Dr Min Lifestyle Centre

Call Directions Website Contact the business

Dr Min Lifestyle Centre ဆီးချိုသွေးတိုး သွေးအဆီများ ဝိတ်တက် စိတ်ကျန်းမာရေးစ‌တဲ့နာတာရှည် ရောဂါများအတွက် Lifestyle ကုထုံးများ

� ကိုဗစ်ကာကွယ်ကုသရေးအတွက် မိမိအိမ်မှာနေပြီး မိမိရောဂါအတွက် ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဖုန်းခေါ်ကာ ရုပ်မြင်သံကြားဆွေးနွေးနိုင်ပါပြီ။

� ဆီးချို၊ အသည်းအဆီဖုံး၊ သွေးတွင်းအဆီတက် စသည့် နာတာရှည်ရောဂါအမျိုးမျိုးကုသလိုသူများ၊
� စိတ်ဖိစီး စိတ်ကျရောဂါအတွက်ဆွေးနွေးကုသလိုသူများ၊
� ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းလာလို့ ဝိတ်ချဖို့လိုအပ်နေသူများကို Lifestyle Online Clinic မှာ ဖုန်းပြောကုသပေးနေပါပြီ။

� တကြိမ်လျင် လိုအပ်သလို 20-25 မိနစ် ခန့်ထိကြာ စမ်းသပ်စစ်ဆေးကုသမှုအစီအစဉ်ကို ဖုန်းဆက်ပြီး ရက်ချိန်း ရယူနိုင်ပါသည်။

� Viber Video call (အင်တာနက်မရလျင်ရိုးရိုးဖုန်းပြော) ခေါ်ဆိုပြီး အောက်ပါကုသဆွေးနွေး မှုများ ရရှိပါမည်။

၁။ ရောဂါရာဇဝင်ရယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆေးမှတ်တမ်းဟောင်းများရှိပါက စစ်ဆေးပေးခြင်း
၂။ မိမိနေထိုင်စားသောက်ပုံ အလေ့အကျင့်များကို စမ်းစစ်ခြင်း
၃။ ပြည်သူ့ကျန်းမာရေးအထူးကု (ဆီးချို/ အဝလွန် Lifestyle ဆရာဝန်) ဒေါက်တာမင်းထက်ဇော်ကိုယ်တိုင် လိုအပ်သောဆေးနှင့် ကုသမှုညွှန်ကြားခြင်း
၄။ Healthy Lifestyle (ကျန်းမာစေသောလူနေမှုပုံစံများဖြစ်သည့်အစားအ‌သောက်ကုထုံး)၊ သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်း သင်ကြားလေ့ကျင့်မှု၊ စိတ်ဖိစီးမှု့လျှော့ချရေး၊ စသည့် ဆွေးနွေးကုသပေးမှု (counseling) တစ်ခုခု (သင့်တော်ကိုက်ညီသော မိမိနှစ်သက်ရာ ကျန်းမာရေး အစီအစဉ်ရရန် သုံးလေးကြိမ် ဆွေးနွေးဖို့ လိုအပ်နိုင်ပါသည်)

ဒေါက်တာမင်းထက်ဇော်
MB, BS; PGDip in Diabetes (UK); MPH (NUS, Singapore); DMPR; Hon Obs at OCDEM (Oxford); CCEBDM; Cert in Nutrition (WUR, Netherlands); Certified Diabetes Educator (IDF); Training in PsychoMedicine (NUH)

� Dr Min Lifestyle Online Clinic
ဖုန်း 09797239686
YouTube channel: https://youtube.com/user/mhzaw01

27/08/2026

လူတယောက်နဲ့တယောက် အဓိကကွာခြားသွားတာက ညနေခင်းနဲ့ ညပိုင်းမှာ လုပ်ဖြစ်တဲ့ Lifestyle တွေကြောင့်ပါ။
ဒီမှာကျန်းမာရေး ရှု့ထောင်ကနေဘဲ ပြောထားတယ်။ ကိုယ့်ဘာသာဆက် တွေးကြည့်ပါ။ အလုပ်ပြီးချိန် ညနေ ည ဘာလုပ်ကြလဲ?
အပြည့်အစုံကို ၅မိနစ်ဗီဒီယို ကြည့်ပါ။
အကျိုးရှိရင် yes လို့ မန့်ပေးပါ။
healthy lifestyle လက်တွေ့လုပ်နိုင်ဖို့ နောက်ထပ် ကျန်းမာရေး video တွေ ဖန်တီးဖို့ စာဖတ်သူ ကြည့်ရှု့သူတွေရဲ့ အားပေးမှု လိုအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 💞
.

