်ပါတယ်။

ဒီအစောပိုင်းရယ်သံတွေက ကလေးအတွက်လည်း ဆုလာဘ်တစ်ခုပါ။ ကလေးတွေဟာ ကိုယ့်အသံကိုကြားရတာ၊ မိဘတွေရဲ့ တုံ့ပြန်မှုကိုမြင်ရတာကို နှစ်သက်ကြပါတယ်။ ကလေးက ရယ်တတ်လာပြီဆိုတာနဲ့ ရယ်ပဲရယ်ချင်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်လည်းကောင်းပြီး အသံအသစ်တစ်ခုကို ဖန်တီးရတာလည်း သူတို့လေးတွေအတွက် ပျော်စရာကောင်းလို့ပါ။

ရယ်သံတစ်ခုစီနဲ့အတူ ကလေးဟာ ပါးစပ်နဲ့လျှာကို ဘယ်လိုလှုပ်ရှားပြီး အသံအမျိုးမျိုးထုတ်ရမယ်ဆိုတာကိုပါ လေ့လာသင်ယူနေတတ်ကြပါတယ်။

ကလေးကို ဘယ်လိုရယ်အောင်လုပ်မလဲ?

ရယ်အောင်လုပ်ဖို့ မကြိုးစားခင် ကလေးကို -

🔹ဗိုက်ပြည့်နေစေဖို့
🔹အိပ်ရေးဝနေစေဖို့
🔹နိုးကြားနေစေဖို့ အရင်ဆုံးဂရုစိုက်ပေးပါ။ ဒါမှလည်း ရယ်ဖို့အဆင်သင့်ဖြစ်မှာပါ။

ကလေးက ဖေဖေ မေမေရဲ့ ရယ်စရာအမူအရာတွေကို မြင်ရင် နားလည်ပြီး ကလေးလည်း ပြန်ရယ်တတ်ပါတယ်။

ကလေးရယ်မောစေဖို့အတွက် ဒီနည်းလမ်းတွေကို စမ်းကြည့်ပါ -

➡️ရယ်စရာမျက်နှာတွေလုပ်ပြပါ။
➡️ရယ်စရာအကမျိုးစုံကပြပါ။
➡️ရယ်စရာအသံတွေထွက်ပါ။
➡️သီချင်းဆိုပြပါ။
➡️ကလေးဗိုက်ပေါ်မှာ ပူဖောင်းမှုတ်သံလုပ်ပြပါ။
➡️ကလေးထွက်တဲ့ "ဂါ" လိုမျိုး အသံတွေကို လိုက်တုပပြီး ပြန်လုပ်ပြပါ။
➡️ကလေးလက်နဲ့ခြေထောက်တွေကို ညင်သာစွာ လက်ခုပ်တီးပေးပါ။
➡️Patty-cake နဲ့ Peek-a-boo လိုကစားနည်းတွေကစားပေးပါ။

ကလေးတွေ အိပ်နေရင်း ဘာကြောင့်ရယ်ကြသလဲ?
ကလေးတွေဟာ အိပ်နေရင်း ပြုံးတာ၊ လှုပ်ရှားတာတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ တက်ကြွတဲ့အိပ်စက်ခြင်းအဆင့် (𝐀𝐜𝐭𝐢𝐯𝐞 𝐬𝐥𝐞𝐞𝐩 𝐜𝐲𝐜𝐥𝐞) ထဲကို ရောက်နေတာကြောင့်ပါ။ ဒီအချိန်မှာ ကလေးတွေဟာ ပြုံးတာ၊ ရယ်တာလိုမျိုး မထိန်းချုပ်နိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်တတ်ကြပါတယ်။

ကလေးက ဘာကြောင့် မရယ်သေးတာလဲ?
အစပိုင်းမှာ ကလေးက မျက်နှာလေးတည်နေတတ်ပါတယ်။ ဒါက စိတ်မပူပါနဲ့ နို့တိုက်ချိန် ဒါမှမဟုတ် အိပ်ချိန်နီးရင် ကလေးက ရယ်ဖို့အဆင်သင့်မဖြစ်သေး တာမျိုးဖြစ်တတ်ပါတယ်။

အသက် ၃ လ ကလေးက ရယ်မယ့်အစား —
▪️အော်သံ
▪️ညည်းသံ
▪️လည်ချောင်းရှင်းသံ စတဲ့အသံတွေ ထုတ်နေရင်လည်း စိတ်ပူစရာမလိုပါဘူး။

ဒါပေမယ့် အသက် ၆ လမှာမှ ရယ်မောတာ လုံးဝမရှိသေးဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် လူကြီးတွေလိုပဲ တချို့က ရယ်ဖို့မြန်တယ်၊ တချို့က ကြာတယ်။ အချိန်ကြာလာတာနဲ့အမျှ ကလေးကို ဘယ်လိုပြုံးရယ်အောင်လုပ်ရမယ်ဆိုတာကို သိလာပါလိမ့်မယ်။

အခုဆိုရင်တော့ ကလေးငယ်လေးတွေ ဘယ်အချိန်မှာ စရယ်တတ်ကြသလဲ ဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.whattoexpect.com/first-year/first-laugh/

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကလေးရယ်သံ

ကိုယ်ဝန်ဆောင်ချိန်မှာ နှာခေါင်းပိတ်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကစိတ်ပူရလား? ကိုယ်ဝန်ဆောင်မေမေတို့ အအေးမိတာမဟုတ်ဘဲ နှာ...
07/10/2026

ကိုယ်ဝန်ဆောင်ချိန်မှာ နှာခေါင်းပိတ်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကစိတ်ပူရလား?

