April Pharmacy

Call Directions Contact the business

April Pharmacy "Your Health, Our Priority"

18/09/2026

BCAA ဆိုတာ Gym ဆော့တဲ့သူတွေအတွက်ပဲလား? 🤔

BCAA (Branched-Chain Amino Acids) မှာ
💪 Leucine
💪 Isoleucine
💪 Valine
ဆိုတဲ့ Essential Amino Acids ၃ မျိုး ပါဝင်ပါတယ်

Exercise လုပ်သူတွေအတွက်သာမက အသက်ကြီးလာတဲ့အခါ Muscle mass နဲ့ Protein intake ကိုလည်း အာရုံစိုက်ဖို့ လိုလာပါတယ်

ဒါပေမယ့် BCAA က လူတိုင်း မဖြစ်မနေသောက်ရမယ့် Supplement မဟုတ်ပါဘူး
နေ့စဉ်အစားအစာကနေ Protein လုံလောက်စွာ ရရှိနေတယ်ဆိုရင် BCAA ထပ်ဖြည့်ဖို့ လိုအပ်ချက်က နည်းနိုင်ပါတယ်

👉 Supplement မရွေးချယ်ခင် “ကိုယ်တကယ်လိုအပ်ရဲ့လား?” ဆိုတာ အရင်စဉ်းစားပါ

📚 Health & Nutrition Knowledge Sharing
💊 Pharmacist’s Perspective

06/09/2026

ဆေးသောက်တယ်ဆိုတာ ရောဂါပျောက်ဖို့ သောက်ရုံနဲ့ မပြီးသေးပါဘူး 💊

နေ့တိုင်း ဆေးသောက်နေသူတွေ သိထားသင့်တဲ့ ဆေးသောက်တဲ့အခါ သတိထားရမယ့် (၃) ချက် ကို ဒီ video မှာ ရိုးရိုးလေး ပြောပြထားပါတယ်

မသေချာတဲ့ဆေးရှိရင် Comment မှာ ဆေးနာမည်လေး ရေးပြီးတော့ဖြစ်ဖြစ် ဆေးပုံလေး ပြပြီးတော့ဖြစ်ဖြစ် မေးနိုင်ပါတယ် သေသေချာချာလေး ပြန်လည်ပြီးဖြေပေးပလမယ်နော် 💬

#ဆေးအကြောင်း #ဆေးသောက်နည်း

03/09/2026

💊 Denk Pharma မှာ ရနိုင်တဲ့ ဆေးတွေကို တစ်နေရာတည်းမှာ စုစည်းတင်ပြပေးလိုက်ပါတယ်✨

နေ့စဉ်အသုံးများတဲ့ ဆေးဝါးတွေကနေ မိမိရဲ့ရောဂါဝေဒနာအတွက် လိုအပ်တဲ့ဆေးဝါးတွေထိ Denk Pharma ရဲ့ Product တွေကို အတိုချုံးလေး မျှဝေပေးထားပါတယ် 🤍

ဆေးအကြောင်း သိချင်တာရှိရင် Comment မှာ မေးခဲ့လို့ရပါတယ် 💬

30/08/2026

💊မိမိရဲ့ ခန္ဓာကိုယ်က ဆေးဝါးတွေကို လိုအပ်နေလို့
ဆေးတွေ သောက်နေရတဲ့အခါ မပေါ့ဆသင့်တဲ့
အလားတူ ပြဿနာကို ဘယ်လို ရင်ဆိုင်ကြမလဲ
ဒါကို ဒီ video ထဲမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်

ဆေးဝါးတွေကို ထုတ်လုပ်ကြတဲ့ စက်ရုံတွေဟာ
တူညီတဲ့ Country of Origin ဖြစ်နေရင်တောင်
🏭 ထုတ်လုပ်တဲ့စက်ရုံ
🔬 Quality Control စနစ်
📋 GMP စံနှုန်း
💊 ထုတ်လုပ်မှုနည်းပညာ
စတာတွေကွာခြားနိုင်တာကြောင့် Quality ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိနိုင်ပါတယ်

