15/11/2026
ခြေထောက်တစ်လျှောက် နာနေ၊ ထုံနေလို့ ခြေထောက်ကိုပဲ အတင်းဖိနှိပ်နေမိပြီလား? 🚫🦵
ခါးဆစ်ရိုးနုကျွံပြီး (Disc Herniation) အာရုံကြောညပ်တဲ့အခါ ညပ်မိတဲ့ အာရုံကြောလမ်းကြောင်း (Dermatomes) အပေါ်မူတည်ပြီး—
👉 တင်ပါး
👉 ပေါင်
👉 ခြေသလုံး စသဖြင့် နာကျင်တဲ့နေရာတွေ ကွဲပြားသွားတတ်ပါတယ်။
⚠️ ပြဿနာရဲ့ အရင်းအမြစ်က ခါး မှာ ရှိနေတာပါ။
ခြေထောက်ကို အတင်းအကျပ် ဖိနှိပ်နေရုံနဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်တဲ့အပြင် ပိုတောင် ရောင်ရမ်းသွားစေနိုင်ပါတယ်။
တကယ်သက်သာလာပြီဆိုတာကို Centralization နဲ့ တိုင်းတာရပါတယ် ✨
✅ ဆိုလိုတာက ခြေဖျား/ခြေသလုံးအထိ ဆင်းနေတဲ့ အနာတွေ တဖြည်းဖြည်း လျော့သွားပြီး ခါးအလယ်ဗဟိုဆီ ပြန်စုလာတာမျိုးပါ။
✅ ဒါဟာ မှန်ကန်တဲ့ ဦးတည်ရာလမ်းကြောင်း ရောက်နေပြီဆိုတဲ့ လက္ခဏာကောင်း ဖြစ်ပါတယ်။
မှန်ကန်တဲ့ နည်းလမ်းနဲ့ ဘေးကင်းကင်း သက်သာဖို့ ဒီပို့စ်လေးကို Save ထားလိုက်ပါ။ 📌
#အာရုံကြောညပ် #ခါးနာ #ကျန်းမာရေး #မြန်မာ