ကိုယ်ဝန်ဆောင်မေမေတို့ အအေးမိတာမဟုတ်ဘဲ နှာခေါင်းပိတ်နေတာ ဒါမှမဟုတ် နှာခေါင်းသွေးလျှံနေတာမျိုး ဖြစ်နေသလား ? စိတ်မပူပါနဲ့ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကိုယ်ဝန်ကိုးလလုံးမှာ ခံစားရတတ်ပါတယ်။

ဘယ်အချိန်မှာ စဖြစ်တတ်သလဲ?
ကိုယ်ဝန်ပတ် (၁၆) ပတ်ခန့်လောက်မှာ နှာခေါင်းပိတ်တာ၊ အသက်ရှူမဝတာ ဒါမှမဟုတ် နှာခေါင်းသွေးလျှံတာမျိုးတွေ ခံစားလာရမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၅ ရာခိုင်နှုန်းခန့်လောက်ဟာ ဒီလက္ခဏာကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်နောက်ပိုင်းလတွေမှာ ပျောက်သွားမယ်လို့ ထင်ရနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန် နှာခေါင်းပိတ်တာဟာ ကလေးမွေးဖွားချိန်ထိဖြစ်တတ်ပြီး တချို့မိခင်တွေမှာ ပိုပြီးပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?
အဓိက အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတွေ သွေးထဲမှာ ပုံမှန်ထက် မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု တိုးလာခြင်းနဲ့ နှာခေါင်းအတွင်းမှာရှိတဲ့ အမြှေးပါးရောင်ရမ်းလာမှုကြောင့် နှာခေါင်းပိတ်တာကို ဖြစ်ပေါ်လာစေပါတယ်။ မကြာခဏ နှာချေတာ၊ နှာညှစ်တာတို့ကြောင့် နှာခေါင်းအတွင်း ခြောက်သွေ့လာပြီးတော့ နှာခေါင်းသွေးလျှံတာကို ဖြစ်စေပါတယ်။ တစ်ခါတရံ ညဘက်မှာ နှာရည်ယိုလာပြီး ချောင်းဆိုးတာ၊ အန်ချင်တာမျိုးအထိပါ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးအတွက် အန္တရာယ်ရှိသလား?
နှာခေါင်းပိတ်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တစ်နေ့လုံးနီးပါး နှာခေါင်းသွေးလျှံနေရင် နှာခေါင်းအတွင်းက သွေးကြောတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ?
အောက်ပါနည်းလမ်းများက သက်သာစေနိုင်ပါတယ်။

➡️နှာခေါင်းတစ်ဖက်ကို ပိတ်ပြီး နောက်တစ်ဖက်ကနေ လေမှုတ်ထုတ်တာ မျိုးလုပ်ကြည့်ပါ – လက်မနဲ့ နှာခေါင်းပေါက်တစ်ဖက်ကိုပိတ်ပြီး ကျန်တစ်ဖက်ကို ညင်သာစွာ မှုတ်ပါ။ ဒီလိုမျိုးလုပ်တဲ့အချိန်မှာ ပျော့ပျောင်းတဲ့ တစ်ရှူးကို သုံးပါ။

➡️တချို့ဆေးတွေကို ရှောင်ပါ – ဆားရည်ဖြန်းဆေး( Saline spray )၊ ရင်ဘတ်လိမ်းဆီ၊ Nasal strips (သို့) Breathing strips လို့ခေါ်တဲ့ နှာခေါင်းပေါ်မှာ ကပ်ထားရတဲ့ ကော်တိပ်ပါးပါးလေးတွေက စိတ်ချရပါတယ်။ ဒါပေမယ့် 𝐏𝐡𝐞𝐧𝐲𝐥𝐞𝐩𝐡𝐫𝐢𝐧𝐞 နဲ့ 𝐏𝐬𝐞𝐮𝐝𝐨𝐞𝐩𝐡𝐞𝐝𝐫𝐢𝐧𝐞 ပါတဲ့ဆေးတွေ (𝐒𝐮𝐝𝐚𝐟𝐞𝐝, 𝐀𝐟𝐫𝐢𝐧) ကို ရှောင်ပါ။ ဒီဆေးတွေက သွေးကြောကျဉ်းစေပြီး အန္တရာယ်ရှိနိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီးမှ သောက်တာ ကောင်းပါတယ်။

➡️လေထုကို စိုစွတ်အောင်ထားပါ – အခန်းထဲမှာ humidifier ထားပါ။ ၃ ရက်တစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။

➡️နှာခေါင်းအတွင်း စိုစွတ်အောင်လုပ်ပါ – ဝါဂွမ်းတံစိမ်ထားတဲ့ Vaseline ကို နှာခေါင်းပေါက်ထဲ အနည်းငယ်လိမ်းပေးပါ။

➡️ဗီတာမင် C များများရအောင်လုပ်ပါ – ကီဝီသီး၊ ငရုတ်ပွ၊ ခရမ်းချဉ်သီးတို့လို ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေက သွေးကြောမျှင်တွေကို သန်မာစေပြီး နှာခေါင်းသွေးလျှံနိုင်ခြေကို လျှော့ချပေးပါတယ်။

ဒီလက္ခဏာတွေက ဘယ်လောက်ကြာသလဲ?
ကိုယ်ဝန်ကိုးလလုံး တဖြည်းဖြည်းပိုဆိုးလာတတ်ပြီး ကလေးမီးဖွားပြီး ပထမတစ်ပတ်အတွင်း ပျောက်ကင်းသွားတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?

နှာခေါင်းပိတ်တာကြောင့် -

▫️အိပ်မပျော်ခြင်း၊
▫️အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊
▫️ဟောက်တာက ပိုပြီးဆိုးလာခြင်း စတာတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သတိထားရမှာက ကိုယ်ဝန်ဆောင်တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံထားဖို့လည်း အရေးကြီးပါတယ်။

အခုဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ နှာခေါင်းပိတ်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းက စိတ်ပူရလားဆိုတာကို သိသွားလောက်ပြီ ထင်ပါတယ်နော်။

နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ ကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော် ….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.whattoexpect.com/pregnancy/symptoms-and-solutions/nasal-congestion.aspx

https://my.clevelandclinic.org/health/symptoms/22342-nosebleeds-while-pregnant

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#နှာခေါင်းသွေးလျှံ

ကိုယ်ဝန်ဆောင်ချိန် လျစ်လျူမရှုသင့်သော လက္ခဏာများကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေ အများကြီး ဖြစ်တတ်ပါတယ်။ ...
05/10/2026

