02/11/2026
🎀 မနှစ်က BI-RADS 2၊ ဒီနှစ် BI-RADS 4 ဖြစ်လာရင် ကင်ဆာဖြစ်ပြီလား?
Bumrungrad International Hospital မှ Breast Surgery Specialist, Dr. Thiraphop Waipradab က BI-RADS Result ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြထားပါတယ်။
Breast Ultrasound ဒါမှမဟုတ် Mammogram ပြန်လည်စစ်ဆေးတဲ့အခါ BI-RADS အဆင့်မြင့်လာတာတစ်ခုတည်းနဲ့ ကင်ဆာဖြစ်ပြီလို့ အတည်ပြုလို့ မရသေးပါဘူး။
ဥပမာ မနှစ်က BI-RADS 2 ဖြစ်ပြီး ဒီနှစ် BI-RADS 4 သို့မဟုတ် 5 ဖြစ်လာတာဟာ
🔸 အရင်စစ်ဆေးချိန်မှာ မရှိခဲ့တဲ့ အကျိတ်အသစ် သို့မဟုတ် Calcification အသစ် ပေါ်လာခြင်း (ဒါမှမဟုတ်)
🔸 အရင်ကတည်းက ရှိနေတဲ့ အကျိတ်တစ်ခုရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် သို့မဟုတ် Imaging Features ပြောင်းလဲလာခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
BI-RADS 4 သို့မဟုတ် 5 လို Suspicious Findings တွေ့လာရင်တော့ ဆရာဝန်က လိုအပ်သလို Biopsy အသားစယူစစ်ဆေးခြင်း ကို အကြံပြုနိုင်ပါတယ်။
Biopsy ပြုလုပ်ပြီးနောက် ရလဒ်တွေက
🟢 Benign - ကင်ဆာမဟုတ်တဲ့ တစ်ရှူး သို့မဟုတ် အကျိတ်
🟡 Atypical / High-risk Findings - ဆက်လက်စောင့်ကြည့်ခြင်း သို့မဟုတ် လိုအပ်ပါက ဖယ်ရှားစစ်ဆေးခြင်း
🔴 Malignant - ကင်ဆာဆဲလ်တွေ တွေ့ရှိပြီး သင့်တော်တဲ့ ကုသမှုအစီအစဉ်ကို ဆက်လက်ရေးဆွဲခြင်း
ဆိုပြီး ကွဲပြားပါတယ်။
BI-RADS Number တစ်ခုတည်းကို ကြည့်ပြီး မဆုံးဖြတ်ဘဲ ပြီးခဲ့တဲ့နှစ် Imaging Results တွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်း၊ Radiologist နဲ့ Breast Specialist ရဲ့ အကဲဖြတ်ချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
စစ်ဆေးရလဒ်နဲ့ပတ်သက်ပြီး မသေချာသေးတာ၊ BI-RADS အဆင့် ပြောင်းလဲလာတာ ဒါမှမဟုတ် “Biopsy လိုအပ်သလား၊ Follow-up ပဲ လုပ်ရမလား?” ဆိုတာ သိချင်ရင် Second Opinion ရယူနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက YIM Services မှတစ်ဆင့် #အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။