03/11/2026
‼️ခါးနာခြင်း (Back Pain) ကို မပေါ့ဆသင့်ပါဘူး‼️
ခါးနာတာဟာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်လို့ ရိုးရိုးကြွက်သားနာကျင်မှုလို့သာ သတ်မှတ်ပြီး လျစ်လျူမရှုသင့်ပါဘူး။
တစ်ခါတစ်ရံ ခါးနာခြင်းဟာ ကျောရိုး၊ အာရုံကြော၊ ကြွက်သားနဲ့ အရိုးအဆစ်ဆိုင်ရာ ပြဿနာများရဲ့လက္ခဏာတစ်ဖြစ်နိုင်ပါတယ်။
🔎 ခါးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ
• ကြွက်သားနှင့် အရွတ်များ ထိခိုက်ခြင်း
• ကျောရိုးဆစ်ကြားရှိ Disc ပြားဖောင်းခြင်း (သို့မဟုတ် )အာရုံကြောဖိမိခြင်း
• ကျောရိုးဆစ် ယိုယွင်းပျက်စီးခြင်း
• ကျောရိုးဆစ် ကျဉ်းမြောင်းခြင်း (Spinal Stenosis)
• အရိုးပွရောဂါနှင့် အရိုးကျိုးခြင်း
• ကျောက်ကပ်နှင့်ခန္ဓာကိုယ် တွင်းအင်္ဂါဆိုင်ရာရောဂါများ
🚨 အောက်ပါလက္ခဏာများရှိပါက အထူးသတိထားပါ!
🔸 ခါးနာခြင်း ကြာရှည်မပျောက်ခြင်း
🔸 ခြေထောက်အထိ နာကျင်မှု၊ ထုံကျဉ်မှုများ ပျံ့နှံ့ခြင်း
🔸 ခြေထောက်အားနည်းလာခြင်း
🔸 ညဘက်တွင် နာကျင်မှုပြင်းထန်လာခြင်း
🔸 ဆီး၊ ဝမ်း ထိန်းချုပ်ရခက်ခြင်း
❗ ဆီး၊ ဝမ်းထိန်းချုပ်မရခြင်း၊ ခြေထောက်များရုတ်တရက်အားနည်းလာခြင်းများရှိပါကဆေးရုံသို့
ချက်ချင်းသွားရောက်ကုသမှုခံယူပါ။
◾️ခါးနာခြင်းအားခေတ္တသက်သာစေရန်မကုသဘဲ မူလအကြောင်းရင်းကို ရှာဖွေကုသရန်အရေးကြီးပါတယ်။
◾️ခါးနာခြင်းကို ရိုးရိုးနာကျင်မှုကဲ့သို့ မပေါဆသင့်ပါ၊သင့်ကျောရိုးက သတိပေးနေတဲ့ လက္ခဏာဖြစ်
နိုင်တာကြောင့်သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် စောစီးစွာ တိုင်ပင်ဆွေးနွေးပါ။