26/08/2026

ကိုယ့်ခွန်အားကို အချိန်မှန် နေရာမှန် မသုံးတတ်လို့ ကျန်းမာရေးထိခိုက်လာတာပါ။ နေ့ခင်းမှာပင်ပန်းနွမ်းလျ အားကုန်နေလား။ ညကျအိပ်မပျော်စိတ်လေနေလား? ခန္ဓာကိုယ်ထဲက နေကောင်း စားကောင်းအိပ်ပျော်စေတဲ့ သဘာဝဟိုမုန်းထွက်လာအောင် Lifestyle လုပ်လို့ရတယ်။
အပြည့်အစုံကို 5မိနစ်ဗီဒီယို စီးရီး ကြည့်ပါ။
အကျိုးရှိရင် yes လို့ မန့်ပေးပါ။
healthy lifestyle လက်တွေ့လုပ်နိုင်ဖို့ နောက်ထပ် ကျန်းမာရေး video တွေ ဖန်တီးဖို့ စာဖတ်သူ ကြည့်ရှု့သူတွေရဲ့ အားပေးမှု လိုအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 💞
.

25/08/2026

စိတ်ဖိစီးသောကကို တိုက်ထုတ်မယ့်ခန္ဓာကိုယ်ထဲက သဘာဝဟိုမုန်းထွက်လာအောင်လုပ်လို့ရတယ်။ Natural Pain killers ပါ။
ခန္ဓာကိုယ်ကိုက်ခဲတာတွေ စိတ်ထဲကနာကျင်မှုတွေ ပျောက်သွားအောင် လုပ်ကြည့်ပါ။

အပြည့်အစုံကို ၆မိနစ်ဗီဒီယို ကြည့်ပါ။
အကျိုးရှိရင် yes လို့ မန့်ပေးပါ။
healthy lifestyle လက်တွေ့လုပ်နိုင်ဖို့ နောက်ထပ် ကျန်းမာရေး video တွေ ဖန်တီးဖို့ စာဖတ်သူ ကြည့်ရှု့သူတွေရဲ့ အားပေးမှု လိုအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 💞
.

23/08/2026

စိတ်လေနေရင် ဘာလုပ်ရမှန်းမသိရင် ထလုပ်ပါ။ စိတ်ပြန်တက်ကြွတယ်။
အားနေရင် ထလုပ်ပါ။ အရမ်း အကျိုးရှိတယ်။
အချိန်အခါကောင်း ၃ ခု အကြောင်း အပြည့်အစုံကို ၅မိနစ်ဗီဒီယိုမှာ ကြည့်ပါ။
အကျိုးရှိရင် yes လို့ မန့်ပေးပါ။
healthy lifestyle လက်တွေ့လုပ်နိုင်ဖို့ နောက်ထပ် ကျန်းမာရေး video တွေ ဖန်တီးဖို့ စာဖတ်သူ ကြည့်ရှု့သူတွေရဲ့ အားပေးမှု လိုအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 💞
.

22/08/2026

ဒါလေးပြင်ပြီး မကောင်းတဲ့အကျင့်ကို ကောင်းတဲ့အကျင့်နဲ့ အစားထိုးပါ။
fans LC Lifestyle Counseling

19/08/2026

သိရင် အလွယ်လေး!
ထိုင်ရင်း ရပ်ရင်း၊ သွားရင်းလာရင်း လုပ်လို့ရတယ်။ ဖုန်းသုံးနေတယ်ဆို တနေ့၅မိနစ်နော့ အချိန်ပေး။

⚕️  အကြော အရိုးအဆစ်နာကျင်ကိုက်ခဲမှုတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physiotherapy) မှာသုံးတဲ့ Laser စက်တွေက ထိရောက်မှု...
17/08/2026

⚕️ အကြော အရိုးအဆစ်နာကျင်ကိုက်ခဲမှုတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physiotherapy) မှာသုံးတဲ့ Laser စက်တွေက ထိရောက်မှု ဘာတွေကွာလဲ?

