Dagon Medicare Hospital

Call Directions Website Contact the business

Dagon Medicare Hospital The newly formed private hospital that provides multidisciplinary medical services in Myanmar.

🎂 Happy Birthday, Our October Born! 🎉💙Dagon Medicare Hospital မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများထဲမှ October လမှာ မွေ...
30/10/2026

🎂 Happy Birthday, Our October Born! 🎉

💙Dagon Medicare Hospital မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများထဲမှ October လမှာ မွေးဖွားတဲ့ October Born ဝန်ထမ်းလေးတွေအတွက် မွေးနေ့ပွဲလေးကို ပျော်ရွှင်နွေးထွေးစွာ အတူတကွ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

🎁🎈မွေးနေ့ရှင် ဝန်ထမ်းများအားလုံးလည်း ယခုမွေးနေ့မှစပြီး ရှေ့ဆက်လျှောက်လှမ်းမယ့် နှစ်သစ်တိုင်းမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကိုယ်စီရည်မှန်းထားတဲ့ အိပ်မက်တွေနဲ့ လိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေလို့ Dagon Medicare Hospital မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

💐Wishing our October Born a year filled with happiness, good health, and beautiful moments!




#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံမြို့နယ်

🧠လေဖြတ်ရောဂါ (Stroke) ဆိုတာ ဦးနှောက်ဆီ သွေးစီးဆင်းမှု ပိတ်ဆို့သွားတာ ဒါမှမဟုတ် ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုစီးတာကြေ...
29/10/2026

🧠လေဖြတ်ရောဂါ (Stroke) ဆိုတာ ဦးနှောက်ဆီ သွေးစီးဆင်းမှု ပိတ်ဆို့သွားတာ ဒါမှမဟုတ် ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုစီးတာကြောင့် ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။

✨အထူးသဖြင့် မျက်နှာတစ်ခြမ်းရွဲ့လာတာ၊ လက်တစ်ဖက် အားနည်းလာတာ၊ စကားပြောမရှင်းတာ၊ ရုတ်တရက် အမြင်အာရုံပြောင်းလဲတာ ဒါမှမဟုတ် လမ်းလျှောက်ရခက်ပြီး ဟန်ချက်မထိန်းနိုင်တာတွေ ဖြစ်လာရင် အထူး သတိထားဖို့ လိုအပ်ပါတယ်။

👩‍⚕ဒီလို လက္ခဏာတွေ ဖြစ်လာတဲ့အခါ ခဏနားလိုက်ရင် သက်သာသွားမလားဆိုပြီး မစောင့်ပါနဲ့။ ဖြစ်နေတဲ့ လက္ခဏာတွေ ခဏအတွင်း ပြန်လည်သက်သာသွားရင်တောင် လေဖြတ်ရောဂါရဲ့ ရှေ့ပြေးသတိပေးလက္ခဏာ (Transient Ischaemic Attack – TIA) ဖြစ်နိုင်တာကြောင့် အရေးပေါ်ဆေးကုသမှုကို ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ အချိန်မီ ကုသမှုရရှိဖို့က အသက်အန္တရာယ်နဲ့ နောက်ဆက်တွဲပြဿနာတွေကို လျှော့ချရာမှာ အလွန် အရေးကြီးပါတယ်။

🩺သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းအဆီများခြင်း၊ နှလုံးစည်းချက်မမှန်ခြင်းတို့ကို ထိန်းချုပ်ထားခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခြင်းကလည်း လေဖြတ်နိုင်ခြေကို လျှော့ချဖို့ အထောက်အကူပြုပေးပါတယ်။

💙 လေဖြတ်ရောဂါမှာ အချိန်က အရမ်း အရေးကြီးပါတယ်။ ရောဂါ လက္ခဏာတွေကို စောစောသိထားခြင်းကြောင့် ကိုယ်ချစ်ရသူ မိသားစုဝင်တစ်ယောက်ရဲ့ အသက်ကို အချိန်မှီ ကယ်တင်နိုင်ပါတယ်။ ဒါ့ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့ World Stroke Day မှာ လေဖြတ်ရောဂါရဲ့ လက္ခဏာတွေကို သိရှိထားပြီး အရေးပေါ်အခြေအနေမှာ အချိန်မီ တုံ့ပြန်နိုင်ဖို့ Dagon Medicare Hospital မှ မျှဝေလိုက်ပါတယ်။




#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#လေဖြတ်ရောဂါ
#မြောက်ဒဂုံမြို့နယ်

🪔 ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေးမှာ မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးတဲ့ အချိန်လေးတွေကို ပိုမိုမျှဝေရင်း ကိုယ်စိတ်နှစ...
26/10/2026

🪔 ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေးမှာ မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးတဲ့ အချိန်လေးတွေကို ပိုမိုမျှဝေရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေလို့ Dagon Medicare Hospital (DMH) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Happy Thadingyut Festival!