ကိုယ်ဝန်ဆောင်ချိန် လျစ်လျူမရှုသင့်သော လက္ခဏာများ

ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေ အများကြီး ဖြစ်တတ်ပါတယ်။ တချို့လက္ခဏာတွေက ပုံမှန်ဆိုပေမယ့် တချို့ကတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေပါ။ ဒါကြောင့် မေမေတွေအနေနဲ့ ဘယ်လက္ခဏာတွေကို အထူးဂရုစိုက်ရမလဲဆိုတာသိထားဖို့ အရေးကြီးပါတယ်။

အခုပြောပြမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မပေါ့ဆသင့်တဲ့ လက္ခဏာ (၉)ခုအကြောင်းကို ဖတ်ပြီးရင် မေမေတို့လည်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်တယ်ဆိုတာ ပိုနားလည်လာမယ်လို့မျှော်လင့်ပါတယ်။

🔹ရုတ်တရက်ပြင်းထန်စွာဖောရောင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေကျင်းဝတ်နဲ့ခြေဖဝါးတွေ အနည်းငယ်ဖောရောင်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် လက်၊ မျက်နှာနဲ့ ခြေထောက်တွေမှာ ရုတ်တရက်ပြင်းထန်စွာ ဖောရောင်လာရင်တော့ သတိထားရပါမယ်။ အထူးသဖြင့် ကိုယ်ဝန်ဒုတိယသုံးလပတ် နှောင်းပိုင်းနဲ့ တတိယသုံးလပတ်တွေမှာဆိုရင် 𝐏𝐫𝐞𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင် ခြေထောက်တစ်ဖက်တည်းပဲ ဖောရောင်ပြီးနီခြင်း၊ နာကျင်ခြင်းတွေပါလာရင် သွေးခဲခြင်း (𝐃𝐞𝐞𝐩 𝐕𝐞𝐢𝐧 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐬𝐢𝐬) ရဲ့လက္ခဏာဖြစ်နိုင်လို့ ချက်ချင်းဆရာဝန်နဲ့ ပြသင့်ပါတယ်။

🔹ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း
ပထမသုံးလပတ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခေါင်းကိုက်တတ်ပေမယ့် သာမန်အကိုက်အခဲ ပျောက်ဆေးတွေနဲ့မသက်သာဘဲ ပုံမှန်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းမျိုး ဖြစ်လာရင်သတိထားရပါမယ်။ အထူးသဖြင့်ကိုယ်ဝန် အပတ် (၂၀) ကျော်လာရင် ဒီလိုခေါင်းကိုက်တာက 𝐏𝐫𝐞𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 ရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာနဲ့အတူ အမြင်အာရုံပြောင်းလဲခြင်း၊ အားနည်းခြင်း၊ လည်ပင်းတောင့်ခြင်း၊ ဖျားခြင်းတွေ ပါလာရင် ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။

🔹သွေးဆင်းခြင်း သို့မဟုတ် သွေးအနည်းငယ်ပါခြင်း
အထူးသဖြင့် ကိုယ်ဝန်ပထမသုံးလပတ်လောက်မှာ ကိုယ်ဝန်ဆောင်မေမေတွေရဲ့ (၂၅) ရာခိုင်နှုန်းလောက်မှာ သွေးအနည်းငယ် ဆင်းတတ်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲတွေနဲ့ သားအိမ်ခေါင်းက အရမ်းပျော့သွားတဲ့အတွက် လိင်ဆက်ဆံပြီးနောက် သွေးအနည်းငယ်ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ သွေးဆင်းရင် ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် သားအိမ်ပြင်ပကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်အနှောင်းပိုင်းမှာဆိုရင်လည်း လမစေ့ဘဲ ဝေဒနာဖြစ်ခြင်း ဒါမှမဟုတ် အချင်းနဲ့ပတ်သက်တဲ့ပြဿနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သွေးအများကြီးဆင်းလာမယ်၊ မူးမယ်၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံမှာ နာကျင်လာမယ်၊ ကြွက်တက်တာတွေ ဖြစ်လာမယ်ဆိုရင်တော့ အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။

🔹အဖျားတက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်) ကျော်ရင် အဖျားလို့သတ်မှတ်ပြီး ၁၀၂ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီဂရိတ်) ကျော်ရင် အရေးပေါ် ကုသမှုခံယူသင့်ပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ အဖျားတက်ရင် ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ချေရှိလို့ ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။

🔹ဆီးသွားရာတွင်နာကျင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးသွားရာတွင်နာကျင်ခြင်း၊ ဆီးထဲမှာသွေးပါခြင်း၊ ဆီးမကြာခဏသွားချင်တာမျိုးတွေ ဖြစ်လာရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဒီလိုပိုးဝင်တာကို ကုသမှုမခံယူဘူးဆိုရင် ကျောက်ကပ်ပိုးဝင်ခြင်းအထိဖြစ်နိုင်ပြီး လမစေ့ဘဲဝေဒနာဖြစ်ခြင်း၊ သွေးဆိပ်တက်ခြင်းတွေကို ဖြစ်စေနိုင်လို့ပါ။

🔹အသက်ရှူရခက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲနဲ့ ဝမ်းဗိုက်အရွယ်အစား ကြီးလာတာကြောင့် အသက်ရှူကျပ်တာပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ရှူရခက်တာ ပြင်းထန်လာမယ်၊ ချောင်းဆိုးလာမယ်၊ နှလုံးခုန်မြန်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။

🔹ရုတ်တရက်ကိုယ်အလေးချိန်တက်လာခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ပတ်ကို ကိုယ်အလေးချိန် တစ်ပေါင်လောက် တက်တာပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ပတ်အတွင်း ၃-၅ ပေါင်ကျော်လောက် ရုတ်တရက် တက်လာရင်တော့ 𝐏𝐫𝐞𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 ရဲ့လက္ခဏာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြသင့်ပါတယ်။

🔹စိတ်ကျရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေ၊ Morning Sickness တွေကြောင့် စိတ်ခံစားချက်တွေ အတက်အကျဖြစ်တာ ပုံမှန်ပါ။ ဒါပေမယ့် နေ့တိုင်းနီးပါး စိတ်ဓာတ်ကျခြင်း၊ အလုပ်တွေကိုစိတ်မဝင်စားတော့ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ အိပ်ရေးပျက်ခြင်း၊ အမြဲတမ်းပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်၊ ကိုယ်အလေးချိန်ကျခြင်း ဒါမှမဟုတ် အလွန်အကျွံစားပြီး ကိုယ်အလေးချိန်တက်လာခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ချင်တဲ့စိတ်တွေဖြစ်လာရင် ကိုယ်ဝန်ဆောင် စိတ်ကျရောဂါဖြစ်နိုင်လို့ မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ၁၀ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ ဒီရောဂါကိုစောစီးစွာကုသနိုင်ရင် မီးဖွားပြီးနောက်စိတ်ကျရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

