Dr. Mya Phone

Directions Contact the business

Dr. Mya Phone personal's blog, knowledge sharing for those who wants to work in abroad, clinical and nursing skills trainer, HR professional

မင်္ဂလာပါရှင့်Brahm Centre မှာ အိမ်အကူလေးတွေအတွက် Sunday တိုင်း မှာ အခမဲ့ သင်တန်းနဲ့ ပျော်ပွဲရွှင်ပွဲ တွေ ရှိပါတယ်သင်တန်...
14/11/2026

မင်္ဂလာပါရှင့်
Brahm Centre မှာ အိမ်အကူလေးတွေအတွက် Sunday တိုင်း မှာ အခမဲ့ သင်တန်းနဲ့ ပျော်ပွဲရွှင်ပွဲ တွေ ရှိပါတယ်သင်တန်းနေရာ မသိတာ၊ မလာတတ်တာ မဖြစ်အောင် သင်တန်းကျောင်း ၃ ခုလုံးရဲ့ လိပ်စာ လမ်းညွှန် Video Google Map Link တွေ မျှဝေ ပေးလိုက်ပါတယ်
ပုံတစ်ပုံချင်းစီ ဝင်ကြည့်ပါနော်
ရှာရလွယ်အောင် Page မှာပါ Pin ထောက်ထားပေးပါတယ်
သင်တန်းမသွားခင် ဘယ်နေရာမှာလဲဆိုတာ အချိန်ဇယားအရင် ကြည့်ပြီးမှ သွားပါနော်
တစ်နှစ်ပါတ်လုံး Sunday တိုင်းရှိပါတယ်






သွား ဆေးခန်းသွားပြတဲ့ အတွ့အကြုံလေး ပြောပြအုန်းမယ် (စျေးသက်သာတာ ဘာညာ မဟုတ်ဘူးနော် Bad Experience 😅)ဆရာဝန်နဲ့ မပြခင် မှတ်ပ...
13/11/2026