ဒါကြောင့် ဆေးဝယ်တဲ့အခါ နိုင်ငံတစ်ခုတည်းကိုကြည့်ပြီး မဆုံးဖြတ်ဘဲ၊ ယုံကြည်စိတ်ချရတဲ့ထုတ်လုပ်သူနဲ့ မှတ်ပုံတင်ထားမှု၊ ထုတ်ကုန်အရည်အသွေး စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်

📌 ဆေးဝယ်တိုင်း “ဘယ်နိုင်ငံကလဲ?” ထက် “ဘယ်သူက ထုတ်လုပ်တာလဲ?”ကိုပါ သိထားကြရအောင်

25/08/2026

💊 ဆေးဝယ်တဲ့အခါ Country of Origin နဲ့ ထုတ်လုပ်တဲ့စက်ရုံ (Manufacturer) ကိုကြည့်တာ အရေးကြီးပါတယ်

ဒါပေမယ့် “ဒီနိုင်ငံကထုတ်တာဆိုတော့ Quality ကောင်းတယ်”၊ “ဒီနိုင်ငံကဆို Quality မကောင်းဘူး” လို့ တစ်ချက်တည်းနဲ့ ဆုံးဖြတ်လို့တော့ မရပါဘူး

တူညီတဲ့ Country of Origin ဖြစ်ရင်တောင်
🏭 ထုတ်လုပ်တဲ့စက်ရုံ
🔬 Quality Control စနစ်
📋 GMP စံနှုန်း
💊 ထုတ်လုပ်မှုနည်းပညာ
စတာတွေကွာခြားနိုင်တာကြောင့် Quality ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိနိုင်ပါတယ်

ဒါကြောင့် ဆေးဝယ်တဲ့အခါ နိုင်ငံတစ်ခုတည်းကိုကြည့်ပြီး မဆုံးဖြတ်ဘဲ၊ ယုံကြည်စိတ်ချရတဲ့ထုတ်လုပ်သူနဲ့ မှတ်ပုံတင်ထားမှု၊ ထုတ်ကုန်အရည်အသွေး စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်

📌 ဆေးဝယ်တိုင်း “ဘယ်နိုင်ငံကလဲ?” ထက် “ဘယ်သူက ထုတ်လုပ်တာလဲ?”ကိုပါ သိထားကြရအောင်

(ဝန်ထမ်း ခေါ်ယူခြင်း)💊✨APRIL ဆေးဆိုင် မှ Pharmacy Assistant များ ခေါ်ယူနေပါသည်✨💊Pharmacy လုပ်ငန်းကို စိတ်ဝင်စားပြီး ကိုယ...
23/08/2026

(ဝန်ထမ်း ခေါ်ယူခြင်း)

💊✨APRIL ဆေးဆိုင် မှ Pharmacy Assistant များ ခေါ်ယူနေပါသည်✨💊

Pharmacy လုပ်ငန်းကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ Knowledge နဲ့ Skill တွေကို တိုးတက်အောင် လုပ်ဆောင်ချင်သူများအတွက် **April Pharmacy Team** မှာ အခွင့်အရေးကောင်းတစ်ခု စောင့်နေပါတယ်။ 💚

📌 ခေါ်ယူမည့်ရာထူး
Pharmacy Assistant

👩‍⚕️ အလုပ်တာဝန်များ
• Customer များအား ဆေးဝါးနှင့် Health Products များကို သင့်တော်စွာ ရှင်းပြပေးခြင်း
• Pharmacist ၏ ညွှန်ကြားချက်အတိုင်း ဆေးဝါးများ ပြင်ဆင်ပေးခြင်း
• Stock များ စစ်ဆေးခြင်း၊ စီစဉ်ခြင်းနှင့် Expiry Date များ စောင့်ကြည့်ခြင်း
• ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် Product Display များကို ထိန်းသိမ်းခြင်း
• Customer Service ကောင်းမွန်စွာ ပေးခြင်း
• Pharmacy ၏ နေ့စဉ်လုပ်ငန်းများတွင် Team နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း