🔹သန္ဓေသားလှုပ်ရှားမှု နည်းပါးလာခြင်း
တတိယသုံးလပတ်ရောက်ရင် ကလေးရဲ့လှုပ်ရှားမှုပုံစံတွေကို သိသိသာသာ ခံစားမိလာပါလိမ့်မယ်။ ကလေးလှုပ်ရှားမှုနည်းနေတယ်လို့ထင်ရင် ချိုတဲ့အစားအစာလေးတွေ စားပေးတာ ဒါမှမဟုတ် ရေအေးတာလေးသောက်ပေးတာ ဒီလိုမျိုးလေးတွေ လုပ်ပေးပြီး ကလေးရဲ့ လှုပ်ရှားမှုကို လှုံ့ဆော်ပေးလို့ ရပါတယ်။ ဒါ့အပြင် ဘယ်ဘက်အခြမ်းကို စောင်းအိပ်တာမျိုးတွေ၊ (၅)မိနစ်လောက် လမ်းလျှောက်ပေးတာမျိုးတွေလည်း လုပ်ပေးပြီး ကလေးရဲ့လှုပ်ရှားမှုကို တစ်နာရီလောက် စောင့်ကြည့်ပေးပါ။ နှစ်နာရီအတွင်းမှာမှ ကလေးရဲ့လှုပ်ရှားမှုက ၁၀ ခါ မရှိရင် ဆရာဝန်ကိုဆက်သွယ်ပါ။ အိမ်မှာသုံးတဲ့ 𝐅𝐞𝐭𝐚𝐥 𝐃𝐨𝐩𝐩𝐥𝐞𝐫 လို့ခေါ်တဲ့ သန္ဓေသားနှလုံးခုန်သံကို စစ်ဆေးလို့ရတဲ့ ကိရိယာတွေကိုအားမကိုးပါနဲ့။ ဆရာဝန်တွေက လိုအပ်ရင် 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဒါမှမဟုတ် 𝐧𝐨𝐧𝐬𝐭𝐫𝐞𝐬𝐬 𝐭𝐞𝐬𝐭 လုပ်ပေးပါလိမ့်မယ်။

အခုဆိုရင် မေမေတို့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ မပေါ့ဆသင့်တဲ့ လက္ခဏာ (၉)ခုအကြောင်းကို သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.thebump.com/a/bad-pregnancy-symptoms

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#လက္ခဏာများ #ကိုယ်ဝန်ဆောင်

22/09/2026

ကလေးက အိမ်မွေးတိရစ္ဆာန်နဲ့ ဓာတ်မတည့်ရင် ဘာလုပ်မလဲ ?




ကလေးငယ်များ စကားပြောနောက်ကျခြင်းအကြောင်း သိကောင်းစရာ 👶ကလေးလေးတွေ စကားစပြောတဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ ...
19/09/2026

ကလေးငယ်များ စကားပြောနောက်ကျခြင်းအကြောင်း သိကောင်းစရာ 👶

ကလေးလေးတွေ စကားစပြောတဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ တချို့ကလေးငယ်တွေက အသက်တစ်နှစ်အရွယ်မှာ ပထမဆုံး စကားလုံးလေးတွေ စထွက်တတ်ပေမယ့် တချို့အတွက်ကျတော့ ပုံမှန်ဖွံ့ဖြိုးမှုရဲ့ အတိုင်းအတာအတွင်းမှာကို စကားပြောတာ နည်းနည်းနှေးတတ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

မိဘတွေအနေနဲ့ “ငါ့ကလေး စကားပြောတာနောက်ကျနေလား”လို့ စိုးရိမ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကလေးကို တခြားသူတွေနဲ့ နှိုင်းယှဥ်မကြည့်ခင်မှာ အောက်ပါအကြောင်းအရာတွေကို ဦးစွာ နားလည်ထားဖို့ အကြံပြုချင်ပါတယ်။

အပြောနှောင့်‌နှေးခြင်း (𝐒𝐩𝐞𝐞𝐜𝐡 𝐃𝐞𝐥𝐚𝐲) နဲ့ ဘာသာစကား နှောင့်နှေးခြင်း (𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐃𝐞𝐥𝐚𝐲)

သုတေသနအရ အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၁၇.၅% လောက်ဟာ အပြော (သို့) ဘာသာစကား နှောင့်နှေးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီနှစ်ခုက ဆင်တူသယောင်ရှိပေမယ့် ကွာခြားချက်လေးတွေ ရှိပါတယ်။

➡️အပြောနှောင့်နှေးခြင်း - စကားလုံးတွေကို ထွက်ရခက်တာ၊ ပြောတဲ့စကားကို သူများနားလည်ရခက်တာမျိုး ဖြစ်ပါတယ်။

➡️ဘာသာစကားနှောင့်နှေးခြင်း - စကားလုံးအရေအတွက်နည်းတာ၊ စကားလုံးနှစ်လုံးတွဲ မပြောတတ်တာမျိုး ဖြစ်ပါတယ်။

ဒီလိုကလေးတွေဟာ စကားပြောဘက်မှာ နှေးနေပေမယ့် တစ်ဖက်က သူတို့ကြားရတဲ့စကားတွေကို ကောင်းကောင်းနားလည်နိုင်တယ်၊ လက်ဝှေ့ယမ်းတာ၊ လက်ညှိုးထိုးတာစတဲ့ အချက်ပြမှုတွေကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်တော့ စကားလုံးအသစ်တွေကို နှေးနှေးလေးနဲ့ ဆက်လက်သင်ယူနိုင်ပါသေးတယ်။

ဘယ်အကြောင်းအရာတွေက ကလေးကို စကားပြောနောက်ကျစေလဲ?