အကြောအဆစ်အထူးကုဆေးခန်းတွေမှာ တွေ့နေရတဲ့ လေဆာကုထုံးစက်တွေက Power (စွမ်းအား) ပမာဏအပေါ်မူတည်ပြီး အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။
စက်ဈေးကြီးလို့ ရန်ကုန်မှာ စင်တာ တွေက Low power စက်ဘဲ အထားများကြတယ်။
ကျမတို့ဆေးခန်းလာတဲ့ ဒူးနာခါးနာလူနာတွေကို ညွှန်ပေးနေရလို့ ခွဲသိရအောင် အသိပညာပေး ရေးသားပေးလိုက်ပါတယ်နော်

၁။ Low Power (Cold Laser / LLLT) -
ဒါကတော့ စွမ်းအင်အနိမ့်စားသုံးတဲ့စက်ပါ။ အရေပြားပေါ်နဲ့ နီးတဲ့နေရာလေးတွေ (အသေးစားဒဏ်ရာ၊ အရေပြားပြဿနာ) လောက်ကိုပဲ ထိုးဖောက်နိုင်ပြီး နာကျင်မှု သက်သာဖို့ အချိန်အနည်းငယ် ပိုပေးရပါတယ်။

၂။ High Power (HILT) -
ဒါကတော့ စွမ်းအင်အမြင့်စားသုံးတဲ့ စက်အမျိုးအစားပါ။ ကြွက်သားထူထူတွေ၊ အရိုးအဆစ်နက်ပိုင်းတွေ၊ ခါးဆစ်နဲ့ ကျောရိုးဆစ်တွေအထိ အလွန်နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကုသပေးနိုင်ပါတယ်။

💡 ဘာကြောင့် ဈေးပိုကြီးပေမယ့် High Power Laser (HILT) ကို ရွေးသင့်တာလဲ?

➡️ နာကျင်မှုကို ချက်ချင်း သက်သာစေတယ်
High Power က ဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့အပြင် အပူဓာတ်နဲ့ ဖိအားလှိုင်းတွေကိုပါ ပေါင်းစပ်ပေးနိုင်လို့ နာကျင်ကိုက်ခဲတာကို ပထမအကြိမ် စကိုင်ကတည်းက သက်သာစေပါတယ်။

➡️ အချိန်နဲ့ အကြိမ်ရေ ပိုကုန်သက်သာတယ်
စွမ်းအင်ပြင်းအား ကောင်းလို့ တစ်ခါပြရင် (၁၅ မိနစ်လောက်နဲ့) အချိန်တိုအတွင်း ပြီးပါတယ်။ ရောဂါသက်သာဖို့ ဆေးခန်းပြန်ပြရမယ့် အကြိမ်ရေလည်း နည်းသွားနိုင်ပါတယ်။

➡️ နက်ရှိုင်းတဲ့ ဒဏ်ရာတွေအတွက် အကောင်းဆုံး

ရိုးရိုးလေဆာစက်တွေ မရောက်နိုင်တဲ့ ခါးနာတာ၊ ဒူးဆစ်ရိုးနာတာ၊ ကြွက်သားနဲ့ အရွတ်ပြင်းထန် ထိခိုက်တာတွေကို တိုက်ရိုက်ကုသပေးနိုင်ပါတယ်။

ဆေးခန်း ကုန်ကျစရိတ်ကတော့ High Power က ပိုကြီးတာမှန်ပေမဲ့ ကုသရတဲ့ ရလဒ်မြန်ဆန်မှု၊ အချိန်တိုအတွင်း သက်သာပျောက်ကင်းမှုတွေကြောင့် ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်ပါတယ်ရှင်။

14/08/2026

လိုရင်းကတော့ လူနာတွေကျန်းကျန်းမာမာနဲ့အသက်ရှည်ဖို့ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုကုသရာမှာ ဒီရည်ရွယ်ချက် ထမြောက်အောင်မြင်ဖို့ ကုသပေးရပါတယ်။
နိုင်ငံတကာဆီးချိုသွေးချိုအသင်းကြီး (IDF) ကိုကိုးကားပြီး ရှယ်ပေးလိုက်ပါတယ်။
Dr Min Lifestyle (online clinic)
Viber 09 7972 39686



ကျနော်တို့ ဆေးခန်း team မှာ page ၃ခုရှိပါတယ်။ကျန်းမာရေးဗဟုသုတတွေကို ကျ‌ေတာ်တို့ ဒီpageမှာလည်းတင်တာမို့ စိတ်ချလက်ချ like ...
13/08/2026

ကျနော်တို့ ဆေးခန်း team မှာ page ၃ခုရှိပါတယ်။ကျန်းမာရေးဗဟုသုတတွေကို ကျ‌ေတာ်တို့ ဒီpageမှာလည်းတင်တာမို့ စိတ်ချလက်ချ like and follow လုပ်ထားကြပါဦးခင်‌ဗျ။ 👉
LC Lifestyle Counseling
အစစ်အမှန်သမားတွေက AI ကို အထောက်အကူရရုံသုံး၊ သေချာ ပြန်စီစစ် စစ်ဆေးပြီးမှသုံးတာ။ မတူဘူးနော်

ဒီကာလကြီးမှာ လူကြီးတွေသာမက ကလေးသူငယ်တွေပါ စိတ်ဖိစီးသောကဒဏ် ခံစားကြရပါတယ်။ AI, IT ခေတ်မှာ အာရုံစိုက်နိုင်စွမ်းနည်းပါးလာပြီး စိတ်တွေယောက်ယက်ခတ်ကြတယ်။ ADHD ဖြစ်လား စဉ်းစားကြတဲ့အကြောင်း မနေ့က ပိုစ့်မှာရှင်းပြခဲ့ပါပြီ။

ဖိစီးမှုနဲ့ ဆက်စပ် တွဲဖက် ဖြစ်တတ်တဲ့ (အာရုံကြောဆိုင်ရာ မလိုလားအပ်သော လှုပ်ရှားမှုများ/အသံထွက်များ) အကြောင်း မိဘတွေသိထားဖို့လိုပါတယ်။
မိဘ နဲ့ မိသားစုဝင်တွေက ကလေးရောဂါသက်သာဖို့ ဘယ်လိုအားပေးကူညီနိုင်မလဲဆိုတာကိုလည်း ပြောပြပါမယ်။

🧠 Tics (တိစ်စ်) ဆိုတာ ဘာလဲ? မိဘတွေ သိထားသင့်တဲ့ အချက်များ
ကလေးငယ်တွေ ဒါမှမဟုတ် လူငယ်တွေမှာ ရုတ်တရက် မျက်စိ မှိတ်တုတ်မှိတ်တုတ်လုပ်တာ၊ ပုခုံးတွန့်တာ၊ ဒါမှမဟုတ် ထူးဆန်းတဲ့ အသံတွေ မကြာခဏ လုပ်နေတာကို သတိထားမိဖူးပါသလား? ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘဲ Tics (တိစ်စ်) လို့ခေါ်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတစ်မျိုး ဖြစ်နိုင်ပါတယ်။
ဒီနေ့မှာတော့ Tics အကြောင်းကို မိဘတွေနဲ့ လူထုအတွက် နားလည်လွယ်အောင် မျှဝေပေးလိုက်ပါတယ် -

🔍 Tics ဆိုတာ ဘာလဲ?
Tics ဆိုတာကတော့ မိမိအလိုအလျောက် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ (Motor Tics) သို့မဟုတ် အသံထွက်တာတွေ (Vocal Tics) ကို ဆိုလိုပါတယ်။
ဒါတွေဟာ စိတ်ဆန္ဒအလျောက် လုပ်တာမဟုတ်ဘဲ ဦးနှောက်ရဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

