Aspen Healthcare Products

Call Directions Website Contact the business

Aspen Healthcare Products " ကုန်ကျမှုထက် ပိုသောကျွန်ုပ်၏တန်ဖိုး "
"The Greatest Value with Reasonable Price"

မီးထွန်းပွဲမှာ အလင်းဆောင်၊ စိတ်ရောကိုယ်ပါ ကျန်းမာအောင် 🪔✨On this peaceful and luminous full moon day of Thadingyut, we, ...
26/10/2026

မီးထွန်းပွဲမှာ အလင်းဆောင်၊ စိတ်ရောကိုယ်ပါ ကျန်းမာအောင် 🪔✨

On this peaceful and luminous full moon day of Thadingyut, we, Aspen Myanmar Co.,Ltd, wish you and your loved ones wonderful, joyful moments together.

May you be blessed with health, happiness, and peace of mind, shining brightly always … 🙏 🌕


လက်ဒဏ်ရာရတဲ့အခါ မသိလို့ မကြာခဏ မှားမိကြတဲ့ အချက် (၃) ချက် 🤦‍♂️ (နဲ့ ပြုပြင်နည်းများ💡)လက်ကျိုးတာ၊ အကြောအဆစ်လွဲတာ ကြုံလာရရ...
21/09/2026

လက်ဒဏ်ရာရတဲ့အခါ မသိလို့ မကြာခဏ မှားမိကြတဲ့ အချက် (၃) ချက် 🤦‍♂️ (နဲ့ ပြုပြင်နည်းများ💡)

လက်ကျိုးတာ၊ အကြောအဆစ်လွဲတာ ကြုံလာရရင် အဆင်ပြေရာ Arm Sling တစ်ခုခု ဝယ်ပတ်ပေးလိုက်တာ အဆန်းမဟုတ်ပါဘူး။

ဒါပေမဲ့ မသိလိုက်ဘဲ ပေါ့ဆမိသွားတဲ့ ဒီအမှားလေးတွေကြောင့် ဒဏ်ရာက ပိုဆိုးသွားတတ်တယ်ဆိုတာရော သင်သိပါသလား?

၁။ ❌ "ကလေးကို လူကြီးသုံး Arm Sling ခေါက်ပြီး ပတ်ပေးလိုက်တာ"

The Reality: ကလေးလက်ထည့်တဲ့ အိတ်အရွယ်အစား (Pouch Size) မမှန်ရင် လက်က အထဲမှာ လှုပ်စိလှုပ်စိ ဖြစ်နေပြီး အဆစ်လွဲတာ ပိုဆိုးသွားနိုင်ပါတယ်။

💡 Pro Tip: ကလေးအတွက် ကွက်တိဖြစ်ပြီး အဝင်အထွက် ငြိမ်မယ့် Kid Special Size ကိုပဲ သီးသန့် ရွေးပေးပါ။

၂။ ❌ "အထည်အသားကို ဂရုမစိုက်ဘဲ ရရာ သုံးလိုက်တာ"

The Reality: တစ်နေကုန် ပတ်ထားရတာမို့ အထည်အသား မာလွန်းရင် ချွေးအောင်းတာ၊ အပူအောင်းလာတာနဲ့ ကြိုးပြားကြောင့် လည်ပင်း ပွန်းရှတာတွေ ဖြစ်လာပါတယ်။

💡 Pro Tip: အပူမပြန်ဘဲ နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့ Cotton-Poly Blend အသားကို ရွေးချယ်ပါ။

၃။ ❌ "ဆေးရုံကဆင်းလာသလို အပြာ/အဖြူ ရိုးရိုးကြီးနဲ့ပဲ အပြင်ထွက်ရတာ"

*The Reality: ဆေးရုံသုံး ရိုးရိုးကြီးတွေက ကလေးတွေကိုရော၊ လူကြီးတွေကိုပါ စိတ်ကျဉ်းကျပ်စေပြီး အပြင်ထွက်ရင် ရှက်ရွံ့စေပါတယ်။

💡 Pro Tip: အဝတ်အစားနဲ့ လိုက်ဖက်မယ့် Printedဒီဇိုင်းဆန်းလေးတွေက ဒဏ်ရာရထားသူရဲ့ စိတ်ဓာတ် (Mental Health) ကိုပါ ပေါ့ပါးရွှင်လန်းစေပြီး ဖက်ရှင်လည်းကျပါတယ်။

---

✨ Why Aspen is Different?