သွား ဆေးခန်းသွားပြတဲ့ အတွ့အကြုံလေး ပြောပြအုန်းမယ် (စျေးသက်သာတာ ဘာညာ မဟုတ်ဘူးနော် Bad Experience 😅)
ဆရာဝန်နဲ့ မပြခင် မှတ်ပုံတင်ရတယ်
ဆေးခန်းတွေမှာ မှတ်ပုံတင်ရင် SingPass က နေရာတိုင်းလိုလို ပြရတယ်
သူတို့က ကိုယ့်ရဲ့ လိုအပ်တဲ့ အချက်အလက် အကုန် ယူပြီးမှ ဆရာဝန် ပြရတာ
ဆရာဝန်မလေးက စိတ်ရှည်ပြီး တကယ် အဆင်ပြေခဲ့ပါတယ်
မပြေတာက ကောင်တာက အမျိုးသမီး
ဆရာဝန်ပြပြီး ထွက်လာတော့ ပိုက်ဆံရှင်းခါနီး နောက် ၆ လ ကို အခု ဆရာဝန်နဲ့ တစ်ခါတည်း Appointment ယူခဲ့မယ်နော် ဆိုတော့
Ok ဆိုပြီး ကိုယ့်နာမည် ဖတ်ပြီး Myanmar လားတဲ့
ဟုတ်တယ် ဆိုတော့
Helper လားတဲ့
မဟုတ်ဘူး ဘာလို့လဲ Helper ဆို စျေးသက်သာတာလား ဒစ်စကောင့်ဘာညာ ရှိတာလား (ကိုယ်ကတော့ စျေးသက်သာရင် လာမေးတဲ့ တပည့်တွေ ညွှန်းပေးမလို့ 😅) ဆိုတော့
မရှိပါဘူးတဲ့
ဟမ် မရှိရင် ဘာလို့ မေးတာလဲ ငါ စာရင်းသွင်းကတည်းက SingPass ပြထားတယ် ငါ့နာမည် ရှာတာနဲ့ ငါ့အချက်အလက်တွေက System ထဲမှာ ရှိပြီးသား ဖြစ်နေရမှာလေ
အဲ့လိုမဟုတ်ရင်တောင် စျေးလဲ မကွာပဲနဲ့ မေးရတဲ့ ရည်ရွယ်ချက်က ဘာလဲပေါ့
Just Checking တဲ့
ဒီနေရာမှာလေ Helper အထင်ခံရတာကို စိတ်မဆိုးပဲ သူတို့ရဲ့ ခေါင်းထဲမှာ မြန်မာဆိုရင် Helper ပဲလို့ ရိုက်သွင်းထားတာကို ဘဝင် တော်တော်မကျတာ
သူ့ကိုလည်း ပြောခဲ့တယ် Helper ဆိုတာလည်း လူတစ်ယောက်ရဲ့ အလုပ် ပ​ရော်ဖက်ရှင်ပဲ
လူတစ်ယောက်ရဲ့ အလုပ် ပရော်ဖက်ရှင်က သူရဲ့ Privacy ဆိုလည်းဟုတ်တယ် (တရားဝင် ပြည့်တန်ဆာကိုတောင် ကျွန်မတို့ လူမှု အသိုင်းအဝိုင်းမှာ လူရှေ့သူရှေ့ ပြည့်တန်ဆာ လုပ်နေတာမလား လို့ မမေးဘူး မလား)
အဲ့ဒါကို အကြောင်းပြချက် မယ်မယ်ရရ မရှိပဲနဲ့ စောင့်နေတဲ့ လူအများကြီးရှေ့မှာ ခုလိုမေးတာ မှန်နေရင်တောင် မသင့်တော်ဘူးနော် နောက်တစ်ခါဆိုရင်တော့ Official Complaint တင်ရပါလိမ့်မယ် ပြောခဲ့တယ်
တစ်ဖက်ကလည်းပြန်သုံးသပ်မိတယ်
နိုင်ငံရေး စီးပွား​​ရေး မိသားစု အရေး တွေကြောင့် ရရာ အလုပ်နဲ့ ရောက်လာကြတဲ့ သူတွေလည်း လူမှန်နေရာမှန် ရောက်စေချင်ပါတယ်
ပြီးတော့ လက်ရှိ Helper တွေကိုလည်း ရည်မှန်းသလောက် မြန်မြန်ရောက်အောင် အစွမ်းကုန် ကြိုးစားပြီး Support ပေးနေပါတယ်
တစ်ခါတစ်လေ ဆရာမ အလုပ် ပင်ပန်းတာတောင် ဘာလို့ Volunteer တွေ လုပ်နေသေးတာလဲတဲ့
ဘာလို့လည်းဆိုတော့ ကျွန်မလုပ်နေတာ ကျွန်မ တစ်ယောက်တည်း အတွက်မှ မဟုတ်ပဲ
ကျွန်မနောက်မှာ ကျွန်မ လမ်းခင်းပေးမှ လျှောက်နိုင်မယ့် သူတွေ အများကြီး အတွက် လုပ်နေတာလေ
ဒါကြောင့် ဘာအကြောင်းကြောင့်မှ လမ်းမပျောက်ပါနဲ့
အချိန်တန်ရင် ရည်မှန်းချက်တွေ ပြည့်မှာပါ ဆိုတဲ့ စိတ်နဲ့ ဆက်လျှောက်ကြပါလို့ ပြောချင်ပါတယ်






မင်္ဂလာပါရှင်15 ရက်နေ့ပဲ ထွက်လို့ ရတယ် ပြောထားသူများ လာမယ့် Sunday 15 ရက်နေ့ Brahm Centre Labrador မှာ Vital Signs အတန်း...
12/11/2026

မင်္ဂလာပါရှင်
15 ရက်နေ့ပဲ ထွက်လို့ ရတယ် ပြောထားသူများ လာမယ့် Sunday 15 ရက်နေ့ Brahm Centre Labrador မှာ Vital Signs အတန်းရှိပါမယ်
မနက် ၁၀ နာရီ ကနေ ၁၂ နာရီအထိပါ
Vital Signs အတွက် ဒီအတန်းက ဒီလ အတွက် ကျွန်မရဲ့ နောက်ဆုံး အတန်းပါ
လူ့အသက်ကယ်ကြမယ့်သူတွေ Vital Signs က မသိမဖြစ်နော်
Healthcare ပြောင်းမယ့်သူတွေလည်း တက်ကို တက်သင့်ပါကြောင်း 😁
နောက်လမှာ နောက် အတန်းသစ်တစ်ခု စ ပါမယ်
အားလုံး Labrador မှာ ဆုံကြမယ်နော် 🤍
စာရင်း မပေးတတ်သူများ မလာတတ်သူများ ကျွန်မကို စာပို့ပေးပါရှင်
(ပုံလေးကတော့ ဟိုးအရင် ဆေးခန်းထိုင်တုန်းက ပုံဟောင်းလေး ပြန်ရှာတွေ့လို့ 😄)