▫️အကြားအာရုံ အားနည်းခြင်း - နားပိုးခဏခဏဝင်ဖူးတာ၊ ဒါမှမဟုတ် အကြားအာရုံချို့ယွင်းနေတာက စကားပြောနောက်ကျစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

▫️ကိုယ်အလေးချိန်နည်းပြီး လမစေ့ဘဲမွေးတာ (သို့) အမွှာကလေးတွေဖြစ်တာ၊

▫️မိသားစုရာဇဝင်မှာ စကားပြောနောက်ကျတဲ့သူ ရှိဖူးတာ၊

▫️တခြားစွမ်းရည်တွေ (ဥပမာ– ခုန်တာ၊ လမ်းလျှောက်တာ) စောပြီးထူးချွန်နေတာကြောင့် စကားပြောဖို့ကို အာရုံမစိုက်မိတာ၊

▫️မိဘ (သို့) မောင်နှမတွေက ကလေးကိုစကားမပြောစေဘဲ ဘေးကနေ လိုတာအကုန်ကြိုဖြည့်ဆည်းပေးနေတာကြောင့် ကလေးက စကားပြောဖို့ မလိုအပ်တော့တာ၊

မိဘတွေ အနေနဲ့ အိမ်မှာ ဘယ်လိုကူညီပေးနိုင်မလဲ?

ဒီလိုကလေးငယ်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျောင်းစတက်ချိန်မှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။ အဲဒီအချိန်အထိ မိဘတွေ အိမ်မှာ လိုက်လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေကတော့ -

🔹များများစကားပြောပါ - ကိုယ်လုပ်နေတဲ့အလုပ်တွေ၊ သွားနေတဲ့နေရာတွေ၊ အိမ်သုံးပစ္စည်းတွေကို အမည်တပ်ခေါ်ပြီး နေ့စဉ်ပုံမှန်ပြောပြပါ။

🔹စကားလုံးကို ချဲ့ထွင်ပေးပါ - ကလေးက "ဘော်"လို့ပြောရင် မိဘတွေအနေနဲ့ "ဟုတ်တယ်၊ ဘောလုံးနီလေး" ဒါမှမဟုတ် "ဘောလုံးပစ်မယ်နော်" လို့ ဝါကျလေးတွေနဲ့ ပြန်ဖြေပေးပါ။

🔹ရွေးချယ်ခွင့်ပေးပါ - အစပိုင်းမှာ ဟုတ်/မဟုတ် ("ကလေးလေး ပန်းသီးစားချင်လား") မေးပြီး နောက်ပိုင်းမှာ ရွေးချယ်စရာပါတဲ့ မေးခွန်းမျိုး ("ပန်းသီးလား ငှက်ပျောသီးလား ဘာစားချင်လဲ") ပြောင်းမေးပေးပါ။

🔹တုပခြင်းကို အားပေးပါ - အစက လက်ခုပ်တီးတာ၊ ခုန်တာ စတာတွေလို ကိုယ်လက်လှုပ်ရှားမှုတွေကို အတုခိုးခိုင်းပါ၊ ပြီးရင် အသံတွေကို တုပခိုင်းပါ၊ နောက်ဆုံးမှ စကားလုံးတွေကို တုပပြီး ပြောခိုင်းပါ။

🔹လူမှုဆက်ဆံရေး - ကလေးကို အခြားကလေးတွေနဲ့ ပေါင်းသင်းဆော့ကစားခွင့် ပေးပါ။

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်လဲ ?

အချို့ကလေးတွေအတွက် “စောင့်ကြည့်လိုက်ဦးမယ်” ဆိုတဲ့နည်းက မသင့်တော်ပါဘူး။ အထူးသဖြင့် အောက်ပါအချက်တွေကို တွေ့ရှိရရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

▪️အသက် ၁၈ လ အရွယ် - လက်ညှိုးမထိုးတတ်ဘူး၊ စကားလုံးအသစ်မရှိဘူး၊ စကားလုံး ၆ လုံးတောင် မပြောတတ်ရင်၊

▪️အသက် ၂ နှစ် အရွယ် - စကားလုံးနှစ်လုံးတွဲ ("မေမေလာ" "ဘောလုံးပေး") မပြောတတ်ဘူး၊ "ဖိနပ်ယူလာပေး" စတဲ့ ရိုးရိုးညွှန်ကြားချက်တွေကို မလုပ်တတ်ရင်၊

▪️အသက် ၃ နှစ် အရွယ် - စကားမပီဘူး၊ ဝါကျတိုတိုလေးတွေ မပြောတတ်ဘူးဆိုရင်၊

🚨 အထူးသတိထားရမည့် အော်တစ်ဇင် (Autism) ၏ ရှေးဦးလက္ခဏာများ -

အောက်ပါလက္ခဏာများကို တွေ့ရပါက အော်တစ်ဇင် (𝐀𝐮𝐭𝐢𝐬𝐦 𝐒𝐩𝐞𝐜𝐭𝐫𝐮𝐦 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫) ဒါမှမဟုတ် အခြားသော ဖွံ့ဖြိုးမှုဆိုင်ရာ နှောင့်နှေးခြင်းများရဲ့ ရှေးဦးလက္ခဏာတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

🔸အရင်ပြောဖူးတဲ့စကားလုံး၊ အသံတွေ ပြန်ပျောက်သွားတာ၊

🔸မျက်လုံးချင်းဆုံအောင် နည်းနည်းပဲကြည့်တာ၊ လူမှုဆက်ဆံရေးမှာ အားနည်းတာ၊

🔸လက်ညှိုးထိုးတာ၊ လက်လှမ်းယူတာလို အမူအရာတွေ မလုပ်တာ၊

🔸နာမည်ခေါ်ရင် ပြန်မထူးတာ၊ လမ်းညွှန်ချက်တွေကို နားမလည်တာ၊

စောစီးစွာ ကုသမှုခံယူခြင်း (𝐄𝐚𝐫𝐥𝐲 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧) ၏ အရေးပါပုံ -

ဆရာဝန်နဲ့ ပြသတဲ့အခါ ကလေးရဲ့ စကားပြောနောက်ကျခြင်းဟာ နားကြားရမှု အားနည်းခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ပထမဆုံး အကြားအာရုံစစ်ဆေးမှု (Hearing Test) လုပ်ပြီး အတည်ပြုလေ့ရှိပါတယ်။