Aspen Arm Sling တွေဟာ ဆေးရုံသုံး သာမန် ပစ္စည်းတွေလို ပျင်းစရာမကောင်းဘဲ

✅ Fashion + Healing: မြန်မာဝတ်စုံ၊ ကျောင်းဝတ်စုံတွေနဲ့ လိုက်ဖက်တဲ့ ချစ်စရာ Patterned Designs များ

✅ Ergonomic Support: လည်ပင်းနဲ့ ပခုံးပေါ် ဖိအားမရောက်အောင် မျှတစွာ ထိန်းမတ်ပေးခြင်း

✅ Easy Adjust: Slide Buckle ပါဝင်လို့ မိမိကိုယ်တိုင် အလွယ်တကူ အတို/အရှည် ညှိယူနိုင်ခြင်း

မိသားစုဝင်တွေရဲ့ ဒဏ်ရာရနေ့ရက်များကို Aspen နဲ့အတူ သက်တောင့်သက်ဖြစ်ရုံသာမက စတိုင်လ်ကျကျပါ ဖြတ်သန်းလိုက်ပါ။ 💚

💬 သင့်မိသားစုအတွက် အဆင်ပြေဆုံး Arm Sling ကို ရွေးချယ်ဖို့ သို့မဟုတ် အသေးစိတ် သိရှိလိုပါက Comment သို့မဟုတ် Page Direct Message မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🌿

အသက် ၅၀ ရောက်တဲ့အခါ သင့် ခါးရိုးက သင့်ကို ကျေးဇူးတင်မလား? သို့မဟုတ် အပြစ်တင်မလား? 🤔⏳အသက် ၂၀၊ ၃၀ အရွယ်မှာ ခါးနည်းနည်း နာတ...
14/09/2026

အသက် ၅၀ ရောက်တဲ့အခါ သင့် ခါးရိုးက သင့်ကို ကျေးဇူးတင်မလား? သို့မဟုတ် အပြစ်တင်မလား? 🤔⏳

အသက် ၂၀၊ ၃၀ အရွယ်မှာ ခါးနည်းနည်း နာတာကို "ခဏပါပဲ၊ ခါးညောင်းတာပါ" ဆိုပြီး လျစ်လျူရှုထားလေ့ရှိကြပါတယ်။
ဒါပေမဲ့ ခါးအဆစ်ဝိုင်း (Spinal Disc) တွေဟာ သွားဖုံး ဒါမှမဟုတ် အရေပြားလိုမျိုး ပြန်လည်အသစ်မဖြစ်နိုင်တဲ့ အစိတ်အပိုင်းတွေထဲမှာ ပါဝင်နေတာကို သင်သိပါသလား?
💥 ယနေ့ သင် ခါးကိုင်းပြီး ပေါ့ဆစွာ ထိုင်ခဲ့သမျှ…
💥 ယနေ့ သင့်ခါးကို ပုံစံမမှန်ဘဲ အလေးအပင် မ ခဲ့သမျှ…
ဒီဖိအား ဒဏ်ရာတွေဟာ ခါးအဆစ်တွေထဲမှာ တဖြည်းဖြည်း စုဆောင်းသွားပြီး နောက် ၁၀ နှစ်၊ နှစ် ၂၀ မှာ နာတာရှည် ခါးရောဂါ ဖြစ်လာစေပါတယ်။

💡 မနက်ဖြန်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု:
ခါးကျန်းမာရေးကို ဂရုစိုက်တာဟာ အဝတ်အစားလှလှ ဝတ်တာထက် သင့်ဘဝအရည်အသွေး (Quality of Life) အတွက် တကယ် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။
1️⃣Daily posture ကို သတိထားပါ။
2️⃣ခါးအားစိုက်ရမည့် အချိန်တိုင်းတွင် Aspen Lumbar Sacral Support Belt ကို စနစ်တကျ ဝတ်ဆင်ပေးပါ။

Aspen Lumbar Sacral Support Belt က ခါးရိုးရဲ့ ပုံစံမှန်အတိုင်း အမြဲ ထိန်းမတ်ပေးထားတာမို့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ နာတာရှည် ခါးအကြောညှပ်ရောဂါတွေကို ဒီနေ့ကစပြီး ထိရောက်စွာ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 🛡️🌿

မနက်ဖြန်ရဲ့ သင့်ခါးကျန်းမာရေးအတွက် ဒီနေ့ Aspen နဲ့ စတင်လိုက်ပါ။

Aspen Myanmar Co.,Ltd

သင့်လည်ပင်းပေါ်မှာ ၈ နှစ်အရွယ် ကလေးတစ်ယောက် တင်ထားသလို ဖြစ်နေသလား? 📱💥ဖုန်း သို့မဟုတ် ကွန်ပျူတာကြည့်တဲ့အခါ ခေါင်းကို နည်း...
11/09/2026

သင့်လည်ပင်းပေါ်မှာ ၈ နှစ်အရွယ် ကလေးတစ်ယောက် တင်ထားသလို ဖြစ်နေသလား? 📱💥

ဖုန်း သို့မဟုတ် ကွန်ပျူတာကြည့်တဲ့အခါ ခေါင်းကို နည်းနည်းလေး ငုံ့လိုက်ရုံနဲ့ လည်ပင်းရိုး (Cervical Spine) ပေါ်မှာ ဘယ်လောက်အထိ ဖိအားပိုရောက်သွားလဲ သိပါသလား?