📋 Tics ရဲ့ အမျိုးအစားများ
Tics များကို အဓိကအားဖြင့် ၂ မျိုး ခွဲခြားထားပါတယ် -
* ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ (Motor Tics):
* မျက်စိ မှိတ်တုတ်မှိတ်တုတ်လုပ်ခြင်း (သို့) မှိတ်ခြင်း
* မျက်ခုံးပင့်ခြင်း
* ပုခုံးတွန့်ခြင်း
* ခေါင်းခါယမ်းခြင်း
* လက် သို့မဟုတ် ခြေထောက်ကို ရုတ်တရက် လှုပ်ရှားခြင်း

* အသံပိုင်းဆိုင်ရာ လှုပ်ရှားမှုများ (Vocal Tics):
* မကြာခဏ ချွဲသံထွက်ခြင်း၊ နှာရှုံ့ခြင်း
* တကျွတ်ကျွတ်မြည်သံပြုခြင်း
* အကြောင်းမဲ့ အော်သံထွက်ခြင်း (သို့) စကားလုံးများကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်း

⚠️ ဘာကြောင့် ဖြစ်ရတာလဲ?
* မျိုးရိုးဗီဇ: မိသားစုအတွင်း တိစ်စ် (သို့) Tourette Syndrome ရာဇဝင်ရှိခြင်း။
* ဦးနှောက်အတွင်းရှိ ဓာတ်ပစ္စည်းများ (Neurotransmitters): ဥပမာ- ဒိုပါမင်း (Dopamine) ကဲ့သို့သော ဓာတ်ပစ္စည်းများ မူမမှန်ခြင်း။
* လှုံ့ဆော်မှုများ: စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ပူပန်သောကရောက်မှုတွေက ရောဂါလက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။

💡 #မိဘတွေအနေနဲ့ဘယ်လိုကူညီပေးနိုင်မလဲ?

အိမ်မှာ ပြုစုအားပေးဖို့အတွက် ပထမဆုံး အရေးကြီးတာက ကလေးရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ပါပဲ။ အေးချမ်းပြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါ။

စကားပြောတဲ့အခါမှာလည်း အပြစ်တင်တာမျိုး မလုပ်ဘဲ၊ သူ့ရဲ့ ခံစားချက်ကို နားထောင်ပေးပြီး အမှန်တကယ် နားလည်ပေးကြောင်း ပြသပေးပါ။

နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ပုံမှန်ဖြစ်အောင် ကူညီစီစဉ်ပေးတာကလည်း အလွန်အထောက်အကူဖြစ်စေပါတယ်။ ဥပမာ- လုပ်စရာတွေကို စာရင်းပြုလုပ်ပေးတာမျိုးပါ။

Tics လက္ခဏာတွေဖြစ်လာတဲ့အခါ
* အပြစ်တင်ခြင်း (သို့) ဆူပူကြိမ်းမောင်းခြင်း ရှောင်ပါ - ကလေးတွေက ဒါကို တမင်လုပ်နေတာ မဟုတ်တဲ့အတွက် ဆူပူရင် စိတ်ဖိစီးမှုပိုများပြီး ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပါတယ်။
* သတိမထားမိဟန်ဆောင်ပါ - အမြဲတမ်း သွားပြောနေမယ့်အစား လျစ်လျူရှုထားတာက ကလေးအတွက် စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
* စိတ်ဖိစီးမှု လျှော့ချပေးပါ - အနားယူချိန်များများပေးခြင်း၊ အိပ်ရေးဝဝအိပ်စေခြင်းတို့က အထောက်အကူပြုပါတယ်။
* ဆရာဝန်နှင့် ပြသပါ - ရောဂါလက္ခဏာတွေက နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင် ကလေးအထူးကုဆရာဝန်ကြီးများ၊ အာရုံကြောအထူးကုဆရာဝန်ကြီးများ သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်များနှင့် ပြသတိုင်ပင်သင့်ပါတယ်။