ကလေးတိုင်း ဖွံ့ဖြိုးမှုနှုန်း မတူညီတတ်ပေမယ့် ကိုယ့်ကလေးရဲ့ အပြုအမူကို အသေအချာ စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ လိုအပ်ပါက Speech Therapy (စကားပြောကုထုံး) တွေကို အချိန်မီ စတင်ခြင်း (Early Intervention) က ကလေးရဲ့ အနာဂတ်အတွက် များစွာအကျိုးရှိစေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ "စောင့်ကြည့်လိုက်ဦး" ဆိုတဲ့ အယူအဆထက် သံသယရှိရင် "စစ်ဆေးကြည့်လိုက်ဦး" ဆိုတာက အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်နော်။

အခုဆိုရင်တော့ မေမေတို့အတွက် ကလေးငယ်တွေ စကားပြောနောက်ကျရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.whattoexpect.com/toddler/ask-heidi/late-talker.aspx

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#စကားပြောနောက်ကျခြင်း #ကိုယ်ဝန်ဆောင်မိခင်

𝐎𝐦𝐞𝐠𝐚-𝟑𝐬 က သင့်ကလေးအတွက် ဘာတွေအထောက်အကူပြုလဲ?ကိုယ်ဝန်ဆောင်ချိန်မှာ  မိခင်လောင်းတိုင်း စားသုံးလိုက်တဲ့ အစားအစာတိုင်းက ရင်...
14/09/2026

𝐎𝐦𝐞𝐠𝐚-𝟑𝐬 က သင့်ကလေးအတွက် ဘာတွေအထောက်အကူပြုလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်း စားသုံးလိုက်တဲ့ အစားအစာတိုင်းက ရင်သွေးလေးအတွက် အလွန်အရေးပါပါတယ်။ ဖောလစ်အက်ဆစ်၊ သံဓာတ်တို့အပြင် Omega 3 က ကလေးရဲ့ ဦးနှောက်နဲ့ မျက်လုံးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက ရင်သွေးလေး‌တွေအတွက်ရော မေမေတို့အတွက်ပါ အကျိုးကျေးဇူးတွေများစွာ ပေးစွမ်းနိုင်ပါတယ်။

𝐎𝐦𝐞𝐠𝐚 𝟑 ဆိုတာဘာလဲ?
Omega 3s က ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီအက်ဆစ်ဖြစ်ပြီး သူ့ကို အစားအစာ သို့မဟုတ် ဖြည့်စွက်စာတွေကနေတစ်ဆင့် ရရှိနိုင်ပါတယ်။

➡️𝐃𝐇𝐀 (𝐃𝐨𝐜𝐨𝐬𝐚𝐡𝐞𝐱𝐚𝐞𝐧𝐨𝐢𝐜 𝐀𝐜𝐢𝐝) – ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို အဓိက အထောက်အကူပြုပါတယ်။

➡️𝐄𝐏𝐀 (𝐄𝐢𝐜𝐨𝐬𝐚𝐩𝐞𝐧𝐭𝐚𝐞𝐧𝐨𝐢𝐜 𝐀𝐜𝐢𝐝) – မိခင်ရဲ့ နှလုံးကျန်းမာရေးနဲ့ စိတ်ခံစားချက်ကိုလည်း အကျိုးပြုပေးပါတယ်။

➡️𝐀𝐋𝐀 (𝐀𝐥𝐩𝐡𝐚-𝐥𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐀𝐜𝐢𝐝) – အပင်ကရတဲ့ Omega 3 အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်ပျက်မှု နည်းပါးတဲ့အတွက် DHA အဖြစ်ရောက်ရှိနိုင်မှု နည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်စဉ် Omega 3 ရရှိခြင်း၏ အဓိက အကျိုးကျေးဇူးများ

၁။ အာရုံစူးစိုက်နိုင်မှုနဲ့ မှတ်ဉာဏ်အား ကောင်းမွန်ခြင်း၊
၂။ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ လျော့ကျခြင်း၊
၃။ ကလေးကိုယ်အလေးချိန်နည်းခြင်းကို လျှော့ချပေးနိုင်ခြင်း၊
၄။ သွေးတိုးရောဂါ (Preeclampsia) အန္တရာယ် လျှော့ချပေးနိုင်ခြင်း၊
၅။ စိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း၊ (မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါ လက္ခဏာများကို သက်သာစေနိုင်ပါတယ်)

Omega 3 ကို တစ်နေ့ ဘယ်လောက်လိုအပ်လဲ ?တခြားဘယ်ကနေရနိုင်သေးလဲ?

အကြံပြုချက်များအရ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက နေ့စဉ် အိုမီဂါ-၃ အနည်းဆုံး ၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ( ဆော်လမွန်ငါး ၁၀၀ ဂရမ်မှာ ဒီလောက် ပမာဏ ပါဝင်ပါတယ်။) Omega 3 ကို အစားအစာ၊ ဖြည့်စွက်စာ သို့မဟုတ် နှစ်မျိုးပေါင်းစပ်ခြင်းဖြင့်လည်း ရယူနိုင်ပါတယ်။

1. Omega 3 ကို အစားအစာမှ ရယူခြင်း

အကောင်းဆုံး ရင်းမြစ် – ပြဒါးဓာတ်နည်းပါးပြီး အဆီများတဲ့ ငါးတွေကို စားသုံးခြင်းဖြစ်ပါတယ်။

🔹ဆော်လမွန်
🔹တူနာငါးအသေး
🔹ဟယ်ရင်း
🔹ဆာဒင်း

ဒုတိယအဆင့် ရင်းမြစ် – အောက်ပါအစားအစာများတွင်လည်း Omega 3 ပါဝင်ပါတယ်။

🔸ဥများ (အထူးသဖြင့် Omega 3 ဖြည့်စွက်ထားသော ကြက်ဥ)
🔸ကြက်သား (အနည်းငယ်မျှသာ)
🔸ဖြည့်စွက်ထားသော နို့၊ ဒိန်ချဉ်၊ ပဲနို့ (တံဆိပ်ပေါ်တွင် “omega-3 fortified” အညွှန်းပါတာကို ဖတ်ပါ)