ခေါင်းကို မငုံ့ဘဲ မတ်မတ်ထားချိန်မှာ လည်ပင်းက ထိန်းထားရတဲ့ အလေးချိန်ဟာ ၁၀ ပေါင်ဝန်းကျင်ပဲ ရှိပါတယ်။

ဒါပေမဲ့ ခေါင်းကို ၆၀ ဒီဂရီလောက် ငုံ့လိုက်တာနဲ့ လည်ပင်းပေါ် ရောက်သွားတဲ့ ဖိအားဟာ ၆၀ ပေါင် (၂၇ ကီလိုဂရမ်) အထိ မြင့်တက်သွားပါတယ်။ ဒါဟာ ၈ နှစ်အရွယ် ကလေးတစ်ယောက်ကို လည်ပင်းပေါ် တင်ထားရတာနဲ့ တူတူပါပဲ။

ဒါကြောင့်ပဲ ညနေပိုင်းရောက်ရင် ဇက်လေးတာ၊ ခေါင်းနောက်တာနဲ့ ပခုံးတောင့်တာတွေ ဆက်တိုက် ဖြစ်လာရတာပါ။

ဒီလို "Text Neck Syndrome" မဖြစ်အောင် နေ့စဉ် သတိထားလို့ရမယ့် နည်းလမ်း ၃ ခု:

၁။ Eye-Level Screen: ဖုန်းနဲ့ ကွန်ပျူတာစခရင်ကို မျက်လုံးအနိမ့်အမြင့်အတိုင်း မြှင့်ထားပါ။

၂။ 20-20-20 Rule: မိနစ် ၂၀ တိုင်း စခရင်ကနေ မျက်လုံးလွှဲပြီး စက္ကန့် ၂၀ ခေါင်းမော့ပေးပါ။

၃။ Proper Cervical Support: လည်ပင်းရိုးနဲ့ ကျောရိုး ပုံစံမှန်အောင် ထိန်းမတ်ပေးပြီး နာကျင်မှုကို သက်သာစေဖို့အတွက် Aspen Cervical Collar လိုမျိုး စနစ်တကျ ဒီဇိုင်းထုတ်ထားတဲ့ Medical-Grade Neck Support တွေကို အသုံးပြုပေးခြင်းကလည်း သင့်လည်ပင်းအတွက် ထိရောက်တဲ့ သက်သာမှုကို ရရှိစေပါတယ်။ 🌿

---

Aspen Myanmar Co.,Ltd

ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်တည်း ထမ်းထားစရာ မလိုပါဘူး 💛 ဒီနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ဟာ World Su*cide Prevention Day (ကမ...
10/09/2026

ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်တည်း ထမ်းထားစရာ မလိုပါဘူး 💛

ဒီနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ဟာ World Su*cide Prevention Day (ကမ္ဘာ့‌ေ*သကြောင်းကြံစည်မှု ကာကွယ်ရေးနေ့) ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဂရုစိုက်ကြသလိုပဲ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်ပင် အရေးကြီးပါတယ်။ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘာမှမလုပ်နိုင်တော့သလို ခံစားရတာမျိုး မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဒါပေမဲ့ မမေ့ပါနဲ့၊ သင့်ရဲ့ ခံစားချက်တွေဟာ အရေးပါတယ်၊ သင့်ဘဝဟာလည်း တန်ဖိုးရှိပါတယ်။

ဒီနေ့မှာ မိမိကိုယ်ကိုရော၊ ဘေးပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကိုပါ ကူညီပေးနိုင်မယ့် အလေ့အကျင့်လေးများကတော့

🌿 ဂရုစိုက်ပေးပါ: မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့မိတ်ဆွေ၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို "စကားစမြည် ပြောရအောင်၊ အဆင်ပြေရဲ့လား" လို့ နွေးထွေးစွာ မေးမြန်းပေးပါ။
🌿 ဝေဖန်မှုမပါဘဲ နားထောင်ပေးပါ: အကြံဉာဏ်တွေ အများကြီး ပေးတာထက်၊ သူတို့ရဲ့ ရင်ဖွင့်သံကို စာနာစိတ်နဲ့ သေချာနားထောင်ပေးခြင်းက ကြီးမားတဲ့ ခွန်အားဖြစ်စေပါတယ်။
🌿 အကူအညီတောင်းခံဖို့ မတွန့်ဆုတ်ပါနဲ့: စိတ်ဖိစီးမှုတွေ အလွန်အမင်း များလာရင် မိသားစု၊ ယုံကြည်ရတဲ့ မိတ်ဆွေ ဒါမှမဟုတ် စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေထံ အကူအညီတောင်းခံတာဟာ သတ္တိရှိတဲ့ အပြုအမူဖြစ်ပါတယ်။

စကားတစ်ခွန်း၊ နွေးထွေးတဲ့ ဂရုစိုက်မှုတစ်ခုက လူတစ်ယောက်ရဲ့ အမှောင်ထုထဲမှာ ရောင်ခြည်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့ Aspen Myanmar Co.,Ltd မှ လူတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်ပြီး ငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💛✨

စက်တင်ဘာ (၈) ရက်နေ့မှာ ကျရောက်တဲ့ World Physiotherapy Day ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။💙✨ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝက...
08/09/2026

စက်တင်ဘာ (၈) ရက်နေ့မှာ ကျရောက်တဲ့ World Physiotherapy Day ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။💙✨

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကြွက်သားနဲ့ အရိုးအဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်း ကောင်းမွန်နေဖို့က အရေးကြီးဆုံးပါပဲ။

