12/10/2026
🦠 Plague Infection Awareness — Part 1
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း Russia နိုင်ငံ၊ Siberia ရှိ
Irkutsk Anti-Plague Research Institute မှာ
အလုပ်လုပ်တဲ့ laboratory worker တစ်ဦး
ပြင်းထန်တဲ့ pneumonia ဖြစ်ပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ် ကြောင့်
Pneumonic Plague ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။
ဒါပေမယ့် အခုအချိန်အထိ Plague infection ဖြစ်ကြောင်းအတည်ပြုထားခြင်း မရှိသေးပါဘူး။
Russian health authorities ကလည်း သေဆုံးသူမှာ
အကြောင်းအရင်း မသိရတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ
ဖြစ်ခဲ့တယ်လို့ ပြောထားပြီး၊
WHO ကတော့ laboratory testing နဲ့ contacts တွေရဲ့
ကျန်းမာရေးအခြေအနေတွေအကြောင်း ထပ်မံအချက်အလက်တောင်းထားပါတယ်။
🦠 Plague ဆိုတာ ဘာလဲ?
Plague ဟာ Yersinia pestis ဆိုတဲ့ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့
zoonotic infectious disease တစ်ခုပါ။
ဒီဘက်တီးရီးယားဟာ ကြွက်မျိုးနွယ်ဝင် အကောင်ငယ်များနဲ့
၎င်းတို့မှာ ကပ်ပါးနေတဲ့ မွှားတွေထဲမှာ
သဘာဝအတိုင်း ရှိနေနိုင်ပါတယ်။
လူတွေမှာ အဓိက ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့…
🦟 ရောဂါပိုးရှိတဲ့ မွှား (Flea) အကိုက်ခံရခြင်း�🐀 ရောဂါပိုးရှိတဲ့ ကြွက်နဲ့ အခြားတိရစ္ဆာန်များကို ထိတွေ့ခြင်း�🧤 ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ တစ်ရှူးများ သို့မဟုတ်ခန္ဓာကိုယ်အရည်များကို ထိတွေ့ခြင်း�🫁 အဆုတ်ပလိပ်ရောဂါ (Pneumonic plague) ဖြစ်နေသူထံမှထွက်လာတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများကို ရှူမိခြင်း
တို့ဖြစ်ပါတယ်။
🩺 Plague မှာ အဓိကပုံစံ ၃ မျိုးရှိပါတယ်
1️⃣ Bubonic Plague
အများဆုံးတွေ့ရတဲ့ form ဖြစ်ပြီး
အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အားနည်းခြင်းနဲ့အတူ
ပြန်ရည်ကျိတ် တွေ နာကျင်စွာ ရောင်လာခြင်း (buboes) ဖြစ်တတ်ပါတယ်။
2️⃣ Septicaemic Plague
Bacteria က သွေးကြောထဲရောက်ပြီး တစ်ကိုယ်လုံးပိုးဆိပ်သင့်တာ ဖြစ်လာတဲ့ပုံစံပါ။
3️⃣ Pneumonic Plague
အဆုတ်ကို ထိခိုက်စေပြီး
ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်း၊
ပြင်းထန်တဲ့ pneumonia စတာတွေ ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာက Pneumonic Plague ဟာ လူတစ်ဦးကနေတစ်ဦးကို
အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများတွေကနေ
ကူးစက်နိုင်တဲ့ plague ရဲ့ အဓိကပုံစံ ဖြစ်ပါတယ်။
Plague ဟာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ infection ဖြစ်ပေမယ့်
အစောပိုင်းမှာ ရောဂါကို သိရှိပြီး သင့်တော်တဲ့ antibiotics ကို
အမြန်စတင်ကုသနိုင်ရင် အသက်ကယ်နိုင်ပါတယ်။
ဒါကြောင့် Plague ကို ကြောက်နေဖို့ထက်�ဘယ်လိုကူးစက်တယ်၊
ဘယ်လိုလက္ခဏာတွေရှိတယ်၊
ဘယ်အချိန်မှာ ဆေးကုသမှုယူသင့်တယ် ဆိုတာ သိထားဖို့ပိုအရေးကြီးပါတယ်။
Russia မှာ လတ်တလောဖြစ်ရပ်ကလည်း အတည်ပြုထားတဲ့outbreak တစ်ခုမဟုတ်သေးပေမယ့်၊ infectious diseases တွေကို early detection နဲ့
ပွင့်လင်းမြင်သာတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ကြည့်လေ့လာမှု
ဘယ်လောက်အရေးကြီးလဲဆိုတာ ပြန်လည်သတိပေးနေပါတယ်။
Plague ကို သိထားပါ။�မလိုအပ်ဘဲ မကြောက်ပါနဲ့။�ဒါပေမယ့် လျှော့မတွက်ပါနဲ့။ 🦠
📌 Part 2 မှာ — “Pneumonic Plague ဖြစ်နိုင်တယ်လို့သံသယရှိရင် ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲ? ဘယ်လိုကာကွယ်မလဲ?” ဆက်ပြောပြပေးပါမယ်။
🕊️ Stay with Your Wellness Partner — MIYA 🕊️
✅ Just A Call To Us
MIYA medical services
Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email [email protected]
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok