Brahmaso Siddhi Healing

Call Directions Contact the business

Brahmaso Siddhi Healing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Alternative & holistic health service, Happy Street, Yangon.

Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living

Hypnosis Session တစ်ခု မယူခင် ကိုယ်ဘာတွေ သိထားသင့်သလဲ။ကျွန်မတို့ဟာ ကိုယ်မကြုံဖူးသေးတဲ့ အရာတစ်ခုကို စမ်းကြည့်ဖို့ စိတ်ဝင်...
29/10/2026

Hypnosis Session တစ်ခု မယူခင် ကိုယ်ဘာတွေ သိထားသင့်သလဲ။

ကျွန်မတို့ဟာ ကိုယ်မကြုံဖူးသေးတဲ့ အရာတစ်ခုကို စမ်းကြည့်ဖို့ စိတ်ဝင်စားတတ်ကြသော်လည်း မသိနားမလည်သေးတာတွေကြောင့် တွန့်ဆုတ်နေတတ်ကြပါတယ်။

Hypnosis ဆိုတာလည်း ဒီလိုပါပဲ။

Hypnosis လို့ ပြောလိုက်တာနဲ့ ကိုယ့်စိတ်ကို တစ်ခြားသူတစ်ယောက်က ထိန်းချုပ်သွားမှာလား။ အိပ်ပျော်သွားမှာလား။ သတိလစ်သွားမှာလား။ ကိုယ်မပြောချင်တဲ့ အကြောင်းအရာတွေကိုတောင် ပြောမိသွားနိုင်သလားဆိုတဲ့ မေးခွန်းလေးတွေ ရှိတတ်ကြပါတယ်။

တကယ်တော့ Hypnosis ဆိုတာ ကိုယ့်ရဲ့အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပြီး Guided Relaxation နဲ့ သဘောတူညီထားတဲ့ Suggestions တွေကိုသာ အသုံးပြုတဲ့ Process တစ်ခုပါ။

အိပ်ပျော်သွားတာလည်း မဟုတ်သလို ကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကို တစ်ခြားသူထံ ( Hypnotist/ Practitioner ထံမှာ ) အပ်နှံလိုက်ရတာလည်း မဟုတ်ပါဘူး။

ဒါကြောင့် Hypnosis Session တစ်ခုကို မယူခင် သိထားသင့်တဲ့အရာလေးတွေ ပြောပြပေးသွားပါမယ်။

ပထမဆုံးအနေနဲ့ ကိုယ်ဘာကြောင့် Hypnosis Session ယူချင်တာလဲဆိုတာ သိထားဖို့ လိုပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် Relaxation လိုအပ်နေတာလား။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်ချင်တာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့အလေ့အကျင့်နဲ့ နေ့စဉ်အတွေးပုံစံတွေကို ပိုမိုသတိပြုမိပြီး ပြောင်းလဲချင်တာလား။

ကိုယ်လိုချင်တဲ့ Intention ရည်ရွယ်ချက်ကို သိထားခြင်းက Session ကို ပိုမိုအဓိပ္ပါယ်ရှိစေပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ဖို့ပါပဲ။

ကိုယ်ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ၊ စိုးရိမ်ပူပန်မှုတွေကို Session မစခင် Practitioner နဲ့ ဆွေးနွေးထားခြင်းဟာ ကိုယ့်အတွက် သင့်တော်တဲ့ နည်းလမ်း ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

တစ်ခါတလေ Hypnosis ထက် တခြား Professional Support ဖြစ်တဲ့ , Coaching က ပိုမိုသင့်တော်နေတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ သိထားစေချင်တာက Hypnosis Session တစ်ခုမှာ Client ကိုယ်တိုင်ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခြင်းပါပဲ။

ကိုယ်အဆင်မပြေတဲ့အချိန် ရပ်နားနိုင်ပါတယ်။ မပြောချင်တဲ့ အကြောင်းအရာတွေကို မပြောဘဲ နေနိုင်ပါတယ်။ ကိုယ်သဘောမတူတဲ့ Suggestion တစ်ခုကိုလည်း လက်မခံဘဲ နေနိုင်ပါတယ်။

Hypnosis ဟာ Practitioner တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တစ်ခုတည်းအပေါ် မူတည်နေတာ မဟုတ်ပါဘူး။ Client ရဲ့ဆန္ဒ၊ ပူးပေါင်းပါဝင်မှု၊ ယုံကြည်မှုနဲ့ တုံ့ပြန်ပုံတွေဟာလည်း အရေးကြီးပါတယ်။