လမ်းကြုံလို့ Civil Defence Heritage Gallery ဝင် လေ့လာဖြစ်ခဲ့ပါတယ်စီးတီးဟောနဲ့ နီးနီးလေးပါဘယ်သူမဆို အခမဲ့ ဝင်လို့ရပါတယ်အဝ...
11/11/2026

လမ်းကြုံလို့ Civil Defence Heritage Gallery ဝင် လေ့လာဖြစ်ခဲ့ပါတယ်
စီးတီးဟောနဲ့ နီးနီးလေးပါ
ဘယ်သူမဆို အခမဲ့ ဝင်လို့ရပါတယ်
အဝင်အဝမှာ QR code Scan ဖတ်ပြီး Register လုပ်ရုံပါပဲ
အဖွဲ့နဲ့လာရင် တစ်ယောက်က အားလုံးကိုယ်စား Register လုပ်ပေးလို့ရပါတယ်
အထဲမှာတော့ စင်္ကာပူ မီးသတ်အဖွဲ့၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ အရေးပေါ် လူနာတင်ယဥ် ဝန်ဆောင်မှု စတာတွေကို ပြသ ထားပေးပါတယ်
စိတ်ဝင်စားဖို့ကောင်းပါတယ်
ပြတိုက်လိုမျိုး အကြီးကြီးမဟုတ်တဲ့အတွက် ၂ နာရီလောက် အချိန်ပေးရင် တော်တော် လေ့လာလို့ ရပါတယ်
(ဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ်တင်ရုံပဲဆို ၁၀ မိနစ်လောက်ပဲကြာပါတယ် 🤣 စတာပါ စတာပါ 😆)
စီးတီးဟောက တော်တော်များများ ရောက်ဖြစ်တဲ့ နေရာဆိုတော့ ကြုံရင် ဝင်ကြည့် နိုင်ပါကြောင်း မျှဝေပေးလိုက်ပါတယ်ရှင်
ကိုယ့်ဘာသာ မဟုတ်ပဲ အဖွဲ့လိုက် လေ့လာရေး ခရီးအနေနဲ့ သွားချင်တဲ့ သူများရှိရင် January လထဲက Sunday တစ်ရက်ရက် စီစဥ်ပေးပါမယ်နော် ကွန်မန့် မန့်ခဲ့လို့ ရပါတယ်






To my amazing graduates,I may not have been there in person to watch you walk across that stage, but please know that my...
08/11/2026

To my amazing graduates,

I may not have been there in person to watch you walk across that stage, but please know that my heart was with you every step of the way. I am so incredibly proud of each and every one of you.

As you celebrate this milestone, I want to leave you with one final thought—one that carries even greater weight in our profession.

There is a famous quote that goes: "He who graduates today and stops learning tomorrow is uneducated the day after."

In healthcare, this isn't just a nice saying. It is a matter of life and death.

Please don't let this be you.

That diploma you're holding isn't a finish line—it's a launchpad. Medicine evolves every single day. New research emerges. New protocols are written. New technologies change how we care for patients. The moment you stop learning is the moment you stop being competent. And in our field, competence isn't optional—it's everything. We are dealing with lives. Real people. Real families. Real consequences.

So keep asking questions. Keep learning from your senior colleagues, from your mistakes, and from every patient you meet.
Stay humble enough to admit when you don't know something, and brave enough to go find the answer.

The classroom door may be closing behind you, but in healthcare, the learning never stops. Your patients are trusting you with their lives. Never stop being a student—because someone's life may one day depend on what you learn next.

I am so proud to be your teacher and to have journeyed with you in this profession. Watching you grow into competent, compassionate healthcare professionals has been one of the greatest privileges of my career.

Congratulations! I am so proud of the healthcare professionals you are becoming.