🎯 ကျွန်ုပ်တို့ ရှာဖွေနေသူများ

✅ Pharmacy / ဆေးဝါးလုပ်ငန်းကို စိတ်ဝင်စားသူ
✅ သင်ယူလိုစိတ်ရှိပြီး မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားသူ
✅ Customer များနှင့် ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံနိုင်သူ
✅ Teamwork ကောင်းမွန်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ
✅ တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် ရိုးသားမှုရှိသူ
✅ အလုပ်ကို ရေရှည်လုပ်ကိုင်လိုသူ
✅ Pharmacy အတွေ့အကြုံရှိသူများကို ဦးစားပေးမည်

🌱 APRIL ဆေးဆိုင်မှာ ရရှိမယ့် အခွင့်အရေးများ

💰 သင့်တင့်သောလစာ + Other Bonus + နေစရာအဆောင်စီစဉ်ပေးခြင်း
— လုပ်ဆောင်နိုင်မှုနှင့် တာဝန်ယူမှုအပေါ်မူတည်ပြီး တိုးတက်နိုင်သော Salary Structure

📚 Pharmacy Knowledge & Training
— ဆေးဝါးများ၊ OTC Products၊ Supplement များနှင့် Customer Counseling ပိုင်းဆိုင်ရာ Knowledge များကို လုပ်ငန်းခွင်အတွင်း လေ့လာသင်ယူနိုင်မည်

📈 Career Growth Opportunity
— Pharmacy Assistant အဖြစ် စတင်ပြီး မိမိရဲ့ Skill၊ Knowledge နှင့် Performance အပေါ်မူတည်၍ Senior Staff / တာဝန်ပိုင်းဆိုင်ရာ ရာထူးများသို့ တိုးတက်နိုင်မည့် အခွင့်အရေးရှိပါသည်

🤝 Friendly & Professional Team Environment
— တစ်ယောက်တည်းအလုပ်လုပ်ရတာမဟုတ်ဘဲ Team တစ်ခုအနေနဲ့ ပူးပေါင်းလုပ်ကိုင်ရမည့် Working Environment ဖြစ်ပါသည်

💡 လုပ်ငန်းအတွေ့အကြုံ ရရှိနိုင်ခြင်း
— Retail Pharmacy ရဲ့ နေ့စဉ်လုပ်ငန်းစဉ်များ၊ Customer Service၊ Stock Management နှင့် Pharmacy Operation များကို လက်တွေ့သင်ယူနိုင်မည်။

🏆 Performance ကို အသိအမှတ်ပြုခြင်း
— ကြိုးစားမှု၊ တာဝန်ယူမှုနှင့် Performance ကောင်းမွန်သူများအတွက် တိုးတက်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်ပါသည်

📍 အလုပ်နေရာ
April Pharmacy – Junction Square, Kamaryut Township, Yangon.

📩 လျှောက်ထားရန်
စိတ်ဝင်စားသူများအနေဖြင့် မိမိ၏ CV ကို 09672196668 Viber No. မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်

📌 CV ပေးပို့ရာတွင်
• အမည်
• အသက်
• ပညာအရည်အချင်း
• Pharmacy အတွေ့အကြုံ
• လက်ရှိနေထိုင်ရာလိပ်စာ
• ဆက်သွယ်ရန်ဖုန်းနံပါတ်
တို့ကို ပြည့်စုံစွာ ဖော်ပြပေးပါရန် လိုအပ်ပါတယ်

✨ အလုပ်တစ်ခုရှာနေတာထက် ပိုပြီး ကိုယ့်ရဲ့ Career ကို တည်ဆောက်ချင်တယ်ဆိုရင် — April Pharmacy Team ကို Join လိုက်ပါ 💚