ကျွန်မအနေနဲ့တော့ Healing Process တစ်ခုမှာ အရေးအကြီးဆုံးအရာဟာ တစ်စုံတစ်ယောက်ကို ပြောင်းလဲပေးဖို့ထက် သူကိုယ်တိုင်ရဲ့ Awareness နဲ့ Choice ကို လေးစားပေးနိုင်ခြင်းလို့ ယုံကြည်ပါတယ်။

ကိုယ့်အတွင်းစိတ်ကို နားလည်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်ကိုလည်း မပျောက်ဆုံးစေဖို့ အရေးကြီးပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Certified Holistic Healer
Brahmaso Saddhi Healing

ကိုယ့်စိတ်အတွက်လည်း အချိန်လေးတစ်ခု ပေးချင်တဲ့အခါ…နေ့စဉ်တာဝန်တွေကို ဖြည့်ဆည်းရင်း ကိုယ့်စိတ်က ဘာလိုအပ်နေသလဲဆိုတာ နားထောင်...
09/10/2026

ကိုယ့်စိတ်အတွက်လည်း အချိန်လေးတစ်ခု ပေးချင်တဲ့အခါ…

နေ့စဉ်တာဝန်တွေကို ဖြည့်ဆည်းရင်း ကိုယ့်စိတ်က ဘာလိုအပ်နေသလဲဆိုတာ နားထောင်ဖို့ အချိန်မရခဲ့တဲ့ နေ့တွေ ရှိတတ်ပါတယ်။

“ကိုယ့်စိတ်လေး အဆင်ပြေရဲ့လား” လို့ မေးမိတဲ့အခါ…
“ကိုယ့်ကိုကိုယ် ဘာလုပ်ပေးနိုင်မလဲ” ဆိုတဲ့ မေးခွန်းလေးလည်း ဆက်ပေါ်လာနိုင်ပါတယ်။

ဒီလို မိမိစိုးရိမ်စိတ်ကင်းစွာဖြင့် Self Care လုပ်ချင်တဲ့ မိတ်ဆွေတွေအတွက် ကျွန်မရဲ့ Hypnosis Session အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်။

Session မစခင် ကိုယ့်ကိုယ်ကို ဆက်ဆံပုံ၊ ယုံကြည်မှု ဒါမှမဟုတ် ပြောင်းလဲလိုတဲ့ Pattern တစ်ခုနဲ့ ပတ်သက်ပြီး မိတ်ဆွေ ဘာကို မျှော်လင့်ထားသလဲဆိုတာ အရင်ဆွေးနွေးပါမယ်။ လုပ်ဆောင်မယ့်ပုံစံကို ရှင်းပြပြီး မိတ်ဆွေအတွက် သင့်တော်မှုရှိမရှိ အတူစဉ်းစားကြပါမယ်။

Hypnosis လုပ်ငန်းစဉ်မှာ အာရုံစူးစိုက်မှုနဲ့ ပြေလျော့မှုကို အထောက်အကူပြုတဲ့ လမ်းညွှန်မှုတွေ၊ သဘောတူထားတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ အကြံပြုစကားတွေကို အသုံးပြုပါတယ်။

မိတ်ဆွေရဲ့ သဘောတူညီမှုနဲ့ ရွေးချယ်ခွင့်ကို လေးစားပါတယ်။ မပြောချင်သေးတဲ့ အကြောင်းအရာကို ပြောဖို့ မလိုပါဘူး။ လုပ်ငန်းစဉ်အတွင်း ခဏနားဖို့၊ ရပ်ဖို့လည်း ရွေးချယ်နိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ တုံ့ပြန်ပုံ မတူတာကြောင့် ရလဒ်ကို အာမခံထားခြင်း မရှိပါဘူး။

အသေးစိတ်သိချင်ရင် Brahmaso Saddhi Healing Page ရဲ့ Messenger မှာ “Hypnosis” လို့ ပေးပို့နိုင်ပါတယ်။ လုပ်ဆောင်ပုံ၊ ကြာချိန်နဲ့ ဝန်ဆောင်ခတို့ကို သိရှိပြီးမှ အေးအေးဆေးဆေး ဆုံးဖြတ်နိုင်ပါတယ်။

ကိုယ့်အတွက် အထောက်အပံ့တစ်ခု ရှာဖွေကြည့်ခြင်းဟာလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးတဲ့ ရွေးချယ်မှုလေးတစ်ခုပါပဲ။ ကိုယ့်အဆင်သင့်ဖြစ်မှုကို လေးစားရင်း စတင်နိုင်ပါတယ်။