အပင်ရင်းမြစ်များ – ဖော်ပြထားတဲ့ အပင်များမှာ Omega 3 ရဲ့ ALA ပုံစံပါဝင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ALA ကို DHA အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပေမယ့်လည်း ထိရောက်စွာ ပြောင်းနိုင်စွမ်းတော့ မရှိပါဘူး။

▫️သစ်ကြားသီး
▫️နှမ်းစေ့
▫️ကနိုလာဆီ
▫️ပဲပိစပ်

2. Omega 3 ကို ဖြည့်စွက်စာမှ ရယူခြင်း

ငါးမစားနိုင်သူများ (သို့မဟုတ် စားချင်စိတ်မရှိသူများ)၊ သို့မဟုတ် အစားအစာမှ လုံလောက်စွာ မရနိုင်သူများအတွက် ဖြည့်စွက်စာက ကောင်းမွန်တဲ့ အရန်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

➡️ပုံစံအမျိုးမျိုး – ဖြည့်စွက်စာများကို အရည်၊ ဝါးစားနိုင်တဲ့ ပျော့ဆေးပြား (soft chews)၊ နဲ့ ပျော့ဆေးတောင့် (soft gel) ပုံစံများနဲ့ အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ Gummy ပုံစံများလည်း ရှိပြီး အရသာရှိရှိနဲ့ မျိုချရလွယ်ကူတဲ့အတွက် လူကြိုက်များပါတယ်။

➡️သတ်သတ်လွတ်စားသူများအတွက် ရေညှိ (algae) မှ ထုတ်လုပ်တဲ့ Omega 3 ဖြည့်စွက်စာများလည်း ရှိပါတယ်။

Omega 3 က ကလေးရဲ့ အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ငါးတွေကို မျှတစွာစားသုံးဖို့ ၊ လိုအပ်တဲ့ အာဟာရဓာတ်ကို အပြည့်အဝ ရယူပြီး စားသောက်ဖို့ ဒါမှမဟုတ် ယုံကြည်ရတဲ့ ဖြည့်စွက်စာတစ်မျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်ဖို့ လုံးဝမမေ့ပါနဲ့နော်။

အခုဆိုရင်တော့ မေမေတို့ Omega 3s ရဲ့ ကောင်းကျိုးနဲ့ ပတ်သက်ပြီး သေချာနားလည်သွားပြီလို့ ထင်ပါတယ်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/diet-and-fitness/is-it-safe-to-take-fish-oil-or-other-omega-3-supplements-dur_10336998

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#အိုမီဂါ3 #ကိုယ်ဝန်ဆောင်မိခင်

Omega 3 က ကလေးအတွက် ဘာတွေ အထောက်အကူပြုနိုင်လဲ ? A. ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးလာစေရန်B. အရိုးတွေ သန်မာလာစေရန်C. အရပ်...
11/09/2026

Omega 3 က ကလေးအတွက် ဘာတွေ အထောက်အကူပြုနိုင်လဲ ?

A. ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးလာစေရန်
B. အရိုးတွေ သန်မာလာစေရန်
C. အရပ်ရှည်လာစေရန်



ကိုယ်ဝန်ဆောင်စဉ် ရှောင်ကြဉ်ရမည့် အစားအစာနှင့် ဖျော်ရည် ၁၁ မျိုး 🥗🥙 ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိ...
09/09/2026

ကိုယ်ဝန်ဆောင်စဉ် ရှောင်ကြဉ်ရမည့် အစားအစာနှင့် ဖျော်ရည် ၁၁ မျိုး 🥗🥙

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်ရုံသာမက မိခင်နဲ့ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတချို့ကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒီကာလဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးအတွက် အာဟာရအပြည့်အဝရရှိရေးသာမက၊ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုပါ ရှောင်ရှားဖို့ အလွန်အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်ရတဲ့ အစားအစာတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေ ဖြစ်နေတတ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တဲ့ အစားအစာနဲ့ ဖျော်ရည် (၁၁) မျိုးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁. အစိမ်း (သို့) မကျက်သေးတဲ့ အသား၊ ပင်လယ်စာနဲ့ ကြက်သား

အကြောင်းရင်းကတော့Toxoplasma ကပ်ပါးကောင်နဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေ ပါနိုင်ပါတယ်။
ဘေးကင်းစေဖို့အတွက် အသား၊ ပင်လယ်စာတွေကို ကျက်အောင် ချက်ပေးပါ။ ဆူရှီ၊ ဂုံးစိမ်းတို့ကို ရှောင်ပေးပါ။

၂. ကြက်ဥအစိမ်း

ကြက်ဥအစိမ်းမှာ Salmonella ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။ ဒီဘက်တီးရီးယားကြောင့် ဖျားတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းသွားတာ စတာတွေ ဖြစ်နိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် လမစေ့ခင် မွေးတာ ဒါမှမဟုတ် ကလေးအသေမွေးတာတို့ထိပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကြက်ဥအနှစ်ကို ကျက်တဲ့အထိ သေချာ ကျက်အောင်ချက်ပါ။ Homemade mayonnaise, salad dressings, homemade ice-cream စတာတွေထဲမှာလည်း ကြက်ဥအစိမ်း ပါဝင်နေနိုင်တဲ့အတွက် ရှောင်ပေးသင့်ပါတယ်။

၃. အဆင်သင့်လုပ်ထားသော အသုပ်များ (Deli meats, prepared salads)

အအေးခံထားတဲ့ အသားတွေ၊ salads တွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယား ပါနေနိုင်တဲ့အတွက် Sandwich, Potato salad တို့ကို သေချာအပူပေးပြီးမှသာ စားသုံးသင့်ပါတယ်။

နောက်ပြီး စည်သွပ်ထားတဲ့ အသားနဲ့ပင်လယ်စာတွေကို စားလို့ရတယ်ဆိုပေမယ့် ဆိုဒီယမ်ပါဝင်မှု များတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ အနည်းငယ်ပဲ စားသုံးပေးသင့်ပါတယ်။