**We don't just work together. We grow together. 🌱**

💊Prazi-Q 600 (Praziquantel 600 mg)**အသည်းသန်ချဆေး** ဆိုတာ ကြားဖူးကြမှာပါဒါပေမယ့် အသည်းသန်ချဆေးတွေက ဘယ်လိုပိုးတွေကို ရည်ရ...
23/08/2026

💊Prazi-Q 600 (Praziquantel 600 mg)

**အသည်းသန်ချဆေး** ဆိုတာ ကြားဖူးကြမှာပါ

ဒါပေမယ့် အသည်းသန်ချဆေးတွေက ဘယ်လိုပိုးတွေကို ရည်ရွယ်တာလဲ ဘာကြောင့် အသုံးပြုကြတာလဲဆိုတာ သိထားဖို့လည်း အရေးကြီးပါတယ်

Praziquantel 600 mg ပါဝင်တဲ့ Prazi-Q 600 ဟာ အသည်းမှာ နေထိုင်နိုင်တဲ့ *liver flukes* အပါအဝင် သတ်မှတ်ထားသော ကပ်ပါးပိုးအချို့ကို ကုသရာမှာ အသုံးပြုတဲ့ Anthelmintic ဆေးတစ်မျိုး ဖြစ်ပါတယ်

📌 ဘယ်အခြေအနေမှာ သောက်သင့်လဲ?
📌 ဘယ်လိုပမာဏနဲ့ သောက်ရမလဲ?
📌 ဘာတွေကို သတိထားရမလဲ?

ဒီလိုအချက်တွေကို သိရှိပြီးမှ ဆေးကို သင့်တော်စွာ အသုံးပြုဖို့ အရေးကြီးပါတယ်

ဒီနေ့တော့ Zifam ရဲ့ Prazi-Q 600 အကြောင်း အသိပညာပေး Post လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 💙

ဆေးဝါးနဲ့ပတ်သက်တဲ့ မှန်ကန်ပြီး အသုံးဝင်တဲ့ Knowledge တွေကို April Pharmacy ကနေ ဆက်လက်မျှဝေပေးသွားပါမယ် 🌿

📌 အသည်းသန်ကောင်ကပ်ပါးပိုးအတွက် အသည်းသန်ချဆေး 𝗣𝗿𝗮𝘇𝗶-𝗤 𝟲𝟬𝟬

🚨 အသည်းသန်ကောင်ဆိုတာ အသည်းနှင့် သည်းခြေလမ်းကြောင်း ကင်ဆာရောဂါကို အဓိကဖြစ်စေသော သန်ကောင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင် ပိုမိုတွေ့ရှိရပြီး သည်းခြေလမ်းကြောင်းကင်ဆာ ဖြစ်ပွားမှုနှင့် တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်...

✅ ရေချိုငါးများကို အစိမ်း (သို့) မကျက်တကျက် စားသုံးခြင်း
✅ ရေချိုငါးများဖြင့် ပြုလုပ်ထားသော ငါးပါးနီ၊ ငါးချဉ်၊ ဆားနယ်ငါး၊ မီးခိုးကြပ်တိုက်ထားသော ငါးများအား သေချာကျက်အောင် မချက်ပြုတ်ဘဲ စားသုံးခြင်း တို့ကြောင့် အဓိက ကူးစက်စေနိုင်ပါတယ်...

🇲🇲 မြန်မာနိုင်ငံတွင် အသည်းသန်ကောင်ကူးစက်ခံရသူများတွင် သည်းခြေလမ်းကြောင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း လေ့လာချက်များက ဖော်ပြထားပါတယ်..

📌 အသည်းသန်ကောင် ကူးစက်ခံရပါက ထိရောက်သော ကုသမှုအနေဖြင့် သန်ချဆေး 𝗣𝗿𝗮𝘇𝗶𝗾𝘂𝗮𝗻𝘁𝗲𝗹 (𝗣𝗿𝗮𝘇𝗶-𝗤 𝟲𝟬𝟬) ဖြင့်ကုသနိုင်ပါတယ်..