ဤဝန်ဆောင်မှုသည် ဆေးဘက်ဆိုင်ရာ သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Certified Holistic Healer
Brahmaso Saddhi Healing

World Mental Health Day 2026ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ | အောက်တိုဘာ ၁၀ ရက် ၂၀၂၆တစ်ချို့သောနေ့ရက်များမှာ  “ဒီရက်ပိုင်း စိတ်ထ...
09/10/2026

World Mental Health Day 2026
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ |

အောက်တိုဘာ ၁၀ ရက် ၂၀၂၆

တစ်ချို့သောနေ့ရက်များမှာ “ဒီရက်ပိုင်း စိတ်ထဲ ဘယ်လိုနေလဲ” ဆိုတဲ့ မေးခွန်းလေးတစ်ခွန်းက ရင်ထဲမှာ သိမ်းထားရတဲ့ ခံစားချက်တွေကို စတင်ပြောပြနိုင်ဖို့ အခွင့်အရေးလေးတစ်ခု ဖြစ်သွားတတ်ပါတယ်။ အဲဒီမေးခွန်းရဲ့နောက်မှာ စိတ်ရှည်လက်ရှည် နားထောင်ပေးမယ့်သူ ရှိနေခြင်းကလည်း ခွန်အားတစ်ခုပါပဲ။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို အကြောင်းပြုပြီး ကိုယ်ချစ်ခင်ရသူတစ်ယောက်ကို အဲဒီလို အချိန်လေးပေးပြီး မေးကြည့်စေချင်ပါတယ်။

သူပြောလာတဲ့အခါ သူ့စကားဆုံးတဲ့အထိ နားထောင်ပေးကြည့်ပါ။ ဘာကြောင့် ဒီလိုခံစားရသလဲဆိုတာ ချက်ချင်း နားမလည်နိုင်သေးရင်တောင် သူ့ခံစားချက်တွေကို ဝေဖန်ခြင်းမပြုဘဲ လက်ခံနားထောင်ပေးနိုင်ပါတယ်။

ပြောပြဖို့ အဆင်သင့်မဖြစ်သေးရင်လည်း အတင်းမမေးဘဲ သူ့အချိန်ကို လေးစားပေးပါ။ “ပြောချင်တဲ့အချိန် နားထောင်ပေးမယ်နော်” ဆိုတဲ့ စကားလေးနဲ့ ကိုယ်ရှိနေပေးနိုင်ကြောင်း သိစေချင်ပါတယ်။

ပြီးတော့ အဲဒီလို ဂရုတစိုက် မေးမြန်းပေးမှုလေးကို ကိုယ့်အတွက်လည်း ချန်ထားပေးပါဦးနော်။ မိသားစု ဘာလိုအပ်သလဲ၊ ကိုယ်ချစ်ရသူတွေ အဆင်ပြေရဲ့လားဆိုတာ စဉ်းစားပေးရင်း ကိုယ့်စိတ်ရဲ့ အခြေအနေကို မေးဖို့ မေ့လျော့နေမိတတ်လို့ပါ။

တခြားသူတွေ အဆင်ပြေဖို့ အမြဲကြိုးစားပေးနေတဲ့ မိတ်ဆွေ… “ငါ့စိတ်လေးရော အဆင်ပြေရဲ့လား” လို့ ပြန်မေးကြည့်သင့်ပါတယ်။

အဖြေကို ချက်ချင်း ရှာတွေ့ဖို့ မလိုပါဘူး။ ပင်ပန်းနေတာလား၊ ဝမ်းနည်းနေတာလား၊ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေတာလားဆိုတာ ကိုယ့်ကိုယ်ကို အချိန်လေးပေးပြီး နားထောင်ကြည့်ပါ။ ကိုယ့်ခံစားချက်တွေကို သိရှိလက်ခံပေးခြင်းက ကိုယ့်အတွက် ဘာလိုအပ်နေသလဲဆိုတာ နားလည်လာဖို့ အစလေးတစ်ခု ဖြစ်နိုင်ပါတယ်။

ကိုယ့်အတွင်းစိတ်ရဲ့ အသံကို ကြားနိုင်ဖို့ အချိန်လေး ရကြပါစေ။ ပင်ပန်းတဲ့အခါ ကိုယ့်ကိုယ်ကို ကြင်နာစွာ နားခွင့်ပေးနိုင်ကြပါစေ။ လိုအပ်တဲ့အခါ အကူအညီတောင်းနိုင်ပြီး နားလည်ပေးမယ့်သူတွေ၊ သင့်တော်တဲ့ အထောက်အပံ့တွေနဲ့အတူ ကိုယ့်အရှိန်အဟုန်နဲ့ကိုယ် ဘဝကို ဆက်လျှောက်နိုင်ကြပါစေလို့ မေတ္တာဖြင့် ဆန္ဒပြုမိပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach

Brahmaso Saddhi Healing
Self-Awareness • Inner Harmony

မျက်နှာကို ပြင်သလို… စိတ်ကိုလည်း ပြင်ကြပါစို့။မနက်မိုးလင်းလာရင်ကျွန်မအတွက်တော့ မြတ်စွာဘုရားရှင်အား ရှိခိုးဦးချ ကန်တော့ခြ...
05/10/2026

မျက်နှာကို ပြင်သလို… စိတ်ကိုလည်း ပြင်ကြပါစို့။

မနက်မိုးလင်းလာရင်
ကျွန်မအတွက်တော့ မြတ်စွာဘုရားရှင်အား ရှိခိုးဦးချ ကန်တော့ခြင်းနဲ့ စတင်ဖြစ်ပါတယ်။

တချို့မနက်တွေမှာ အပြင်သွားဖို့ မှန်ရှေ့ထိုင်ပြီး မျက်နှာကို ပြင်ဆင်ရင်း အတွေးတစ်ခု ဝင်လာတယ်။

ကျွန်မတို့ရဲ့မျက်နှာပေါ်က မလိုချင်တာတွေကို ဖယ်ရှားတယ် ၊ ဖုံးဖိခြယ်သတယ်၊
လိုအပ်တာလေးတွေ ဖြည့်တယ်။
မမြင်စေချင်တာလေးတွေ ဖုံးကွယ်တယ်။

တချိန်တည်းမှာပဲ ကျွန်မတိို့ကိုယ့်စိတ်ကိုရော နေ့တိုင်း ဒီလို ပြင်နေမိရဲ့လား။

အလိုမကျမှုလေးတွေ၊
လိုချင်တောင့်တမှုတွေ၊
နှိုင်းယှဉ်မိတာတွေ၊
မသိမသာ ဖြစ်ပေါ်လာတဲ့ မနာလိုမှု၊ ဒေါသ၊ မကျေနပ်မှုတွေ…

တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိဘဲ စိတ်ထဲမှာ နေရာယူနေတတ်ပါတယ်။

စိတ်ကို ပြုပြင်တယ်ဆိုတာ
အဲဒီခံစားချက်တွေကို အတင်းဖိနှိပ်ပစ်ဖို့ မဟုတ်ပါဘူး။

“အခု ငါ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲ”
လို့ သတိနဲ့ ပြန်ကြည့်နိုင်ဖို့ပါပဲ။

မှန်တစ်ချပ်ဟာ အပြင်ပန်းရုပ်ကို မြင်စေနိုင်သလို
“ သတိ” တရားက ကိုယ့်အတွင်းစိတ်ကို မြင်စေပါတယ်။

မျက်နှာကို နေ့တိုင်း ကြည်လင်အောင် ပြင်ဆင်သလို
ကိုယ့်စိတ်ကိုလည်း မေတ္တာ၊ သတိ၊ နားလည်မှုတွေနဲ့
နေ့စဉ် ပြန်လည်ကြည့်ရှုနိုင်ကြပါစေ။

အပြင်ပန်း ကြည်လင်ခြင်းက လှပသလို
အတွင်းစိတ် ကြည်လင်ခြင်းက ပိုပြီး တန်ဖိုးရှိပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe

အလုပ်လာအပ်ထားတာလေးကို Crystal Healing အပြင်  Grid လေးပါ သေချာဆင်ပေရဖြစ်ပါတယ်။
28/09/2026

အလုပ်လာအပ်ထားတာလေးကို Crystal Healing အပြင် Grid လေးပါ သေချာဆင်ပေရဖြစ်ပါတယ်။

မနက်ဖြန် 25 th September ဆိုရင် 💎 Crystal Clarity Masterclass လေး စပါပြီရှင်။ Crystal တွေကို စိတ်ဝင်စားရာကနေ ကိုယ်ကိုင်ထ...
24/09/2026

မနက်ဖြန် 25 th September ဆိုရင် 💎 Crystal Clarity Masterclass လေး စပါပြီရှင်။

Crystal တွေကို စိတ်ဝင်စားရာကနေ ကိုယ်ကိုင်ထားတဲ့ ကျောက်လေးအကြောင်း ပိုနားလည်ဖို့၊ အရောင်တွေ၊ Chakra reflection နဲ့ Self-Coaching မေးခွန်းတွေကတစ်ဆင့် ကိုယ့်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ပြန်လည်စူးစမ်းဖို့ ကျွန်မတို့ အတူလေ့လာကြတော့မှာပါ။