#သီတင်းကျွတ်
#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံမြို့နယ်

25/10/2026

🪔 သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ 💙




#သီတင်းကျွတ်
#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံမြို့နယ်

24/10/2026

🦴 တင်ပါးဆုံအရိုးအစားထိုး ခွဲစိတ်ကုသမှု

✨တင်ပါးဆုံအရိုးနဲ့ပတ်သက်တဲ့ နာကျင်မှုတွေကြောင့် နေ့စဉ်လှုပ်ရှားသွားလာရတာ ခက်ခဲလာတဲ့အခါ မှန်ကန်တဲ့ စစ်ဆေးမှုနဲ့ သင့်လျော်တဲ့ ကုသမှုကို ခံယူဖို့ အရေးကြီးပါတယ်။

💙ဒီ Video လေးမှာတော့ အန်တီ ဒေါ်မြတ်မွန် က Dagon Medicare Hospital (DMH) မှာ တင်ပါးဆုံအရိုးအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အတွေ့အကြုံ၊ ဆေးရုံရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကုသမှုအပေါ် ခံစားချက်တွေကို ပြန်လည်မျှဝေပေးထားပါတယ်။

တင်ပါးဆုံအရိုးနဲ့ပတ်သက်တဲ့ နာကျင်မှုတွေ၊ လှုပ်ရှားသွားလာရခက်ခဲမှုတွေ ခံစားနေရပါက မပေါ့ဆဘဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပြီး သင့်တော်တဲ့ ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။




#တင်ပါးဆုံအရိုးအစားထိုးခွဲစိတ်ကုသမှု

#ဒဂုံအထွေထွေရောဂါကုဆေးရုံ
#မြောက်ဒဂုံမြို့နယ်

💉Polio (ပိုလီယိုရောဂါ) ဆိုတာ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တချို့လူတွေမှာ ရောဂါလက္ခဏ...
24/10/2026

💉Polio (ပိုလီယိုရောဂါ) ဆိုတာ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တချို့လူတွေမှာ ရောဂါလက္ခဏာ မပြဘဲ ဖြစ်နိုင်ပေမယ့် တချို့မှာတော့ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

✨ပြင်းထန်တဲ့ အခြေအနေမှာ လက်၊ ခြေထောက်များ ရုတ်တရက် ပျော့ခွေပြီး အားနည်းခြင်း သို့မဟုတ် အကြောသေခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ဒီလို ကိုယ်လက်လှုပ်ရှားနိုင်စွမ်း ထိခိုက်မှုက အမြဲတမ်း ဖြစ်သွားနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ WHO ပြောကြားချက်များ အရ Poliovirus ကူးစက်မှု ၂၀၀ ခန့်မှာ ၁ ဦးက နောက်ပြန်မကောင်းနိုင်တဲ့ Paralysis ဖြစ်ပွားနိုင်ပါတယ်။

🌿ကောင်းတာတစ်ခုကတော့ Polio (ပိုလီယိုရောဂါ) ကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တာပါပဲ။ ဒါကြောင့် ကလေးငယ်လေးတွေအတွက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေကို အချိန်ဇယားအတိုင်း မပျက်မကွက် တိုက်ကျွေး၊ ထိုးနှံပေးဖို့က အလွန်အရေးကြီးပါတယ်။

👩‍⚕ပိုပိုလီယိုရောဂါကြောင့် ဖြစ်သွားတဲ့ အမြဲတမ်းအကြောသေခြင်းကို ပြန်လည်ပျောက်ကင်းစေမယ့် တိကျတဲ့ကုသဆေး မရှိသေးပါဘူး။ဒါကြောင့် ကာကွယ်ဆေး ရရှိထားဖို့ က အလွန် အရေးကြီးပါတယ်။တစ်ခါတလေ ကလေးက ကျန်းမာနေပြီး ဘာလက္ခဏာမှ မရှိတဲ့အခါ “ကာကွယ်ဆေး မထိုးလည်း ရနိုင်တာပဲ” လို့ တွေးမိတတ်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးဆိုတာ ရောဂါဖြစ်လာမှ ကုသဖို့အတွက် မဟုတ်ဘဲ မဖြစ်ခင်ကတည်းက ကာကွယ်ထားဖို့ တိုက်ကျွေး၊ ထိုးနှံခြင်း ဖြစ်ပါတယ်။