🌏 အသည်းသန်ကောင်ရောဂါများ ကုသရာတွင် ကမ္ဘာတစ်ဝန်း ယုံကြည်စိတ်ချစွာ အသုံးပြုနေသည့် ဆေးဝါးဖြစ်သည့်အပြင် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 (𝗪𝗛𝗢) အသိအမှတ်ပြုဆေးဝါးတစ်မျိုးလည်းဖြစ်ပါတယ်..

💊 𝟲𝟬𝟬 𝗺𝗴 ဆေးပြား (၂) ပြားကို တစ်နေ့ (၂) ကြိမ် (၄နာရီ-၆နာရီ ခြား၍) တစ်ရက်တည်း သောက်သုံးရုံဖြင့် ထိရောက်သော ကုသမှုကို ပေးစွမ်းနိုင်သဖြင့် လူနာများအတွက် အဆင်ပြေလွယ်ကူပါတယ်။

💊 𝗣𝗿𝗮𝘇𝗶-𝗤 𝟲𝟬𝟬 ဟာ သန်ကောင်အပြင် အခြားသော သားလောင်းပေါက်များနှင့် သန်ကောင်ဥများအထိပါ နှိမ်နင်းနိုင်စွမ်းရှိပါတယ်။

💊 𝗣𝗿𝗮𝘇𝗶-𝗤 𝟲𝟬𝟬 သောက်သုံးခြင့်ဖြင့် အသည်းသန်ကောင်ကြောင့်ဖြစ်တတ်သော သည်းခြေလမ်းကြောင်းကင်ဆာရောဂါဘေးမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

ရောဂါ ပြန်လည်ကူးစက်မှုကို ကာကွယ်ရန် အတူနေ မိသားစု/အိမ်ထောင်စုဝင် အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ကျွေးကုသခြင်း ပြုလုပ်နိုင်တယ်..

👨‍⚕️ အသည်းသန်ကောင် ကူးစက်ခံရနိုင်ခြေရှိသူများနှင့် သည်းခြေလမ်းကြောင်း ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် (၁) နှစ်လျှင် (၂) ကြိမ် ကြိုတင်သောက်သုံးနိုင်ပါတယ်...

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
📌 Chai, J.-Y., 2013. Praziquantel Treatment in Trematode and Cestode Infections: An Update. Infection and Chemotherapy Journal, 45(1), pp. 32-43.

📌 Saengsawang, P., Promthet, S. & Bradshaw, P., 2013. Infection with Opisthorchis viverrini and Use of Praziquantel among a Working-age Population in Northeast Thailand. Asian Pacific Journal of Cancer Prevention, 14(3), pp. 2963-2966.

📌 Sayasone, S. et al., 2017. Efficacy and Safety of Praziquantel Against Light Infections of Opisthorchis viverrini: A Randomized Parallel Single-Blind Dose-Ranging Trial. Clinical Infectious Diseases, 64(4), pp. 451-458.





-Q




30/07/2026

ကိုယ့်ကလေးက ဘာကျွေးကျွေးမစားဘူးဆိုရင်
Lysine ဆိုတာ ဘယ်လိုကူညီပေးမှာလဲ?

ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ Protein က
အရေးကြီးပါတယ် 💪

Lysine က ခန္ဓာကိုယ်လိုအပ်တဲ့ Essential Amino Acid တစ်မျိုးဖြစ်ပြီး Protein တည်ဆောက်မှုနဲ့ Growth ကို Support လုပ်ပေးပါတယ်

ကလေးတွေရဲ့ အစားစားချင်စိတ်၊ အာဟာရ ရရှိမှုနဲ့ Lysine ရဲ့ ဆက်နွယ်မှုကို ဒီ Video လေးမှာ ရှင်းပြထားပါတယ်နော် ✨