ဒီသင်တန်းကို တက်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေတွေအတွက် မနက်ဖြန် စက်တင်ဘာလ (၂၅) ရက်၊ မနက် (၁၁) နာရီအထိသာ သင်တန်းစာရင်း လက်ခံပေးပါမယ်နော်။

သင်တန်းကိုတော့ 25th September မနက်ဖြန် ည (၇) နာရီမှာ စတင်ပါမယ်။

ကိုယ့်အတွက် အချိန်လေးတစ်ခု ဖယ်ထားပြီး အတူလေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach

Hypnosis မှာ ကျွမ်းကျင်မှုနဲ့အတူ ရှိရမယ့် ကျင့်ဝတ်လူတစ်ယောက်က သူ့ရင်ထဲကအကြောင်းတွေကို ယုံကြည်စွာ ပြောပြလာတဲ့အခါ အဲဒီယုံက...
18/09/2026

Hypnosis မှာ ကျွမ်းကျင်မှုနဲ့အတူ ရှိရမယ့် ကျင့်ဝတ်

လူတစ်ယောက်က သူ့ရင်ထဲကအကြောင်းတွေကို ယုံကြည်စွာ ပြောပြလာတဲ့အခါ အဲဒီယုံကြည်မှုကို ဘယ်လိုစောင့်ရှောက်ပေးမလဲဆိုတာ ကျွန်မတို့ဘက်က အလေးအနက်ထား စဉ်းစားရပါတယ်။

Client ပြောပြတဲ့အကြောင်းအရာတစ်ခုဟာ သူ့အတွက် ပြောထွက်ဖို့ အချိန်ယူခဲ့ရတဲ့ ခံစားချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် နားထောင်ပေးတဲ့သူရဲ့ စကား၊ အပြုအမူနဲ့ ဆုံးဖြတ်ချက်တိုင်းမှာ တာဝန်ရှိပါတယ်။

Certified Holistic Healer တစ်ယောက်အနေနဲ့ ကျွန်မတန်ဖိုးထားတဲ့ Professional Ethics — လုပ်ငန်းဆိုင်ရာကျင့်ဝတ်ဆိုတာ အဲဒီတာဝန်ကို နေ့စဉ်လက်တွေ့မှာ ထိန်းသိမ်းခြင်းပါပဲ။

Hypnosis မှာလည်း Client ရဲ့ ကောင်းကျိုး၊ ဂုဏ်သိက္ခာနဲ့ ရွေးချယ်ပိုင်ခွင့်ကို အခြေခံထားဖို့ လိုပါတယ်။

လေးစားမှုဟာ နားလည်စွာ ရွေးချယ်ခွင့်ပေးခြင်းက စပါတယ်။

Session ရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်မယ့်ပုံစံ၊ ဖြစ်နိုင်တဲ့ အကျိုးကျေးဇူးနဲ့ အန္တရာယ်၊ ကန့်သတ်ချက်နဲ့ ကုန်ကျစရိတ်တွေကို ကြိုတင်ရှင်းပြပေးရပါတယ်။ Client က မေးမြန်းနိုင်ပြီး ဖိအားမရှိဘဲ သဘောတူနိုင်ဖို့၊ ဆက်မလုပ်လိုတဲ့အခါ ရပ်တန့်နိုင်ဖို့လည်း လိုပါတယ်။ သူ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါတယ်။

ယုံကြည်စွာ မျှဝေထားတဲ့အရာတွေကို တာဝန်ယူထိန်းသိမ်းရပါတယ်။

ကိုယ်ရေးအချက်အလက်၊ Session မှတ်တမ်း၊ ဓာတ်ပုံနဲ့ အသံဖိုင်တွေကို ကာကွယ်ထားရပါတယ်။ မှတ်တမ်းတင်ခြင်းနဲ့ လူသိရှင်ကြား မျှဝေခြင်းအတွက် သီးခြားခွင့်ပြုချက် လိုပါတယ်။ လျှို့ဝှက်ထိန်းသိမ်းမှုမှာ သက်ဆိုင်ရာဥပဒေနဲ့ လုံခြုံရေးအရ ရှိနိုင်တဲ့ ကန့်သတ်ချက်တွေကိုလည်း အစကတည်းက ရှင်းပြထားသင့်ပါတယ်။