အတက်အဆင်း၊ အထိုင်အထ ခက်ခဲတာတွေ၊ ခါးနာ၊ ကျောနာတာတွေကို လျစ်လျူမရှုဘဲ Physiotherapy ရဲ့ အကူအညီနဲ့ စနစ်တကျ ပြုစုကုသပေးခြင်းက :
ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးတယ် (Prevention)
ထိခိုက်ဒဏ်ရာတွေကို အမြန်ဆုံး သက်သာကောင်းမွန်စေတယ် (Recovery)
ခန္ဓာကိုယ် လှုပ်ရှားရတာ စိတ်တိုင်းကျ လွတ်လပ်စေတယ် (Mobility)
နေ့စဉ်ဘဝကို ပေါ့ပါးလန်းဆန်းစေတယ် (Wellness)

ခါးနာတာ ကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အဆင်မပြေဖြစ်နေသူများနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်ချင်သူများအတွက် Aspen Healthcare Products ရဲ့ Lumbar Sacral Supportက ခါးအဆစ်တွေကို သဘာဝအတိုင်း ထိန်းမတ်ပေးပြီး နာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။

ဒီနေ့ပဲ မိမိနဲ့ မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်ကြွက်သား ကျန်းမာရေးအတွက် Aspen နဲ့အတူ ဂရုစိုက်လိုက်ရအောင်နော်... ✨

---

Aspen Myanmar Co.,Ltd
“The greatest value with reasonable price”
“The product you need, the people you trust”

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘေးအပေါင်းကင်းစင်၍ ကျန...
29/07/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘေးအပေါင်းကင်းစင်၍ ကျန်းမာအေးချမ်းကြပါစေကြောင်း ကျွန်တော်များ Aspen Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 #အသက်အရွယ်တစ်ခုရောက်လာရင် ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေ...
01/07/2026

#အသက်အရွယ်တစ်ခုရောက်လာရင် ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ

ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ ကြည့်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

#အသက်ကြီးလာလို့လား
အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။

#အိပ်ရာထကာစ မို့လို့လား
နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid အရည်ဓာတ်က လုပ်ဆောင်ချက် သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရ တောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေ လုပ်ကြတာ ဒါကြောင့်ပါ။

အထိုင်များလို့လား
အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လှုပ်ရှားမှု သိပ်မရှိလို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာမှာ လှုပ်ရှားတဲ့အချိန်ထက် ငြိမ်နေတဲ့အချိန်က ပိုများနေခဲ့ရင် ဒီလိုဖြစ်နိုင်ပါတယ်။ အကြောအခြင်တွေက တောင့်တင်း၊ ခြေလက်တွေ လေးလံပြီး တဂျိုးဂျိုးတဂျွတ်ဂျွတ်နဲ့ပေါ့။

#အရိုးပွနေလို့လား
အရိုးတွေ ကြားက အဆစ်မှာ ဖုံးအုပ်ထားတဲ့ အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေ ကြားမှာ ပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး လွန်ကဲလို့လား
အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို အလွယ်တကူ သောက်လို့ ရတဲ့ ဆေးတွေကို အားကိုးကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သုံးစွဲရတဲ့အခါ ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။

#လေးဘက်နာ ဖြစ်နေလို့လား
လက်ကောက်ဝတ်နဲ့ လက်ချောင်းအဆစ်တွေမှာ အများဆုံး သိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ ကလည်း အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လေးဘက်နာ ဖြစ်ရင် အဆစ်တွေ အမြဲတမ်း နာကျင်၊ တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ ရောဂါက ငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။

#ရာသီဥတု ကြောင့်လား
ရာသီဥတု အေးလာပြီဆို အရိုးအဆစ်တွေ လှုပ်ရှားရမကောင်းတော့ဘူး ဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။ လေးဘက်နာသမားတွေ ရာသီဥတု အေးရင် ပိုကိုက်ခဲကြတာ တွေ့ရများပါတယ်။

#အရွတ်တွေ ထိခိုက်ထားလို့လား
နာတာရှည် ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်တဲ့ အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါ ရှိတတ်ပါတယ်။ ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှု ပြင်းထန်တာတွေ နောက်ပိုင်းမှာ ဒီဝေဒနာ ပိုဆိုးစေတတ်ပါတယ်။

#အရိုးအဆစ် ထိခိုက်မှုတစ်ခုခု ရှိထားလို့လား
အရိုးအဆစ်ကို ထိခိုက်မှုတစ်ခုခု ရှိထားတယ်ဆိုရင် ရောင်ရမ်းခြင်း နဲ့ တောင့်တင်းနာကျင်ခြင်းတွေ ဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှု ပုံစံမမှန်ရင်လည်း အရွတ်ပါ ထိခိုက်ပြီး ဒီလိုတွေ ဖြစ်စေနိုင်ပါတယ်။