💕ရောဂါဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင်ကတည်းက ကာကွယ်ထားနိုင်ဖို့က ပိုအရေးကြီးတာကြောင့် World Polio Day မှာ ကလေးတွေရဲ့ ကာကွယ်ဆေးမှတ်တမ်းကို ပြန်လည်စစ်ဆေးပြီး သတ်မှတ်ထားတဲ့အချိန်မှာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ အသေချာ တိုက်ကျွေး၊ ထိုးနှံပေးဖို့ Dagon Medicare Hospital မှ မျှဝေပေးလိုက်ပါတယ်။

🩺လိုအပ်သော ကာကွယ်ဆေးများကို ယုံကြည်စိတ်ချစွာ တိုက်ကျွေး၊ ထိုးနှံနိုင်ရန်အတွက် Dagon Medicare Hospital မှာ ကျွမ်းကျင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး


#ပိုလီယိုရောဂါ
#မြောက်ဒဂုံမြို့နယ်

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး ဦးနှောက်နှင့် အာရုံကြော အထူးကု ဒေါက်တာ ‌ဒေါ်အေးမူစန်း" ၏ ဆေးကုသမ...
24/10/2026

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး ဦးနှောက်နှင့် အာရုံကြော အထူးကု ဒေါက်တာ ‌ဒေါ်အေးမူစန်း" ၏ ဆေးကုသမှု အချိန်ဇယားနှင့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

✨ အသေးစိတ် စုံစမ်းမေးမြန်းရန် နှင့် ရက်ချိန်းယူရန်:

☎️ Phone:
09 779 550 009
09 985 500 089
09 985 500 099

🚘 Address: အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး

#ကလေးဦးနှောက်နှင့်အာရုံကြောအထူးကု
#ဒေါက်တာဒေါ်အေးမူစန်း
#မြောက်ဒဂုံမြို့နယ်

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး ဆီးချိုနှင့် ဟော်မုန်း အထူးကု ဒေါက်တာ ‌ဒေါ်မြစန္ဒာသိန်း" ၏ ဆေးကု...
23/10/2026

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး ဆီးချိုနှင့် ဟော်မုန်း အထူးကု ဒေါက်တာ ‌ဒေါ်မြစန္ဒာသိန်း" ၏ ဆေးကုသမှု အချိန်ဇယားနှင့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

✨ အသေးစိတ် စုံစမ်းမေးမြန်းရန် နှင့် ရက်ချိန်းယူရန်:

☎️ Phone:
09 779 550 009
09 985 500 089
09 985 500 099

🚘 Address: အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး

#ကလေးဆီးချိုနှင့်ဟော်မုန်းအထူးကု
#ဒေါက်တာဒေါ်မြစန္ဒာသိန်း
#မြောက်ဒဂုံမြို့နယ်

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "သွေးနှင့် ကင်ဆာ အထူးကု ပါမောက္ခ ဒေါက်တာ ‌ဒေါ်‌အေးအေးကြီး" ၏ ဆေးကုသမှု...
22/10/2026

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "သွေးနှင့် ကင်ဆာ အထူးကု ပါမောက္ခ ဒေါက်တာ ‌ဒေါ်‌အေးအေးကြီး" ၏ ဆေးကုသမှု အချိန်ဇယားနှင့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

✨ အသေးစိတ် စုံစမ်းမေးမြန်းရန် နှင့် ရက်ချိန်းယူရန်:

☎️ Phone:
09 779 550 009
09 985 500 089
09 985 500 099

🚘 Address: အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး

#သွေးနှင့်ကင်ဆာအထူးကု
#ပါမောက္ခဒေါက်တာဒေါ်‌အေးအေးကြီး
#မြောက်ဒဂုံမြို့နယ်

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး သွေးနှင့် ကင်ဆာ အထူးကု ဒေါက်တာ ‌ဒေါ်‌အေးအေးခိုင်" ၏ ဆေးကုသမှု အခ...
22/10/2026

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "ကလေး သွေးနှင့် ကင်ဆာ အထူးကု ဒေါက်တာ ‌ဒေါ်‌အေးအေးခိုင်" ၏ ဆေးကုသမှု အချိန်ဇယားနှင့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

✨ အသေးစိတ် စုံစမ်းမေးမြန်းရန် နှင့် ရက်ချိန်းယူရန်:

☎️ Phone:
09 779 550 009
09 985 500 089
09 985 500 099

🚘 Address: အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး

#ကလေးသွေးနှင့်ကင်ဆာအထူးကု
#ဒေါက်တာဒေါ်‌အေးအေးခိုင်
#မြောက်ဒဂုံမြို့နယ်

Address

No. 2A+2B, Saya San Road, 27 Quarter, North Dagon Township
Yangon

Alerts

Be the first to know and let us send you an email when Dagon Medicare Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dagon Medicare Hospital:

Shortcuts

Share

Nearby health & beauty businesses