၄. မာကျူရီဓာတ်မြင့်မားသော ငါး

မာကျူရီဓာတ်က အာရုံကြောစနစ်၊ ကိုယ်ခံအားစနစ်နဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်ကိုလည်း ပြင်းထန်တဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မာကျူရီ ပါဝင်မှုနှုန်းများတဲ့ ငါးတွေကို မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်နေချိန်မှာပါ ရှောင်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် - ငါးမန်း (Shark)၊ ဓားရှည်နှုတ်သီးငါး (Swordfish)၊ ကင်းမက်ကရယ် (King Mackerel) နှင့် တူနာငါးကြီးများ (Bigeye Tuna) ကဲ့သို့သော ပင်လယ်ငါးကြီးများကို ရှောင်ကြဉ်သင့်ပါတယ်။

၅. Unpasteurized နို့၊ Cheese နဲ့ ဖျော်ရည်များ

Pasteurization မပြုလုပ်ထားတဲ့ နို့၊ cheeseနဲ့ ဖျော်ရည်တွေမှာဆိုရင် Listeria, Salmonella အပါအဝင် အခြားကူးစက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပြီး အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရစေပါတယ်။

Pasteurization ဟာ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို လျော့ကျသွားစေတာမျိုးမရှိသလို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ pasteurized ပြုလုပ်ထားတဲ့ နို့၊ cheese နဲ့ ဖျော်ရည်တွေကိုသာ သောက်သုံးပေးသင့်ပါတယ်။

၆. ပူတဲ့နေရာ သို့မဟုတ် အေးတဲ့နေရာတွင် ကြာရှည်ထားသော အစားအစာများ

အကြောင်းရင်းကတော့ အပူချိန် အလယ်အလတ်မှာ ဘက်တီးရီးယား လျင်မြန်စွာ ပွားနိုင်ပါတယ်။

ဘေးကင်းစေဖို့အတွက် အနိမ့်ဆုံး အပူချိန် (Minimum Hot Holding Temperature) တွင်ထားပါ။ ဒါပေမယ့် ၂ နာရီကျော်တဲ့ထိ မစားဘဲ ပစ်ထားတဲ့ အစားအစာတွေကိုတော့ ဆက်ပြီးမစားသုံးသင့်ပါဘူး။

၇. အညှောက်ပေါက်စေ့များ (Raw sprouts)

Raw sprouts တွေမှာဆိုရင် Salmonella ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ နောက်ပြီးတော့ ဘက်တီးရီးယားတွေက စိုစွတ်နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ပွားနိုင်ပါတယ်။ ရေနဲ့ဆေးကြောရုံနဲ့လည်း ဒီဘက်တီးရီးယားတွေကို အလွယ်တကူဖယ်ရှားလို့ မရနိုင်တဲ့အတွက် မေမေတို့အနေနဲ့ သေချာချက်ပြုတ်ပြီးမှသာ စားပေးသင့်ပါတယ်နော်။

၈. မဆေးရသေးသော သစ်သီး၊ ဟင်းသီးဟင်းရွက်

မဆေးကြောရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် အခွံမခွာရသေးတဲ့ သစ်သီးတွေမှာ Toxoplasma, Listeria, Salmonella အစရှိတဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေကနေတစ်ဆင့် Toxoplasma ဘက်တီးရီးယားကူးစက်ခံရတဲ့ ကလေးတွေမှာဆိုရင် မွေးခါစမှာတော့ ချက်ချင်းလက္ခဏာမပြတတ်ပေမယ့် နောက်ပိုင်းမှာ မျက်စိကွယ်တာ ဒါမှမဟုတ် ဥာဏ်ရည်ဖွံ့ဖြိုးမှု ချို့ယွင်းတာ စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ သေချာဆေးကြော၊ အခွံခွာပြီးမှသာ စားသုံးသင့်ပါတယ်။

၉. အရက်ယမကာ

အရက်က အချင်းကနေတစ်ဆင့် ကလေးဆီရောက်နိုင်ပြီး ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေနဲ့ ကလေးအသေမွေးနိုင်ခြေလည်း များတာကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ကို လုံးဝရှောင်ကြဥ်သင့်ပါတယ်နော်။

၁၀. Fresh-squeezed juice

Fresh-squeezed juice တွေမှာဆိုရင် ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပြီး အစာအဆိပ်သင့်တာမျိုးတွေလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ အသီးဖျော်ရည်သောက်ချင်တဲ့အခါ အိမ်မှာ သေချာဆေးကြောပြီး ဖျော်သောက်တာမျိုးက ပိုပြီး စိတ်အချရဆုံးပါပဲနော်။ အိမ်မှာ သစ်သီးတွေကို သေချာဆေးကြောပြီး ကိုယ်တိုင်ညှစ်သောက်ပါ။ အအေးဆိုင်၊ ကော်ဖီဆိုင်တွေက ဖျော်ရည်စိမ်းတွေကို ရှောင်ပေးပါ။

၁၁. ကဖိန်းဓာတ် အလွန်အကျွံသောက်ခြင်း

ကဖိန်းဓာတ်အလွန်အကျွံသောက်သုံးတဲ့အခါ ကလေးမှာဆိုရင် လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိခင်မှာဆိုရင်တော့ စိတ်လှုပ်ရှားတာ၊ ညဘက်အိပ်မပျော်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ အစာမကြေတာ၊ ပျို့အန်တာ စတာတွေ ခံစားရတတ်ပါတယ်။

တစ်နေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ လက်ဖက်ရည်၊ ချောကလက်နဲ့ Energy drinks တို့မှာလည်း ကဖိန်းဓာတ်ပါတာမလို့ ကိုယ်ဝန်ဆောင်မေမေတို့ ရှောင်ကြဥ်သင့်ပါတယ်။

အခုဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်ရမယ့် အစားအစာနဲ့ ဖျော်ရည် (၁၁) မျိုး ကို သိသွားလောက်ပြီ ထင်ပါတယ်နော်။
နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.babycenter.com/pregnancy/diet-and-fitness/foods-and-beverages-to-avoid-during-pregnancy_10348544

https://www.vinmec.com/eng/blog/11-foods-and-drinks-to-avoid-during-pregnancy-en

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်မိခင်

Address

#106, Maha Land Business Center, 56 Kabar Aye Pagoda Road, Yankin Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nifty Test posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share