Edit-သင်တန်းကြေး အခမဲ့ Preloved ပစ္စည်းယူသူများလည်း အခမဲ့ ပိုက်ဆံလုံးဝ ပေးစရာ မလိုပါဘူး 🥰မင်္ဂလာပါရှင်အခုအပါတ် Sunday 8 ...
06/11/2026

Edit-သင်တန်းကြေး အခမဲ့ Preloved ပစ္စည်းယူသူများလည်း အခမဲ့ ပိုက်ဆံလုံးဝ ပေးစရာ မလိုပါဘူး 🥰
မင်္ဂလာပါရှင်
အခုအပါတ် Sunday 8 November 10 နာရီကနေ ၁၂ နာရီ အထိ Brahm Centre Simei မှာ ကျွန်မသင်မယ့် Vital Signs အတန်း ရှိပါတယ်ရှင့်
ပြီးတော့ ဒီအပါတ် Simei သင်တန်းမှာ Preloved အဝတ်အထည်များ၊ ဖိနပ်များ၊ အိတ်များ၊ နေကာမျက်မှန်များ ကို လာလှူထားတာတွေ ရှိပါတယ်
Preloved ဆိုပေမယ့် အချို့က အသစ်ပါ
ပြီးတော့ ဝန်ထမ်းတွေက Good conditions အသုံးအဆောင်တွေကိုပဲ သေချာရွေးချယ် စီစစ်ပေးထားတာပါ
အသုံးဝင်မယ့်သူများ လာ​ရောက်ရွေးချယ်ပြီး ယူနိုင်ပါတယ်
တစ်ခုမှာပါရစေ - Brahm Centre ရဲ့ Omega program က စင်္ကာပူမှာ ရှိသော အိမ်အကူလေးများကို အဓိက Support ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်
အားလုံး လာမယ့် Sunday မှာ ဆုံကြမယ်နော်
ကျွန်မလည်းရှိနေပါမယ် 🤍






SCDF ရဲ့ Responder Plus Program ကို လက်တွေ့ သင်တန်းတက်ဖို့ စာရင်းကောက်တုန်းက စာရင်းပေးထားသူများကို WhatsApp Group ထဲ ထည်...
05/11/2026

SCDF ရဲ့ Responder Plus Program ကို လက်တွေ့ သင်တန်းတက်ဖို့ စာရင်းကောက်တုန်းက စာရင်းပေးထားသူများကို WhatsApp Group ထဲ ထည့်ပေးနေပါတယ်
စာရင်းပေးထားပြီးသူများကို အရင် ဦးစားပေး စီစဥ်ပြီးမှ စာရင်း အသစ် ထပ်လက်ခံပါမယ်
👉ဂရုထဲ က ထွက်သွားသူများ
👉Group invite ပို့ထားသော်လည်း ဝင်မလာသူများ
👉စည်းကမ်းမလိုက်နာ အချိန်မလေးစားသူများ
👉စင်္ကာပူမှာ လက်ရှိ ရှိမနေသူများ
စာရင်းကနေ ထုတ်ပယ်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်
လူအများနဲ့ ညှိနှိုင်း အလုပ်လုပ်ရတာဖြစ်လို့ တစ်ယောက်အချိန်ကို တစ်ယောက် လေးစားကြဖို့တိုက်တွန်းပါတယ်
အထူးသဖြင့် သင်တန်း အတည်ပြုပြီးသည့်အခါ ကပ်ပြီး မဖျက်ဖို့ နဲ့ ကိုယ်စာရင်းပေးထားတဲ့ အတိုင်း အတိအကျ လိုက်နာဖို့ မေတ္တာရပ်ခံပါတယ်
အတန်းတစ်တန်းကို လူအယောက် ၅၀ ပဲ လက်ခံပြီး လောလောဆယ် လူ ၁ထောင်ကျော် စာရင်း ပေးထားသည့်အတွက် ​စောင့်ရနိုင်ကြောင်းလည်း ကြိုတင် အသိပေးပါတယ်
တတ်နိုင်သလောက် အမြန်ဆုံး စီစဥ်ပေးပါမယ်
မစောင့်နိုင်သူများ မိမိဘာသာသွားတက်ချင်သူများလည်း အရင်ပို့စ်မှာ Link ရှယ်ထားပေးပါတယ်
ကျွန်မဆီက တက်မှ မဟုတ်ပါဘူး
အားလုံးအတွက် အခမဲ့ သင်တန်းပါ
အရာရာ အဆင်ပြေကြပါစေ ဆန္ဒပြုပါတယ်

SCDF...FIRE!!!!