နွေးထွေးမှုနဲ့အတူ သင့်တော်တဲ့ နယ်နိမိတ်လည်း ရှိရပါတယ်။

Client ရဲ့ ယုံကြည်မှုကို အသုံးချပြီး စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ် မရှာသင့်ပါဘူး။ မလိုအပ်ဘဲ Session တွေ ဆက်ယူဖို့ ဖိအားပေးခြင်းကို ရှောင်ရပါတယ်။ ကိုယ်ခန္ဓာကို ထိတွေ့မယ့် နည်းလမ်းရှိလျှင်လည်း ကြိုတင်ရှင်းပြပြီး သဘောတူညီမှု ရယူရပါတယ်။

ရိုးသားမှုဆိုတာ မိမိလုပ်ပေးနိုင်တဲ့ အတိုင်းအတာကို သိခြင်းလည်း ဖြစ်ပါတယ်။

လေ့ကျင့်သင်ယူထားပြီး ကျွမ်းကျင်တဲ့ နယ်ပယ်အတွင်းမှာသာ လုပ်ဆောင်ရပါတယ်။ မိမိရဲ့ အရည်အချင်းနဲ့ လက်မှတ်တွေကို တိကျစွာ ဖော်ပြပြီး ရလဒ်ကို အာမခံမပေးသင့်ပါဘူး။ လိုအပ်တဲ့အခါ သင့်တော်တဲ့ ကျန်းမာရေးပညာရှင်ထံ ညွှန်းပေးနိုင်ဖို့၊ ဆက်လက်လေ့လာပြီး ကျွမ်းကျင်သူတွေဆီက လမ်းညွှန်မှုရယူဖို့လည်း လိုပါတယ်။

ကျွန်မအတွက်တော့ လူတစ်ယောက်ကို ကူညီပေးရာမှာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။

“ငါလုပ်နေတဲ့အရာက ဒီလူရဲ့ ကောင်းကျိုးနဲ့ ရွေးချယ်ပိုင်ခွင့်ကို တကယ်စောင့်ရှောက်ပေးနေသလား။”

အဲဒီမေးခွန်းကို ရိုးသားစွာ ပြန်ကြည့်နိုင်ခြင်း၊ လိုအပ်ရင် ကိုယ့်လုပ်ဆောင်ပုံကို ပြင်ဆင်နိုင်ခြင်းဟာ ကျင့်ဝတ်ရဲ့ အသက်လို့ ကျွန်မ ယုံကြည်ပါတယ်။

Brahmaso Saddhi Healing မှာ ကျွန်မတည်ဆောက်ချင်တဲ့ ယုံကြည်မှုကလည်း ဒီလိုယုံကြည်မှုမျိုးပါ။ မေးခွန်းမေးလို့ရတယ်။ မိမိအဆင်မပြေတာကို ပြောလို့ရတယ်။ မိမိရဲ့ဆုံးဖြတ်ချက်ဟာ လေးစားခံရတယ်ဆိုတဲ့ ယုံကြည်မှုပါ။

ယုံကြည်မှုတစ်ခုကို လက်ခံရတဲ့အခါ အဲဒီယုံကြည်မှုနဲ့ ထိုက်တန်အောင် တာဝန်ယူဖို့လည်း လိုပါတယ်။

Hypnotherapy ဟာ မိမိအခြေအနေအတွက် သင့်တော်ရဲ့လား အရင်ဆုံး သိချင်တယ်ဆိုရင် “HYPNOSIS” လို့ ရေးခဲ့ပြီး Private Suitability Conversation အတွက် မေးမြန်းနိုင်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်…
Lei Khaing Moe
Certified Holistic Healer



Reference: National Hypnotherapy Society, Code of Ethical Practice

17/09/2026
💎 Crystal Clarity MasterclassCrystal တွေကို ကျွန်မတို့ လှလို့ ဝယ်တတ်ကြတယ်။ ကြိုက်လို့ ဆောင်တတ်ကြတယ်။ တချို့ကျတော့ “ဒီကျေ...
17/09/2026

💎 Crystal Clarity Masterclass

Crystal တွေကို ကျွန်မတို့ လှလို့ ဝယ်တတ်ကြတယ်။ ကြိုက်လို့ ဆောင်တတ်ကြတယ်။ တချို့ကျတော့ “ဒီကျောက်က ဘာအတွက်ကောင်းလဲ” ဆိုတာလေး သိပြီး အသုံးပြုကြပါတယ်။

ဒါပေမဲ့ ကျွန်မ ဒီသင်တန်းမှာ ပေးချင်တာက အဲ့ဒီထက် နည်းနည်းပိုပါတယ်။

သင်တန်းပြီးသွားတဲ့အခါ…

Crystal တစ်လုံးကို မြင်ရုံနဲ့ သူ့ရဲ့ Formation, Colour, Shape နဲ့ အခြေခံသဘောတရားတွေကို ပိုနားလည်လာမယ်။