#ဘယ်လိုသက်သာအောင်လုပ်မလဲ
🔷️(၁) အတန်အသင့် လှုပ်ရှားမှု

အရိုးအဆစ် တွေကို လှုပ်လှုပ်ရှားရှားနေလေ၊ တောင့်တင်းနာကျင်နေဖို့ အခွင့်အလမ်းနည်းလေ ပါပဲ။ အိမ်ရှေ့ခဏလောက် လမ်းထွက်လျှောက်တာ၊ အပင်လေးတွေ စိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ် ဆိုလည်း ဟိုဟိုဒီဒီ နည်းနည်းလမ်းလျှောက်ပေးတာ၊ ခြေဆန့်လက်ဆန့် အကြောလျှော့တာတွေ လုပ်ပေးပါ။

ပိတ်ရက်တွေမှာ ဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးရင် အရိုးအဆစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို သန်မာစေပြီး အရိုးတွေလည်း သန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေမယ်၊ ကယ်လိုရီ လောင်ကျွမ်းစေတယ်။

နာနေလို့ ဆိုပြီး မလှုပ်မယှက် ငြိမ်နေရင် ပိုဆိုးပါလိမ့်မယ်။ အနည်းဆုံး ပုံမှန်လှုပ်ရှားမှုတော့ ရှိရပါမယ်။ လုံးဝလှုပ်မရဘဲ နာကျင်မှုပြင်းထန်တာ (ထိခိုက်မှုကြောင့် အရိုးအက်တာ လိုမျိုး) ဖြစ်နေရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ကြပ်ထုပ်ထိုးတာ၊ ဆေးစည်းတာ၊ ငြိမ်ငြိမ်နားနေတာ တို့ လုပ်သင့်ပါတယ်။ လှုပ်ရှားလေ ပိုဆိုးလေ ဖြစ်ရင်တော့ ချက်ချင်းရပ်ပြီး ဆရာဝန်ပြပါ။

🔷️(၂) အပူကုထုံး

မနက်ပိုင်း အဆစ်အမြစ် တောင့်တင်းနေတယ်ဆို ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး အကြောအခြင်တွေ ပြေလျော့စေပါတယ်။ ရေနွေးအိတ်လေး ကပ်ပေးလည်း ရပါတယ်။

🔷️(၃) အအေးကုထုံး

နာကျင်နေတဲ့ အဆစ်ကို ရေခဲကပ်လို့ ရပါတယ်။ သွေးကြောတွေကို ကျဉ်းစေပြီး နာကျင်နေတဲ့ ဧရိယာမှာ သွေးလည်ပတ်မှု နှေးစေတဲ့ အတွက် ရောင်ရမ်းမှုကို လျော့စေပါတယ်။ ရေခဲကို ပုဝါတစ်ခုနဲ့ ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက် မပိုပါစေနဲ့။

တကယ်လို့ …

နာကျင်ကိုက်ခဲမှု အရမ်းဆိုးလာရင်
ထိခိုက်မှု ဖြစ်ထားတာဆိုရင် (ချော်လဲလို့ အရိုးအက်တာမျိုး)
အဆစ်လွဲတာ ဆိုရင်
အသုံးပြုလို့ မရလောက်အောင် နာနေရင်
ရုတ်တရက် ရောင်ရမ်းလာရင်
အရိုးအဆစ်တွေ အထိမခံနိုင်၊ လှုပ်ရှားရခက်ခဲရင်
အရိုးအဆစ်နေရာ အရေပြားက နီမြန်းပြီး ထိလိုက်တဲ့အခါ ပူနေတာဆိုရင်
အရိုးအဆစ် ပြဿနာက ၃ ရက်ကျော် လာရင် ဒါမှမဟုတ် တစ်လအတွင်း ခဏခဏဖြစ်နေတာ ဆိုရင် ဆရာဝန်ပြပြီး ကုသမှု ခံယူသင့်ပါတယ်။

Credit

ကြွက်သား အားနည်းတာ ကာကွယ်ဖို့ ဘာစားရမလဲ။အသက်ကြီးလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ်တွင် ခြေထောက်များသည် အင်အားအကျဆုံးနှင့် ကြွက...
01/07/2026

ကြွက်သား အားနည်းတာ ကာကွယ်ဖို့ ဘာစားရမလဲ။

အသက်ကြီးလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ်တွင် ခြေထောက်များသည် အင်အားအကျဆုံးနှင့် ကြွက်သားအမြန်ဆုံး လျော့နည်းလာသည့် အစိတ်အပိုင်း ဖြစ်ပါသည်။ အမေရိကန် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂျာနယ် (Journal of the American Geriatric Society) ၏ လေ့လာမှုအရ အသက် ၆၅ နှစ်အထက် အောက်ပိုင်းကြွက်သား အားနည်းသူများသည် ၅ နှစ်အတွင်း လမ်းမလျှောက်နိုင်တော့သည့် မသန်စွမ်းမှု ဖြစ်နိုင်ခြေ ၇၂% ပိုများ ကြောင်း တွေ့ရှိရပါသည်။ ဤပြဿနာကို သဘာဝအတိုင်း ပြောင်းလဲပစ်နိုင်ရန် ဒေါက်တာ ဝီလျံ လီ (Dr. William Li) သိပ္ပံနည်းကျ အထောက်အထားများအရ ထိရောက်မှုအရှိဆုံး အစားအစာ ၆ မျိုးကို အဆင့် ၆ မှ အဆင့် ၁ အထိ အောက်ပါအတိုင်း အသေးစိတ် အနှစ်ချုပ် တင်ပြအပ်ပါသည်။