အသုံးဝင်တယ်ဆိုရင် Like & Share လုပ်ပေးပါ ❤️

21/06/2026

အရိုးအဆစ် ကျန်းမာရေးအတွက် Glucosamine နဲ့ Collagen Type 2 တို့ ဘာကြောင့် အရေးကြီးတာလဲ? 🤔
​အရိုးအဆစ် နာကျင်ကိုက်ခဲတာတွေအတွက် လူသိများတဲ့ Glucosamine, Chondroitin, MSM နဲ့ Collagen Type 2 တို့ရဲ့ အကျိုးအာနိသင်တွေကို ဒီ Video လေးမှာ အကျဉ်းချုပ် ရှင်းပြပေးထားပါတယ်

​✅ Glucosamine - အရိုးနုတွေကို ပြုပြင်ပေးတယ်
✅ Chondroitin - အရိုးအဆစ်တွေကို ချောမွေ့စေတယ်
✅ MSM - ရောင်ရမ်းမှုကို လျှော့ချပေးတယ်
✅ Collagen Type 2 - အရိုးနုတည်ဆောက်မှုကို အားဖြည့်ပေးတယ်
​အသက်အရွယ်ကြောင့်ဖြစ်စေ၊ အလုပ်ကြောင့်ဖြစ်စေ အဆစ်အမြစ် နာကျင်နေသူများအတွက် ဒီဗီဒီယိုလေးကို သိမ်းထားဖို့ မမေ့နဲ့နော်!

​ #အရိုးအဆစ်ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

📌 April Pharmacy မှာ အရောင်းဝန်ထမ်း (Sales Staff) ရှာဖွေနေပါပြီဆေးဝါးလုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်မှ...
25/05/2026

📌 April Pharmacy မှာ အရောင်းဝန်ထမ်း (Sales Staff) ရှာဖွေနေပါပြီ

ဆေးဝါးလုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်မှုအသစ်တွေကို ရှာဖွေချင်တဲ့ ဝန်ထမ်းအသစ်တွေကို April Pharmacy မိသားစုကနေ နွေးထွေးစွာ ကြိုဆိုပါတယ် 🥰

✨ ကျွန်တော်တို့ပေးမယ့် Benefits အခွင့်အရေးများ-
💰 အခြေခံလစာ: 300,000 MMK ++++ (လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းပေးမည်)

💵 တခြားခံစားခွင့်: ရက်မှန်ကြေး နှင့် သတ်မှတ်ချက်ပြည့်မီပါက Bonus များ ခံစားခွင့်ရှိခြင်း။

🏠 နေစရာ: နယ်ဝေးမှ လာရောက်လုပ်ကိုင်သူများအတွက် အဆောင် စီစဉ်ပေးခြင်း။

📚 အထူးအခွင့်အရေး: ဆေးဝါးနဲ့ ပတ်သက်ပြီး Knowledge မရှိလို့ စိတ်ပူစရာမလိုဘဲ ဆိုင်ရဲ့ Pharmacist ကိုယ်တိုင် ဆေးဝါးကျွမ်းကျင်မှု သင်တန်းကို စနစ်တကျ ပြန်လည်သင်ကြားပေးသွားမည့် အစီအစဉ် ပါဝင်ခြင်း။

💼 လိုအပ်ချက်နှင့် အရည်အချင်းများ-
လူမှုဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
(ဆေးဆိုင်လုပ်ငန်း အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။)

📥 လျှောက်ထားရန် -
မိမိတို့ရဲ့ CV Form ကို April Pharmacy ရဲ့ Chat Box (သို့မဟုတ်) ဖုန်းနံပါတ် [09672196668] သို့ ဆက်သွယ်ပေးပို့ လျှောက်ထားနိုင်ပါသည်။

Address

No. 10 Junction Square Shop House Area, Kamayut Township
Yangon
09672196668

Opening Hours

Monday 08:00 - 19:30
Tuesday 08:00 - 19:30
Wednesday 08:00 - 19:30
Thursday 08:00 - 19:30
Friday 08:00 - 19:30
Saturday 08:00 - 19:30
Sunday 08:00 - 19:30

Telephone

+959448940516

Website

Alerts

Be the first to know and let us send you an email when April Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to April Pharmacy:

Shortcuts

Share