13/07/2025
⚠️လူအများသိပ်မသိသေးတဲ့ #ကိုလက်စထရော( #သွေးတွင်းအဆီများ )တက်စေတဲ့အစားအစာများ
တော်တော်များများထင်ကြပါလိမ့်မယ်
ကိုလက်စထရောမြင့်တက်ခြင်း မတက်ခြင်းက
ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်ဆိုပြီးတော့ပေါ့
ဒါပေမယ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး
❗ကိုယ်အလေးချိန်ပုံမှန်ဖြစ်သူတွေကို သွေးတွင်းအဆီ စစ်ကြည့်လိုက်တဲ့အခါမှာလည်း , , တွေများနေတာတွေ တွေ့ရပါတယ်
ဒါဆိုဘာလို့ဒီလိုဖြစ်ရတာလဲ
🦞ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ #အချိုတွေ၊ တွေ၊ #ဝမ်းတွင်းကလီစာ တွေ၊ #ပင်လယ်စာ တွေ၊ ဆိတ်သား၊ ဘဲသား တွေ အစားများလို့ပါ
🍛ကိုလက်စထရော ကျစေတဲ့ #အစားအစာ များ
📌မပြည့်ဝဆီများ
➖➖➖➖➖
သံလွင်ဆီ၊ Rice bran ဆီ။ (အကောင်းဆုံးကတော့ သံလွင်ဆီ နဲ့ Rice bran ဆီ တွေပါ သံလွင်ဆီကတော့ ဈေးကြီးပေမယ့် Rice bran ဆီ ကတော့ ဈေးနှုနိး အသင့်အတင့်ရှိပါတယ်
(စူပါမားကတ်တွေ မှာ ဝယ်လို့ရမယ်ထင်ပါတယ်)
📌အစေ့ အဆံ များ
➖➖➖➖➖
နေကြာစေ့၊ သီပာိုစေ့၊ မြေပဲ၊ ဗာဒံစေ့ (သူတို့တွေ က ကိုလက်စထရော ကျစေရတဲ့ အကြောင်းအရင်း က ကောင်းတဲ့ အဆီတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် တစ်ခု သတိထားသင့်တာကတော့ အဆိုပါ အစေ့အဆံတွေ က ကယ်လိုရီများပါတယ်။ စားလိုက်ရင် ကိလြက်သထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဒါကြောင့် တချို့သော လူတွေ မှာ ဝပေမယ့် ကိုလက်စထရော နည်းရတဲ့ အကြောင်း အရင်း က အစေ့အဆံ စားတာများလို့ပါ)
📌 #ထောပတ်သီး
➖➖➖➖➖
ထောပတ်သီးမှာ လည်း ကောင်းတဲ့ အဆီတွေများတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ ဒါပေမယ့် သူလည်း ကယ်လိုရီ များတဲ့ အသီးထဲ မှာပါပါတယ်
📌Oat meal
➖➖➖➖➖
ကျွန်တော်တို့ မြန်မာလူမျိုးနဲ့တော့ သိပ်မရင်းနှီးသေးပါဘူး။ တချို့လည်း စားတော့ စားနေကြပါပြီ။ သူက အမျှင်ဓါတ် (soluble fiber) ပါဝင်တာ များတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ မနက်စာ အနေနဲ့ စားလို့ အဆင်ပြေနိုင်ပါတယ်။ သူလည်း စူပါမတ်ကတ်တွေ မှာ ရနိုင်ပါတယ်
📌Whole Grain Bread ( #ပေါင်မုန့် ကြမ်း )
➖➖➖➖➖
ကိုလက်စထရော များသူတွေ အနေနဲ့ ပေါင်မုန့် အချောစားမယ့် အစား အစေ့အဆံ တွေပါထည့်လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း စားပေးခြင်းဖြင့် အမျှင်ဓါတ် (soluble fiber) များတဲ့အတွက် ကိုလက်စထရော ကျစေပါတယ်
📌 #ပဲအမျိုးမျိုး
➖➖➖➖➖
ပဲနီလေး၊ ပဲဝါလေး၊ စားတော်ပဲ၊ ကုလာပဲ၊ မတ်ပဲ၊ ပဲပုပ်စေ့ စတာတွေမှာလည်း အမျှင်ဓါတ်(soluble fiber) တွေများတဲ့ အတွက် ကိုလက်စထရောကျစေပါတယ်
📌ခရမ်းသီး၊ ရုံးပတီသီး
➖➖➖➖➖
ခရမ်းသီး၊ ရုံးပတီသီးလိုမျိုး အသီးအနှံ တွေက အမျှင်ဓါတ်တော်တော်လေး ကြွယ်ဝတဲ့ အတွက် ကိုလက်စထရော များတဲ့ သူတွေစားသင့်တဲ့အစားအစာ တွေပါ
📌ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ မာလကာ စတာတွေကလည်း pectin ပါတဲ့အတွက် LDL ကိုကလက်စထရော ကို တစ်ဖက်တစ်လှမ်းကနေ လျှော့ချပေးပါတယ်
📌ပင်လယ်ငါးများ -Omega 3 fatty acid များတဲ့ဘအတွက် triglycerides နဲ့ LDL cholesterol တွေကို လျှော့ချပေးပါတယ်
💥💥💥
🍛ကိုလက်စထရော များစေတဲ့ အစားအစာများ ကတော့
➖➖➖➖➖
🚫မလိုင်ပြည့်ပါသော နို့
🚫ဆီကြော်မုန့်များ
🚫အသင့်စား ဘီစကွတ်၊ ကွတ်ကီး၊
🚫အားလူးကြော်
🚫ပုဇွန်ဆီ၊ ဂဏန်းဆီ၊ ကမာ၊ ဂုံး
🚫ဆိတ်သား၊
🚫ဘဲသား
🚫ဝက်ခေါက်
🚫ကြက်အရေခွံ
🚫ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း၊
🚫ဆိတ်ဦးနှောက်၊ ဝက်ဦးနှောက်
🚫စားအုန်းဆီ
မကောင်းတဲ့ ကိုလက်စထရော ရှိသလိုကောင်းတဲ့ ကိုလက်စထရော လည်းရှိပါတယ်
အဲ့ဒါကတော့ HDL Cholesterol ပါ 👈🏻
ဒါကြောင့်
သွေးတွင်းအဆီများပြီး မအီမသာ လေးလံထိုင်းမှိုင်းပြီး စိတ်ညစ်နေရတယ်ဆို
🏃♀️HDL များဖို့အတွက် ကတော့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး (သို့မဟုတ်)
သွေးတွင်းအဆီများတဖြည်းဖြည်းလျော့နည်းကာ ပေါ့ပါးကျန်းမာသွက်လက်နေဖို့
သဘာဝအော်ဂန်းနစ် ၉ မျိုးဖြင့်ထုတ်လုပ်ထားပြီး
FDA ရရှိထားသည့် ပိုလျံအဆီများနှင့်သွေးတွင်းအဆီများကိုဖျော်ထုတ်ရှင်းလင်းပေးသည့်
လေးကိုသေ-ာက်
သုံးပြီး ကျန်းမာပေါ့ပါးလန်းဆန်း
အချိုးကျလှပ သက်လုံကောင်းတဲ့ ဘေ-ာ်ဒီလေးကို ပြန်လည် ရ ရှိနိုင် ပါ ပြီ
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်