ကိုယ့်အတွက် Crystal ရွေးတဲ့အခါ သူများပြောတာကိုပဲ လိုက်ရွေးတာထက် ကိုယ်ဘာလိုအပ်နေသလဲ၊ ဘာ Intention နဲ့ အသုံးပြုချင်သလဲ ဆိုတာကို သိပြီး ရွေးချယ်တတ်လာမယ်။

Crystal Cleansing, Care, Intention, Programming, Chakra, Colour Theory, Traditional Chinese Medicine, Crystal Grid နဲ့ Reiki Infused Crystal တွေကိုလည်း စနစ်တကျ လေ့လာအသုံးပြုတတ်လာမယ်။

အရေးကြီးဆုံးကတော့ Crystal ကို ကိုယ့်အတွက် အရာအားလုံး လုပ်ပေးမယ့်အရာလို့ မမြင်ဘဲ Self-Awareness, Reflection နဲ့ Action အတွက် Reminder တစ်ခုအဖြစ် အသုံးချတတ်လာမယ်။

ဘယ်သူတွေ တက်သင့်လဲ။

Crystal ရောင်းချပေးနေသူ၊ Crystal ကို အခုမှ စိတ်ဝင်စားလာသူ၊ Crystal တွေရှိပြီး ဘယ်လိုအသုံးပြုရမလဲ မသေချာသေးသူ၊ Crystal ကို အခြေခံကနေ စနစ်တကျ နားလည်ချင်သူ၊ Chakra, Crystal Grid, Reiki နဲ့ Self-Reflection ကို ချိတ်ဆက်လေ့လာချင်သူတွေအတွက် ဒီသင်တန်းလေးက သင့်တော်ပါတယ်။

Crystal တွေ အများကြီးရှိဖို့ မလိုပါဘူး။

Crystal ကို ပိုနားလည်ရင်း
ကိုယ့်ကိုယ်ကိုပါ ပိုနားလည်လာချင်ရင် ရပါပြီ။

💎 14-Day Crystal Clarity Masterclass
📅 Starts September 25
💻 Zoom | Wednesday & Friday
⏰ 7:00 PM – 9:00 PM
🎓 Certificate of Completion
💎 21-Day Integration Plan
💻 Replay Video 1- years at Telegram Group

သင်တန်းအပ်နှံဖို့ Page Messenger မှာ
“CRYSTAL CLARITY” လို့ စာပို့ထားနိုင်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach




ကြည်လင်တဲ့ သလင်းသားထဲမှာ ရွှေရောင်ဆံချည်မျှင်လေးတွေ၊ နူးညံ့ပါးလွှာတဲ့ အမျှင်လေးတွေ၊ အပ်ချောင်းလေးတွေ စုစည်းဖြာထွက်နေသလို...
14/09/2026

ကြည်လင်တဲ့ သလင်းသားထဲမှာ ရွှေရောင်ဆံချည်မျှင်လေးတွေ၊ နူးညံ့ပါးလွှာတဲ့ အမျှင်လေးတွေ၊ အပ်ချောင်းလေးတွေ စုစည်းဖြာထွက်နေသလိုမျိုးအမျှင်တစ်ချောင်းချင်းစီရဲ့တည်နေရာနဲ့ ယှက်နွယ်ပုံ မတူကြတာက ကျောက်တစ်လုံးချင်းစီကို ကိုယ်ပိုင်အလှ ပေးထားပါတယ်။

ဒီ “ရွှေမျှင်သေးသေး” လေးတွေဟာ ရွှေအစစ်တော့ မဟုတ်ပါဘူး။ Quartz အတွင်းမှာ ပါဝင်နေတဲ့ Rutile : Titanium Dioxide (TiO₂) ပုံဆောင်ခဲလေးတွေ ဖြစ်ပါတယ်။ Quartz ကြီးထွားလာချိန်မှာ ရှိနှင့်ပြီးသား Rutile အပ်မျှင်လေးတွေကို ဝန်းရံဖုံးအုပ်သွားတာမျိုးကနေ ဒီလို သဘာဝအတွင်းပါဝင်မှု inclusions တွေ ဖြစ်လာရတာပါ။
ကျွန်မက ဒီကျောက်ကို ကြည့်ရင်း ကိုယ့်ဘဝကို ပြန်မြင်ယောင်ပြီးကိုယ်မျှော်လင့်ထားသလို မဖြစ်ခဲ့တဲ့ အချိန်တွေ၊ မပြည့်စုံမှုလို့ သတ်မှတ်ထားမိတဲ့ အတွေ့အကြုံတွေ ရှိခဲ့ကြတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သေချာပြန်ကြည့်နိုင်တဲ့အခါ အဲဒီအတွေ့အကြုံတွေကြားကနေ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ်တန်ဖိုးထားတာတွေနဲ့ ကိုယ်သင်ယူလာခဲ့တာတွေကို ပိုသေချာ မြင်လာနိုင်ပါတယ်။