> 📌 အဓိက မှတ်သားစရာ: Tics အများစုဟာ ကလေးဘဝမှာ ဖြစ်ပွားတတ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ သက်သာပျောက်ကွယ်သွားတတ်ပါတယ်။ သို့သော် သေချာနားလည်ပေးပြီး ဖေးမကူညီပေးဖို့တော့ အလွန်အမင်း အရေးကြီးပါတယ်။
>
ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ကြပါစေခင်ဗျာ။ ❤️
LC Lifestyle (Counseling online clinic)
Viber 09797239686

တင်တဲ့သူအရမ်းများ ဆေးလောက က မဟုတ်သူတွေကလည်း AIနဲ့မေးပြီး ရေးတင် ဗီဒီယိုရိုက်လုပ်နေလိုက်ကြတာ မြင်မကောင်းအောင်များနေပြီ။ဘယ...
13/08/2026

တင်တဲ့သူအရမ်းများ ဆေးလောက က မဟုတ်သူတွေကလည်း AIနဲ့မေးပြီး ရေးတင် ဗီဒီယိုရိုက်လုပ်နေလိုက်ကြတာ မြင်မကောင်းအောင်များနေပြီ။
ဘယ်ဟာ အရေးကြီးလဲ မသိ၊ ဘယ်အခြေအနေမှာ ချွင်းချက်လဲ နားမလည်၊ ဘယ်ဟာက အတည်မပြုရသေးတဲ့ pilot study အဆင့် အငြင်းပွါးဖွယ်လဲ မသိတော့ အမေးမတတ်ရင်လည်း အဖြေမှားနိုင်, အေအိုင်က အဆင်ပြေသလို ကောက်ဖြေတာကို ကြည့်ပြီးရမ်းတုတ်ကြတာကို ကိုယ်တိုင်ကမသိပဲ ဆရာကြီးကလုပ်ကြ။

အစစ်အမှန်သမားတွေက AI ကို အထောက်အကူရရုံသုံး၊ သေချာ ပြန်စီစစ် စစ်ဆေးပြီးမှသုံးတာ။ မတူဘူးနော်
ကျန်းမာရေးဗဟုသုတတွေကို ကျ‌ေတာ်တို့ ဒီ Foreign Medical Service FMS page မှာလည်းတင်တာမို့ စိတ်ချလက်ချ like and follow လုပ်ထားကြပါဦးခင်‌ဗျ။

ကိုယ်တိုင်, ကိုယ့်မိသားစုကြုံရမှ လိုက်မေးနေရတာမျိုး မဖြစ်ရလေအောင်...
လူကြီးတွေချော်လဲရင် အဖြစ်များတဲ့ပေါင်ထိပ်ရိုးကျိုးတာအတွက်
အရင်နေ့က ခွဲစိတ်မှု ORIF အကြောင်းဗဟုသုတ တင်ပေးခဲ့ပါတယ်။
ဒီနေ့ အဆက် Plan B ခွဲစိတ်မှု BHA အကြောင်း ကျန်းမာ ရေးအသိပညာတွေတိုးပွါးဖို့ ဆက်တင်ပေးလိုက်ပါတယ်။

(Bipolar Hemiarthroplasty) ခွဲစိတ်မှုဆိုတာ ဘာလဲ?
BHA ဆိုသည်မှာ ဆိုသည့် အင်္ဂလိပ်ဝေါဟာရ၏ အတိုကောက်ဖြစ်ပြီး မြန်မာလို ဘာသာပြန်ရလျှင် "တင်ပါးဆစ်၏ တစ်ခြမ်းကို ဉာဏ်ရည်တု/တုပ ပစ္စည်းဖြင့် အစားထိုးခွဲစိတ်ခြင်း" ဟု အဓိပ္ပာယ်ရပါသည်။

ဤခွဲစိတ်မှုကို အထူးသဖြင့် လူကြီးပိုင်းများတွင် ပေါင်ရိုးဆစ်လည်ပင်း ကျိုးသွားသည့်အခါ (ဥပမာ- ပထမမေးခွန်းပါ ဓာတ်မှန်ချက်အရ ဘယ်ဘက်ပေါင်ရိုးဆစ်လည်ပင်းကျိုးခြင်းမျိုးတွင် Plan B အဖြစ် စဉ်းစားလေ့ရှိသည့်နည်းလမ်း) အဓိက အသုံးပြုကြပါသည်။

