Ladprao General Hospital Myanmar

เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Ladprao General Hospital Myanmar “Your Good Health and Well-Being is
Our Main Objective”

"လာဘ်ဖရောင်းဆေးရုံကြီးသည် ၀.၅ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ထောင်ထားသော ကုတင် ၂၀၀ ဆန့်ဆေးရုံဖြစ်ပြီး လာဘ်ဖရောင်းလမ်းမကြီး၊ ဘန်ကောက်မြို့ပေါ်တွင် တည်ရှိပါသည်။ ဆရာဝန်နှင့်ဆေးရုံလုပ်ငန်းကျွမ်းကျင်သူများမှ ဦးဆောင်ပြီး အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် နိုင်ငံသားများကို ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ၁၉၉၃ ခုနှစ်တွင် ဆေးရုံကို တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆို နှစ် ၃၂ ဝန်းကျင်ရှိခဲ့ပါသည်။

ယခုအချိန်မှာတော့ လာဘ်ဖရောင်းဆေးရုံကြီး၏ကျန်းမာရေးဝန်ဆောင်မှုကို နိုင်ငံတကာအဆင့်သို့ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ အရှေ့အလယ်ပိုင်းမှလူနာများ၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ လူနာအများအပြားလာရောက်ကုသနေပြီဖြစ်ပါသည်။ လာဘ်‌ဖရောင်းဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့အစည်း‌တွင် ဆေးဝန်ထမ်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆေးပညာအထူးပြုဘာသာရပ်အသီးသီးမှ အတွေ့အကြုံမြင့်မားသော ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ အဆင့်မြင့်နည်းပညာဖြစ်သော Robotic Assisted Rehabilitation အသုံးပြု ကိုယ်ကာယပြန်လည်သန်စွမ်းရေးအထူးကုပညာရှင်များ၊ အာဟာရပညာရှင်များ၊ CT, MRI, Digital Mammogram ပုံရိပ်ဖော်ကျွမ်းကျင်ပညာရှင်များနှင့် အခြားအထွေထွေ ဆေးပညာဝန်ထမ်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။"


Awards & Accreditations
---------------------------
- ISO9002 certification (Total Quality Management Standard), 20th of August 1998
- ISO 14001certification (Environmental Management Quality Standard System) 23rd of March 2000,
- Hospital Accreditation (HA) on 28th of February 2003, and received a certificate of HA at the National Forum on
Quality Improvement and Hospital Accreditation on 17th of March 17, 2003. In 2024, Ladprao General Hospital aims to achieve Joint Commission International (JCI) standards, demonstrating their commitment to top-quality healthcare services and patient safety.

🙏🙏🙏"သီတင်းကျွတ်လပြည့်နေ့  (အဘိဓမ္မာအခါတော်နေ့)" တွင် မိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် စည်းစ...
26/10/2026

🙏🙏🙏"သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)" တွင် မိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



22/10/2026

😍 လာဘ်ဖရောင်းဆေးရုံကြီး၏ အရိုးအထူးကုဌာနမှ ဒူးခေါင်းနှင့် တင်ပါးဆုံရိုးခွဲစိတ်မှု အထူးကုဆရာဝန် Asst. Prof. Dr. Wittawat Boonyanuwat နှင့် YHN Medical ၏ Founder ဖြစ်သူ Dr. MYAT တို့မှ ဒူးဆစ်​ရောဂါတို့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ခေတ်မှီကုသမှုနည်းလမ်းတစ်ခုဖြစ်သော 🦿 “Robotic-Assisted Knee Replacement” အကြောင်းတို့ကို ဆွေးနွေးမေးမြန်းထားပါသည်။

ယခုကဲ့သို့ အသိပညာမျှဝေသည့် Collaboration Video ဖြစ်မြောက်လာစေရန် ပူးပေါင်းပါဝင်ကူညီပေးခဲ့သော YHN Medical ၏ Founder ဖြစ်သူ Dr. MYAT အား လာဘ်ဖရောင်းဆေးရုံကြီးမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏


"​ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Waranyoo Wathanavasin,MD. နှင့် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် လာဘ်ဖရောင်းဆေးရုံမှ ဂုဏ်ယ...
18/10/2026

"​ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Waranyoo Wathanavasin,MD. နှင့် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် လာဘ်ဖရောင်းဆေးရုံမှ ဂုဏ်ယူမိပါသည်"👨‍⚕

🩺Education
2011 : Doctor of Medicine, Faculty of Medicine, Chulalongkorn University, Thailand.

2018 : Diploma of Thai Board of Orthopedic Surgery, Chulalongkorn University, Thailand.

2020 : Further Qualifications Spine Surgery, Chulalongkorn University, Thailand.