အဆင့် (၆) - ကြက်ဥ (Eggs)ကြက်ဥသည် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများအတွက် ကြွက်သားတည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော အစားအစာ ဖြစ်ပါသည်။လူဆင်း (Leucine) ဓာတ်: ကြက်ဥတွင် 'လူဆင်း' ဟုခေါ်သော အမိုင်နိုအက်ဆစ် အမြောက်အမြား ပါဝင်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်ထဲတွင် ကြွက်သားပရိုတင်းများ တည်ဆောက်ခြင်း (Muscle Protein Synthesis) ကို စတင်ပေးသည့် သော့ချက် ဖြစ်ပါသည် (3:10)။Anabolic Resistance ကို ကျော်လွှားခြင်း: အသက် ၆၅ နှစ်နောက်ပိုင်းတွင် ကြွက်သားများသည် ပရိုတင်းဓာတ်ကို တုံ့ပြန်မှု နှေးကွေးသွားတတ်သဖြင့် ပိုမိုအားကောင်းသော လှုံ့ဆော်မှု လိုအပ်ပါသည်။ ကြက်ဥအလုံးကြီး ၂ လုံးစားခြင်းဖြင့် အဆိုပါ ကြွက်သားတည်ဆောက်မှုကို ထိရောက်စွာ လှုံ့ဆော်ပေးနိုင်ပါသည်။ကြက်ဥအနှစ်၏ အစွမ်း: အနှစ်တွင် ကိုလင်း (Choline)၊ ဗီတာမင် ဒီ (Vitamin D) နှင့် Phosphatidylcholine တို့ ပါဝင်ပြီး ၎င်းတို့သည် အသက်ကြီးလာ၍ ပျက်စီးလွယ်သော ကြွက်သားဆဲလ် အမြှေးပါးများကို ကာကွယ်ပေးပါသည်။

စားသုံးရန်အကြံပြုချက်: တစ်နေ့လျှင် ကြက်ဥ ၂ လုံးမှ ၃ လုံးအထိ စားသုံးနိုင်ပြီး၊ ဗီတာမင်များ စုပ်ယူမှု အားကောင်းစေရန် သံလွင်ဆီ သို့မဟုတ် ထောပတ်သီးကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော အဆီတစ်မျိုးမျိုးနှင့် တွဲဖက်ချက်ပြုတ်သင့်ပါသည်။

အဆင့် (၅) - ဆယ်လ်မွန်ငါးရိုင်း (Wild Salmon)ခြေထောက်များ လေးလံခြင်း၊ ညဘက် ကြွက်တက်ခြင်းနှင့် မနက်ခင်းတွင် ကိုက်ခဲခြင်းတို့သည် ကြွက်သားဆဲလ်များအတွင်း နာတာရှည် ရောင်ရမ်းမှု (Chronic Inflammation) ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အိုမီဂါ-၃ (Omega-3 Fatty Acids): ဆယ်လ်မွန်ငါးတွင် ပါဝင်သော EPA နှင့် DHA ဓာတ်များသည် ကြွက်သားများ ရောင်ရမ်းမှုကို ဖြစ်စေသည့် Prostaglandins နှင့် Cytokines ဒြပ်ပေါင်းများကို ဓာတုဗေဒနည်းအရ ခြေဖျက်ပေးပါသည်။

ဗီတာမင် ဒီ ၃ (Vitamin D3): အသက် ၇၀ ကျော်လျှင် အရေပြားမှ ဗီတာမင်ဒီကို ထိရောက်စွာ မထုတ်လုပ်နိုင်တော့ပါ။ ဗီတာမင်ဒီ ချို့တဲ့ခြင်းသည် ဟန်ချက်ပျက်ခြင်းနှင့် အသက်ကြီး၍ ကြွက်သားဆုံးရှုံးမှု (Sarcopenia) တို့နှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။ ဆယ်လ်မွန်ငါး တစ်ပွဲစားခြင်းဖြင့် သက်ကြီးရွယ်အိုများ တစ်နေ့တာ လိုအပ်သော ဗီတာမင်ဒီ အနည်းဆုံးပမာဏ (800 IU) ထက် ပိုမို ရရှိနိုင်ပါသည်။

စားသုံးရန်အကြံပြုချက်: တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ စားသုံးပေးပါ။ မွေးမြူရေးငါး (Farm Salmon) များသည် အာဟာရအချိုးအစား ကွာခြားသဖြင့် သဘာဝအတိုင်း ဖမ်းဆီးရမိသော ငါးရိုင်း (Wild Caught) ကိုသာ ရွေးချယ်ရန် အရေးကြီးပါသည်။

အဆင့် (၄) - ဟင်းနုနွယ်နှင့် အစိမ်းရောင်ရှိသော အရွက်များ (Spinach & Dark Leafy Greens)ခန္ဓာကိုယ် အောက်ပိုင်း လှုပ်ရှားမှု တွက်လက်စေရန်နှင့် လမ်းလျှောက်ရာတွင် တုန်ရီ shuffling ဖြစ်ခြင်းကို တားဆီးရန် ဤအရွက်များက ကူညီပေးပါသည်။

သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း: အသက် ၇၅ နှစ်နောက်ပိုင်းတွင် ခန္ဓာကိုယ်၌ သွေးကြောများကို ကျယ်စေသော Nitric Oxide ဒြပ်ပေါင်း ထုတ်လုပ်မှု ၃၅% ခန့် ကျဆင်းသွားပါသည်။ ဟင်းနုနွယ်၊ ကိုက်လန် (Kale) တို့တွင် ပါဝင်သော နိုက်ထရိတ် (Nitrates) များသည် ခန္ဓာကိုယ်ထဲတွင် Nitric Oxide အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ခြေထောက်ကြွက်သားများဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ စီးဆင်းမှုကို ၁၉% အထိ မြှင့်တင်ပေးပါသည်။မဂ္ဂနီဆီယမ် (Magnesium) ကြွယ်ဝခြင်း: မဂ္ဂနီဆီယမ်သည် ကြွက်သားများကို ပြေလျော့စေရန် လုပ်ဆောင်ပေးသဖြင့် ခြေဖဝါး၊ ခြေသလုံး ကြွက်တက်ခြင်းများကို သက်သာစေပါသည်။ ဟင်းနုနွယ် တစ်ခွက်စာတွင် တစ်နေ့တာ လိုအပ်ချက်၏ ၃၇% ပါဝင်ပါသည်။

စားသုံးရန်အကြံပြုချက်: အရွက်များထဲမှ အဆီပျော် ဗီတာမင်များ စုပ်ယူမှု အားကောင်းစေရန် သံလွင်ဆီနှင့် တွဲဖက်၍ ဆီသတ်ချက်ပြုတ်စားသုံးသင့်ပါသည်။

အဆင့် (၃) - ဂရိဒိန်ချဉ် (Greek Yogurt)ဂရိဒိန်ချဉ်သည် ရိုးရိုး မုန့်ပဲသရေစာ မဟုတ်ဘဲ သက်ကြီးရွယ်အိုများအတွက် အလွန်အစွမ်းထက်သော ကြွက်သားတည်ဆောက်ရေး အစားအစာ ဖြစ်ပါသည်။

ဇီဝရရှိနိုင်မှု မြင့်မားသော ပရိုတင်း (Bioavailable Protein): ဂရိဒိန်ချဉ် တစ်ခွက်တွင် အရည်အသွေးမြင့် ပရိုတင်း ၁၇ ဂရမ်မှ ၂၀ ဂရမ်အထိ ပါဝင်ပြီး ခန္ဓာကိုယ်နှင့် ကြွက်သားများဆီသို့ တိုက်ရိုက် အမြန်ဆုံး စုပ်ယူနိုင်စွမ်း ရှိပါသည်။

အူလမ်းကြောင်းနှင့် ကြွက်သား ဆက်သွယ်မှု (Gut-Muscle Axis): ၎င်းတွင် ပါဝင်သော ပရိုဘိုင်အိုတစ် (Probiotics) အကျိုးပြု ဘက်တီးရီးယားများသည် အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမက သက်ကြီးရွယ်အိုများတွင် ကြွက်သားထုထည် ပိုမိုများပြားလာစေရန်နှင့် ခြေထောက်သန်မာစေရန် ကူညီပေးပါသည်။

စားသုံးရန်အကြံပြုချက်: လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပြီး မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း (Anabolic Window အချိန်) စားသုံးပါက အထိရောက်ဆုံး ဖြစ်ပါသည်။ အဆီလျှော့ထားသော (Low-fat) ဗားရှင်းများတွင် သကြားဓာတ် ပိုမိုထည့်သွင်းထားတတ်သဖြင့် အဆီအပြည့်ပါသော သဘာဝအချိုမပါသည့် (Plain Full-Fat) ဂရိဒိန်ချဉ် ကိုသာ ရွေးချယ်ရပါမည်။

အဆင့် (၂) - မုန်လာဥနီနီ / ဘိန်းဥ (Beets)မုန်လာဥနီနီ (Beets) သည် အားကစားသမားများနှင့် သက်ကြီးရွယ်အိုများ၏ ခြေထောက်လှုပ်ရှားမှုကို အံ့ဩဖွယ် ကောင်းမွန်စေသည့် အစားအစာ ဖြစ်ပါသည်။

ပြင်းအားမြင့် နိုက်ထရိတ်: ၎င်းတွင် ပါဝင်သော သဘာဝနိုက်ထရိတ် ပမာဏသည် အခြား မည်သည့် အစိမ်းရောင်အရွက်များထက်မဆို ၃ ဆမှ ၄ ဆခန့် ပိုမို များပြားပါသည်။ ၎င်းသည် ခြေထောက်သွေးကြောများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို လျင်မြန်စွာ ကောင်းမွန်စေပါသည်။