BHA ဖွဲ့စည်းပုံ
၁. Hemiarthroplasty (အဆစ်တစ်ခြမ်း အစားထိုးခြင်း):
တင်ပါးဆစ် (Hip joint) တစ်ခုလုံးကို အစားထိုးခြင်းမဟုတ်ဘဲ ကျိုးသွားသော သို့မဟုတ် ပျက်စီးသွားသော ပေါင်ရိုးထိပ်ဖူး (Femoral head) ကိုသာ ဖယ်ရှားပြီး အတုဖြင့် အစားထိုးတပ်ဆင်ခြင်း ဖြစ်ပါသည်။ တင်ပါးဆစ်ခွက် (Acetabulum) ကိုမူ မူလအတိုင်း ဆက်လက် အသုံးပြုပါသည်။

၂. Bipolar (နှစ်ထပ် အဆစ်မျက်နှာပြင် ပါရှိခြင်း):
ဤနေရာတွင် တပ်ဆင်မည့် ပေါင်ရိုးထိပ်ဖူး အတုမှာ အထူးဒီဇိုင်းဆွဲထားပြီး အတွင်းဘက်တွင် တစ်ထပ်၊ အပြင်ဘက်တွင် တစ်ထပ် ဟူ၍ လှည့်ပတ်နိုင်သည့် အဆစ်မျက်နှာပြင် နှစ်ထပ် ပါဝင်ပါသည်။

ဤသို့ နှစ်ထပ်ပါရှိခြင်းကြောင့် တင်ပါးဆစ်ခွက်နှင့် ပွတ်တိုက်မှုကို လျော့နည်းစေပြီး အဆစ်လှုပ်ရှားမှုကို ပိုမိုချောမွေ့စေကာ အဆစ်ဟောင်းဆွေးမြေ့မှုကို သက်သာစေပါသည်။

ဤကုသမှု၏ အဓိက ရည်ရွယ်ချက်များ
နာကျင်မှုကို ချက်ချင်း သက်သာစေရန်: အရိုးပြန်ဆက်ရန် ခက်ခဲသော သို့မဟုတ် သွေးရောက်ရှိမှု အလွန်နည်းပါးသည့် ပေါင်ရိုးဆစ်လည်ပင်းကျိုးခြင်းများတွင် အရိုးဆက်ရန် စောင့်စရာမလိုဘဲ နာကျင်မှုကို ချက်ချင်း ဖယ်ရှားပေးနိုင်ပါသည်။

စောစီးစွာ လမ်းထလျှောက်နိုင်ရန်: ခွဲစိတ်ပြီးနောက် လူနာအနေဖြင့် အချိန်အကြာကြီး အိပ်ရာထဲတွင် လဲလျောင်းနေစရာမလိုဘဲ ရက်ပိုင်းအတွင်းမှာပင် ဂျိုင်းထောက်၍ သို့မဟုတ် လမ်းလျှောက်ကူပစ္စည်းများဖြင့် စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် ကူညီပေးပါသည်။

ဘဝအရည်အသွေး မြင့်မားစေရန်: အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အိပ်ရာကြာလာခြင်းကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်ပေးပြီး ပုံမှန်ဘဝလှုပ်ရှားမှုများကို အမြန်ဆုံး ပြန်လည်ရရှိစေရန် ရည်ရွယ်ပါသည်။

👉 ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ ဆေးကုသမသွားမီ
အခမဲ့ အွန်လိုင်း တိုင်ပင်ဆွေးနွေးလိုပါက FMS စာမျက်နှာမှာ စာတိုပို့မေးနိုင်ပါ။
Viber မှာလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။
📞 +959 7972 39686

Address

#1024, Bayakyawthu 17 Street, Quarter 7, South Okkalarpa
Yangon
MMR11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 18:00

Telephone

+959797239686

Alerts

Be the first to know and let us send you an email when Dr Min Lifestyle Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr Min Lifestyle Centre:

Shortcuts

Share