______________________________________________________________

Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310



🎁 "B1 G1 Gift 13,900 thai baht" စျေးနှုန်းလည်းချိုသာပြီး ၂ ​ယောက်အတူ​ဆေးစစ်လို့ရမည့် အထူးလျော့စျေး ကျန်းမာရေးအစီအစဥ် 🎁* ...
15/10/2026

🎁 "B1 G1 Gift 13,900 thai baht" စျေးနှုန်းလည်းချိုသာပြီး ၂ ​ယောက်အတူ​ဆေးစစ်လို့ရမည့် အထူးလျော့စျေး ကျန်းမာရေးအစီအစဥ် 🎁
* ၃၁ ရက် ဒီဇင်ဘာလ ၂၀၂၆ အထိ အသုံးပြုနိုင်ပါသည် *💜

စည်းကမ်းသတ်မှတ်ချက်
၁။ လက်ဆောင်ရသောကျန်းမာရေးစစ်ဆေးသူသည် ဝယ်ယူသောကျန်းမာရေးစစ်ဆေးသူနှင့် တစ်ရက်ထဲ အတူတကွစစ်ဆေးရမည်ဖြစ်ပါသည်။
၂။ ၄င်းအထူးအစီအစဉ်သည် နိုင်ငံခြားသားလူနာများအတွက်သာဖြစ်ပါသည်။
၃။ ၄င်း​အစီအစဉ်ကို တခြားပတ်ကေ့ချ်လျှော့စျေးများ၊ အာမခံ၊ ကမ်းလှမ်းချက်များ နှင့် လဲလှယ်အသုံးပြုခြင်းမပြုပါ။
၄။ လာဘ်ဖ​ရောင်း​ဆေးရုံကြီးသည် ကြိုတင်အသိမပေးဘဲ ဤစည်းကမ်း သတ်မှတ်ချက်နှင့် စျေးနှုန်းများကို အချိန်မရွေး ပြောင်းလဲပိုင်ခွင့်ရှိပါသည်။

✌️ကျန်းမာရေးစစ်ဆေးရန်အတွက် ကြိုတင်ပြင်ဆင်ချက်များကိုသိထားရန်လိုအပ်ပါသည်
☘️ကျန်းမာရေးစစ်ဆေးခြင်းမပြုမှီ အနည်းဆုံး ၈ - ၁၀ နာရီခန့်ကြို၍ မစားမသောက်ပါရန်
☘️အရက်သောက်ခြင်းကို အနည်းဆုံး ၂၄ နာရီ ရှောင်ကြဉ်ပါရန်
☘️ သင့်တွင် နာတာရှည်ရောဂါ သို့မဟုတ် အခြားကျန်းမာရေးပြဿနာများရှိပါက ဆေးရုံဝန်ထမ်းများအား ကြိုတင်အကြောင်းကြားပါရန်
☘️အမျိုးသမီးများအတွက် ဓမ္မတာလာနေစဉ် သို့မဟုတ်
လာပြီးနောက် ၇ ရက်ခန့် ရှောင်ကြဉ်ပြီးမှ ဆီးစစ်ဆေးပါရန်
☘️အနည်းဆုံး ၆ နာရီခန့် လုံလောက်အောင် အိပ်ပါရန်
☘️ကိုယ်ဝန်ရှိနေပါက ဆေးရုံဝန်ထမ်းများအား ချက်ချင်း အကြောင်းကြားပါရန်
☘️သင့်တွင် ယခင်ကဆေးမှတ်တမ်းများနှင့် လက်ရှိသောက်နေကြဆေးဝါးများကို ကျေးဇူးပြု၍ ယူဆောင်လာပါရန်

"မိတ်ဟောင်းမိတ်သစ်များအားလုံး ရောဂါအနာဘယကင်းဝေးကာ ကျန်းမာပြီး စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်" 🙏



13 October 2026His Majesty King Bhumibol Adulyadej The Great Memorial Day (Navamindra Maharaj Day)🙏🙏🙏
13/10/2026

13 October 2026
His Majesty King Bhumibol Adulyadej The Great Memorial Day (Navamindra Maharaj Day)🙏🙏🙏

😎"မျက်စိလေဆာကုသမှုမခံယူခင် ကြိုတင်ညွှန်ကြားချက်"🌸မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မှီ ၅ ရက် သို့ ၇ ရက် အလိုခန...
01/10/2026

😎"မျက်စိလေဆာကုသမှုမခံယူခင် ကြိုတင်ညွှန်ကြားချက်"

🌸မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မှီ ၅ ရက် သို့ ၇ ရက် အလိုခန့် မျက်ကပ်မှန်တပ်ခြင်းကို ရပ်ပေးပါရန်
🌸ဆရာဝန်ရက်ချိန်းနေ့တွင် မိတ်ကပ် အသုံးပြုခြင်းကို ရှောင်ရန်
🌸ရေမွှေးအသုံးပြုခြင်းကို ရှောင်ရန်
🌸အရက်သောက်ခြင်းကို ရှောင်ရန်
🌸ဆရာဝန် နှင့် ဆွေးနွေးပြီးနောက် လေဆာကုသမှုဆက်လက်လုပ်ဆောင်မည်ဆိုပါက ကြိုတင်ခေါင်းလျှော်လာရန်