Chakra Framework နဲ့ ကြည့်မယ်ဆိုရင် ခေတ်သစ် Crystal ယုံကြည်မှုအချို့မှာ ဒီကျောက်ကို Crown Chakra ၊ Solar Plexus Chakra တို့နဲ့ ချိတ်ဆက်တဲ့အမြင်မှာတော့ ကိုယ့်အတွင်းစိတ်ကို ပိုနားလည်ခြင်း၊ ဘဝမှာ ကိုယ်တန်ဖိုးထားတာကို ပြန်မြင်ခြင်းနဲ့ အခြေအနေတစ်ခုကို ပိုကျယ်တဲ့အမြင်နဲ့ ကြည့်ခြင်း တို့နဲ့ ချိတ်ဆက်ချင်ပါတယ်။

ကျွန်မရဲ့ Coaching အမြင် မှာတော့ ဒီသင်္ကေတတွေကို ကိုယ့်အခြေအနေကို ပိုကျယ်တဲ့အမြင်နဲ့ ပြန်ကြည့်ဖို့၊ ကိုယ်တန်ဖိုးထားတာကို ရှင်းရှင်းလင်းလင်း သိလာဖို့နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ဆုံးဖြတ်လုပ်ဆောင်နိုင်တဲ့ စိတ်မျိုးကို ပေါ်သွားစေပါတယ်။

ဒါကြောင့် ဒီ Gold Rutilated Quartz : သလင်းရွှေမျှင်( ခေါ် ) နတ်သမီးဆံချည်မျှင် ဆိုတဲ့ ကို ကျောက်လေးတွေကို ဖီချူးလေးရယ်၊ Tiger Eye ကျောက်လေးတွေတွဲစပ်ပြီး လက်ပတ်လေးအဖြစ် ဝတ်ဖြစ်သလို ၊ အလုပ်စားပွဲပေါ်မှာလည်း ကျောက်လုံးချောအဖြစ်ထားလေ့ရှိပါတယ်။

Personal Cue အဖြစ်
“ရှုပ်ထွေးမှုတွေကြားမှာ ကိုယ့်အတွက် အရေးကြီးတာကို ပြန်မြင်ပါ။”
ဆိုတဲ့ အချက်လေးနဲ့ အသုံးပြုဖြစ်ပါတယ်။

လုပ်စရာတွေ များနေတဲ့နေ့၊ သူများရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ဆန္ဒကြားမှာ ဘာရွေးရမှန်း မသိတဲ့နေ့မျိုးမှာ ဒီကျောက်လေးကို မြင်ရင် ကျွန်မ ပြန်သတိကပ်ပြီး “အခုငါ့အတွက် တကယ်အရေးကြီးတာ ဘာလဲ။ အဲဒီအရာနဲ့ ကိုက်ညီအောင် ဒီနေ့ ဘာလေးတစ်ခု လုပ်နိုင်မလဲ” လို့
ဘဝမှာ အရာအားလုံး ရှင်းလင်းသွားဖို့ အချိန်လိုနိုင်ပါတယ်။ အဲဒီကြားမှာ ကိုယ်တန်ဖိုးထားတာကို ပြန်မြင်ပြီး ကိုယ်လုပ်နိုင်တဲ့ ခြေလှမ်းလေးတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ကျွန်မအတွက်တော့ သလင်းရွှေမျှင်လေးရဲ့ အဓိပ္ပာယ်က အဲဒီလို သတိပြန်ရလာတဲ့ အခိုက်အတန့်ကနေ လက်တွေ့လုပ်ဆောင်မှုဆီ ရောက်သွားခြင်းမှာ ရှိပါတယ်။

Gold Rutilated Quartz :Clarity through complexity.

ချစ်ခင်လေးစားစွာဖြင့်
Lei Khaing Moe
Holistic Transformational Coach





Address

Happy Street
Yangon
11111

Telephone

+959973284494

Website

Alerts

Be the first to know and let us send you an email when Brahmaso Siddhi Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brahmaso Siddhi Healing:

Shortcuts

Share

Nearby health & beauty businesses