ဦးနှောက်နှင့် ကြွက်သား ထိန်းချုပ်မှု (Motor Control): ေလ့လာမှုများအရ ဘိန်းဥဖျော်ရည် သောက်သုံးခြင်းသည် လှုပ်ရှားမှုကို ထိန်းချုပ်သည့် ဦးနှောက်အစိတ်အပိုင်းဆီသို့ သွေးစီးဆင်းမှုကို ၃၈% အထိ တိုးတက်စေသဖြင့် သက်ကြီးရွယ်အိုများ လမ်းလျှောက်ရာတွင် ဟန်ချက်ညီစေပြီး ချော်လဲခြင်းမှ ကာကွယ်ပေးပါသည်။

စားသုံးရန်အကြံပြုချက်: နိုက်ထရိတ်ဓာတ်များ ပျက်စီးမသွားစေရန် ရေရှည်ပြုတ်ခြင်း (Boiling) ကို ရှောင်ကြဉ်ပြီး ဖုတ်၍စားခြင်း (Roasting) သို့မဟုတ် ဖျော်ရည်လုပ်၍ သောက်သင့်ပါသည်။ စစ်ထရပ်စ် (Citrus) ရှောက်ရည်၊ သံပရာရည် အနည်းငယ် ထည့်ပေးပါက နိုက်ထရိတ် စုပ်ယူမှုကို ပိုမိုအားကောင်းစေပါသည်။

အဆင့် (၁) - အပျိုစင်သံလွင်ဆီအစစ် (Extra Virgin Olive Oil) ဟားဗတ်ဆေးကျောင်း (Harvard Medical School) ၏ သုတေသနပြုချက်များကို ကိုးကား၍ အပျိုစင်သံလွင်ဆီအစစ် (Extra Virgin Olive Oil) ကို ရွေးချယ်ထားပါသည်။ Oleocanthal ဓာတ်: ဤဆီတွင် ပါဝင်သော Oleocanthal Polyphenol သည် ခန္ဓာကိုယ်ထဲတွင် အကိုက်အခဲပျောက်ဆေး Ibuprofen ကဲ့သို့ အလုပ်လုပ်ပြီး ကြွက်သားနှင့် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှုများကို အစာအိမ်နှင့် ကျောက်ကပ် ထိခိုက်မှုမရှိဘဲ သက်သာစေပါသည်။ Sarcopenia ကြွက်သားလျော့နည်းမှုကို ၃၇% လျှော့ချပေးခြင်း: သုတေသနပြုချက်အရ တစ်နေ့လျှင် သံလွင်ဆီ အနည်းဆုံး ဟင်းစားဇွန်း ၄ ဇွန်း စားသုံးသော အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများသည် အသက်ကြီး၍ ကြွက်သားထုထည်နှင့် အင်အား ဆုံးရှုံးမှုဖြစ်ပွားခြင်း ၃၇% ပိုမို နည်းပါးကြောင်း တွေ့ရှိရပါသည်။ ကြွက်သားတည်ဆောက်မှုစနစ်ကို လှုံ့ဆော်ခြင်း: ၎င်းတွင်ပါဝင်သော Polyphenol များသည် ခန္ဓာကိုယ်၌ လေ့ကျင့်ခန်းမလုပ်နိုင်လျှင်ပင် ကြွက်သားဆဲလ်များ တည်ဆောက်ရေး 'Master Switch' ကို အလိုအလျောက် ဖွင့်ပေးနိုင်စွမ်း ရှိပါသည်။ ဝယ်ယူရန်အကြံပြုချက်: အလင်းရောင်ကြောင့် Polyphenol များ မပျက်စီးစေရန် မှောင်သော ဖန်ပုလင်း (Dark Glass Bottle) ဖြင့် လာသောဆီကို ရွေးချယ်ပါ။ သက်တမ်းကုန်ဆုံးရက်ထက် ရိတ်သိမ်းချိန်ရက်စွဲ (Harvest Date) ပါဝင်သော လတ်ဆတ်သည့် သံလွင်ဆီကိုသာ ရွေးချယ်ဝယ်ယူရန် လိုအပ်ပါသည်။

နိဂုံးချုပ် ကောက်ချက်ဤအစားအစာ ၆ မျိုးသည် တစ်မျိုးစီထက် စုပေါင်းစားသုံးသောအခါ ဓာတ်ပြုတွဲဖက်မှု (Synergy) ပိုမိုအားကောင်းလာပြီး ခြေထောက်ကြွက်သားများကို ပြန်လည်တည်ဆောက်ပေးနိုင်ပါသည်။ အသက် ၈၀ ကျော်အထိ လူ့ခန္ဓာကိုယ် ကြွက်သားများသည် ပြန်လည်ပြုပြင် တည်ဆောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပါသည်။

Crd…

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မေမေများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 💐Aspen Health Ca...
10/05/2026

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မေမေများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 💐

Aspen Health Care Products Myanmar မှ မေမေများနေ့ကို ဂုဏ်ပြုလျက်...။ 🌹


Address

50th Street
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443944404

Alerts

Be the first to know and let us send you an email when Aspen Healthcare Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aspen Healthcare Products:

Shortcuts

Share

Nearby health & beauty businesses