***အသက် ၁၈ နှစ်အောက်အတွက် မျက်စိလေဆာကုသမှုခံယူရန်
သင့်မသင့်ကို မျက်စိဆရာဝန်နှင့်အရင်ဆုံး ဆွေးနွေးသင့်ပါသည်

"မိတ်ဟောင်းမိတ်သစ်များအားလုံး ရောဂါအနာဘယကင်းဝေးကာ ကျန်းမာချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်" 🙏



29/09/2026

📢❤️"လက်ရှိတွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ကားများဖြင့် သွားလာရန် အခက်အခဲများ ရှိနေပါသည်။ ထို့ကြောင့် လာဘ်ဖရောင်းဆေးရုံသို့ လာရောက်ရန်အတွက် 🚈 MRT Mahat Thai (Yellow Line) ဖြင့်သာ လာရောက်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

လက်ရှိရင်ဆိုင်နေရသော ရေကြီးရေလျှံမှုအခြေအနေကြောင့် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် အထူးတောင်းပန်အပ်ပါသည်။ အဆိုပါအခြေအနေအပေါ် နားလည်ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။" 🙏🙏🙏

နှစ်စဉ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် "ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)" ကို ကျင်းပပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ...
28/09/2026

နှစ်စဉ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် "ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)" ကို ကျင်းပပြီး နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ (Cardiovascular Disease – CVD) အကြောင်း အသိပညာမြှင့်တင်ရန်နှင့် ရောဂါများကို မည်ကဲ့သို့ကာကွယ်နိုင်သည်ကို သိရှိစေရန် ရည်ရွယ်ထားရှိပါသည်။

နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပွားသော နှလုံး​သွေး​ကြော​ရောဂါ (Heart Attack) နှင့် လေဖြတ်ခြင်း (Stroke) တို့သည် နှလုံး သို့မဟုတ် ဦးနှောက်သို့ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေသော သွေးကြောပိတ်ဆို့မှုများကြောင့် ဖြစ်ပွားနိုင်ပါသည်။ သွေးကြောအတွင်း အဆီဓာတ်များ စုပုံတည်ဆောက်လာခြင်းသည် သွေးကြောပိတ်ဆို့မှုဖြစ်စေသော အဖြစ်များသည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

အောက်ပါအချက်များသည် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေသော အန္တရာယ်ရှိသည့်အချက်များ ဖြစ်လာနိုင်ပါသည်။

- ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း
- ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်း
- အဝလွန်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု မလုံ​လောက်ခြင်း
- သွေးတိုးရောဂါရှိခြင်း
- အရက်ကို အန္တရာယ်ဖြစ်စေနိုင်သည်အထိ သောက်သုံးခြင်း

သင့်နှလုံးကို ကာကွယ်ပါ
နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါအများစုကို ကြိုတင်ကာကွယ်နိုင်ပါသည်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကြောင့် ဖြစ်ပွားသည့် သေဆုံးမှုအများစုသည် ကြိုတင်ကာကွယ်နိုင်ခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်းရှိသော အန္တရာယ်အချက်များနှင့် ဆက်စပ်လျက်ရှိပါသည်။ နေ့စဉ်ဘဝတွင် သေးငယ်သော်လည်း အကျိုးရှိသော ကျန်းမာရေးအလေ့အထများကို ပုံမှန်နှင့် ဆက်လက်လိုက်နာခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ နှလုံးကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေနိုင်ပါသည်။

ယနေ့မှစ၍ သင့်နှလုံးကျန်းမာရေးကို ဂရုစိုက်ကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချလိုက်ပါ။



26/09/2026

Medical Center Closure Announcement

Please be informed that the following centers will be closed on 27 September 2026.

Orthopedic Center
Specialized Internal Medicine & ENT Center, 2nd Floor, Building 1
Gastroenterology & Hepatology Center
Obstetrics Center
Dermatology, Aesthetic & Laser Center
Eye & LASIK Center
Internal Medicine Center
Dental Center
Surgery Center

Any further changes will be announced accordingly.

We apologize for any inconvenience. 🙏🙏🙏
Thank you for your understanding.

⚠️ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) မှ ရေကြီးရေလျှံနိုင်ခြေရှိကြောင်း သတိပေးချက်⚠️၂၀၂၆ ခုနှစ်၊ စက်တင...
26/09/2026

⚠️ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) မှ ရေကြီးရေလျှံနိုင်ခြေရှိကြောင်း သတိပေးချက်⚠️
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၉:၂၂:၃၂ နာရီတွင် ဘန်ကောက်မြို့မှ တူးမြောင်းအတွင်းရှိ ရေအဆင့်သည် အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေပြီး ရေထပ်မံမြင့်တက်လာနိုင်ကြောင်း သတိပေးထားပါသည်။
ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်​ကြောင်း သတိ​ပေးအပ်ပါတယ်🙏🙏🙏

ที่อยู่

2699 Lat Phrao Road, Khlong Chaokhunsing, Wang Thonglang
Bangkok
10310

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ladprao General Hospital Myanmar โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ladprao General Hospital Myanmar:

ทางลัด

แชร์

ธุรกิจเกี่ยวกับสุขภาพและความงามใกล้เคียง