မင်္ဂလာပါရှင်ဒီနေ့တော့ အမ တစ်ယောက်လို ချစ်ခင်ရတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ Business လေး Support လုပ်ပေးချင်လို့ပါWoman-to-wom...
04/11/2026

မင်္ဂလာပါရှင်
ဒီနေ့တော့ အမ တစ်ယောက်လို ချစ်ခင်ရတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ Business လေး Support လုပ်ပေးချင်လို့ပါ
Woman-to-woman empowerment က အရေးကြီးတယ်မလား 😇
ပြီးတော့ အသုံးဝင်မယ်လို့လည်း ယူဆလို့ပါ
TikTok user အများစုကတော့ Work pass တွေ PR တွေလျှောက်ပေးတဲ့ Mr.Lim ကို သိကြမှာပါ
Mr.Lim Immigration မှာ အလုပ်လုပ်နေတဲ့ မဖြူပွင့် ကနေပြီးတော့ ပုံထဲမှာ ပါတဲ့ Service တွေ ပေးနေပါတယ်
လိုအပ်သောသူများ ပေးထားတဲ့ နံပါတ် သို့မဟုတ် Email ကနေ ဆက်သွယ်နိုင်ပါတယ်
အမက MOM က လိုင်စင်ရ အေးဂျင့်လည်းဖြစ်ပြီး Singapore မှာ HR ပိုင်းနဲ့ ပါတ်သက်ရင် အတွေ့အကြုံအများကြီး ရှိတဲ့သူမို့ လိုအပ်သောသူများ အကျိုးရှိအောင် မျှဝေပေးလိုက်ပါတယ်ရှင်






Volunteer Silver Award ကို Mindfull Community CEO ထံမှ ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပါတယ်ရှင်Dementia education တွေ Caregivers ...
01/11/2026

Volunteer Silver Award ကို Mindfull Community CEO ထံမှ ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပါတယ်ရှင်
Dementia education တွေ Caregivers support group တွေနဲ့ Respite and Resilience အတန်းတွေမှာ အများကြီး ပါဝင်ခဲ့ပါတယ်
အရမ်းကို အဓိပ္ပါယ်ရှိပြီး ကြည်နူးပီတိဖြစ်ရတဲ့ Journey လေးပါပဲ
ဒီအခွင့်အရေး ပေးခဲ့ကြတဲ့ VM, PM အားလုံးနဲ့ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ Volunteers မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်
အများကြီး သင်ယူခဲ့ရပါတယ်
Caregiver တစ်ယောက်ရဲ့ Journey က မလွယ်ကူပါဘူး
Family Caregivers တွေရော Professional Caregivers အားလုံးကို ဂုဏ်ယူပါတယ်လို့ ပြောပါရစေ
ချစ်ရတဲ့ သူတွေကို ဂရုစိုက်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ချစ်ဖို့ မမေ့ပါနဲ့နော်
Self-care is not selfish 🤍






မနက်ဖြန် Brahm Centre Aljunied မှာ ကျွန်မရဲ့ Vital Signs အတန်း လာတက်မယ့်သူ ရှိလားရှင့်နေ့လည် ၁ နာရီကနေ ၃ နာရီ ခွဲ အထိပါစ...
31/10/2026

မနက်ဖြန် Brahm Centre Aljunied မှာ ကျွန်မရဲ့ Vital Signs အတန်း လာတက်မယ့်သူ ရှိလားရှင့်
နေ့လည် ၁ နာရီကနေ ၃ နာရီ ခွဲ အထိပါ
စာရင်းမပေးရသေးသူများလည်း လာတက်လို့ ရပါတယ်
MDWs များအတွက် အခမဲ့ ပါရှင်
လာတက်မယ့်သူတွေ အတွက် Symposium တက်တုန်းက ရခဲ့တဲ့ လက်ဆောင်လေးတွေ Give Away ပြန်လုပ်ပေးချင်လို့ပါ
တန်ဖိုးအရ စျေးမကြီးပေမယ့် အမှတ်တရ ပစ္စည်း လေးတွေ ဖြစ်တာမို့ မျှဝေ ပေးချင်လို့ပါ
First Come First Serve တစ်ယောက်ကို တစ်ခု ပေးမယ်နော်
လုမနေကြနဲ့ အုန်း 🤪
မနက်ဖန် တွေ့ကြမယ်နော် 🥰






Address

51 Bishan Street 13
Singapore
579799

Website

Alerts

Be the first to know and let us send you an email when Dr. Mya Phone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Mya Phone:

Shortcuts

Share

Nearby health & beauty businesses